၂၃ရက် ၅လ ၂၀၀၈ မုန်တိုင်းတိုက်ခတ်အပြီး ရက်၂၀အကြာမှာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ဆီက နိုင်ငံအကာအကူအညီတွေကို လက်ခံတော့မယ်ဆိုတဲ့ ၀မ်းမြောက်စရာစကားကို မစ္စတာဘန်ကီမွန်းက ကြေညာနိုင်ခဲ့ပြီး ကုလသမဂ္ဂနဲ့ သူ့ရဲ့အရေးပါတဲ့အခန်းကဏ္ဍကို ပြသနိုင်ခဲ့ပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ အပြုသဘောဆောင်တဲ့ခြေလှမ်းတရပ်အဖြစ် ကျွန်တော်တို့ ယူဆသင့်တယ်လို့ ထင်ပါတယ်။ ပြည်သူတယောက်အနေနဲ့ လည်းကြိုဆိုပါတယ်။ အလားတူပဲ ဆယ်စုနှစ်ပေါင်းများစွာ တစ်ဖက်နဲ့ တစ်ဖက်ငြင်းခုံ၊အယူအဆကွဲလွဲ ကာ၊ အဖြေရှာမရ ထွက်ပေါက်မဲ့နေတဲ့မြန်မာနိုင်ငံအတွက် အမှန်တကယ်၊ တစ်ဦးပေါ်တစ်ဦး ယုံကြည်ခြင်း နှင့် အတူငြိမ်းချမ်းရေးကိုပြန်လည်ရှာဖွေတည်ဆောက်ဖို့ လမ်းကြောင်းသစ်တခုပေါ်ပေါက်လာအောင် လက်တွေ့ ကြိုးစားသင့်တဲ့ အချိန်ဖြစ်ပြီး၊တွေ့ ဆုံဆွေးနွေးညှိနိင်းအဖြေရှာရေးဆိုသော ရလဒ်ကောင်းတခု ပေါ်ပေါက်လာဖို့ ဝိုင်းဝန်း
ကြိုးစားနိုင်ကြမယ်လို့ လည်းယုံကြည်မျှော်လင့်မိကြောင်းတင်ပြလိုပါတယ်။
လက်ရှိအာဏာပိုင် ဗိုလ်ချုပ်ကြီးတွေအနေနဲ့  ဒီအခြေအနေပေါ်ကနေ တိုင်းပြည်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုပြန်တည်ဆောက်မလဲဆိုတာ စဉ်းစားသင့်ပါပြီ။ နိုင်ငံသား တယောက်အနေနဲ့ ဆန္ဒအမှန်နဲ့ အဖြစ်သင့်ဆုံးကိုပြောရရင် အာဏာပိုင်များဟာယခုနိုင်ငံတကာကိုယုံကြည်လက်ခံမှုပေးသလိုမျိုး၊ ကိုယ့်ပြည်တွင်းကလူတွေနဲ့ ဆက်ဆံရေးမှာလည်း ယုံကြည်မှုပေးဖို့ ဖြစ်သင့်ဖြစ်ထိုက်သော အခြေအနေကိုညှိနိုင်းကာ ပြောင်းလဲပြင်ဆင်ပေးဖို့ တာဝန်လည်းရှိပြီး၊ ထိုသို့ သော ပြောင်းလဲရမယ့်တာဝန်ကိုအလျှင်အမြန် ဆောင်ရွက်ဖို့  အလိုအပ်ဆုံးနဲ့  အကောင်းဆုံးအချိန်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။
ထို့အတွက်ကြောင့် နိုင်ငံသား၊တိုင်းရင်းသားပြည်သူတစ်ယောက်အနေနဲ့  မြင်မိတာ၊ သိမိတာကတရားဥပဒေကြောင်းအရ လွတ်မြောက်ရတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်တိုးမြှင့်ထိမ်းချုပ်ခြင်းမှရုပ်သိမ်းပြီး ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်လက်တွဲကာအမျိုးသားရေး ကိစ္စ ဖြစ်တဲ့ မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးကို အတူစတင် လုပ်ဆောင်ရင်းမှ နိုင်ငံအရေးအဆင့်ပူးပေါင်းလုပ်ဆောင်ခြင်းထိတဆင့်ခြင်း လျှင်မြန်စွာ တက်လှမ်းလုပ်ဆောင်သွားနိုင်လျှင်အကောင်းမွန်ဆုံးဖြစ်လိမ့်မယ်လို့ မျှော်လင့်မိ ပါတယ်။ထိုအတူကျန်တဲ့နိုင်ငံရေးအကျဉ်းသားများကိုလည်း
အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအတူတကွဆောင်ရွက်ကြခြင်းဖြင့် တဦးနဲ့ တဦး ယုံကြည်မှုကိုတည်ဆောက်ကာ၊ လက်ရှိအာဏာပိုင်များအနေနဲ့ နိုင်ငံကောင်းကျိုးကို မည်မျှ ပြင်းပြစွာဆန္ဒ ရှိကြောင်း မြန်မာသိ၊ကမ္ဘာသိဖြစ်အောင်ပြသသင့်ပါတယ်။ ထိုအကြောင်းရာမှာ လက်ရှိအာဏာပိုင်များက လုပ်ဆောင်ရမည့်အပိုင်းဖြစ်သလို၊ သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့ အစည်းများကလည်း မိမိတို့ ရဲ့ တိုင်းပြည်ပေါ်တွင်ထားသော စိတ်ရင်းစိတ်ခံကို ညီအစ်ကိုမောင်နှမသဖွယ် ပြသသင့်တဲ့ အချိန်လို့ မြင်ပါတယ်။ဒီနေရာမှာအငြင်းပွားမှုတွေ အဆင်မပြေမှုတွေကိုခဏမေ့ထားပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာတရားဝင်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးကို အဓိကတောင်းဆိုကြဖို့ လိုပါတယ်။ဒီလိုလက်တွဲလုပ်ကြည့်ရင်းနဲ့  ညီညွတ်မှုတခုကိုတည်ဆောက်ယူပြီး အဲဒီကမှတဆင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီပေါ်ပေါက်ရေးဆိုတဲ့အဆင့်တွေကိုတက်လှမ်းသွားသင့် ကြောင်း အကြံပြုတင်ပြချင်ပါတယ်။
ကမ္ဘာကြီးကနေ့ စဉ်နှင့်အမျှပြောင်းလဲနေပါတယ်။ဒီနေ့ ကမ္ဘာကြီးမှာ လူသားထုတရပ်လုံးကို အဓိကခြိမ်းခြောက်နေတာ နိုင်ငံရေးပြဿနာတွေ မဟုတ်တော့ပါဘူး၊ ဖြစ်လည်းမဖြစ်သင့်တော့ပါဘူးသဘာဝ ပတ်ဝန်းကျင်ပြောင်းလဲမှုရဲ့ ဆိုးဝါး ပြင်းထန်လွန်းတဲ့ အန္တရာယ်တွေပါ။ ၁ရက်တည်းနဲ့  လူအသက် သိန်းပေါင်းများစွာ၊သန်းပေါင်းများစွာကို မကြေငြာတဲ့စစ်နဲ ဗြောင်ကျကျ သွေးအေးအေး သတ်ဖြတ်ပစ်နိုင်တာ၊ထောင်စုနှစ်တွေချီနေပြီဖြစ်တဲ့လူ့  ယဉ်ကျေးမှုသမိုင်းကိုစက္ကူစုတ်တစလိုခြေမွပစ်နိုင်တာ ရာသီဥတု ဖောက်ပြန်မှုက ဖြစ်ပေါ်လာတဲ့ သဘာဝဘေးဆိုးကြီးတွေပဲရှိပါတယ်။ ထို့ အတူဒီနေ့ ခေတ်ကမ္ဘာ့ ခေါင်းဆောင်တွေရဲ့ တိမ်းညွတ်မှု၊ ဦးစားပေးဆောင်ရွက်ရမယ့်တာဝန်ဝတ္တရားတွေဟာလည်းပြောင်းလဲခဲ့ပြီဆိုတာW.L Gore ကနိုဘယ်ဆုပိုက်ပြီး သက်သေပြခဲ့ပါပြီ။ ဒီအချိန်မှာ ကျွန်တော်တို့  မြန်မာနိုင်ငံကခေါင်းဆောင်တွေက လွန်ခဲ့တဲ့ရာစုတွေကလို အငြင်းပွားရင်း အချင်းများနေကြဦးမလား။ ဒါမှမဟုတ် နိုင်ငံ့အကျိုး၊ ပြည်သူ့ အကျိုး၊ ကျွန်တော်တို့  ကမ္ဘာကြီးရဲ့ အကျိုးလူသား မျိုးနွယ်တခုလုံးနဲ့ လူ့ ယဉ်ကျေးမှုရဲ့  အကျိုးကို လူပီသစွာရှေးရှုပြီး အတူတူလက်တွဲအဖြေရှာကာဆောင်ရွက်ခြင်းဖြင့် ကမ္ဘာမှာမြန်မာဟေ့လို့ စာမျက်နှာသစ် ဖွင့်သမိုင်းသစ်ကိုရေးကြ မလားဆိုတာကို လူပီသတဲ့လူသားတိုင်း မြန်မာပြည်ကို တကယ်ချစ်တဲ့ မြန်မာလူမျိုး၊ မြန်မာနိုင်ငံသားတိုင်း လေးလေးနက်နက် စဉ်းစားကြိုးပမ်းစေလိုကြောင်း ရင်ထဲကအရိုးခံကာ လေးနက်တည်ကြည်စွာမေတ္တာရပ်ခံလိုက်ပါရစေလားဗျာ။
မြန်မာနိုင်ငံသားအားလုံးရဲ့ ပြန်လည်ချစ်ကြည်ရင်းနှီးမှုများ ငြိမ်းချမ်းမှုများဖြင့် ရွှေရောင်တောက်ပသောအနာဂတ်သစ်ကိုမျှော်လင့်လျက်…..
မိုဃ်းသွေး
Generation Wave
Saturday, May 24, 2008
" အပြုသဘောဆောင်သော ယုံကြည်ခြင်းများမှ မြန်မာပြည်၏ သာယာဝပြောသော ပကတိအရင်းခံ ငြိမ်းချမ်းရေးဆီသို့ "
Labels:
မျှဝေခြင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
May
(620)
- ဟေ့ မင်း သဘောမဖြူလို့  ဒို့ သပိတ်မှောက်တယ်..
- ဇာဂနာကတော့ ပြောင်နေအောင်နှုတ်ထားတာ..ကြောက်မွေးတွေ
- သူခိုးက လူလူဟစ်တဲ့ကိစ္စ
- မုန်တိုင်း before နဲ့ after
- ပရောက်စီနံပါတ်များ အသုံးပြုရန်မလိုကြောင်း မြန်မာတယ...
- ဆိတ်သုန်းနေတဲ့ ခေါင်းလောင်းသံ
- ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေ
- မြန်မာသတင်း မေ ၃၁ ၂၀၀၈
- ပွင့်သစ်၏ ဟိုစပ်စပ်..ဒီစပ်စပ် ထွေရာကေလာ ကဏ္ဍ
- ဘိုကလေး သတင်း
- ဒီပဲရင်း( ၅) နှစ်ပတ်လည်အမှတ်တရ
- တရားပွဲ..
- မမေ့ကြပါနဲ့  ဦးဂမ္ဘီရ..ရွေဝါရောင်တော်လှန်ရေးရဲ့ ဦ...
- မတရား ဥပဒေ တည် တယ်တဲ့ဗျို့ 
- နေအေးလိမ်နည်း
- အဘိုးရေ.. ငတ်သေတဲ့ မသာတွေ ဗမာပြေမှာရှိနေဘီ
- ဧရာဝတီတိုင်း၏ အိုးမဲ့အိမ်မဲ့ စာရင်း
- ပြန်လည်ကြိုဆိုပါတယ် ကိုကျော်သူ
- ကဲ ခိုးချင်ဦးလေ..
- ရီရတယ်ဗျို့ ..
- ချစ်သောမြန်မာပြည်သူများအတွက်
- ရင်ထဲက နာကြင်ခြင်းများ..ဟဲ့ ဒို့ များကွ ဗမာပြည်သား..
- လောက်တွေ ကို ရှင်းကြစို့ 
- လွတ်မြောက်နယ်မြေNLD ၏ထုတ်ပြန်ချကိ
- မြန်မာ့ဒီမိုကရေစီရေးအတွက် အာဆီယံကို ဘယ်လိုလုပ်မလဲ?...
- အကြင်နာတွေနဲ့ဖေးကူပါ
- NCUB ၏ ထုတ်ပြန်ကြေညာချက်
- အလှူလက်ဘက်နဲ့ မျက်နှာလုပ်တာပေါ့.
- ကျော်မယ်ခွမယ်လေ အင်တာနက်။။
- SummaryRest of your post
- NY မှ မျိုးချစ်များ၏ ဗြိတိန်သံရုံးရှေ့ ဆန္ဒပြပွဲဖိတ...
- Music concert to aid the people of Burma
-့ မြန်မာနှင့်ထိုင်း တကယ်ချစ်ကြည်မကြည်..
- ဝမ်းလေးရဲ့တစ်ထွာသော ဒုက္ခ..နားလည်စာနာကူညီပေးကြပါ..
- အလကားရတဲ့နွား..သွားဖြဲကြည့်ကြသူများ..
- ဟောလီဝုဒ် အနုပညာသည်များ၏ ရက် (၃၀) ကြာ မြန်မာနိင်ငံ...
- မြန်မာ့ သတင်း မေ ၂၉ ရက်
- ကိုရီးယားက..အာဇာနည်များ..ရဲရင်ကြွခဲ့ပါ ခင်ဗျ
- ခွပ်ဒေါင်းများတို့ လေဆန်ပျံချိန်
- အမေထံ ပေးစာ
- Free Free ဇေယျာသော်...Free Free acid..
- ဒို့ ဘက်က ချည်းဘဲ အခွေ ခံနေရပြီလား.
- မြန်မာပြည်က..မိုက်ကြေးခွဲ ဂိုဏ်းကြီး
- အစာရ လည်း စားဖို့ ပန်းကန်က မရှိ
- WHO ၏ မြန်မာအစီရင်ခံစာ။
- ဒေါသတွေ အလိပ် လိုက်ထွက်နေတယ်..ကြမ်းပစ်လိုက်မှာ ဟွန်း
- မူမလား ယူမလား ကျုပ်တို့ အားအားယားယား ကြာကြာ မစောင...
- မြန်မာသတင်း မေလ ၂၈ ရက် ၂၀၀၈
- မလေးရှားမှ လှုပ်ရှားမှူများ
- သန်းရွှေဆိုတာ..ဤသို့ သောသူ
- အစိတ်သားတောင် မချန်ထားရဖူးတဲ့လား..
-ွGeneration wave ၏ လှုပ်ရှားမှု
- ဘိုကလေးမြို့ ၏ အစီရင်ခံစာ ( NLD)
- ပညာရေးဌာန ကပြောတယ်။ကျောင်းနေအရွယ်ခလေးတွေ ကျောင်းအပ...
- ဘယ်သူက သူတောင်းစားလည်း
- သနားစရာ ဒုက္ခသည်ပြည်သူများ
- ခိုးရာပါ လေဘေးအကူ ပစ္စည်းများ.နဲ့ သူခိုးလက်ခံဈေးကွက်.
- မျှတလွတ်လပ်မှု မရှိတဲ့ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲ
- မုန်တိုင်း ဒေသများသို့ ကူညီ ထောက်ပံ့မှူ အခြေအနေ
- NLD လွတ်မြောက်နယ်မြေ၏ သတင်း ထုတ်ပြန်ကြေညာချက်
- ကြောင်သွားလို့ ကြွက်ထမနေနဲ့ ငါ ပြန်လာကြည့်မှာနော်
- panties for peace --> Campaign: Panties for PeaceW...
- မိန်းမအတွင်းခံနဲ့ ဘဲတန်တဲ့အာဏာရှင်..ပေးမယ် ရော့အင်...
- မြန်မာသတင်း မေလ ၁၇ ရက် ၂၀၀၈
- ဝေးစမ်းပါစေ မိုင်ပေါင်းကဋ္ဋေ..
- မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်းက မစ္ဆရိယ အဲဒါ နအဖ
- အစိတ်သား တမတ်သား တကျပ်သားနားမလည်..အကုန်ဖမ်းမယ်
- ပူနေတဲ့ အက်စစ်မိုး...နဲ့ အမေအိုရဲ့ အကြောင်း
- ဖမ်းမှာမကြောက် ရဲရဲတောက်ဟေ့ ကြောက်တတ်ရင်လွဲ..စစ်ဖ...
- နှစ်တွေ ထပ်ထပ်တိုး...နအဖ..XXXX တွေ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွတ်
- အိပ်ဖွင့်ပေးစာ..( BBC ။RFA။ VOA။ DVB မြန်မာပိုင်း...
- NLD members detained en route to Daw Suu’s house
- ရွှေတိဂုံဘုရားရဲ့ မိုးဖျားကအရိပ်မဲ.. လာတော့မဲ့ မင်း...
- မျိုး ချစ်စိတ် ရှိသူတိုင်းထောင်ထဲ ၀င်ရသည်။
- အန်အယ်ဒီရုံးချုပ်အနီး ရဲနှင့်စစ်ကားများ စောင့်ကြပ်နေ
- ရာဇ၀တ်ဘေး ပြေး၍မလွတ်
- Burma arrests marchers near Suu Kyi home:
- တနိုင်ငံလုံး၏ ဆန္ဒခံယူပွဲရလဒ် စစ်အစိုးရကြေညာထောက်ခံ...
- ဒေါ်စုသတင်း
- ဖမ်းနေပါပြီခင်ဗျာ..
- ဘ၀မလှတဲ့..ပင်စင်ရ၀န်ထမ်း..
- ဘင်လာဒင်ကတောင်..အပြစ်ပြောမှ ကမ်းကုန်တဲ့ သန်းရွှေ
- လွတ်မှာလား..ကြောက်နေဆဲလား
- NCUB ၏ ၁၉၉၀နှစ်ပါတီစုံရွေးကောက်ပွဲ (၁၈)နှစ်မြောက်ြ...
- ဝိညာဉ်သားလော..
- တုနှိုင်းမဲ့ ကမ္ဘာကျော်..မြန်မာပြည်က လူသတ်တပ်မတော်
- ဘုရားစူးပါစေ့ ..နိုင်ငံခြားက ထောက်ပံ့တာပါ။
- နအဖရဲ့ ဆောင်ပုဒ်..သူတောင်းစားယုတ်တွေ
- ပီကင်း အိုလံပစ် ကို သပိတ်မှောက်ခြင်း။
- တွေးမိတိုင်း ရင်လေးသည်..
- အာခေါင်လှံစူးမဲ့ အာဏာရှင်
- မြန်မာ သတင်း မေလ ၂၆ ရက် ၂၀၀၈
- အရေးပေါ် အစည်းအဝေးခေါ်ယူရန်ကိစ္စ
- မြန်မာပြည်က အလီဘာဘာနဲ့  ခိုးသားလေးဆယ်..
- သံဃာ့အစွမ်းကမ္ဘာလွှမ်းငြိမ်းအေးကြပါစေ
- No title
- အို စာ နဲ့  မင်း စာ
- လူသေများနှင့် အိပ်စက်ခြင်း ( ဖတ်ဖြစ်အောင်ဖတ်ပေးပါ)
- ကြွက်မနိုင် ကျီ မီးနဲ့ရှို့ပြီ (ဘန်ကောက်ဗမာသံရုံး ...
- ကဲ..မူဦးလေ..ခုတော့ လွတ်ပြီအခွင့်အရေး..
- ရန်ကုန်အခြေအနေ (၆)
- ကမ်းတဲ့လက်က ဘာအရောင်ဘဲရှိရှိ..ချေးများနေဖို့ မရှိ....
- ငွေတောင်းပွဲကြီး..ဖြန့် နေတဲ့ နအဖ လက်ကြီး..
- ဒါ က အလှူစာ၇င်း..နအဖဘဲ ဗျင်းဦးမှာ
- သာဓု မောဓနာပါတဲ့ ဒီအလှူ
- စစ်သည်ဟောင်းတဦး၏အမြင်
- ၂၀၀၈ မေလ ၂၆ ရက်နေ့နဂိုယာ၊ ဂျပန်ဂျပန်နိုင်ငံ၊ နဂို...
- သူတောင်းစားညီလာခံကြီး ၀ှဲခြီးကျင်းပ၊ ဒုက္ခသည်များက...
- မေတ္တာရိပ်ဆို တဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ 
- နအဖ မှ ပြည်သူအား နူရာဝဲစွဲ လဲရာသူခိုးထောင်းနေခြင်း
- No title
- မြန်မာ့သတင်း မေလ ၂၅ ရက် ၂၀၀၈
- ဘစ်ကီ..ဘာတွေပြောသလည်း
- သူတော်ကောင်းကြီးက သေပစေ တမင်လာမရှုပ်တာတဲ့..ဖတ်ကြည်...
- မိုင် ၂၀၀၀ ကျော်ခရီးပေါက် ရှေ့ သို့ ဆက်လက် ချီတက်ေ...
- ဖဒို စောဘသင်စိန်ဥက္ကဋ္ဌ၊ ကရင်အမျိုးသားအစည်းအရုံး (ကေအ...
- ဒုက္ခသည်များ၏ ကျောပြင်မှ ဒဏ်ရာများ
- ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်များ ၏ သဘောထား ထုတ်ြ...
- ကွမ်းခြံကုန်း နှင့် ဒေးဒရဲ သို့ အလှူVideoမှတ်တမ်း ...
- dd
- ပြင်သစ်သံရုံးရှေ့မှ ဗမာဆန္ဒပြပွဲ
- ကူညီနိုင်ရင် ကုညီကြပါ
- မြန်မာသတင်းများ မေ ၂၄ ရက်
- ဒီရေရောက် လမုတောများပြန်လည်စိုက်ပျိုးထိန်းသိမ်းရန်...
- ဘိုကလေးမှ လိုအပ်သောအကူအညီများ
- " အပြုသဘောဆောင်သော ယုံကြည်ခြင်းများမှ မြန်မာပြည်၏ ...
-
▼
May
(620)
No comments:
Post a Comment