စိုက်ပျိုးရေးပါမောက္ခ ဒေါက်တာ ဆလိုင်းထွန်းသန်းနှင့် တွေ့ဆုံခြင်း
ဝိုင်းပီး။ တနင်္လာနေ့၊ အောက်တိုဘာလ 13 2008 10:54 - မြန်မာစံတော်ချိန်
အငြိမ်းစား စိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီး ဆလိုင်းထွန်းသန်းက ဆိုပါသည်။ မြန်မာ့ဒီမိုကရေစီရေးနှင့် ငြိမ်းချမ်းရေးအတွက် တကိုယ်တော် ဆန္ဒပြပွဲနှင့် တိုင်းပြည် ပြင်ပရောက်ရှိစဉ် ပြည်တော်ပြန် ဆန္ဒပြပွဲ ပြုလုပ်ရေးအတွက် အသက်ပေးလှူရန် ကြေငြာခဲ့သူဖြစ်ပါသည်။
ဆလိုင်းထွန်းသန်းကို ၁၉၂၈ ခုနှစ် မတ်ခ်ျလ ၃၁ ရက်နေ့တွင် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုံးမြို့နယ်၊ အင်းဗြစ်ရွာတွင် ဦးပိုးရှမ်နှင့် ဒေါ်မြရီတို့မှ ဖွားမြင်သည်။ အရှိုချင်းလူမျိုးဖြစ်ပြီး လွတ်လပ်ရေးကြိုးပမ်းမှု ကာလ ဖက်ဆစ်ဂျပန်များကို တိုက်ခိုက်စဉ် တပ်မတော် အရံတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အမေရိကန်နိုင်ငံ တက္ကသိုလ်များမှ စိုက်ပျိုးရေး မဟာသိပ္ပံဘွဲ့၊ ပါရဂူဘွဲ့တို့ ရရှိခဲ့သူဖြစ်ကာ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် မြန်မာဘက်ပေါင်းစုံ ကျေးလက်ဖွံ့ဖြိုးရေးအသင်း (Myanmar Integrated Rural Development Association – MIRDA) ကို တည်ထောင်ခဲ့သူဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် စစ်အစိုးရ၏ မတရားဖိနှိပ်ချုပ်ချယ်မှုများအား ဆန့်ကျင်သောအားဖြင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့ရာ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရပြီး ထောင်ဒဏ်နှစ်မပြည့်မီ ၂၀၀၃ ခုနှစ်တွင် လွတ်မြောက်ခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ သွားရောက်နေထိုင်ခဲ့သည်။
အငြိမ်းစား ဆရာကြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ အလည်အပတ်ခရီး ရောက်ရှိနေခိုက် မဇ္ဈိမသတင်းထောက် မ၀ိုင်းပီးက မေးမြန်းထားခြင်းဖြစ်သည်။
မေး။ နာဂစ်မုန်တိုင်းနောက်ပိုင်း ဧရာဝတီတိုင်းက လယ်သမားတွေအနေနဲ့ အခု လုပ်အား ၃ ပုံ ၁ ပုံလောက်ပဲ လယ်ယာလုပ်ငန်းခွင်ထဲ ဆင်းနိုင်တယ်။ ပြန်လည်ရိတ်သိမ်းနိုင်တယ်ဆိုတဲ့ အသံတွေ ကြားရပါတယ်ရှင့်။ ပြန်လည်ထူထောင်ရေးကို ဘယ်လိုမျိုး လုပ်ကိုင်သင့်တယ်လို့ ဆရာကြီးအနေနဲ့ ထင်လဲရှင့်။
ဖြေ။ နာဂစ်မုန်တိုင်းအပြီး တကယ်လုပ်ဆောင်သင့်တဲ့ အရာတွေကတော့ ဆားဗေး လုပ်ရမယ်။ အဲဒီနေရာတွေမှာ ဘယ်လောက် လူအသေအပျောက် များသလဲ၊ လူဦးရေ ဘယ်လောက် ကျန်သေးလဲ၊ လယ်သမားတွေ ဘယ်လောက် ဆုံးရှုံးသွားလဲ။ လေ့လာရမယ်။ ဒါက ပထမ လူဦးရေကို စိစစ်ရမယ်။ နောက်ပြီးတော့ လယ်ယာမြေတွေကိုလည်း ဆားဗေးလုပ်ရမယ်။ ဘယ်လယ်ယာမြေတွေက ဘယ်လောက်ထိ ပျက်စီးသလဲ။ ဘယ်လောက်ပြန်စိုက်လို့ ရနိုင်မလဲ။ လယ်ယာမြေထဲမှာ ပစ္စည်းတွေ၊ အုတ်ကျိုးအုတ်ခဲတွေ တင်ကျန်နေတာတွေ ရှိသလား။ နောက်ပြီးတော့ ဆားငန်ရေတွေ ဘယ်လောက်ဝင်သွားသလဲ။ နောက်ဆုံးတချက်ကတော့ ကန်သင်းတွေရော ဘယ်လောက်ထိ ပျက်စီးနေလဲဆိုတာတွေပေါ့။
ဒါတွေကို တို့တွေ စာရင်းယူပြီးတော့ ပြီးရင် နံပါတ်တစ်အချက်တော့ ကန်သင်းတွေ ပြင်ရမယ်။ ၀င်နေတဲ့ ဆားငန်ရေတွေကို ထုတ်နိုင်သလောက် ထုတ်ရမယ်၊ ဒီတော့မှ စပါးစိုက်လို့ရမယ်။ ပထမနှစ်မှာတော့ ဆားငန်ရေတွေ အကုန်ထွက်ဖို့ဆိုတာ တော်ရုံနဲ့ မလွယ်ဘူး။ မတတ်နိုင်ဘူး။ ဒီလယ်မြေတွေမှာ စပါးတွေပဲ စိုက်ရမှာ။ တခြားစိုက်လို့ မဖြစ်ဘူး။ စပါးစိုက်လို့ဖြစ်အောင် စပါးမှာလည်း ရိုးရိုးစပါးရှိတယ်။ ဆားငန်ဓာတ်ခံနိုင်တဲ့ စပါးရှိတယ်။ ဥပမာ - ပင်လယ်ထဲပေါက်တဲ့ အပင်တွေကိုကြည့်။ ပင်လယ်ဟာ ဘယ်လောက်ငန်သလဲ။
ပြောရရင် လယ်လုပ်မယ်ဆိုရင် လယ်လုပ်မယ့် လူတွေ ဘယ်လောက်ကျန်သေးလဲ။ လယ်မြေတွေ ဘယ်လောက်ကျန်သေးလဲ။ လယ်လုပ်မယ့် ကိရိယာတွေ ပြည့်စုံမစုံ ကြည့်ရမယ်။ မျိုးစပါးတွေ ရရှိဖို့ လိုတယ်။ အနည်းဆုံး ၇၅ ရာခိုင်နှုန်းတွေကလည်း ကျွဲ၊ နွားတွေကလည်း သေဆုံးကုန်တယ်။ အဲဒါတွေဟာ အရေးကြီးဆုံးပါပဲ။ ရေထဲမှာ အမြဲတမ်း အလုပ်လုပ်နိုင်တာကတော့လည်း ကျွဲပဲရတယ်။ တခြားက ကျွဲတွေကလည်း လာဟဲ့ဆိုပြီး ဆွဲခေါ်လို့ မရဘူး။ မိုးခေါင်ရေရှားက လာတဲ့ကျွဲတွေကလည်း ဒီလိုနေရာမျိုးမှာ မလုပ်နိုင်ဘူးလေ။ အဲဒီတော့ တခုခုရောဂါရတာတွေ ရှိလာတယ်လေ။ အဲတော့ တို့တွေက ထွန်စက်သုံးဖို့ လိုလာပြန်တယ်။ ထွန်စက်လုပ်လို့ရှိရင် ဆီက လိုသေးတယ်။ ဆီရရင်တော့ မပြီးသေးဘူး။ ကျွမ်းကျင်တဲ့လူတွေ လိုသေးတယ်။
ဖြစ်နိုင်လို့ရှိရင် လယ်မြေတွေကို သေချာ ကန်သင်းခတ်၊ ရေတွေထည့်၊ မြေတွေ ထွန်၊ ထဲထိုးလိုက်။ ၂ ခါလောက်။ ပြီးတော့ ဆားငန်ဓာတ်ခံနိုင်တဲ့ စပါးတွေကို စိုက်ရမယ်။
အခုကြားပါတယ်။ သတင်းစာတွေထဲမှာဖြစ်ဖြစ်၊ ရေဒီယိုတွေထဲမှာပဲဖြစ်ဖြစ် တွေ့ပါတယ်။ ကြားပါတယ်။ စပါးတွေတော့ စိုက်ကြပါတယ်။ ဒါပေမဲ့ စပါးတွေက အခု ၀ါသွားပြီးတဲ့လေ။ အပွင့်တွေလည်း မပွင့်တော့ဘူးတဲ့။ အခင်းတွေကလည်း ကျိုးတိုးကျဲတဲပဲ ရှိတော့တယ်တဲ့။ တို့တွေက အစတည်းက မျှော်လင့်ထားပြီးသားပါ။ သိပ်ပြီးတော့ ဒုက္ခများတယ်။ အမှန်က မြန်မာပြည်မှာ လယ်စိုက်ချိန်ဆိုတာ မရှိဘူး။ ဘယ်အချိန်စိုက်စိုက်၊ အချိန်မရွေး စိုက်လို့ရတယ်။
မြေက အစိုဓာတ် လုံလုံလောက်လောက် အနေအထားမှာ ရှိရမယ်။ အဲဒါမျိုးမှ ရပြီးလို့ ပြောတာ။ သို့သော်လည်း ကျနော်တို့က ရေသွင်းစိုက်မယ်ဆိုပြီး၊ ရေသွင်းသော်လည်း ဆားငန်ဓာတ် မရဘူး။ နောက် ထွန်စက်တွေ လိုလာမယ်။ ဆီတွေ လိုလာမယ်။ နောက် ကျွမ်းကျင်တဲ့ ပညာရှင်တွေ လိုလာမယ်လေ။
တို့ မြန်မာပြည်က လယ်သမားတွေကလည်း သနားစရာကောင်းတယ်။ စီးပွားဖြစ်နိုင်လောက်တဲ့ လယ်ဧကတွေ ပိုင်ဆိုင်နိုင်ဖို့ လိုတယ်။ ဒါတွေ မရှိတဲ့အခါကျတော့ ၁ ဧက၊ ၂ ဧကလေးတွေ ရှိတာကို ဖြစ်သလို ထွန်တယ်။ စပါးတွေ ကျဲတယ်။ နောက် ပြစ်ထားပြီး မြို့ပေါ်တက် ဆိုက်ကားနင်းတယ်။ ပြန်လာတော့မှ ပြန်ရိတ်သိမ်းတယ်။ လိုသလောက်တော့ ရနေတာပဲ။ အဲဒါလေးတွေတောင် ပျက်စီးသွားကြရတယ်။
အဲဒါကြောင့် (၁) လယ်သမားတိုင်း လုံလုံလောက်လောက် စီးပွားဖြစ်တဲ့ လယ်ဧကတွေ ပိုင်ဖို့လိုတယ်။ (၂) လယ်ယာထဲမှာ နေရမယ်။ (၃) ၀င်းတွေ၊ ခြံတွေခတ်ပြီးတော့ နေရမယ်။ ကျွဲတွေနွားတွေလည်း မွေးရမယ်။
တို့တွေရဲ့ လယ်ယာစနစ်ဟာ ပြောင်းဖို့ကို လိုတယ်။ လယ်ယာတွေမှာ ရေအမြဲတမ်း ရှိနိုင်အောင် လုပ်ထားရမယ်။ လယ်ယာကို သွားနိုင်မယ့်၊ လွယ်ကူတဲ့ လမ်းကိုလည်း လုပ်ထားရမယ်။
မေး။ အခုလို မြန်မာနိုင်ငံမှာ ကပ်ဘေးဆိုက်ရောက်နေတာကို ပြန်လည် ထူထောင်နိုင်အောင် လုပ်ဖို့ရော ဆရာအနေနဲ့ ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ။ အဘအနေနဲ့ဆိုရင် အောက်ပြည်အောက်ရွာမှာ ရေရတဲ့ ကွင်းတွေ ရှိတယ်။ မိုးခေါင်ရေရှားတာ ရှိတယ်။ တောင်ပေါ်အရပ်က ရှိတယ်။ တောင်ယာခုတ်တာတွေ ရှိတယ်။ အဲဒါတွေကို အဘက ဘယ်နေရာမှာ ဘာတွေလုပ်ရမလဲ။ စီစဉ်ပြီးတော့ လုပ်ချင်တယ်။ အဘလုပ်ချင်တာတွေကတော့ လူတဦးဟာ သူ့မှာ စီးပွားဖြစ်လောက်တဲ့ လယ်ဧက ပိုင်ရမယ်။ သူသည် အဲဒီအထဲမှာ နေရမယ်။ သို့သော် အသေးစား ကွန်မြူနတီရှိဖို့တော့ လိုတယ်။ လမ်းကို ဘယ်လိုလုပ်မယ်။ အဘစီစဉ်ထားတာတွေ ရှိတယ်။ ရေတွေကို ဘယ်ကနေ ဘယ်လိုဆွဲမယ်။ ဘယ်လိုထုတ်မယ်ပေါ့။ အဲဒါတွေ အကုန်လုံး စီစဉ်ရမယ်။ ဒီလို စနစ်တကျ မလုပ်ဘဲနဲ့တော့ တွေ့တဲ့နေရာ တက်လုပ်၊ တက်လှော်ဆိုတာမျိုး ဆိုရင်တော့ တို့ မြန်မာလယ်ယာတွေ ဆုံးရှုံးဖို့ပဲ ရှိတော့တယ်။
မေး။ ဆရာ့အနေနဲ့ မြန်မာပြည် ပြန်ခွင့်ရလို့ ပြန်မယ်ဆိုရင်ရော ဘာတွေလုပ်ဖို့ စိတ်ကူးရှိလဲရှင့်။
ဖြေ။ အဘကတော့ စိုက်ပျိုးရေးသမားဆိုတော့ (စိုက်ပျိုးရေးပညာယူထားလို့ စိုက်ပျိုးရေးသမား မဟုတ်ဘူး)။ ဂျပန်ခတ်ကတည်းက တောင်ယာခုတ်ပြီးတော့ နေလာတာဆိုတော့ တောင်ယာသမားတွေရဲ့ စိတ်ဓာတ်တွေ၊ လယ်သမားတွေရဲ့ စိတ်ဓာတ်တွေကို နားလည်ပေးနိုင်တယ်။ စိတ်သဘောထားတွေကို ခံစားလို့ရတယ်။ တောင်ယာ၊ လယ်ထဲ ရောက်ရင် ဘာစကားတွေ ပြောမယ်။ ပြန်လာရင် ဘာတွေပြောမလဲဆိုတာတွေ အားလုံး သိနေတယ်။ သူတို့ရဲ့ ဖီလင်တွေကို ပြန်ပြောပြနိုင်တယ်။
အဘက မလာခင်ကတည်းက အဘဘာလုပ်သလဲဆိုတော့ တောင်ပေါ်မှာ လုပ်တယ်၊ တောင်ပေါ်မှာ ဘယ်နေရာလဲဆိုတော့ မင်းဘူး၊ ရခိုင်က အမ်းတောင်ကြားလမ်းမှာ တောင်ပေါ်ဒေသ ဘက်စုံ ကျေးလက်ဖွံ့ဖြိုးရေးဆိုတာ လုပ်တယ်။ လူတယောက်ကို ၁၀ ဧက၊ ၁၂ ဧကပေါ့။ ပေးတယ်။ ပြီးလို့ရှိရင် အဲဒီတွေကို ခုတ်တယ်။ တောင်စောင်းမှာ ကွန်ဒိုတိုင်တွေနဲ့ စည်းရိုးပင်တွေကို တန်းစိုက်တယ်။ အဲဒီ ကွန်ဒိုတိုင်တွေနဲ့ ကြားထဲမှာ ရှိတဲ့ဟာကိုမှ စံပြအနေနဲ့ လှေကားထစ် စိုက်ပျိုးနည်းတွေကို လုပ်တယ်။ အထစ်ပေါင်း ၃၀ လောက်ရှိတယ်။ သရက်တွေ၊ သင်္ဘောပင်တွေ၊ ကဗလာတွေလည်း စိုက်ပျိုးရတယ်။ အောက်ဘက်မှာတော့ စပါးတွေလည်း စိုက်ပျိုးတယ်။ တောင်ပေါ်မှာနေလို့ မျောက်လိုနေရမယ်လို့ မဆိုလိုဘူး။
အဘက အမျိုးသားတွေမှန်ရင် အနည်းဆုံး အခြေခံ ပန်းရန်နဲ့ လက်သမားတတ်ရမယ်။ ရောင်းပန်းတော့ မလှဘူးပေါ့။ ဒါပေမဲ့ နေလို့ရတယ်။ အမျိုးသမီးကျတော့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ သင်ပေးရမယ်။ ကလေးစောင့်ရှောက်ရေးတွေ သိရမယ်။
အိမ်တွေဘာတွေကိုလည်း စနစ်ကျကျ ကျန်းမာရေးနဲ့အညီ ဆောက်လုပ်ပေးရမယ်။ အိမ်သာ၊ မီးဖိုချောင်၊ အိပ်တဲ့ အိပ်ယာကအစ သေချာလုပ်လို့ ပြောရမယ်။ အဲလိုမဟုတ်ဘဲ စံပြအိမ်တွေ ဆိုပြီးတော့ လမ်းထဲမှာ အိမ်တွေညီညီလေးတွေ ဆောက်ပေးထားတာနဲ့ မရဘူး။ ဒါနဲ့ မပြီးဘူး။
မေး။ တကိုယ်တော် ဆန္ဒပြတာတွေလည်း လုပ်ခဲ့တယ်။ ပြည်တော် ပြန်ဝင်ဖို့လည်း ကြိုးစားခဲ့တယ်ဆိုတော့ ဒီလိုစိတ်ဓာတ်မျိုးဖြစ်အောင် အဓိက လှုံ့ဆော်ပေးတဲ့အရာဟာ ဘာလို့ ပြောနိုင်မလဲ။
ဖြေ။ အဲဒါကတော့ သတ္တိနဲ့လည်း မဆိုင်ဘူး။ ဘာနဲ့ဆိုင်သလဲဆိုရင် အမှန်တရားကို သစ္စာရှိတယ်။ လူပေါ့၊ အမှန်အကန်ကို သစ္စာရှိတာ။ လူတယောက် လဲတော့မယ်။ ကပြာကယာ သွားပြီးတော့ မဆွဲချင်ဘူးလား။ သွားပြီးတော့ ဆွဲရမယ်။ အဲဟိုတယောက်က ကလေးငယ်တယောက်ကို ရိုက်နေတာကို ''ဟာ မလုပ်နဲ့'' ဆိုပြီးတော့ ဆွဲရမယ်။ ပြောရဲရမယ်။ ဒီလိုပဲ အစိုးရက မဟုတ်တာတွေ လုပ်နေတာတွေကို ''မင်း မဟုတ်တာတွေ လုပ်နေတယ်'' လို့ ပြောရဲရမယ်။ ''တို့ မကြိုက်ဘူး'' ဆိုတာ ပြောရဲရမယ်။ အဲဒါပါပဲ။ ကမ္ဘာကြီးဟာ ယာယီတဲပဲ။ အသက် ၁၀၀ နေမလား။ ၂၀၀ နေမလား။ မနေဘူး။ ဘယ်သူမှ မနေဘူး။ ဒီအထဲမှာ ငါတို့က မင်းဘာလို့ အသက်ရှင်နေလဲ။ အဓိပ္ပာယ်ရှိတဲ့ အသက်ရှင်မှုနဲ့ အသက်ရှင်ရမယ်။ သေတဲ့အခါလည်း အဓိပ္ပာယ်ရှိတဲ့ သေမျိုးပဲ သေရမယ်။
ဟိုတုန်းက ၁၉၄၀ လောက်တုန်းက သူခိုးတယောက် သေနေတာတွေ့တယ်။ တိုက်တွေရဲ့ ကြားထဲက အနောက်ဘက် အိမ်ဟာ ပိုက်တွေရှိတယ်။ သူက တက်တာ။ ပိုက်တွေရဲ့ အဆက်တွေက ပြတ်ထွက်တော့ ဒီဘက်ကတိုက်ကို လဲကျတာ။ ပိုက်က သူ့မေးစေ့ကို ထိပြီးတော့ သေနေတာ။ အသေဆိုးတဲ့ သေနည်းမျိုး။ တို့က အဲဒီမျိုးတော့ မလုပ်ချင်ဘူး။ ကောင်းတာလုပ်ပြီးလည်း သေရတာက သေရမှာပဲ။ အဲဒီတော့ အင်မတန် အဓိပ္ပာယ်ရှိတာတွေ လုပ်ပြီးတော့မှ သေရမယ်။ ဒီလိုစိတ်ဓာတ်မျိုးက မတရားတာကို မကြိုက်လို့ရှိရင် ပြောရဲတယ်။ လုပ်ရဲတဲ့ လူတွေချည်းပဲ။ ဘယ်သူမှ ထူးထူးချွန်ချွန် မရှိဘူး။
မေး။ ဆရာ့အနေနဲ့ တခြား ပြောချင်တာ ဘာများ ရှိပါသေးသလဲရှင့်။
ဖြေ။ တစ်အချက် - ကိုယ့်စနက်ကြောင့်မဟုတ်ဘဲ သူတပါး သေရတာမျိုး။ ဥပမာ ဖျားလို့၊ နာလို့ သေတာမျိုး မဆိုင်ဘူးနော်။ နှစ်အချက် - ကိုယ်က သူတပါးကို ကယ်ရင်း၊ ကောင်းတာကို လုပ်ပေးရင်းနဲ့ သူများက သတ်လို့ သေတာ။ အဲဒါကလည်း သေတာတမျိုး။ ကိုယ်က သူများကို မကောင်းတာလုပ်ရင် ခုနက သူခိုး သေသလို သေတာမျိုး။ သေခြင်း ၃ မျိုးရှိတယ်။
အစိုးရကိုလည်း မေးရမယ်။ မင်းတို့ ဘာတွေ လုပ်နေလဲ။ မင်းတို့ လုပ်တာ ဟုတ်သလား။ နဖူးပေါ်ပဲ လက်တင်တင်၊ လက်ပေါ်ပဲ နဖူးတင်တင်။ စဉ်းစားကြည့်။ သူတို့လည်းပဲ သခါင်္ရ။ သူတို့လည်းပဲ သွားမှာပဲ။ သခါင်္ရကို မင်းတို့ ဘယ်လိုလုပ်ပြီးတော့ မျက်နှာချင်းဆိုင်မလဲ။ မင်းတို့ မျက်နှာချင်းဆိုင်မယ့် သခါင်္ရကို မင်းတို့ သတ္တိရှိရှိနဲ့ မျက်နှာချင်းဆိုင်နိုင်အောင် ပြင်ဆင်ပါ။
တို့မြန်မာပြည်မှာ ကျပ်ပဲ သုံးနေကြတယ်။ နယ်စပ်မှာဆိုရင်တော့ ယိုးဒယားနယ်စပ်ဆိုရင် ဘတ်၊ တရုတ်နယ်စပ်ဆို ယွမ်၊ အိန္ဒိယနယ်စပ်ဆိုရင် ရူပီး သုံးကြပြီ။ ကမ္ဘာကို လည်ပြီဆိုရင် ဒေါ်လာကို သုံးရတော့မယ်။ ထိုနည်းလည်းကောင်းပဲ။ အာဏာဆိုတာမျိုးဟာ မင်းနေရာမှာပဲ မင်း စိုးမိုးနိုင်မယ်။ ဒီ့ပြင်နေရာမှာ မရဘူး။ တခြား ဘ၀ပြောင်းတယ်။ မင်း ကျပ်နဲ့ သွားလို့ မရဘူး။ ဒေါ်လာယူရမယ်။ သူများကို ကောင်းကျိုးပြုရင်းနဲ့ သေတဲ့သေခြင်းမျိုး။ အဲဒါဟာ ဒေါ်လာပဲ။ အဲဒါဟာ ယူရိုပဲ။ အဲဒါတွေကို မလုပ်ဘဲနဲ့ ကျပ်ကိုပဲ သုံးနေအုံးမယ်ဆိုရင်တော့ မင်းတို့ မစွံဘူး။ ဒါပဲ ပြောချင်တယ်။
*********************
ဆလိုင်းထွန်းသန်း
၁၉၂၈ ခုနှစ် မတ်ခ်ျလ ၃၁ ရက်နေ့တွင် မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုံးမြို့နယ်၊ အင်းဗြစ်ရွာတွင် ဦးပိုးရှမ်နှင့် ဒေါ်မြရီတို့မှ ဖွားမြင်သည်။
အရှိုချင်းလူမျိုးဖြစ်သည်။
လွတ်လပ်ရေးကြိုးပမ်းမှု ကာလ ဖက်ဆစ်ဂျပန်များကို တိုက်ခိုက်စဉ် တပ်မတော် အရံတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၅၃ ရန်ကုန်တက္ကသိုလ် မှ စိုက်ပျိုးရေးဘာသာ အဓိကဖြင့် သပ္ပံဘွဲ့ [Bachelor of Science (Agriculture)] ရခဲ့သည်။
၁၉၅၃ ခုနှစ်တွင် ပညာသင်ဆု ရရှိကာ အမေရိကန်နိုင်ငံ ဂျော်ဂျီယာတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ [Master of Science Sigma Xi (Agronomy)] ရရှိခဲ့သည်။
၁၉၅၈ အမေရိကန်နိုင်ငံ ၀စ္စ်ကော်ဆင် တက္ကသိုလ်မှ မြေဆီလွာ သိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ [PhD (Crop Nutrition)] ရရှိသည်။
၁၉၅၉ မန္တလေး တက္ကသိုလ်လက်အောက် စိုက်ပျိုးရေးဌာနတွင် လက်ထောက်ကထိက အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။
ဇနီး မိုင်ခင်နွဲ့နှင့် ၁၉၆၀ တွင် လက်ထပ်ခဲ့ပြီး သားသမီး ၅ ဦး ထွန်းကားသည်။
၁၉၆၀ အမေရကန်-မြန်မာ ချစ်ကြည်ရေးအဖွဲ့ အတွင်းရေးမှူး ဖြစ်ခဲ့သည်။
၁၉၆၄ စိုက်ပျိုးရေးတက္ကသိုလ်သီးခြားပေါ်ပေါက်လာရာ လယ်ယာသီးနှံဌာန ပါမောက္ခ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၆၅ မန္တလေး တက္ကသိုလ် နယ်မြေလုံခြုံရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ တက္ကသိုလ် ပါတီဆဲလ် တစ်ခု၏ ခေါင်းဆောင်ဖြစ်သည်။
၁၉၆၆ စိုက်ပျိုးရေးအခြေခံသဘောတရား စာအုပ်ထုတ်ဝေပြီး ပညာရေးဝန်ကြီးဌာနက စာအုပ်များရေသားထုတ်ဝေခြင်း မပြုရန် တားမြစ်ခံရသည်။ တက္ကသိုလ်များ၏ တိုင်းရင်းသားစာပေနှင့်ယာဉ်ကျေးမှု ဗဟို ကော်မတီဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ အမှတ် ၂ တက္ကသိုလ် အရံတပ်ရင်းတပ်မှူး အဖြစ် တာဝန်ယူခဲ့သည်။
၁၉၇၃ စိုက်ပျိုးရေး ဘွဲ့ရကျောင်းသားများ စုပေါင်းကာ စိုက်ပျိုးလယ်ယာအသင်းကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။
၁၉၇၄ မှော်ဘီရှိ တပ်မတော် အရာရှိသင်တန်းကို တက်ရောက်ခဲ့သည်။
၁၉၇၅ စိုက်ပျိုးရေးတက္ကသိုလ် ရေဆင်းသို့ပြောင်းရွှေ့သည်။
၁၉၇၅ - ၈၀ စေတနာရှင် လ္ဘက်ရည်ဆိုင် ဥက္ကဌဖြစ်ခဲ့သည်။
၁၉၇၅ ပျည်းမနား တက္ကသိုလ်များ ပါတီယူနစ် ဆဲလ် ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။
၁၉၇၆ - ၇၈ စိုက်ပျိုးရေး တက္ကသိုလ် လမ်းစဉ်လူငယ်ပါတီဥက္ကဌ အဖြစ်တာဝန်ယူခဲ့သည်။
ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် သင်ရိုးညွန်းတမ်းများ ပြုစုရေးဆွဲရာတွင် ပါဝင်ခဲ့သည်။
၁၉၉၂ အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်သည့် မြန်မာဘက်ပေါင်းစုံ ကျေးလက်ဖွံ့ဖြိုးရေးအသင်း (Myanmar Integrated Rural Development Association – MIRDA) ကို ခရစ်ယာန်အသင်းများ ကူညီမှုဖြင့် တည်ထောင်ခဲ့သည်။
တောင်စောင်း စိုက်ပျိုးရေးနည်းပညာကို ခွန်ဇူစခန်း၊ ထန်တလန်၊ ကျိုင်းတုံ၊ လားရှိုး၊ ပူတာအိုနှင့် တောင်ကြီး စသည့် မြို့ အသီးသီးတို့တွင် သွားရောက် ဟောကြားခဲ့သည်။
၂၀၀၁ ခုနှစ်တွင် စစ်အစိုးရ၏ မတရားဖိနှိပ်ချုပ်ချယ်မှုများအား ဆန့်ကျင်သောအားဖြင့် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သည်။ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရသည်။
ထောင်ကျခံနေစဉ် မျက်စိနှစ်ဘက်စလုံး တစ်ကြိမ်စီခွဲစိတ်ကုသခဲ့ရသည်။ အရိုးကျည်းပေါင်းတက်ရောဂါအတွက် ထောင်တွင်း ဆေးရုံတက်ခဲ့ရသည်။
ထောင်တွင်း ပီညဲရိုးလာရောက်စဉ် အသံဖမ်းစက်တွေ့ရှိသည့် ကိစ္စကို အကြောင်းပြုကာ အစာငတ်ခံဆန္ဒပြသည်ဟု ဆို၏။
အစာငတ်ခံ ဆန္ဒပြခြင်း ၄ ရက်မြောက်နေ့ ၂၀၀၃ ခုနှစ်တွင် မေလ ၃ ရက်နေ့ ထောင်မှ လွတ်မြောက်လာသည်။
ထို့နောက် ပတ်စ်ပို့လျှောက်ထားရာ ၂ နှစ်ကြာမှ ရရှိကာ သားသမီးများ ရှိရာ အမေရိကန်သို့ သွားရောက်ရန် ဗီဇာလျှောက်ထားရာ ကျန်းမာရေးအာမခံရရှိမှ အမေရိကန် ဗီဇာရရှိတော့သည်။
၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့သည်။
၆ လအကြာ မြန်မာပြည် ပြန်ရာ ထိုင်းနိုင်ငံဘန်ကောက်တွင်ရှိစဉ် မြန်မာအစိုးရမှ နိုင်ငံကူးလက်မှတ်အား တရားမ၀င်ကြေငြာခြင်းခံရပြီး ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့သည်။ အမေရိကန်က နိုင်ငံရေးခိုလှုံခွင့်ပြုခဲ့သည်။
၂၀၀၇ ခုနှစ် တောင်ကိုရီးယား နိုင်ငံရှိ ဂိုဏ်းချုပ်ဂျီဟတ်ဆွန် ဖောင်ဒေးရှင်းက (Bishop Tji Hak-Soon Foundation, Justice and Peace) မှ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးဆု ချီးမြင့်ခံရသည်။
Friday, October 17, 2008
နာဂစ် အလွန် စိုက်ပျိုးရေးကဏ္ဍ ဆွေးနွေးခြင်း
Labels:
မျှဝေခြင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
October
(280)
- Training With Shan State Army
- ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြှင့်ဖို့ စစ်အစိုးရက...
- မြန်မာ ခလေး စစ်သားပြဿနာ
- Myanmar: British Red Cross aids in recovery from C...
- FREE BURMA WE ARE BUDDHIST
- အစိုးရရုံးများ ဗုံးခွဲခံရမည်ဟု သတင်းထွက်၊ လုံခြုံေ...
- ဘုရားတောင် မရဏကိုမလွန်ဆန်နိုင်.သန်းရွှေကျမှ ယတြာက န...
- တိတ်တိတ်ကလေး ထောင်ပြောင်းနေတယ်ဗျို့ 
- နှစ် (၂၀) တိုင် ဝေယံဆီလွင့်နေဆဲ ဒေါင်းအလံနီနဲ့ ကျေ...
- ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၅)လ ပြည့် ၀မ်းနည်းခြင်...
- ကြောက်ပါနဲ့ မိုးပေါ်ကိုဘဲချိန်ထားတာပါ
- လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီ...
- လူလိမ်တွေ ကိုထိန်းဖို့ လူဆိုးထိန်းရှာနေတဲ့ ဘင်ကီ..
- Vital Voices' 2008 Global Leadership Awards - Laura
- မြန်မာပြည်က အမျိုးသမီးများ၏ အခွင့်အရေးရရှိရေး
- နိုဗယ် ငြိမ်းချမ်းရေးဆုရှင်များရဲ့ ရွှေဝါရောင်တော်လ...
- ချစ်သော အောင်ဆန်းစုကြည်
- လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီ...
- သန်းရွှေသမီးတွေ နဲ့ အလယ်ပိုင်းတိုင်း တိုင်းမှုးကတော်...
- Report of SG, UN General Assembly Sixty-third sess...
- Immediate release of AAPP Statement
- ဒါပေါ့..ဆင့် အ၀ှါ ခွေးမျှော်နေတာ
- ထွီ .. ပြည်သူတွေကို ကျ မျက်နှာလွှဲခဲပစ်ထားတယ်။ တရား...
- အမေစု အိမ်ရှေ့ မှ စစ်သူတောင်းစားများ
- စစ်ခွေး အစားခံရသော သားငယ်များ
- ရွှေဝါရောင် သံဃာ့အရေးခင်းကြီးကို အမှတ်တရ သုံးသပ်ခြင်း။
- နှစ် (၂၀) မွေးနေ့ မင်္ဂလာပါ ကျောင်းသားတပ်မတော်..
- အလျှောက်ကောင်းလေ..အထောင်းခံရလေလေ
- Lion Jiou Mountain ၏ နာဂစ်သို့ ကူညီလက်များ
- ဒို့ အမျိုးတွေရဲ့ အပြုံးတွေ မပျောက်ကွယ်စေအောင် ထိမ...
- Myanmar 6 Months On: Delivering Education in Emerg...
- Assisting communities affected by cyclone Nargis
- တိုက်ပွဲဝင်ဖို့ လိုနေပြီ။
- ဒီလို Virus သတ်ပါခင်ဗျား
- ( န အ ဖ ) တို့  ပြော သော တိုး တက် နေ သော မြန် မာြ...
- တက်ချင်သူတွေ လာကြဗျို့ ။ မျိုးချစ်စိတ်ဘဲရှိဖို့ လ...
- မြန်မာပြည်သူပြည်သားဆိုသည်မှာ ဘာလည်း
- ပြင်ဆင်ဖွဲ့ စည်းခြင်း
- ချကြွေးနေတဲ့ အရိုးအရင်းများ
- သူခိုးလက်က သူဝှက်လု
- အဟမ်း အဟမ်း အမိန့် တော်မှတ်မယ်။
- “စစ်အာဏာရှင် ကြီးစိုးမှုမှောင်ရိပ်” အစီရင်ခံစာ အမျိ...
- သီးလေးသီး အငြိမ့် ပွဲ
- မယားရောင်းရန် ရှိသည် (သတင်းဆောင်းပါး) Mizzima net
- သန်းရွှေခေတ်မှ ပေါက်ဖွားသော အကြံကုန်စီးပွားရေးပညာသည...
- တရုတ် chemical ဘဲဥဆားစိမ်ရမယ်
- နို့ မှုန့် ရောင်းချင်ရင်လာလေ..တပြည်လုံးကို သတ်ချင...
- မြောက်ကိုရီးယားက နျူကလိယ လက်နက်တွေ ဖွက်ခယူ နအဖက ဖွ...
- လေထဲမှာ တိုက်အိမ်တွေ ရောင်းနေတယ်။
- ဘတ်ဝါယာ ကြိုးဖယ်တာ ဒါကြောင့်ကိုး
- Burma's bloody trade
- မလွန်ဘူးလား.၁၃ နှစ်ရှိပြီ
- မြန်မာ့ပြည်မှ .ဒုက္ခသည်ခလေးများအတွက်ကျောင်းကလေး..
- Burma, country in conflict
- သံဃာ့ အာဇာနည်ရဲဘော်
- ကောင်းရာသုဂတိလားပါစေ အာဇာနည်ရဲဘော်
- HIV/AIDS ရောဂါကို ဝေဘာဂီဆေးရုံတွင် အခမဲ့ကုသပေးနေသည...
- မိုးပြိုခြင်းလော(ကိုမိုးသီး)
- အမေ လွတ်မြောက်ပါစေ
- ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကားလမ်း အတားအဆီးများ ဖယ...
- ဆရာကြီးဝသုန် ၏ ဈာပန အခန်းအနား။
- ကြပ်ပြေး က အရှုပ်တော်ပုံ အမှတ် (၁၁)
- Voices of the Saffron Revolution: One year later
- ကွန်ပြူတာ ကြမ်းပိုးသတ်နည်း
- အကျဉ်းအကြပ်အခက်အခဲကြားက လှုပ်လို့ ရတဲ့နေရာက လှုပ်ရ...
- AAPP statement
- ဆရာကြီးဆလိုင်းထွန်းသန်းနှင့်တွေ့ ဆုံခြင်း
- မြန်မာရွေ့ ပြောင်းအလုပ်သမားတွေ တိုးလာနေပြီ။
- မြန်မာ့ ကျောင်းသားဂျာနယ်
- အထူး ကြေငြာချက်
- No title
- No title
- NLD ဆို လုပ်ကြံပုဒ်မ နဲ့ ဆွဲဖြဲဖို့ သာ ပြင်နေတော့တ...
- ဖြေရှင်းပါရစေ။
- အမျိုးသား ဒီမိုကရေစီအဖွဲချုပ်(လွတ်မြောက်နယ်မြေ)မလေ...
- ဘဘကြီး ဝသုန်သို့ 
- ဖိတ်ကြားအပ်ပါသည် ရဲဘော်တို့ 
- လက်ဆင့်ကမ်း ပေးနိုင်ကြဖို့ 
- သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ
- US and the European Parliament call for Daw Aung S...
- ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အေ...
- Asia, Europe urged to exert pressure on Myanmar
- 88 ကျောင်းသားများအတွက်..ဂုဏ်ပြုဆုတံဆိပ်
- virus အကိုက်ခံရသူ ၏ ကိုယ်ပိုင် အတွေ့ အကြုံ နှင့်ေ...
- ဆရာကြီးဝသုန် သို့ အမှတ်တရ
- န အ ဖ တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည်...
- ချီးတုံးကို ကိုးကွယ်ကြသူများ
- Chinese oil firm accused of abuses, contamination ...
- ဇာကနာအတွက်..ဂုဏ်ပြုဆု
- န အ ဖ တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည်...
- MRTV လိမ်နေသည်။ မြန်မာ့သတင်းစာလိမ်နေသည်
- ရမည် ရှာနေတယ်ဗျို့ 
- DEMOCRATIZATION WITHOUT MASS PARTICIPATION?
- Tele conference ဖိတ်ကြားခြင်း
- "ဆောင်းဦးပေါက် တေး "
- ဓါးမြတွေ စစ်သားဖြစ်နေတယ်ဗျ
- Myanmar's Failure to Talk With Suu Kyi Frustrates ...
- တဖြေးဖြေး စစ်ရုံးနဲ့ နီးအောင် လာနေပြီ
- လူငယ်တွေ ရှိနေသ၍ Generation Wave ဆိုတာ မသေဘူး
- KNU EC အဖွဲ့ ရွေးချယ်ခြင်း
-
▼
October
(280)
No comments:
Post a Comment