
ကျောင်းသားအတ္ထုပ္ပတ္တိ
(၁)
မင်းရဲ့ရုပ်အလောင်းဟာ
ခြင်္သေ့ဂူထဲမှာ ရှိလိမ့်မယ်။
အမှောင်စုန်းစုန်းမှာ
အရာအားလုံး မေ့ဖျောက်ပစ်
နောက်တခေတ် မင်းအောင်မြင်စေကွယ်။
အက်ကွဲနေသောလက်များနဲ့
ဘုရားသခင်ထံ ငါတို့ဆုတောင်း
မင်း……..ကောင်းရာသုဂတိလားပါစေ……..လို့
ငါတို့ ရဲ့သွေးတစက်ကို
ထက်ဝက်ခွဲ
မင်းခံတွင်းထဲ
တဲတဲလေးလျှောချကြည့်ရင်
နှုတ်ခမ်းသေများက
ဖွဖွတိုးတိုးလေး လှုပ်ရှားအော်မြည်
ဒီ… မို… က… ရေ… စီ….
ဒီမိုကရေစီ…..လို့ ဆိုလိမ့်မယ်။
ညီလေးရယ်……………….
ရနိုင်မယ်ဆိုရင်
မင်းရဲ့အရိုးတမှုန်ကို
နိဗ္ဗာန်ဘုံအထိယူပြီး
ဘုရားသခင်ကို ပြကြည့်ချင်တယ်။
မင်းဟာ သူရဲကောင်းလေးဖြစ်တယ်။
မင်းဟာ အာဇာနည်လေးဖြစ်တယ်။
မင်းဟာ……..
ဗမာကျောင်းသားလေး… ဖြစ်တယ်လေ။
(၂)
ရေငတ်သလို ငတ်ခဲ့ရတဲ့
ဗမာပြည်က “လူ့အခွင့်အရေး” ဟာ
အကျဉ်းထောင်ထဲမှာ…..
သင်္ချိုင်းမြေမှာ……
တရားရုံးရဲ့ ရာဇ၀တ်မှုတွေထဲမှာ………… ရှိနေတယ်။
မင်း… စွန့်ခွာခဲ့တဲ့
စာသင်ကျောင်းကလေး
မင်းသတင်းတွေ မေးနေပြီ
မင်းရဲ့ စာအုပ်ဟောင်းထဲမှာ
ဆရာမရဲ့ မှတ်ချက်….
မင်းအတွက်….
“နောက်ထပ်စာအုပ် အသစ်လဲပါ” တဲ့
စာအုပ်မလုံလောက်မှု…
ဖောင်တိန်မလုံလောက်မှု…
မုန့်စားဆင်းချိန်မှာ ကျောင်းခန်းထဲအိပ်နေမှု… စတဲ့
လူမှုကိစ္စအ၀၀
မင်းချည်းမှ မဟုတ်ခဲ့ပါဘူးကွယ်
တိုက်ပွဲမှာ
ချွန်မြစွာ တောင်းဆိုနိုင်ဖို့
ခေါင်းလောင်းအိုကြီးကိုနှုတ်ဆက်
ချီတက်လာတဲ့ အာဇာနည်လေးရေ…
ခွပ်ဒေါင်းရဲ့ တကြောင်းစာချွန်
သမိုင်းစင်ကိုထမ်း
ရာဇ၀င်ကြမ်းခက် သွေးစက်ရွှဲစို
ခုတော့………………..
မင်းရဲ့ ခုံနံပါတ်လေး “ငို” နေပြီ။
(၃)
ရွှေဘုန်းရောင်လက်ဝင်းတဲ့
နှင်းပြာပြာ မနက်ဦးများမှာ
ဒို့ ကမ္ဘာကို ပြန်လာဦးမှာလား…ဟင်…
“ အမျိုး၊ ဘာသာ၊ သာသနာ အတွက်
သားနှုတ်ဆက်ခဲ့ပါတယ်” တဲ့
မင်းထားခဲ့တဲ့ စာတိုကလေး
မင်းတို့ အိမ်ကို ပေးလိုက်ပြီ
ယိုင်နဲ့ ကျဉ်းမြောင်းနေတဲ့
မင်းတို့ရဲ့ အိမ်ကလေးထဲမှာ
မင်းရဲ့ဖေဖေဟာ
လက်သီးကို ကျစ်ကျစ်ပါအောင်
ဆုတ်ထားတယ်…
မင်းရဲ့မေမေဟာ
အခန်ထောင့်မှာ
ငြိမ်သက်စွာထိုင်ပြီး
မျက်ရည်စီးကြောင်းတခုကို အဖော်ပြု
(ရင်ထဲမှာတော့)
သား ပြန် (လု) နေရှာတော့မယ်။
“ကောင်မွန်စွာ
သင်္ဂြိုလ်ပြီးစီးပါကြောင်း” …. တဲ့
အလောင်းကိုမှ
မမြင်ရ မတွေ့ရ
ဘယ်နေရာမှာ ကျဆုံးခဲ့သလဲ ညီလေးရယ်
ဒေါင်းရုပ်ကလေးလိုပဲ
မင်းရဲ့အထ္တုပ္ပတ္တိဟာ
အတောင်ပံပါတယ်
နွယ်လိုပတ်ချည် ခိုင်ကျည်နစ်စူး
ရောက်လေရာ ဘ၀အဆက်ဆက်မှာ
မင်း…. မော်ဖူးရခြင်းများစွာနဲ့
ကင်းဝေးပါလိမ့်မယ်…။
(၄)
အိမ်ထရံမှာ
တခါခါ မင်းမျက်ရည်သုတ်တဲ့
စုတ်ချာချာ လွယ်အိတ်ကလေး
ခေတ်ဘေး ခေတ်ဒဏ်သင့်နေရှာတယ်…
“ခေတ်လွတ်လပ်မှ
ကျောင်းသားလွတ်လပ်မယ်”
အရွယ်နဲ့ မလိုက်အောင်တွေး
“ကျောင်းသားအရေး” ဆိုတာ
မင်းမှာ မရှိခဲ့ပါဘူး
“ဘုရားခေတ်မှာဆို
ရဟန္တာဖြစ်တဲ့ထိ လိမ္မာမယ်”
ဒါပေမယ့်………………………
“အမှောင်ခေတ်မှာတော့
အာဏာရှင်ကို ဖီဆန်တယ်”
ညီလေးရယ် မင်းသိပ်မှန်တယ်…………။
ခံယူချက်ကို
အမြောက်ဆံလို ပစ်ဖောက်
အဝေးဆုံး အမြင့်ဆုံး
ဘ၀တဆုံး မင်းရောက်ခဲ့တယ်
စစ်မောင်းသံကြားရင်
ခွာတရှပ်ရှပ် ဖြစ်ချင်တဲ့
စစ်မြင်းကလေးလို
မင်းဟာ…………..
ရာဇ၀င်ကို ထိုးခွဲ
တိုက်ပွဲကို ဒုန်းဖောက်
မီးတောက်ဆူးခြစ်
ခေတ်သစ်ပူဇော်
တော်လှန်တဲ့ညီလေးရေ…
ခွပ်ဒေါင်းအပေါင်းရဲ့
ကောင်းချီးသြဘာသံတွေ
မင်း… ရောက်ရာအရပ်က ကြားပါစေ….
(၅)
ညီလေးရေ
ရာဇ၀င်ရေးရာ
စာအုပ်ပိတ်
တော်လှန်ရေးမှာ “အိပ်“ တော့နော်
မင်း စိတ်ချသွားပါ
အရာအားလုံးကို မေ့ဖျောက်
သွေးနဲ့ တည်ဆောက်တဲ့ အုတ်ဂူတလုံး
တလောကလုံး လင်းစေသားကွယ်
တိမ်သားရိုးရီ
ဒီမိုကရေစီ တောင်တက်လမ်းက
ခပ်ကြမ်းကြမ်း ကျောက်လေးတွေအဖြစ်
စွဲနစ်ကျန်တင်လို့
ငါတို့ အောင်မြင်မှာပါ………….
ဗမာပြည်အတွက် လိုအပ်တဲ့
“လူအခွင့်အရေးနဲ့ ဒီမိုကရေစီ”
အရှေ့ဖက်အရပ်မှာ
ခြင်္သေ့တွေ ချီလာပြီ…
စစ်မြင်းတွေ ပြိုင်လာပြီ…
ခွပ်ဒေါင်းတွေ ပျံလာနေပြီလေ…..
ညီလေးရေ
ငြိမ်းချမ်းစွာ….
အေးမြစွာ….
သန့်ရှင်းစွာ…..
နောင်ဘ၀မှာ မြင်ယောင်ကြည့်စမ်းကွယ်
ဘာပဲဖြစ်ဖြစ်
ယမ်းငွေ့ တလူလူ ကြားထဲမှာ
မင်းချစ်တဲ့ ဗမာပြည်ကြီးဟာ
ဒေါင်းအလံကို ပန်းလိုပန်လို့ … လှလို့ …
သြော်…………………..
ဒေါင်းအလံကို ပန်းလိုပန်လို့ …………
လှလို့ ပါပဲ…………………ညီလေးရယ်…။
- ရွှေဘုန်းလူ
ကိုမျိုးထံမှ ရယူပါသည်။
Sunday, March 14, 2010
ကျောင်းသားအတ္ထုပ္ပတ္တိ *ရေးသူ- ရွှေဘုန်းလူ* (မတ်လ သူရဲကောင်းများသို့ အမှတ်တရ)
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment