Thursday, March 11, 2010

ဂဠုန်ဆားချက်နေသော ၀န်ချီးချုပ်

တိုင်းရင်းသားဗိုလ်ချုပ်များဖြင့် ကြံဖွတ်ကိုမဲထည့်ရန် ဗိုလ်သိန်းစိန် စည်းရုံးရေးဆင်း ။
ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်နေချိန် နအဖ ၀န်ကြီးချုပ်က သျှမ်းပြည်မြောက်ပိုင်း ခရီးစဉ်တွင် တိုင်းရင်းသား အမည်ခံ ဗိုလ်ချုပ်များအား ရှေ့တန်းတင်ပြီး စည်းရုံးရေး ဆင်းသည်ဟု စုံစမ်းသိရှိရပါသည်။

“အဖျက်အမှောင့်သမားတွေက မြန်မာ့တပ်မတော်မှာ တိုင်းရင်းသားတွေ ဗိုလ်မှူးကြီးရာထူး အဆင့်ထက် မပေးဘူးလို့ပြော တယ်။ အခု ဒီမှာထိုင်နေတာက တိုင်းရင်းသား ဗိုလ်ချုပ်တွေ၊ နိုင်ငံတော်ဦး ဆောင်ဦးရွက် တဲ့အထဲမှာ ပါဝင်ကြတယ်။ အဲဒါကြောင့် နားမယောင်ကြပါနဲ့၊ နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း အဘက်ဘက်ကနေ အစဉ်အဆက် ကူညီလာ ခဲ့တဲ့ (နိုင်ငံရေး ပါတီဖြစ်လာမဲ့) ကြံ/ဖွံ့အသင်းကို မဲပေးကြပါ” - ဟု ၀န်ကြီးချုပ်သိန်းစိန်က မူစယ် - နမ့်ခမ်း ခရီးစဉ်တွင် ပြောကြားခဲ့ကြောင်း အခမ်းအနားသို့ တက်ရောက်ရန် ဆင့်ခေါ်ခံရသူ တဦးကပြောပါသည်။

PNS-Japan
http://pnsjapan.blogspot.com/

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်