တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး
NEJ/ ၁၅ မတ် ၂ဝ၁ဝ
မတ်လ (၁၄) ရက်၊ ညနေ (၄) နာရီ (၄၅) မိနစ်တွင် ပန်းဘဲတန်း မြို့နယ်ရှိ သုံးထပ်တိုက်ပြိုကျသဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေသူ ကျောင်းသူတဦး သေဆုံးသွားသည်။
ဖြစ်ပွားမှုကို သွားရောက်ကြည်ရှုခဲ့သူတဦးက “သေဆုံးသူ မိန်းကလေးတဦးရဲ့ လက်ထဲမှာတော့ မိုဘိုင်းဖုန်းတလုံး ကိုင်ထားတာ တွေ့တယ်။ သူမအနေနဲ့ အပြင်ကို နောက်ဆုံး ဘယ်အချိန်က ဆက်သွယ်ခဲ့သလဲ၊ ဆက်သွယ်လို့ ရမရ ဆိုတာကိုတော့ မသိရဘူး” ဟု ပြောသည်။
လမ်း (၃၀) တွင် နေထိုင်သူ တဦးအဆိုအရ သေဆုံးသွားခဲ့သော မိန်းကလေးမှာ ပြင်ပသို့ ဖုန်းဖြင့် နှစ်ကြိမ်ဆက်သွယ်ခဲ့ကြောင်း၊ တိုက်ပြို ကျပြီး (၁) နာရီကျော်ကျော်ကြာမှသာ ရပ်ကွက်အတွင်းမှ ပြည်သူများ၊ မီးသတ်နှင့် အရန်မီးသတ်တို့က တနိုင်တပိုင် ၀င်ရောက် ရှင်းလင်း ကြကြောင်း၊ ကရိန်းကားအလတ်စားဖြင့်လည်း အပျက်အစီးများကို ဖယ်ရှားနေသည်ကိုတွေ့ရကြောင်း၊ ထိထိရောက်ရောက်နှင့် မြန်မြန်ဆန်ဆန် မရှင်းလင်းနိုင်သဖြင့် အတွင်း၌ ပိတ်မိနေသူအား အချိန်မီ မကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကရိန်းတွေနဲ့ ဖယ်နေတုန်းပဲ ရှိပါသေးတယ်။ အထဲမှာ ကလေးမလေးတယောက် ပိတ်မိနေတယ်။ ပြိုကျပြီး (၂) နာရီ ကျော်လောက်မှ အရေးပေါ်ကား သွားသံကြားရတာ။ အသက်ရှင်ဖို့ သိပ်မလွယ်ဘူး” ဟု အနီးဝန်းကျင်၌ နေထိုင်သူတဦးက အခင်းဖြစ်ပွားနေစဉ်က ပြောပြသည်။
အဆိုပါဆယ်တန်းကျောင်းသူမှာ တိုက်ပြိုကျပြီး အတွင်း၌ ပိတ်မိနေစဉ် သူမ၏ဖခင်ကိုင်သော လက်ကိုင်ဖုန်းကို ဆက်သွယ်၍ သူမအထဲ တွင် ရှိနေကြောင်းနှင့် မှောင်မဲနေသဖြင့် ကြောက်နေကြောင်းကို ဖုန်းဆက်ပြောခဲ့ကြောင်း၊ သူမ ဖုန်းဆက်ပြီး မကြာခင်မှာပင် အဆိုပါ တိုက်မှာ ထပ်မံပြိုကျသွားခဲ့ကြောင်း သူမအား ပြင်ပမှဖုန်းဖြင့် ပြန်လည်ခေါ်ဆိုသော်လည်း လုံးဝအဆက်သွယ်မရခဲ့ဘဲ ည (၈) နာရီကျော် မှသာ သူမ၏အလောင်းကို ပြန်လည်ရရှိခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောပြသည်။
ပြိုကျသည့်နေ့သည် တနင်္ဂနွေနေ့ဖြစ်ခြင်းကြောင့် တိုက်အောက်ဘက် ဆိုင်ခင်းရောင်းချသူအချို့ ဆိုင်ပိတ်ထားသကဲ့သို့ တိုက်ထဲနေ သူအ ချို့လည်း အပြင်ထွက်နေခြင်းကြောင့် လူများစွာ မပိတ်မိသော်လည်း ပြိုကျပြီး (၁) နာရီခွဲခန့်ကြာသည်အထိ ဝါးငြမ်းများကို ဖယ်ရှားမပစ်နိုင်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
အခင်းဖြစ်ပွားရာသို့ မီးသတ်ယာဉ် (၂) စီးလည်း ရောက်ရှိလာပြီး ညဘက်တွင် အဆိုပါကားပေါ်မှ မီးဆလိုက်ကြီးများ ထိုးပေးကာ ကရိန်း ကားကြီးနှစ်စီးက လေးလံသည့် အုတ်တုံး၊ သံယက်မကြီးများကို ဆွဲယူဖယ်ရှားကြောင်း၊ ည (၁၁) နာရီခန့်တွင် သေဆုံးသူ မိန်းကလေး ကို ဆွဲထုတ်နိုင်ခဲ့ကြောင်း သွားရောက်ကြည့်ရှုခဲ့သူတဦးက ပြောသည်။
ယခုပြိုကျခဲ့သော အမှတ် (၆၃၆) ကုန်သည်လမ်းနှင့် လမ်း (၃၀) ထောင့်ရှိ သံကူကွန်ကရစ် သုံးထပ်တိုက်ကို လွန်ခဲ့သော (၄) လ ခန့်က တည်းက အန္တရာယ်ရှိ အဆောက်အအုံဟူသော ဆိုင်းဘုတ်ကို လာရောက်တပ်သွားကြောင်း၊ ပြိုကျသည့်နေ့အထိ သုံးထပ်စလုံးတွင် နေ ထိုင်သူတို့ရှိကြောင်း၊ ပြိုကျစဉ် နေထိုင်သူအချို့မှာ ပြင်ပသို့ရောက်နေ၍လည်းကောင်း၊ အချို့မှာ ပြိုကျကျချင်း အပြင်သို့ ပြေးထွက်နိုင် ခဲ့သဖြင့် လွတ်မြောက်ခဲ့ကြောင်း မျက်မြင်တွေ့ကြုံသူများထံမှ သိရသည်။
တိုက်ပြိုပြီးနောက် (၂) နာရီခန့် အကြာတွင် အပေါ်ထပ်ပြတင်းပေါက်ဘောင်များ ထပ်မံပြိုကျခဲ့သဖြင့် တိုက်ပျက်ရှင်းလင်းနေသူ မီးသတ် တပ်ဖွဲ့ဝင် (၃) ဦး ဒဏ်ရာရခဲ့ကြောင်း အခင်းဖြစ်ပွားမှုကို လာရောက်ကြည့်ရှုသူတဦးက ပြောသည်။
အဆိုပါတိုက်ခန်းအနီး နေထိုင်သူတဦးက အန္တရာယ်ရှိ အဆောက်အအုံအဖြစ် ကြေညာပြီးနောက် လူများကို ဆက်လက် နေထိုင်ခွင့်ပြု ထားခြင်း၊ ကန်ထရိုက်ကို ပြင်ဆင်ခွင့်ပေးခြင်းကိုကြည့်လျှင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မည်မျှအထိ လာဘ်စား သည်ကို သိနိုင်ကြောင်း၊ တိုက်ခန်းနေပြည်သူများအနေဖြင့်လည်း တိုက်ကို ဖြိုချပြီး ပြန်ဆောက်ပါက ပြန်လည်ပိုင်ဆိုင်ခွင့်ရရန် မသေ ချာမှု၊ ကန်ထရိုက်ကို ပေးရမည့်ငွေ၊ ပိုင်ဆိုင်ခွင့်အတွက် စည်ပင်ကို လာဘ်ထိုးရမည့်ငွေတို့ကို တွက်ချက်ပြီး မပြောင်းရွှေ့ကြခြင်းဖြစ် ကြောင်း ပြောသည်။
တိုက်ပြိုသောနေရာသို့ ရန်ကုန်မြို့တော်ဝန်ရောက်ရှိလာပြီး ဓာတ်ပုံရိုက် သတင်းယူနေကြသော သတင်းထောက်များကို ရိုင်းပျစွာ ဆဲဆို မောင်းထုတ်ခဲ့သည်ဟု သတင်းထောက်တဦးက ပြောပြသည်။
http://abbsoluteright.blogspot.com/2010/03/blog-post_8232.html
Monday, March 15, 2010
တိုက်တလုံးကလေးပြိုတာတောင် အချိန်မီ ကယ်မထုတ်နိုင်ရင်.ငလျှင်သာလှုပ် ရန်ကုန်တမြို့ လုံးပြုတ်မယ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
March
(335)
- တော်လဲနေပြီ..မင်းပြောင်းချိန်ရောက်ပြီ
- လူယုတ်မာတွေ ကို..မှတ်လောက်သားလောက်အောင်ဆော်..
- Genocide in Burma
- အာဇာနည်တဦးရဲ့ စာအုပ်
- ဗမာပြည်သူလူထုနှင့် NLD သို့ ပေးစာ
- (သာသနာတော်ကို စစ်ကျွန်အဖြစ်နွံ့ နစ်မခံကြပါနဲ့  )အ...
- လောက်ကောင်တွေ ချီးပုံထဲက နိုးထလာနေပြီ
- စစ်ရာဇ၀တ်မှုဆိုတာ ဘာလဲ
- NLD ဆုံးဖြတ်ချက်အပေါ် KNU မှ ထောက်ခံကျေငြာချက်
- သူတောင်းစားမဲဆွယ်ပုံ
- မြန်မာစကား မပေါက်သော ရွာသားများ အရိုက်ခံရ
- စက်ဖြင့် စစ်ဆေးနိုင်သည့် ပတ်စ်ပို့များ စတင်ထုတ်ဝေ
- NLD Will NOT Register, Daw Aung San Suu Kyi's Six-...
- ကြိုင်ကြိုင့်ရထား..ငရဲသို့ သွားရန် အသင့်ပြင်ထားသည်.
- အရေးကြီးပြီ သွေးနီးကြစို့ 
- နအဖ ရွေးကောက်ပွဲ အပေါ် ဝါရင့် ရခိုင် နိုင်ငံရေးသမား...
- ဒေါ်စု၏ သဘောထား
- NLD ၏ အထူးကြေညာချက် ၀၄/၁၃/၁၀
- ၆၅ နှစ်မြောက် တပ်မတော်နေ့  အခမ်းအနား..သန်းရွှေ ဘယ်လ...
- ဒါမျိုး လိမ်လိမ်ကောက်ကောက် အ၀တ်ချည်းနှီးတွေ..မသေခင...
- ချီလေတဲ့ချီလေ
- အစက မပြောဖူးလား.အခု ဖြစ်လာပြီ..ဖွတ်ကြီးများရဲ့ သော...
- လေးလေးနက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါ တီက လေးလေးနက်န...
- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီ...
- သူသေ ကိုယ်ရှင် တိုက်ပွဲဝင် သံချပ်များ (အိန္ဒိယ မှ သ...
- မြန်မာပြည်ရောက်..သက်စွန့် ဆန်ဖျား သတင်းစာဆရာ
- ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ခွင့် မရှိရင် ...
- NLD “ဒု ဥက္ကဋ္ဌ ဦးတင်ဦး ကြေငြာချက် .......
- ရွေးကောက်ပွဲ မဝင်ရန် NLD ဆုံးဖြတ်
- စစ်ကျွန်တော့ တသက်မခံ
- ယုံချင်ပါဘူး..သူ့ ရုပ်ကြီးက..ဟွန်း ပြောပေါင်းများပေါ့
- မြန်မာပြည်ကို ယမ်းငွေ့ တွေထဲ မထားခဲ့နဲ့ ..
- ဈေးဦးဖောက်တာ..အမတ်နေရာလိုချင်လှတဲ့အေးလွင်..(ခွေး...
- နိင်သွားပြီ
- ဗူးတလုံးဆောင် အိုတောင်မဆင်းရဲ
- သတ္တိကြောင်သူနှင့် သတ္တိပြောင်သူများ ရွေးထုတ်ပွဲ
- ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး မန္တလေးမြို့ လှုပ်ရှား...
- ခွေးတွေ အပင်းဆို့ ဖို့ တော့ ဒို့ မကြွေးနိုင်
- ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမြ...
- ခွေးများ..ထမီ ၀တ်မဲ့ပွဲ..ဘယ်ကောင်လည်းဟဲ့..ပေါ်ကောင်
- (ဟံသာဝတီ ဦးဝင်းတင်ကို ဝန်းရံကြ )
- ဘယ်သူကမွေးလို့  ဘယ်သူကကြွေးလည်း မြန်မာပြည်ရဲ့ တပ်မ...
- ဝါရှင်တန်ဒီစီရှိ မြန်မာစစ်သံမှူးအိမ်ရှေ့က တရားမျှတ...
- သံသရာ မဆိုင်းတဲ့ အမှု..
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD..
- သူမှဘဲ အပြောကောင်း..
- ဆာဒန်လိုသေတွင်းထဲ အောင်းရတော့မဲ့ သန်းရွှေ
- ၂၀၁၀ ခုနှစ် မတ်လ(၂ရ)ရက်။(၆၅)နှစ်မြောက် ဖက်ဆစ်တော်လ...
- သန်းရွှေရေ..check mate!!!!
- ၀ါရင့်နိုင်ငံရေးသမားကြီးတွေ့ရဲ့ သဘောထားနှင့်တိုင်း...
- မကွေးတိုင်း NLD မှ ပါတီ မှတ်ပုံတင်ခြင်း နှင့် သဘောထား
- သမိုင်းဝင် ကျောင်းသားတပ်မတော်ဆိုသည်မှာ...
- အရေးကြီးပြီ..သွေးနီးကြစို့ 
- ဘန်ကီမွန်းကတော့ ချဲလိုက်ပြီ..သန်းရွှေ..
- “ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လု...
- NLD လူငယ် အစည်းအဝေးကနေ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်
- သာသနာ့ဥသျှောင်ဆရာတော်များမှ နအဖရဲ့ရွေးကောက်ပွဲအပေါ်...
- ခေါ်လိုက် မခေါ်လိုက် သူတို့ တွေဘဲ အညှိုးညှိုးလုပ်နေ
- ဒို့ ဘုန်းဘုန်းများ ရဲသကို..
- ရာဇဓိရာဇ်အမျိုး..ဒီလိုတော့ ရာဇ၀င်အညှိုးခံရရိုးလား..
- ဘုန်းဘုန်းတို့  မေတ္တာရပ်ခံပါသည်။
- မဲရုံကို သွားကြပါစို့  (ပျော်ပျော်ရွှင်ရွှင် ကြပ်ကြပ...
- မကွေးတိုင်းNLD အဖွဲ့ သားများ၏ ရပ်တည်ယုံကြည်ချက်
- စုန်းမအိုလင်မယား.မြေမျိုချိန်ကျတော့မယ်။
- ထောင်ခါဖို့  အချိန်ကျပြီ..နအဖတွေ အတွက်..ထောင်အသင့်...
- ငါပြောသလိုလုပ်..ငါလုပ်သလို့ မလုပ်နဲ့ ..
- ရှက်ရမလား..ဂုဏ်ယူရမလား..ဒါလားဟဲ့ ဒို့ မြန်မာ
- လမ်းပျောက်ကြယ်
- နဖုးမှာဂျိုပေါက်နေတဲ့ မိစ္ဆာသန်းရွှေ
- ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ၀င်ခွင့်ပြုဖို့...
- ကိုယ့်ထောင်ချောက်ထဲ ကိုယ်မိနေတဲ့ နအဖ
- Compilation of 2010 NLD Statements.
- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့ အကြံပြုတင်ပြတို...
- 25th Mar 2010 - MoeMaKa Daily
- လွှတ်တော်မခေါ်လို့ နစ်နာမှု NLD လျှောက်ထား
- ၂၀၁၀ ရွေးကောက်ပွဲကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေး...
- ဗူးဆိုရင်..ဖရုံကို မသီး...
- ရွေးကောက်ပွဲဥပဒေဆိုတာ အာရုံလွှဲမှု ဖြစ်တယ်
- အမေရိကန် ဗုဒ္ဓေါဝါဒ ဆရာတော်၏ အမျိုးသားဒီမိုကရေစီအဖွ...
- ကော့မှူး၌ ကြက်ငှက်တုပ်ကွေး သံသယဖြစ်ဖွယ် ကျီးကန်းမျာ...
- မုန်တိုင်းသင့်ဒေသ လူ (၂) သိန်းခန့် သောက်သုံးရေအခက်...
- မော်လမြိုင်မြို့တွင် ဝမ်းရောဂါ ဖြစ်ပွား
- မိုးဦးကျ မှိုလို ပေါက်လာတဲ့ ပါတီများ
- အော်..နအဖ လက်ထက် အားလုံးဒုက္ခ...၀တွေ လည်းစစ်ပြေးဒုက...
- အစစ်တွေကထောင်ထဲ အတုတွေက တဖြဲနှစ်ဖြဲ ဟဲ့အေးလွင်..မင...
- NLD က ရန်ကုန်အခြေစိုက် ILO ရုံးသို့ မေတ္တာရပ်ခံစာပေ...
- ပန်းမရဘဲ..ပန်းပေးရတော့မလား..
- စောင့်ကြည့်ကြသေးတာပေါ့
- အမေရိကန်ပြည်ထောင်စု ဗုဒ္ဓေါဝါဒဆရာတော်က ရန်ကုန်မြို ...
- နေပါပါတော့ ခွေးသေ ၀က်သေ..
- မကျေနပ်ရင်..ထွက်ပေါ့ ဒေါက်တာကြီးရေ
- နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (...
- ဇကလေးတွေ ပေါ်လာကြပြီ..မှန်းနေတာ..ထမင်းရည်အိုးကွဲ အမ...
- ၀န်မင်းအောက်ဆွဲ ဖြစ်ချင်နေသူ..သစ္စာဖောက်ဘဲ
- အမျိုးပျောက်မှာ စိုးကြောက်မိသည်။
- ကျားနဲ့  လင်းတ..လယ်ပြင်မှာ..တွေ့ နေပြီ
- ရှင်ဘုရင်သံလျှက်ခိုးတော့ ၀န်မင်းက သူခိုးဘယ်သူသိပါရ...
- 23th Mar 2010 - MoeMaKa Daily
- ဒို့ ဗိုလ်ချုပ်ကမှာခဲ့တယ်...ရရင်ရ..မရရင် ချဖို့ 
- အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ယနေ့ ထုတ်ပြန်သော အ...
-
▼
March
(335)
No comments:
Post a Comment