Sunday, September 21, 2008

မသေပါဘူး..တုန်းကျော်..မောင်မောင်..ပြည်သူ့ အချစ်တော် မိုးသီးဇွန်


သေနိုင်ပါရိုးလားဗျာ..အများပြည်သူ့ အချစ်တော် ကိုမိုးသီးပါဆိုမှ..တော်ရုံဘေးနဲ့သေမလား..
အဖေရယ် အမေရယ်..အဖိုးရယ်..အဖွားရယ်။...သားသားရယ်..ဘုန်းဘုန်းရယ်..မိုးမိုးလေးကို..အားပေးနေကြပါတယ်။

ခွေးလှေးဂျပိုး..နအဖ အလိုတော်ရိတွေက..မိုးသီး သေပြီဖြစ်ကြောင်း..email အတုတွေနဲ့ သတင်း လာလွှင့်ကြတယ်ဗျာ။ ကားတိုက်သေတယ်..ဘာညာ..မလုပ်ပါနဲ့ဗျာ..သူများအသဲတွေ ကွဲကုန်ပါ့မယ်။

မဟုတ်ရပါဘူးဗျို့ ။ အကောင်းပတိ ငုတ်တုတ်ကြီးပါဗျာ။ နိုင်ငံတော် လွတ်လပ်ရေးအတွက်..စွမ်းစွမ်းတမံ ရင်မြေကတုတ် ခုခံနေပါတယ်။ သူရဲကောင်း ဟူသည် စစ်မြေပြင်မှာသာ ကျဆုံးရိုးထုံးစံပါဗျာ.
ခွေးဆွဲလို့ သာ မိုးသီးသေ..ရာဇ၀င်ရိုင်းပေမပေါ့။

တုန်းကျော်သွားပြီ အရပ်ကတို့ ရေ.။ နအဖ လုပ်မှဘဲ..မိုးသီး..ပို နံမည်ကြီးကြီးလာတယ်။

ယတြာ ကိန်းခန်းအရ..အသက် ၁၂၀ ရှည်မယ်ဆိုတာ..အမေက မွေးကတည်းက ထန်းဖူးဇာတာမှာ ကညစ်နဲ့ခြစ်ပြီးသား..
တောကြိုအုံကြား..ကျောက်ဆည်မှာ..အရပ်လက်သည်ဖွားမဟုတ်ပါဘူးဗျာ..
တောင်သာ အညာသား..ပဲကြီးစား..ကတ္တရာ အသားနဲ့ လည်းဟုတ်ဖူးခင်ဗျ။ ရန်ကုန်သား..လူထွားကြီး ပါ။
..
နောက်ဆုံးအကြိမ်. နှစ်ပတ်လည်..ဆေးစစ်ချက်အရ... မိုးသီးသည်

နှလုံးရောဂါမရှိ။
အဖောရောဂါမရှိ။
သည်းချေရောဂါမရှိ။
အကြောက်ရောဂါမရှိ။
သွေးတိုးမရှိ။
ကိုလက်စတြောမရှိ။
စိတ်ကျရောဂါမရှိ။
ဆီးချိုမရှိ..
ကျောက်ကပ်ကလည်း အကောင်းပတိ.
သွေးကင်ဆာမရှိ..ဒေါင်း သွေးနီရဲ၏။
အသည်းကောင်းကောင်း .နအဖကို..တိုက်နေပါကြောင်း။

1 comment:

pholone said...

ကိုမိုးသီး
ကျနော် ခင်ဗျားရဲ့ ကဗျာ စာသား လေးတွေ ဖတ်ပြီး အရမ်းဘဲ ကြိုက်တယ်ဗျာ။
ခင်ဗျားကတော့ ကျနော် တို့ရဲ့ ခေါင်းဆောင် ကောင်း တယောက်ပီသပြီး၊အရမ်းဘဲ လေးစားမိပါတယ်။
ဖိုးလုံး(ဗ.က.သ လုံ/စည်း)

Post a Comment

ယခင် သတင်းများ ဖတ်ရန်