Saturday, May 24, 2008

ဒီရေရောက် လမုတောများပြန်လည်စိုက်ပျိုးထိန်းသိမ်းရန်နှိုးဆော်ခြင်း

ဒါက ဒီရေရောက် ဒေသ တွေမှာပေါက်တဲ့ လမုပင် ( Mangrove) တွေပါ။ အပူပိုင်းနဲ့ အပူလျှော့ပိုင်းဇုံ ဒေသက ဆားငန်ရေ ဒီရေရောက်ရာ ကမ်းခြေတွေမှာပေါက်ရောက်ပြီး သဘာဝ ဘေးအန္ထရာယ်တွေဖြစ်တဲ့ ဒီရေတက် ရောက်မှူ၊ လှိုင်း လေကြီးမှူဒဏ်တွေကနေ သဘာဝအလျှောက်ကာကွယ်ပေးတဲ့ ရေကာတန်း တောတန်းများဖြစ် ကြ ပါ တယ်။ လူတွေရဲ့ သဘာဝပတ်ဝန်းကျင် မထိမ်းသိမ်းမှူ ကြောင့်နှစ်စဉ် ဒီရေရောက် တောများ ပြုန်းတီးလာကြတဲ့ အခါ လှိုင်း လေ ကို သဘာဝအလျှောက်အကာအကွယ် ပေးနိုင်တဲ့ ရေကာတန်း ဒီရေ ရောက်တောတွေမရှိတာ ကြောင့် လှိုင်းလေမုန်တိုင်းဒဏ် ကို ပိုပြီး ခံစားရစေပါတယ်။
ဒါကြောင့်မို့  သစ်တောဦးစီး ဌာန နဲ့ တာဝန်သိ ပြည်သူအဖွဲ့ အစည်း များပူးပေါင်း၍ ဒီရေရောက်တောများ ပြန် လည် စိုက်ပျိုးရေး လုပ်ငန်း အကောင်အထည်ဖေါ်နို်င်ရန် နှိုးဆော် အကြံပေးလိုက်ရပါသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်