Tuesday, October 21, 2008

"ဆောင်းဦးပေါက် တေး "

ဒီဇင်ဘာနံ့ ခပ်သင်းသင်းလေးဝေ့တိုက်လာတယ်

တံစက်မြိတ်ကနှင်းရည်စက်တွေကျလာတာ

စောင်ခြုံထဲကနေ အိပ်ချင်မူးတူးငေးမကြည့်နိုင်တော့ဘူး

သမိုင်းကို လက်ကြောတင်းတင်းထမ်းပိုးဖို့

အလွမ်းကိုဘောင်းဘီအိပ်ထဲထိုးသိပ်ထည့်ထားရ

ကြေချင်ကြေ မွချင်မွ ဖြစ်ချင်တာသာဖြစ်ပစေတော့

ခဏခဏ ထုတ်ယုယမနေနိုင်ဘူး

အိမ်နဲ့ဝေးနေတာ

ငါတယောက်တည်းမှမဟုတ်ခဲ့တာပဲ

မိုဃ်းသွေး ( Generation Wave)

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်