ပြည်ပအခြေစိုက် သတင်းဌာနအတွက် အလုပ်လုပ်ပေးလို့ ထောင်ဒဏ်နှစ်ရှည် ပြစ်ဒဏ်တွေ ပေးအပ်ခဲ့တဲ့အတွက် သတင်းလွတ်လပ်ခွင့် စောင့်ကြည့်နေတဲ့ အဖွဲ့အစည်းတွေက ပြစ်တင်ရှုတ်ချလိုက်ကြပါတယ်။ အထူးသဖြင့်ကတော့ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ပြောဆိုနေချိန်မှာ ဒီလို အခြေခံ အခွင့်အရေးတွေကို အကာအကွယ် မပေးနိုင်ဘဲ ဖြစ်နေရတာမို့ စိုးရိမ်မကင်း ဖြစ်ရကြောင်းလည်း ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
နော်ဝေးနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) အတွက် ရုပ်သံ အလွတ်သတင်းထောက်အဖြစ် ဆောင်ရွက်နေသူ မလှလှဝင်းနဲ့ သူနဲ့အတူ သတင်းယူရာမှာ လိုက်ပါသွားသူ ကိုမြင့်နိုင်တို့ကို နှစ်ရှည်ထောင်ဒဏ်တွေ စစ်အစိုးရက ချမှတ်လိုက်တာမို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) နဲ့ မြန်မာသတင်းသမဂ္ဂ (BMA) တို့က ဝေဖန်လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလထဲတုန်းက မကွေးတိုင်း ပခုက္ကူမြို့မှာ ဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် အရေးယူ ပြစ်ဒဏ်ပေးမှုတွေနဲ့ ကြုံခဲ့ရတာလို့ မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး အဖွဲ့ဝင် ဦးစံမိုးဝေက ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ပခုက္ကူမှာရှိတဲ့ စာသင်တိုက်တခုမှာ သွားပြီးတော့ သူက အဲဒီက ဘယဆေးဆရာ တယောက်ရဲ့အိမ်မှာ တည်းတယ်။ ပြီးတော့ သူ့မိတ်ဆွေတယောက်နဲ့ သွားပြီးတော့ စာသင်တိုက်တတိုက်မှာ ဘုန်းကြီးတွေနဲ့ အင်တာဗျူးလုပ်တယ်။ အဲဒီစာသင်တိုက်က အထွက်မှာ အဖမ်းခံရတာပဲ။
“အဖမ်းခံရပြီး သူတို့ကို အရေးယူလိုက်တာကျတော့ သူတို့စီးလာတဲ့ ဆိုင်ကယ်က တရားမ၀င်ဆိုင်ကယ် ဖြစ်တယ်ဆိုပြီးတော့ အဲဒီဟာနဲ့ ဖမ်းလိုက်တာ။ ဖြစ်တုန်းက ၃ ယောက်၊ အဲဒီထဲက တယောက်ကို ပြန်လွှတ်လိုက်တယ်။ ပြီးတော့ ကိုမြင့်နိုင်နဲ့ လှလှဝင်းကို ဆက်ဖမ်းထားပြီး အောက်တိုဘာမှာ စီရင်ချက် ချလိုက်တယ်၊ တရားမ၀င် ဆိုင်ကယ်စီးနင်းမှုဆိုပြီး ၇ နှစ်။”
နောက်ပိုင်းမှာတော့ DVB အတွက် သတင်းလုပ်ငန်းတွေ လုပ်ပေးနေတယ် ဆိုတာကို အာဏာပိုင်တွေက သိလာတဲ့နောက် အခုနောက်ဆုံး နှစ်ရှည်ထောင်ဒဏ်တွေ ကျခံရတဲ့အထိ အပြစ်ဒဏ် စီရင်တာတွေနဲ့ပါ ကြုံခဲ့ရတာလို့လည်း ဦးစံမိုးဝေက ပြောပါတယ်။
“ဒီမိန်းကလေးကို ပြည်ပသတင်းဌာနအတွက် အလုပ်လုပ်ပေးတယ်ဆိုပြီး မီဒီယာတွေနဲ့ ဆက်သွယ်ရမလားဆိုပြီး ထပ်ပြီးတော့ Electronic ဥပဒေဆိုတာနဲ့ ပြစ်ဒဏ်ကြီးကြီး ပေးလိုက်တာပါ။ ၇ နှစ်ဆိုတဲ့ ပထမဟာတောင် လွန်လွန်းနေပါပြီ။ အဲဒါကို ထပ်ပြီးတော့ အရွယ်နဲ့မလိုက်အောင် ချလိုက်တယ်။ ဒီကလေးမလေးက အသက် ၂၅ နှစ်ပဲ ရှိသေးတယ်။ ပြီးတော့ ပြည်ပ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်တယ်၊ ပြည်ပ သတင်းမီဒီယာတွေအတွက် အလုပ်လုပ်ပေးတယ် ဆိုတာကို အခြေခံပြီးတော့ ဒီလိုပြစ်ဒဏ်ပေးတာပါ။ တခြား သူ့မှာ ဘာအပြစ်မှ မရှိပါဘူး။”
ဒီလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အတွက် ပြစ်တင်ရှုတ်ချတဲ့အကြောင်း နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) နဲ့ မြန်မာသတင်းသမဂ္ဂတို့က မနေ့တုန်းကပဲ ကြေညာချက်တစောင် ပူးတွဲထုတ်ပြန်ခဲ့ကြတာပါ။ အထူးသဖြင့်ကတော့ စစ်အစိုးရက ဒီနှစ်မှာ ရွေးကောက်ပွဲတွေကို ကျင်းပပေးပါမယ်လို့ ဆိုနေချိန်မှာ အခြေခံ အခွင့်အရေး တရပ်အဖြစ် ရှိသင့်တဲ့ သတင်းလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်မှုတွေ ရှိနေတာကို ဒီဖြစ်ရပ်က ပြသနေတယ်ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။
“သူတို့ပြောတဲ့ ၂၀၁၀ ထဲမှာ စစ်အစိုးရက ရွေးကောက်ပွဲလုပ်မယ်၊ အဲဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာက တောင်းဆိုထားတယ်။ အဲဒီ တောင်းဆိုထားတဲ့အတိုင်း ၀န်ကြီးချုပ်တို့ နိုင်ငံခြားရေးဝန်ကြီးတို့က ပြည်ပမှာ ကတိက၀တ်တွေ ပြုတယ်။ ရွေးကောက်ပွဲက တရားမျှတရပါမယ်၊ ဘာညာဆိုပြီး။
“ဒါပေမဲ့ အခုလက်ရှိ မြင်ရတဲ့အမြင်မှာ အဲဒီလို မီဒီယာတွေ သတင်းသမားတွေ အပေါ်မှာ ဒီလိုဖိနှိပ်နေတယ်ဆိုတော့ ဒီမိုကရေစီရဲ့ အခြေခံ အခွင့်အရေးလည်း ဖြစ်တယ်၊ ပြီးတော့ ရွေးကောက်ပွဲ လုပ်တဲ့နေရာမှာ မီဒီယာရဲ့ စောင့်ကြည့်မှုဆိုတာ အရေးကြီးတယ်။ အဲဒီအချိန်မှာ မီဒီယာတွေက လွတ်လွတ်လပ်လပ် လုပ်လို့မရဘူး၊ မီဒီယာတွေ အပေါ်မှာ ဖိနှိပ်နေတယ်ဆိုတော့ အဲဒီရွေးကောက်ပွဲက သူတို့ပြောတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်လိုလုပ်ပြီးတော့ လက်ခံနိုင်မလဲ။”
အခုလို အလွတ်သတင်းသမားတွေကို ဖိနှိပ်မှုတွေ ကြုံရတဲ့ ကမ္ဘာပေါ်က နိုင်ငံတွေအနက် အဆိုးရွားဆုံး ၅ နိုင်ငံထဲမှာ မြန်မာနိုင်ငံ အပါအ၀င်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု အခြေစိုက် စာနယ်ဇင်းသမားများ အကာအကွယ်ပေးရေး ကော်မတီ (CPJ) ကလည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲတုန်းက အစီရင်ခံစာ ထုတ်ပြန်ရာမှာ ဖော်ပြခဲ့တာပါ။ နယ်စည်းမခြား သတင်းသမားများအဖွဲ့ရဲ့ မှတ်တမ်းတွေအရ ဆိုရင်လည်း လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် လှုပ်ရှားမှုနောက်ပိုင်း အာဏာပိုင်တွေက ဖမ်းဆီး အရေးယူခဲ့သူ စာနယ်ဇင်းသမားနဲ့ ဘလော့ဂါသမားပေါင်း ၂၀ လောက် ရှိတယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။
http://www.voanews.com/burmese/2010-01-06-voa4.cfm
Thursday, January 7, 2010
အလွတ်သတင်းထောက် လှလှဝင်း ထောင်ဒဏ် နှစ် ၂၀ ချခံရမှု မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ ရှုတ်ချ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
January
(208)
- လူက..ခိုးရန်ကြံစည်နေသော ပညာရွှေအိုး..
- Weekly Political Events Regarding the SPDC's Election
- ကလိမ်စေ့ ငြမ်းဆင်..နအဖ၏ လိမ်ဆင်ပွဲ..
- မွေးနေ့၊မွေးရက်ထပ်သော (၉၅နှစ်မြောက်ဗိုလ်ချုပ်အောင်...
- အကြံကုန်..ဆားချက်နေတဲ့ ဂဠုန်
- အမြင်မှန်ရသူများသာ..ဒို့ ပြည့်သူ့ တပ်မတော်သား..
- အင်မိမယ် သတိထား..
- အနော်က ချက်တတ်လို့ ဂျ..(လိမ်နေရတာ ရှက်လွန်းလို့ )
- နိုင်ငံရေး အကျဉ်းသား ပိုများလာနိုင်ကြောင်း AAPP သံ...
- ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်
- ဆရာဝန်များအတွက်ကျ.ချလိုက်မဲ့.၀င်ငွေခွန်..ရိုက်စားေ...
- လျှို့ဝှက်သတင်းထောက်နှင့် မီဒီယာဌာနများရဲ့တာဝန် ပြ...
- ဘုရားပျားစွဲ ကြုံ၇မဲ့ မင်းပြောင်းမင်းလွဲ
- The Voice Weekly Joural Monday, February 1 - 7 , 2010
- တရားခံ ဘယ်သူလည်းဟေ့ ( ဘူလေးလည်း.? ဗုံးခွဲတာ)
- ဟီးရိုးမှ ဇီးရိုးသို့
- NLD ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရေးအတွက် ကြေငြာချက်ထုတ်...
- ခွေးသူခိုး ဓါးလက်ကိုင်ထိုးပေးတော့မည့် ကချင်
- ကြာတော့လည်း မမေးရဘဲနဲ့  ထွက်ချင်တဲ့ ဟာတွေထွက်လာရော...
- ကြားကောင်းသေးလား ရွာသားတို့ 
- ကျန်းမာရေး မကောင်းသူ နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦးရှိ
- AAPP Political Prisoner Review (Annual Report 2009)
- နောင်ဆို..အရိပ်ခွန်ပါကောက်တော့မယ်..
- အရက်လုံခြုံရေးနဲ့ မြန်မာပြည်
- အကြောင်းရင်းတစ်ခု … အကျိုးဆက်အများ
- မြန်မာ နျူကလီးယားကိစ္စ ပြည်တွင်းအထောက်အထား မခိုင်လု...
- ဘုရားရိုက်မည့် နွားငမိုက်များသို့ …
- နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင...
- မွှေးလွန်းသည့်ပန်း (သို့) MAI
- လုပ်အားပေးမှုများ ပေါက်ကြားပါက ရွာမီးလောင်မည်ဟု ခြိ...
- ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦ...
- ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံမျာ...
- ပါးစပ်ထဲရှိရာ ဖြီးကာချ..လူယုတ်နအဖ
- နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်ေ...
- “ ၀ ” တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်...
- သိမ်းဆည်းခံရသည့် မြေဧက ၄၀၀၀ ကျော်အား နစ်နာကြေးတိုး...
- သခင်တင်မြ “စာမေးပွဲ” ဖြေနေရဆဲလား
- ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ရွှေဂုံတိုင် ရပ်တည်ချက်အေ...
- Jan 25 နေ့ကလားရှိုးတွင်ဖြန့်ဝေခဲ့သောစာ
- ပြည်တွင်းထွက်ပစ္စည်းလည်းယူ ပြည့်သူ့ ဆန်လည်း မျက်နှ...
- ကျောက်ကြီးမြို့ နယ် ဗုံးပေါက်မှုနှင့်ပါတ်သက်၍ KNU ...
- တိုက်ပွဲသတင်း နှင့် တပ်မတော်သဘောထားမှန်သိရှိသွားသူ...
- ရောင်းတယ် ၀ယ်တယ်..ပဲလှော်နဲ့လဲတယ်..(အကျင့်ပျက်စစ်တပ်)
- ကျောက်ကြီးမြို့နယ် ဗုံးဖေါက်မှု KNU လက်ချက်ဟု နအဖ သ...
- ညာပြန်ပြီ...
- ဒီလို လှည့်လို့ ရမယ်ထင်သလား..
- ကိုညီညီအောင် မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ခံရကြော...
- အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ပခုံးပေါ် က...
- နာရေးကူညီမှုအသင်းတွင် လုပ်အားပေးရန် စိတ်ပါဝင်စားသူမ...
- ဖတ်ကော ဖတ်တတ်ပါစ
- သန်းရွှေ ကချင်ဒေသအား ပထွေးလက်အပ်ပြီးနောက်
- ရေတပ် အမြာက်တပ် ဆက်ကြေးအကောက်ကြမ်း၍ လူထု အခက်တွေ့ 
- ၀ က အင်အားကြီးတယ်ပြောပေမယ့်
- “အဆိပ်သင့် တောင်တန်းများ”
- လက်မရွံ့ တပ်၏ Master Plan (အထူး လှို ၀ှက်သတင်း ပေ...
- သင်တို့  ၂၀၁၀
- Haiti's Earthquake vs. Burma's Cyclone Nargis
- သန်းရွှေပြောတဲ့ရွှေနိုင်ငံကြီး..ကမ္ဘာပေါ်ကျ ဘိတ်ချေး..
- ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့
- ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသို့ အရေးယူပေးပါရန် တု...
-ဲJan 24 2010 သတင်းစုံ
- The Voice Weekly Journal (23-1-2010)
- သံပုန်းတီးလိုက်ရမလား....ပြောမရရင် စည်းဝိုင်းထဲက မ...
- 3rd Anniversary of Poet U Tin Moe - ကဗျာဆရာ တင်မို...
- ကျနော်တို့ရဲ့ အိမ်ပြန်ချိန်
- ဖာပွန်ဒေသ ကမ်းလမ်းမကြီး လုံးဝပိတ်ဆို့ ထားသည် ဆိုသည...
- တနိုင်ငံလုံး စစ်တပ်ကိုလိုနီဖြစ်နေပြီ..
- တိုင်ကြားသူ အခက်အခဲ ILO ကိုယ်စားလှယ်အဖွဲ့ထံ တိုက်ရ...
- လက်စသတ်တော့ သူတို့ လက်ချက်....
- ဒီဇင်ဘာ နှင်းဆီနီ တပွင့် ရဲရင့်ကြယ်နှင့် ညီမလေး မလ...
- ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တား...
- ငွေဆောင်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် အခြေအနေပျက်ယွင်းမှူ
- တရုတ်နိုင်ငံလုပ် အဲဒီ F-7 II K အမျိုးအစား တိုက်လေယ...
- မိမိ အမျိုးသားလွတ်မြောက်ရေးကို..ကားနဲ့ လဲစားနေသူမ...
- ဗိုလ်ချုပ်ကိုတဲ့ မြင်ချင်ရင်
- စေတမန်အတွက် ဆုံးမစာ
- နအဖ...အနုကြမ်း..စီးနေတယ်
- လူအားသုံး..စက်မှုနိုင်ငံတော်ကြီးဆီသို့ 
- လောဘသား ဆရာဝန်တချို.၏ ရိုက်စားအမှု..(ကိုယ်တွေ့ ဖြ...
- မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို ထိုင်းသတိပေး
- တိုင်းပြည်က သယံဇာတတွေ ပတ်ပက်စက်စက် ထွက်နေပေမယ့်- – -
- သူဘဲ ဆရာကြီး..
- ၀ိုင်းဝန်း ဆုံးမပေးကြပါ..ခင်ဗျား..
- အဖွဲ့ ဖွဲ့ ရုံနဲ့  စပါးကျီဖြစ်တော့မတဲ့..အာဖျံရွှီး....
- ငါတော့ စိတ်မရှည်နိုင်..ဆက်ထိုင်မလား..ဆင်းမလား အဖြေ...
- မြန်မာပြည်ရဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှူး..တေဇ ရဲ...
- အခုကျွန်လိုခိုင်းခံနေ ရာက နောင်ဆို နွါးလို အခိုင်း...
- ဒေသခံ အာဏာပိုင်အချို့ရဲ့ လယ်သမားများအပေါ် မတရားအနို...
- NLD ဗဟိုကော်မတီ တိုးချဲ့ အလုပ်အမှုဆောင်ဝင်များ ၏ က...
- လူ့ အခွင့်အရေးလေးရပ်
- ကိုယ်ဆီကျ ကျောက်တုံး သူဆီကျ ဘုရား..
- ခွေးအိုကြီး မှ လက်ပေးသင်...တတ်မယ် သင် ထင်ပါသလား..
- ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး-နှိုးဆော်ပေးခြင်း
- ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာ အားလုံး အခိုင်အမာ ရပ်တ...
- မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင...
- ဟင့်အင်းကို ကျော်ဖြတ်ခြင်းနှင့် ခက်ခဲသောသူများကို ...
- အန္တရာယ်ကြားက ပြည်တွင်းသတင်းထောက်များကို ကာကွယ်ကူညီ...
- ကရင်အမျိုးသားအစည်းအရုံးမှ ပြည်သူလူထုတံသို့ သတိပေးထ...
- ပြည်သူကို မတရားစော်ကားနေသော စစ်သား..ဘယ်သူဆုံးမမလည်း..
- ဇာကနာ့ ဟာသထက် ရီရတယ်ဗျ..ငါပြောသလိုလုပ်...ငါလုပ်သလိ...
- ငလျင်ဒဏ်ခံဟေတီနိုင်ငံသို့ ကုလအတွင်းရေးမှူးချုပ် ဘန...
- သမ္မတဟောင်း ဘီလ် ကလင်တန် ဟေတီ ရောက်မည်
- ရုရှားရောက်ပြည်ချစ်သားများ၏ ကလိမ်ကကျစ် အချစ်ဇတ်လမ်...
- အင်တာနက်ကိုအခြေခံပြီးလိမ်ကြသူများအကြောင်း............
- အကျယ်ချုပ် သက်တမ်းပြည့်တော့မည့် ဦးတင်ဦး ပြန်လွတ်...
- သတိထား.ပူးသတ်မခံရစေနဲ့
- လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေး၊ နိုင်ငံရေး ...
- လူထုဦးလှအောက်မေ့ဖွယ်ရာပြည့်ပွဲ တိုကျိုတွင်ပြုလုပ်
- နို့ဖိုးဒုက္ခသည်စခန်းအခြေအနေ
- The Voice Weekly [ 18.1.2010 ]
- မြန်မာပြည်ရောက် အမေရိကန် ပညာရှင်အဖွဲ့ NLD နဲ့ဆွေးနွေး
- ‘အလွန့်ယောက်ျား’ ဆိုသည်..?
- ကြောက်ချိန်..
- ဟေတီ ရောက်မြန်မာနိုင်ငံသားများ အကူအညီလိုအပ်နေသည်
- ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည့် အစီအစဉ် ဖျက်သိမ်း
- အောင်ဆန်းဦးကို ဒီမိန်းမရဲ့ ချေးကြွေးဖို့ ကောင်းပြီ..
- ကျောင်းနဲ့  ထောင်...အတူတူပါဘဲကွယ်..
- ဘွဲ့ တွေရောင်းတယ်..၀ယ်တယ်...ကြံဖွတ် ဘုန်းကြီးလုပ်ရ...
- သိနေတယ်လေ....ဟဲဟဲ
- အထစ်အငေါ့ မရှိသော CEC ဖွဲ့စည်းမှုဟု ဦးဝင်းတင် ပြော
- စစ်အာဏာရှင်တို့၏ ဘာသာတရားနှင့် သံဃာများအပေါ် လုပ်ကြ...
- မြန်မာ့လေကြောင်းကို မစီးခင်..ဒါကိုဖတ်..
- သင့် သတင်းထောက် ကို သင် ထိုးကြွေးသင့်ပါသလား..
- ၂၀၁၀ NLD ကြေငြာချက်များ
- NLD အလုပ်အမှုဆောင် တိုးချဲ့သည့် စာရင်း
- မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးဖြစ်သောနယ်စပ်ကုန်သ...
- ၂၁ရာစု၏ အကြာမြင့်ဆုံး နေကြတ်မှု ဓါတ်ပုံမှတ်တမ်း
- ယနေ့အချိန်ထိ မြန်မာနိုင်ငံအကျဉ်းထောင် တွင်းအကျဉ်းက...
-
▼
January
(208)
No comments:
Post a Comment