Friday, May 21, 2010

နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)


ရေစုန်မှာမြောခဲ့တဲ့ တော်လှန်ရေးသမားတွေ
ရေစုန်မှာဘဲမြောနေတဲ့  တော်လှန်ရေးသမားတွေ
လှေကြုံရှာနေတဲ့ တော်လှန်ရေးသမားတွေ

တရွေ့ ရွေ့ ဖောင်စီးပြီး ကြီးပွားနေတဲ့ တော်လှန်ရေးသမားတွေ..

နိုင်ငံတော်ကို ကယ်တင်နေပါတယ်ဆိုတဲ့ နအဖ တွေ
တိုင်းပြည်အတွက် လှုပ်ရှားနေပါတယ်ဆိုတဲ့  ကြံ့ဖွတ်တွေ
ဒုတ် တကဲ ဓါးတကဲ ကြံ့ စွမ်းအားရှင်တွေ
ဒီမှာဗျ အစွန်းက နှစ်ဖက်ဘဲရှိတယ် တော်လှန်သူနဲ့  ဖိနှိပ်သူ။

ခံရသူက ပြည်သူ စုတ်စုတ်ပြတ်ပြတ်နဲ့  မျက်ရည်တောင်ဘာနဲ့ သုတ်ရမယ်မှန်း မသိတဲ့ ပြည်သူ ၊ ခင်ဗျားက ဂုဏ်ယူနေသေးတယ် သေနတ်ထောက်ပြီး အနိုင်ယူနိုင်တာကိုလေ။

ရက်စက်တယ်ဆိုတာခင်များအသဲမှာ ပန်းပွင့်တာဖြစ်ချင်ဖြစ်လိမ့်မယ် ပြည်သူတွေသွေးပွင့်တိုင်း သမိုင်းဖြစ်ဖြစ်သွားတာခင်များမသိလို့ ဘဲ ။

အသဲနှစ်လုံးဆိုတာထက် ခေါင်းမရှိဘူးလို့ ပြောရင် ခင်များနှစ်ထပ်ကွမ်းလဲနာမှာမဟုတ်ဖူးဆိုတာသိပေမယ့်  ဆက်ပြောရဦးမယ် ခပ်ထုံထုံ ခင်ဗျားကိုလေ။

ပြည်ပရောက်ဘဲ ဖြစ်ဖြစ် ပြည်တွင်းက နအဖ ဘဲဖြစ်ဖြစ် ပြည်သူတွေအတွက် တချက်လောက်ဘဲ စဉ်းစားပေးဖူးသလား ?
အရက်စက်ဆုံး မျက်လုံးနဲ့ ဘဲ ပြည်သူတွေကို တချက်ကလေးပြန်ကြည့်ပေးဖူးလား?
သိပ်ရက်စက်တယ်ဆိုတဲ့  စကားလုံးကိုဘဲ ခံတွင်းတွေ့ နေ လို့ လား။


လည်သူစား -အ- သူခံ ဒီလိုဘဲ မမှန်တဲ့  မြန်မာပြည်ယဉ်ကျေးမှူကရှိတော့ သေနတ်ဟာလည်း ဗမာပြည်ရဲ့ မဖွယ်မရာ ယဉ်ကျေးမှုအဖြစ် လက်ခံလာခဲ့ရတယ် ။
လက်မခံရင်ခင်များသေမှာ
ပါးစပ်ပေါက်ပိတ် တိတ်တိတ်နေ စနစ်။

သံတချောင်းဟာ သေနတ်ဖြစ်လာပေမယ့်  အဖိုးမတန်တဲ့  အသံဘဲထွက်တယ်။
အဖိုးမတန်တဲ့ သေနတ် ဗမာပြည်မှာ အချိုးချပြီးရှာကြည့်ပါ။

ခေါင်းအခဲရဆုံး အချိန်မှာ ဆေးအိုးတံမီးတွေဟာ အကောင်းဆုံးလောင်တဲ့ အချိန်ဆိုတာသိပေမယ့် မီးခြစ်ဆံလေးတဆံကို ၀ိုင်းခြစ်မယ့်သူ မရှိတော့။

ဒေါင်းတမာန်Rest of your post

6 comments:

Nay Dun said...

တော်လှန်ရေးသမား နိုင်ငံရေးသမား အတုအယောင် လူမူရေး သမားဆိုသူတွေ နောင်တမရသေးဘူး။ ပြည်သူလူထုကို ချနင်း အပေါ်တက်လို့  ရအောင်လုပ်တုံးဘဲ။ လူမူရေး လုပ်ပါ။ ကြိုက်တယ်။ သူများ ရေဘူး ၁ဝဝ လှူရင် ၁ဝဝဝ လှူနိုင်အောင် လုပ်ပြ။ တစ်ယောက်နဲ့  တစ်ယောက် မထိခိုက်နဲ့ .။ အပြစ်မပြောနဲ့ ။ တစ်ချိန်လုံး ပြည်သူလူထု ထမင်းအိုးကွဲအောင် စီးပွားရေး ပိတ်ဆို့ မူ တွေ လုပ်ခဲ့ပြီးမှ ပေးလာမဲ့ လူမူရေး အကူအညီတွေ မျှော်ကိုးပြီး စကားကြီး စကားကျယ်တွေ ပြောနေကျတယ်။ ပြည်သူလူထု က ငတုံးတွေ မဟုတ်ဘူး။ ရင်ထဲက သိတယ်။ ပြည်သူကို အူမတောင့်ပြီး သီလစောင့်နိုင်အောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိမှ နိုင်ငံရေး စကားပြောကျ။

kyaw said...

ခွေးမသား တိုင်းရင်းသားဟန်ဆောင်ပြီ လာမရေးနဲ့ စစ်ဗိုလ်တွေ ချစားလို့ တိုင်းပြည်မတိုးတက်တာ စစ်ဗိုလ်တွေ လောက်ကျ လို့ တိုင်းပြည် ဆင်းရဲတာ ထောင်ထဲရောက်နေတဲ့ နိုင်ငံရေးသမားတွေ လာလာပြောမနေနဲ့ အိမ်တစ်အိမ် မတိုးတက်တာ အိမ်ကို အုပ်ချုပ်တဲ့လူ ညံ့လို့ပဲ

kyaw said...

တိုင်းပြည်ကောင်းအောင်လုပ်တယ် ဘာညာ လာပြောမနေနဲ့ မီးတောင် မှန်အောင် မပေးနိုင်ဘူး
သူခိုးစစ်ဗိုလ်တွေ ဓားပြစစ်ဗိုလ်တွေ

kyaw said...

နိုင်ငံတကာ စီးပွားရေး ပိတ်တာ မင်းတို့ စစ်ဗိုလ်တွေကြောင့် သူများ လက်ညှိုးမထိုးနဲ့

သူခိုးက လူပြန်ဟစ်နေသေးတယ်

ko said...

လောကမှာ ဓမ္မ နဲ့ အဓမ္မ ဝါဒ မှာ နောက်ဆုံး မှာ တရားသောသူ သာအနိုင်ရစမြဲပါ
မတရားသူ က ကျရှုံးမြဲပါ

ko said...

လောကမှာ ဓမ္မ နဲ့ အဓမ္မ ဝါဒ မှာ နောက်ဆုံး မှာ တရားသောသူ သာအနိုင်ရစမြဲပါ
မတရားသူ က ကျရှုံးမြဲပါ

Post a Comment

ယခင် သတင်းများ ဖတ်ရန်