Wednesday, December 8, 2010

လာခေါ်တွားဘီ..တဲ့

အမေရိကန် သံရုံးနှင့် ဆက်စပ်မှု ရှိ နိုင် သော မြန်မာ စစ်အရာရှိ အချို့ ပျောက်ဆုံးနေ
ကြားဖြတ်သတင်း၊ ၊စစ်ဘက်နယ်ဘက် အရာရှိ များ ပြည်ပထွက်ခွာခွင့် ခေတ္တရပ်ဆိုင်း(နေပြည်တော်)


တိုင်းမဂ္ဂဇင်း ၏ တစ်နှစ်တာ ထူးခြားမှု အရှိဆုံး ပုဂ္ဂိုလ် ဆုရွေးချယ်ခံရရန် တစ်ပြေးနေသည့် ၀ီကီလိခ် တည်ထောင်သူ ဂျူလီယန် အဆန်ငယ်(ယခု တစ်ပတ် ထုတ် Time မျက်နှာဖုံး) ၀ီကီလိခ် က နိုင်ငံတကာရှိ အမေရိကန် သံရုံးကြေးနန်း စာများ သတင်း ပေါက်ကြားမှုတွင်ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးမှ ကြေးနန်း ၈၀၀၀ ကျော် ပါဝင်သည် ဖြစ်ရာ အမေရိကန် သံရုံး နှင့် လှို့ ဝှက် ဆက်စပ် မှု ရှိသည့် မြန်မာ စစ်အရာရှိ အချို့ ပျောက် ဆုံးနေသည် ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။
Embassy of Phenom pen (ကမ္ဘောဒီးယား ) ကြေးနန်း ပေါက်ကြားမှု တွင် အမေရိကန်သို့ တိတ်တဆိတ် သတင်းပေးသည့် ခမာ စစ်အရာရှိ အချို့ ကို ဖော်ပြထားသည်။

ထပ်မံ ပေါက်ကြား နိုင်သည့် Embassy of Rangoon ကြေးနန်း တွင် အမေရိကန် နိုင်ငံ၌် နိုင်ငံရေး ခိုလှုံ ခွင့်ရရှိရန် ကြိုးစား ခဲ့ဖူးသည့် မြန်မာ စစ်ဘက် ၊နယ် ဘက်အရာရှိ အချို့ အကြောင်း ပါဝင် နိုင်သည် ဟု မြန်မာ ၀ီကီလိခ် တွင် ဖော်ပြထားသည်။

ဝီကီလိခ် က မူ ကာယကံ အရှင် အချို့ ဒုက္ခရောက် နိုင်သည့် နာမည် များ ကို ဖျောက်ဖျက် ပြီး မှ သာဖော်ပြသည်။ဝီကီလိခ် တည်ထောင် သူ ဂျူလီယန် အဆန်ငယ် သည်TIME မဂ္ဂဇင်း က နှစ် စဉ် ရွေးချယ် သည့် Person of the Year ကို ရရှိ ရန် အလားအလာ ကောင်း နေ သည်။
freedom news group မှ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်