Sunday, February 28, 2010

မိမိကိုယ်သာ ကိုးကွယ်ရာ

အန်တီစုကို သူတို့လုပ်ချင်တဲ့ရွေးကောက်ပွဲပြီးမှ ပြန်လွှတ်မယ်လို့ပြည်ထဲရေးဝန်ကြီးက သိပ်မကြာသေးခင်ကဘဲ ပြောပြီးသားဆိုတော့ ထူးထူးခြားခြားကြီး မအံ့သြတော့ပါဘူး။မြန်မာပြည်သားတွေအတွက်တော့ ဒီလိုမတရားမှုမျိုးတွေကရိုးနေပြီ။ နေ့တဓူဝကြုံ တွေ့နေရတာ ဆိုတော့ ခေါက်ရိုးကြိုးနေပြီ။

အန်တီစုကို စဖမ်းထားကတည်းက ဖမ်းချင်လို့ဖမ်းထားတာဆိုတော့ ၁၉၇၄ အခြေခံဥပဒေဒေနဲ့ မကလို့ဘာဥပဒေနဲ့မှညီတာတွေ မညီတာ တွေပြောမနေနဲ့တော့။နအဖ ကသူတို့လုပ်ချင်တဲ့ရွေးကောက်ပွဲကို သူတို့လုပ်ချင်တဲ့ပုံစံအတိုင်းလုပ်ပြီးမှ လွှတ်မှာဆိုတာ ယုံမှားစရာ မရှိပါ ဘူး။

သူတို့လုပ်ချင်တဲ့ဟာဆို တစ်ကမ္ဘာလုးံတောင်မပြောနဲ့ လူပေါင်းသိန်းချီသေစေနိုင်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြီးတောင် မတားဆီးနိုင်ခဲ့တဲ့ ၂၀၀၈ အခြေံခံဥပဒေရွေးကောက်ပွဲက သက်သေပါဘဲ။ အခုလဲ ၂၀၁၀ မှာရွေးကောက်ပွဲကိုဘယ်သူထောက်ခံ ခံမခံ သူတို့နည်းသူတို့ဟန်နဲ့ဖြစ်တဲ့ နည်းနဲ့လုပ်သွားမှာဘဲ။

ကန့်ကွက်ပါတယ်၊ထောက်ခံပါတယ်၊သတိထားကြိုဆိုပါတယ်၊အထူးစိုးရိမ်ပါတယ်၊ တောင်းဆိုပါတယ် ဆိုတာတွေဟာ နအဖ နဲ့ နှစ်နှစ် ဆယ် လုးံသိပ်ရင်းနှီးနေတဲ့ စကားလုးံတွေမို့ဒါတွေ ဟာသူတို့အတွက် ပန်းနဲ့ပေါက်သလိုပါဘဲ။ ကုလသမ္မဂ ကိုယ်စားလှည်တွေဆိုတာကလည်း စစ်အစိုးရပြည်ဝင်ခွင့်ပေးမှ ဝင်ခွင့်ရတာမို့ ဂရုစိုက်ပုံတောင်မပေါ်ဘူး။ကိုယ်စားလှယ်တွေက
ပြည်ဝင်ခွင့်ရဖို့ သူတို့ကိုပြန်ဖားနေရတာနဲ့ အလုပ်ကမဖြစ်တော့ဘူး

နိုင်ငံရေးက လက်တွေ့ကြဘို့လိုပါတယ်။ နောက်ပြီး သန်းရွှေအကြိုက်နဲ့ အကြောက်ကို ခွဲခြားသိဖို့လည်းလိုပါတယ်။ သန်းရွှေကပြည်တွင်းမှာ ထင်တိုင်းရမ်းနေတာလုပ်လို့ ရမှန်းသိလို့လုပ်နေတာပါ။သူ NLD ကိုဆက်ဆံသလို ဝတို့ ကချင်ငြိမ်းအဖွဲ့တွေကိုမဆက်ဆံရဲတာ ဘာကြောင့်လဲ။

ကျွန်တ်ာညဏ်မှီသလောက်စဉ်းစာမိတာကတော့ တန်ပြန်နိုင်တဲ့အင်အားကြောင့်လို့ထင်ပ်ါတယ်။ အန်တီစု၊ကိုမင်းကိုနိုင်တို့အပါဝင် နိုင်ငံရေးလှုပ်ရှားသူအားလုးံကိုတစ်နိုင်ငံလုးံနီးပါးက ထောက်ခံကြပေမဲ့သူတို့ကို မတရားဖမ်းဆီးထောင်ချတဲ့အခါ မကျေနပ်ကြောင်း၊မထောက်ခံ ကြောင်းကိုတောင် ဘယ်လိုနီးနဲ့မှထုပ်ဖော်မပြရဲကြပါဘူး။ အဲလိုဖြစ်နေအောင်လည်းယုံကြည်ချက်ချင်း မတူသူတွေကို ရက်ရက်စက်စက် ဘဝပျက်အောင်လုပ်ပြခဲ့တာပါ။ လုပ်လို့ရမှန်းသိလို့လုပ်ရင်းက လက်ရဲဇတ်ရဲဖြစ်လာပြီး မေ၃၀ ဒီပဲယင်းလူသတ်ပွဲကြီး၊၂၀၀၇ စက်တင်ဘာသံဃာသတ်ပွဲကြီး ကျုးလွန်တဲ့အထိဖြစ်လာပါတော့တယ်။ ဒီမိုကရေစီအင်အားစုတွေ နေနဲ့ရေဒီယိုတွေကနေ ကန့်ကွက်တာကလွဲလို့ ဘယ်လိုတုန့်ပြန်မှုမှမလုပ်နိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံဟာ နိုင်ရာစား တိရစ္ဆာန်စရိုက်ဆိုးကြီး လွှမ်းမိုးကြီးဆိုးတဲ့ နိုင်ငံဆိုတော့ပြည်သူတွေ ကြောက်ရွံ့နှိုတ်ဆိတ်နေရတယ် ဆိုတာသဘာဝကြပါတယ်။

အခုလည်းအန်တီစုကို လွှတ်ရက်ပြည့်လို့မလွှတ်တဲ့အပြင် အမှုအသစ်နဲ့မတရားထပ်ပြီးဖမ်းထားပြီးမနေ့ကဘဲ ( ၂၆၊၀၂၊၂၀၁၀ )အယူခံကိုဗဟိုမတရားရုးံကပယ်ချခဲ့ပါတယ်။ နောက် တစ်ခါအယူခံဝင်လည်း ပ လပ် ပြစ်အုးံမှာဘဲ။ ဒေါ်အောင်ဆန်းစုကြည် လွှတ်လိုက်တိုင်း နိုင်ငံတော်ဆူပူမှုဖြစ်အောင်လုပ်တယ်ဆိုပြီး စစ်အစိုးရကမကြာခဏစွပ်စွဲလေ့ရှိတာကြောင့် ဘယ်တော့လွှတ်မလဲဆိုရင် သူတို့စိတ်ချရပြီ လို့ထင်တဲ့အခါကြမှလွှတ်မှာပါ။

ဒီတခါလည်းထုးံစံအတိုင်း ကန့်ကွက်ပါတယ်ဆိုတာကလွဲလို့ ဘာမှမတွေ့ရသေးပါဘူး။ အမေရိကန် နဲ့နိုင်ငံတစ်ကာမိသားစုတွေက ကန့်ကွက်ရုံနဲ့တော့ ဘာမှဖြစ်မလာပါဘူး။ ခုဘဲ ဆယ်စုနှစ်နှစ်စု ခုရှိခဲ့ပြီလေ။ မီဒီယာဆိုတာမျိုးကလည်း ကြာရင်မေ့သွားတတ်တာမျိုးဘဲမဟုတ်လား။ ကျွန်တော်တို့ဟာလေလှိုင်းထဲက( သို့ ) အင်တာနက်စာမျက်နှာပေါ်တွေက တောက်ခေါက်သံတွေကို လက်တွေ့နိုင်ငံရေး ဘဝထဲမှန်မှန်ကန်ကန်အသုးံချမယ်ဆိုရင် အဖြေတစ်ခုရမှာမလွဲပါ။

စီးပွားရေးပိတ်ထားတယ်ဆိုပေမဲ့လည်း မြန်မာစစ်တပ်အတွက် စစ်သုးံမြေပုံတွေထုပ်ပေးနေတဲ့ Intergrap ဟာ အမေရိကန်ကုမ္မဏီပါ။ ရုးံခန်းကတော့ SedonaHotel မှာပါ။ ရခိုင်မှာ သဘာဝဓါတ်ငွေ့တွေလုပ်နေတဲ့ chevronဟာလည်းယခင် ဒုတိယသမ္မတဟောင်း Dick Cheney ရှယ်ယာပါတဲ့ ကုမ္မဏီတစ်ခုပါဘဲ။ ဘယ်လောက်ဘဲထောက်ခံ ထောက်ခံ အချိန်တန်လို့ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာတဲ့အခါကျရင် အမှန်တရားဘက်က ရပ်တည်နိုင်ခဲ့ပါတယ်။ တိဘက်မှ လက်နက်ကိုင်တော်လှန်ရေးဘာ ကြောင့်ကျဆုးံခဲ့ရသလဲ ဆိုတာတွေ လေ့လာဖို့ ကောင်းမယ်ထင်ပါတယ်။ ကျွန်တော်တို့်တွေဟာ မျိုးချစ်စိတ်နဲ့ တော်လှန်ရေးလုပ်ကြတယ်ဆိုပေမဲ့ သူများကိုမှီခိုလွန်းအားကြီးပြီး စေရာ သွား၊ ခိုင်းတာလုပ်ဆိုတဲ့ အခြေနေမျိုးရောက်မသွားရအောင်တော့ သတိထားရပါမယ်။

ကျွန်တော်တို့ဟာပြီးခဲ့တဲ့နှစ် ၂၀ အတွင်းကဖြတ်သန်းခဲ့တဲ့ အတွေ့ကြုံတွေထဲကနေသင်ခန်းစာယူပြီး ညီညီညွတ်ညွတ်နဲ့ ကိုယ်တတ်နိုင်တဲ့ နေရာကနေ အုတ်တစ်ချပ် သဲတပွင့် ကျရာနေရာကနေ တိုက်ပွဲဝင်ကြမယ်ဆိုရင် ကျွန်တော်တို့အားလုးံလိုချင်တဲ့ လွတ်လပ်ရေးဟာ မုချ မသွေ ရရမှာပါ။

ရန်နောင်
၂၈၊၀၂၊၂၀၁၀

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်