myanmarwikileaks News
၂၀၀၉ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ တွင် ဇာဒက်ကြီး ကျွန်း ရှိ တနင်္သာရီ ရေတပ် စခန်း မှ ပင်လယ်ပြင် ထဲ တွင် စက်မဲ့ မော်တော်ဘုတ် ငယ် တစ်ခု ဖြင့် မျောနေ သည့်ကုလား ခြောက် ဦး ကို ရိုဟင်ဂျာ များ အထင်ဖြင့်ဗိုလ်မှုး ဥာဏ်ထွန်း (ယခု ဧရာဝတီစခန်း သင်တန်းမှုး) ရိုက်နှက် ခဲ့သည်။
ထိုကုလားများ ကလည်း အသေသာ ခံသွား မည့် ပုံရှိပြီး ၎င်းတို့ မှာ ဂျဖနာ ကျွန်းမှ စစ်ရှုံး တမီလ် ကုလားများများ ဖြစ်ကြောင်း ကို လုံးဝ မပြော ပါ။ ခြောက်ရက် မြောက် နေ့ တွင် တပ်တွင်း သို့ ရိက္ခာ လာပို့ သော လင်မယား က တမီလ် ကုလား စကား နားလည်ရာမှ ထို သူများသည် ရိုဟင်ဂျာများ မဟုတ် ပဲ တမီလ် ကုလားများ ဖြစ်ကြောင်း သိရသည်။(ထိုသို့ သိရ၍ ကုလား များ က ဖြောင့်ချက် ပေး ပုံ ကို နောင် အလျှဉ်း သင့်မှ ဖော်ပြ မည်ဖြစ်ပါသည်) စစ်ရှုံး တမီလ် ကုလားများ ဖြစ်ကြောင်း သိရသော အခါ အဆင့် ဆင့် အကြောင်းကြားမှုပြီး လေးရက်ခန့် အကြာ (ဇွန် ၂၇ ) ရက်နေ့ တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ် ဥာဏ်ထွန်း ဆီမှ တယ်လီဖုန်း အမိန့် ဖြင့် ကောင်းမွန် စွာ နှင့် လုံခြုံစွာ ထားရှိရန် ၎င်း တို့ အား အရပ်မျက်နှာ နှင့် အနီးဆုံး မြို့ များ မပြောရန် တိုက်ရိုက် အမိန့် ပေးပြီး နောက် ကျွန်တော် တို့  အမှတ် ၅၈ ရေတပ် စခန်းမှ နေ၍ ဆယ်ရက် ခန့် အကြာတွင် ၅၇ ရေတပ် လေ့ကျင့်ရေး စခန်း သစ် တို့ တပ်မတော် ရေယာဉ် ဖြင့်ပင်ပြောင်းရွှေ့ ပေးခဲ့ပါသည်။
ထိုသို့ ပြောင်းရွှေ့ ရာတွင် နေပြည်တော် ရှိ ကာကွယ်ရေးဝန်ကြီးဌာန မှ ကြည်းတပ် ဗိုလ်မှုး နှစ်ဦး ပါဝင် ပါသည်။ နောက်တွင် သိရသည် မှာ ထို တမီလ် ကုလား စစ်သား ခြောက်ဦးမှာ မောရ၀တီ ရေတပ်ဌာနချုပ် (မော်လမြိုင်) ၊ဓည၀တီ ရေတပ်ဌာနချုပ် (စစ်တွေ) မှ တစ် ဆင့် အိန္ဒိယ နိုင်ငံသို့  ကျွန်တော်တို့ ရေ တပ် ဗိုလ်ချုပ် ရောက်ရှိ ချိန် တွင် လွှဲပြောင်း ပေးခဲ့သည် ဟု သိရပါသည်။ ကျွန်တော်တို့ ၅၇ နှင့် ၅၈ မှ ထိုကုလား ခြောက်ဦး ကို အရှင်လတ်လတ် တွေ့ လိုက်ရသော်လည်းထို စစ်ရှုံး တမီလ် ကုလား စစ်သား ခြောက်ဦးမှာ အိန္ဒိယ နိုင်ငံရောက် မရောက် ၊ သေမသေ ၊ရှင်မရှင် ကို မသိရပါ။ သေချာ သည်က စခန်းမှုး ပြောသည်မှာ သီရိ လင်္ကာတော့ ပြန်မပို့ ဘူး ဟူ၍ ဖြစ်ပါသည်။
www.myanmarwikileaks.org မှ

No comments:
Post a Comment