မြန်မာကို အာရှဆန်အိုးကြီး ဖြစ်ရေး ဆောင်ရွက်နေဟုဆို
Tuesday, 19 January 2010 16:17 အောင်သက်ဝိုင်း .မြန်မာနိုင်ငံကို အာရှဆန်အိုးကြီး အဖြစ် ပြန်လည် ရောက်ရှိရေး ဆောင်ရွက်ရန် ဆန်စပါး လုပ်ငန်းအသင်း ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံကို ဆန်စပါးစိုက်ပျိုး ထုတ်လုပ် ရောင်းချသည့် ကမ္ဘာ့ထိပ်တန်း နိုင်ငံအဖြစ် ပြန်လည်ရောက်ရှိနိုင်ရန် အဆိုပါ အသင်းကြီးကို ဖွဲ့စည်းလိုက်ပြီး ဆန်စပါးအထူးပြု ကုမ္ပဏီများ ဆက်တိုက် ထူထောင်သွားမည် ဖြစ်ကြောင်း တာဝန်ရှိသူတဦးက ပြောသည်။
ချောင်းသာကမ်းခြေမှ တဆင့် ဧရာဝတီတိုင်းထွက် ဆန်များကို လှေဖြင့် တင်ပို့ရန် ဆန်အိတ်များ ချနေစဉ် (ဓာတ်ပုံ - ကိုခိုင်)
မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများ အသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းနှင့် ပုဂ္ဂလိက ဆန်စပါး စီးပွားရေး လုပ်ကိုင်သော ကုမ္ပဏီများ စုပေါင်းပြီး မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းကြီး (Myanmar Rice Industry Association) အဖြစ် တရားဝင် တည်ထောင် ထားကြောင်း ဇန်န၀ါရီလ ၁၃ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံတ၀န်းရှိ တောင်သူ လယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးခြင်း၊ မြေသြဇာများ တင်သွင်းခြင်း၊ မျိုးစပါးများ ထောက်ပံ့ခြင်း အပါအ၀င် ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်နှင့် ဖွံ့ဖြိုးလာစေရန် အဆိုပါ အသင်းက ဆောင်ရွက် သွားမည်ဟု သိရသည်။
ထို့ပြင် နိုင်ငံတကာနှင့်တန်းတူ ရင်ပေါင်တန်းနိုင်ရန် ပြည်တွင်းတွင် ဆန်စပါးအခြေပြု စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်မည့် ဆန်စပါး အထူးပြုကုမ္ပဏီများ ဆက်တိုက် တည်ထောင်၍ တောင်သူ လယ်သမားများနှင့်အတူ ဆန်စပါး စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရန် လုပ်ဆောင်မည်ဟု အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။
လက်ရှိတွင် ဆန်အထူးပြုကုမ္ပဏီ ၂၉ ခုရှိနေပြီး ထိုကုမ္ပဏီများက ဆန်စပါး လုပ်ငန်းများတွင် ကျပ် ဘီလီယံ ၅၀ ရင်းနှီး မြုပ်နှံ ထားသည်ဟု အသင်း တာဝန်ရှိသူတဦးက ဆိုသည်။
ဆန်စပါး အထူးပြု ကုမ္ပဏီများသည် ကျေးလက် ဒေသများရှိ တောင်သူလယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေများ အတိုးနှုန်း ၂ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပြီး စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သော ဓာတ်မြေသြဇာ၊ မျိုးစပါးနှင့် ပိုးသတ်ဆေး အပါအ၀င် ဆန်စပါးအထွက် တိုးရေးအတွက် လိုအပ်သော နည်းပညာနှင့် အကူအညီများ ထောက်ပံ့မှုများ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောသည်။
ဆန်စပါး အထူးပြုကုမ္ပဏီများသည် ၂၀၀၉ ခုနှစ် စိုက်ပျိုးရာသီအတွင်း တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ် ကျပ်ငွေ
ဘီလီယံ ပေါင်းများစွာ ထုတ်ချေးခဲ့ပြီး တောင်သူများက စိုက်ပျိုးရိတ်သိမ်းပြီးချိန်တွင် ချေးငွေများ ပြန်လည်ပေးဆပ် ခဲ့ကြသည်ဟု အသင်းတာဝန်ရှိသူက ရှင်းပြသည်။
ပြည်တွင်း စီးပွားရေးပညာရှင်တဦးက မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဖြစ်ပေါ်လာခြင်းနှင့် တောင်သူများအား အတိုးနှုန်း သက်သက်သာသာဖြင့် ချေးငွေထုတ်ချေးခြင်းကြောင့် မြန်မာ့ဆန်စပါး တစ်ခေတ် ဆန်းသစ်ဖွယ်ရှိကြောင်း ပြောသည်။
“ပါမောက္ခ စတစ်ဂလစ်ကိုယ်တိုင်ကလည်း လယ်သမားတွေကို အတိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးဖို့ အလေးပေးပြောခဲ့တယ်။ အခု ပုဂ္ဂလိက ကုမ္ပဏီက ဒီ လိုအပ်ချက်ကို ဖြည့်ဆည်းလိုက်ရင် ဆန်းစပါးလုပ်ငန်းတွေ တိုးတက်လာမယ်၊ ပြည်ပ တင်ပို့မှု တိုးလာမယ်၊ အရင်ကလို အာရှစပါးကျီ၊ အာရှဆန်အိုးကြီး ပြန်ဖြစ်လာနိုင်ပါတယ်” ဟု သူကသုံးသပ်သည်။
သို့ရာတွင် စစ်အစိုးရအနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့်အတူ ဆန်စပါးအခြေခံ စီးပွားရေးလုပ်ငန်းများကို တက်ကြွစွာ ပါဝင် ဆောင်ရွက်ရန်လိုအပ်ပြီး ပြည်ပဆန်တင်ပို့မှုဆိုင်ရာ နည်းဥပဒေများကိုလည်း ဖြေလျှော့ပေးသင့်သည်ဟု ၎င်းက ဆိုသည်။
“ဆန်စပါးကို နိုင်ငံရေး မဟာဗျူဟာ သီးနှံအဖြစ် စဉ်းစားပြီး ပိတ်ပင်ကန့်သတ်တာတွေ အစိုးရက လျှော့ဖို့ လိုတယ်။ ဈေးကွက်ကို လွတ်လွတ်လပ်လပ် ဖွင့်ပေးပြီး အစိုးရက စောင့်ကြည့် ထိန်းပေးတာမျိုးလောက်ပဲ လုပ်သင့်တယ်” ဟု ထိုပညာရှင်က ဆိုသည်။
ဆန်တင်ပို့ခွင့် လိုင်စင်များကို လျှောက်ထားပြီး အမှန်တကယ် မတင်ပို့ဘဲ ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သော ကုမ္ပဏီများကို စစ်ဆေးတွေ့ရှိသဖြင့် သတိပေးကာ ဆန်တင်ပို့ခွင့် လိုင်စင်များ ရုတ်သိမ်းခဲ့ကြောင်း ဇန်န၀ါရီ ၁၁ ရက်ထုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနပိုင် Commerce ဂျာနယ်တွင် ရေးသားထားသည်။
မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးဧက သန်း ၂၀ ကျော်ရှိပြီး စပါးတင်း သန်းပေါင်း ၁၅၀၀ နီးပါး ထွက်ရှိကြောင်း၊ လူတဦးလျှင် တနှစ် ပျှမ်းမျှ ဆန်ကီလို ၂၀၀ (သို့မဟုတ်) ၆ တင်း စားသုံးသောကြောင့် လူဦးရေ ၅၃ သန်း စားသုံးရန် ဆန်တင်းပေါင်း ၃၁၈ သန်း (သို့ မဟုတ်) စပါးတင်း သန်းပေါင်း ၁၀၀၀ သာ လိုအပ်သောကြောင့် နှစ်စဉ် ဆန်တန်ချိန် ရာပေါင်း များစွာ ပိုလျှံကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ တာဝန်ရှိသူတဦးက တွက်ပြသည်။
မြန်မာနိုင်ငံ ဆန်းစပါး လုပ်ငန်းအသင်းတွင် ဦးချစ်ခိုင် (ဧဒင်ကုမ္ပဏီ) က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ဦးလှမောင်ရွှေ (ဧရာဝတီ စိမ်းလန်းမြေကုမ္ပဏီ)၊ ဦးအောင်သန်းဦး (ဆန်စပါး ကုန်သည် အသင်းဥက္ကဋ္ဌ)၊ ဦးစိန်ဝင်းလှိုင် (ဆန်စပါး စိုက်ပျိုး ထုတ်လုပ်အသင်း ဥက္ကဋ္ဌ)၊ ဦးတင်ဝင်း (ဆန်စက် လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ) တို့က ဒုတိယ ဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်မည်ဖြစ်ပြီး ဗဟို အလုပ်အမှုဆောင် ၄၀ ထက်မနည်း ပါဝင်ကာ ၂၀၁၀ ပြည့်နှစ်အတွင်း တနိုင်ငံလုံးတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အသင်းများ ဖွဲ့စည်းသွားမည်ဟု တရားဝင် သတင်းထုတ်ပြန် ထားသည်။
http://www.irrawaddy.org/bur/index.php/news/1-news/2443-2010-01-19-09-21-56
Wednesday, January 20, 2010
အဖွဲ့ ဖွဲ့ ရုံနဲ့  စပါးကျီဖြစ်တော့မတဲ့..အာဖျံရွှီး..ချစ်တီး...
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
January
(208)
- လူက..ခိုးရန်ကြံစည်နေသော ပညာရွှေအိုး..
- Weekly Political Events Regarding the SPDC's Election
- ကလိမ်စေ့ ငြမ်းဆင်..နအဖ၏ လိမ်ဆင်ပွဲ..
- မွေးနေ့၊မွေးရက်ထပ်သော (၉၅နှစ်မြောက်ဗိုလ်ချုပ်အောင်...
- အကြံကုန်..ဆားချက်နေတဲ့ ဂဠုန်
- အမြင်မှန်ရသူများသာ..ဒို့ ပြည့်သူ့ တပ်မတော်သား..
- အင်မိမယ် သတိထား..
- အနော်က ချက်တတ်လို့ ဂျ..(လိမ်နေရတာ ရှက်လွန်းလို့ )
- နိုင်ငံရေး အကျဉ်းသား ပိုများလာနိုင်ကြောင်း AAPP သံ...
- ရွှေဂုံတိုင် စာတမ်းကို CRPP ဝန်းရံမည်
- ဆရာဝန်များအတွက်ကျ.ချလိုက်မဲ့.၀င်ငွေခွန်..ရိုက်စားေ...
- လျှို့ဝှက်သတင်းထောက်နှင့် မီဒီယာဌာနများရဲ့တာဝန် ပြ...
- ဘုရားပျားစွဲ ကြုံ၇မဲ့ မင်းပြောင်းမင်းလွဲ
- The Voice Weekly Joural Monday, February 1 - 7 , 2010
- တရားခံ ဘယ်သူလည်းဟေ့ ( ဘူလေးလည်း.? ဗုံးခွဲတာ)
- ဟီးရိုးမှ ဇီးရိုးသို့
- NLD ဗဟိုဦးစီးအဖွဲ့ဖွဲ့စည်းရေးအတွက် ကြေငြာချက်ထုတ်...
- ခွေးသူခိုး ဓါးလက်ကိုင်ထိုးပေးတော့မည့် ကချင်
- ကြာတော့လည်း မမေးရဘဲနဲ့  ထွက်ချင်တဲ့ ဟာတွေထွက်လာရော...
- ကြားကောင်းသေးလား ရွာသားတို့ 
- ကျန်းမာရေး မကောင်းသူ နိုင်ငံရေး အကျဉ်းသား ၁၂၉ ဦးရှိ
- AAPP Political Prisoner Review (Annual Report 2009)
- နောင်ဆို..အရိပ်ခွန်ပါကောက်တော့မယ်..
- အရက်လုံခြုံရေးနဲ့ မြန်မာပြည်
- အကြောင်းရင်းတစ်ခု … အကျိုးဆက်အများ
- မြန်မာ နျူကလီးယားကိစ္စ ပြည်တွင်းအထောက်အထား မခိုင်လု...
- ဘုရားရိုက်မည့် နွားငမိုက်များသို့ …
- နေအိမ်ပြင်ဆင်မှု တားမြစ်ခံထားရမှုအပေါ် လူထုခေါင်းဆောင...
- မွှေးလွန်းသည့်ပန်း (သို့) MAI
- လုပ်အားပေးမှုများ ပေါက်ကြားပါက ရွာမီးလောင်မည်ဟု ခြိ...
- ကင်ဂျိ နာဂါအိ အမှတ်တရဆု အကျဉ်းကျ သတင်းထောက် (၂) ဦ...
- ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုကို လွှတ်ရန် အတိုက်အခံမျာ...
- ပါးစပ်ထဲရှိရာ ဖြီးကာချ..လူယုတ်နအဖ
- နိုဝင်ဘာလွှတ်မည် ပြောကြားမှု တရားဥပဒေနှင့်မညီဟု ဒေါ်ေ...
- “ ၀ ” တခုတည်း ကိုယ်လွတ်ရုန်းမရဟု ပလောင်ခေါင်းဆောင်...
- သိမ်းဆည်းခံရသည့် မြေဧက ၄၀၀၀ ကျော်အား နစ်နာကြေးတိုး...
- သခင်တင်မြ “စာမေးပွဲ” ဖြေနေရဆဲလား
- ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ရွှေဂုံတိုင် ရပ်တည်ချက်အေ...
- Jan 25 နေ့ကလားရှိုးတွင်ဖြန့်ဝေခဲ့သောစာ
- ပြည်တွင်းထွက်ပစ္စည်းလည်းယူ ပြည့်သူ့ ဆန်လည်း မျက်နှ...
- ကျောက်ကြီးမြို့ နယ် ဗုံးပေါက်မှုနှင့်ပါတ်သက်၍ KNU ...
- တိုက်ပွဲသတင်း နှင့် တပ်မတော်သဘောထားမှန်သိရှိသွားသူ...
- ရောင်းတယ် ၀ယ်တယ်..ပဲလှော်နဲ့လဲတယ်..(အကျင့်ပျက်စစ်တပ်)
- ကျောက်ကြီးမြို့နယ် ဗုံးဖေါက်မှု KNU လက်ချက်ဟု နအဖ သ...
- ညာပြန်ပြီ...
- ဒီလို လှည့်လို့ ရမယ်ထင်သလား..
- ကိုညီညီအောင် မိသားစုနှင့် တွေ့ခွင့်ပိတ်ပင်ခံရကြော...
- အာဏာရှင်ကို အဆုံးသတ်စေဖို့  တာဝန် ဘယ်သူ့ပခုံးပေါ် က...
- နာရေးကူညီမှုအသင်းတွင် လုပ်အားပေးရန် စိတ်ပါဝင်စားသူမ...
- ဖတ်ကော ဖတ်တတ်ပါစ
- သန်းရွှေ ကချင်ဒေသအား ပထွေးလက်အပ်ပြီးနောက်
- ရေတပ် အမြာက်တပ် ဆက်ကြေးအကောက်ကြမ်း၍ လူထု အခက်တွေ့ 
- ၀ က အင်အားကြီးတယ်ပြောပေမယ့်
- “အဆိပ်သင့် တောင်တန်းများ”
- လက်မရွံ့ တပ်၏ Master Plan (အထူး လှို ၀ှက်သတင်း ပေ...
- သင်တို့  ၂၀၁၀
- Haiti's Earthquake vs. Burma's Cyclone Nargis
- သန်းရွှေပြောတဲ့ရွှေနိုင်ငံကြီး..ကမ္ဘာပေါ်ကျ ဘိတ်ချေး..
- ဖွဲ့စည်းပုံအသစ်အတိုင်း ဆက်လုပ်မည်ဟု ဝန်ကြီးက ပြောခဲ့
- ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသို့ အရေးယူပေးပါရန် တု...
-ဲJan 24 2010 သတင်းစုံ
- The Voice Weekly Journal (23-1-2010)
- သံပုန်းတီးလိုက်ရမလား....ပြောမရရင် စည်းဝိုင်းထဲက မ...
- 3rd Anniversary of Poet U Tin Moe - ကဗျာဆရာ တင်မို...
- ကျနော်တို့ရဲ့ အိမ်ပြန်ချိန်
- ဖာပွန်ဒေသ ကမ်းလမ်းမကြီး လုံးဝပိတ်ဆို့ ထားသည် ဆိုသည...
- တနိုင်ငံလုံး စစ်တပ်ကိုလိုနီဖြစ်နေပြီ..
- တိုင်ကြားသူ အခက်အခဲ ILO ကိုယ်စားလှယ်အဖွဲ့ထံ တိုက်ရ...
- လက်စသတ်တော့ သူတို့ လက်ချက်....
- ဒီဇင်ဘာ နှင်းဆီနီ တပွင့် ရဲရင့်ကြယ်နှင့် ညီမလေး မလ...
- ဂျပန်လာမည့် ကိုမေတ္တာတို့အဖွဲ့ ရန်ကုန်လေဆိပ်တွင်တား...
- ငွေဆောင်ကမ်းခြေ သဘာဝ ပတ်ဝန်းကျင် အခြေအနေပျက်ယွင်းမှူ
- တရုတ်နိုင်ငံလုပ် အဲဒီ F-7 II K အမျိုးအစား တိုက်လေယ...
- မိမိ အမျိုးသားလွတ်မြောက်ရေးကို..ကားနဲ့ လဲစားနေသူမ...
- ဗိုလ်ချုပ်ကိုတဲ့ မြင်ချင်ရင်
- စေတမန်အတွက် ဆုံးမစာ
- နအဖ...အနုကြမ်း..စီးနေတယ်
- လူအားသုံး..စက်မှုနိုင်ငံတော်ကြီးဆီသို့ 
- လောဘသား ဆရာဝန်တချို.၏ ရိုက်စားအမှု..(ကိုယ်တွေ့ ဖြ...
- မြန်မာ အတိုက်အခံ အဖွဲ့အစည်းများကို ထိုင်းသတိပေး
- တိုင်းပြည်က သယံဇာတတွေ ပတ်ပက်စက်စက် ထွက်နေပေမယ့်- – -
- သူဘဲ ဆရာကြီး..
- ၀ိုင်းဝန်း ဆုံးမပေးကြပါ..ခင်ဗျား..
- အဖွဲ့ ဖွဲ့ ရုံနဲ့  စပါးကျီဖြစ်တော့မတဲ့..အာဖျံရွှီး....
- ငါတော့ စိတ်မရှည်နိုင်..ဆက်ထိုင်မလား..ဆင်းမလား အဖြေ...
- မြန်မာပြည်ရဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှူး..တေဇ ရဲ...
- အခုကျွန်လိုခိုင်းခံနေ ရာက နောင်ဆို နွါးလို အခိုင်း...
- ဒေသခံ အာဏာပိုင်အချို့ရဲ့ လယ်သမားများအပေါ် မတရားအနို...
- NLD ဗဟိုကော်မတီ တိုးချဲ့ အလုပ်အမှုဆောင်ဝင်များ ၏ က...
- လူ့ အခွင့်အရေးလေးရပ်
- ကိုယ်ဆီကျ ကျောက်တုံး သူဆီကျ ဘုရား..
- ခွေးအိုကြီး မှ လက်ပေးသင်...တတ်မယ် သင် ထင်ပါသလား..
- ဘုန်းတော်ကြီးကျောင်းဖြစ်မြောက်ရေး-နှိုးဆော်ပေးခြင်း
- ရွှေဂုံတိုင်ကြေညာချက်အပေါ်မှာ အားလုံး အခိုင်အမာ ရပ်တ...
- မတရား ပြစ်ဒဏ်ချမှတ်ခံရသော ၈၈မျိုးဆက်ကျောင်းသားခေါင...
- ဟင့်အင်းကို ကျော်ဖြတ်ခြင်းနှင့် ခက်ခဲသောသူများကို ...
- အန္တရာယ်ကြားက ပြည်တွင်းသတင်းထောက်များကို ကာကွယ်ကူညီ...
- ကရင်အမျိုးသားအစည်းအရုံးမှ ပြည်သူလူထုတံသို့ သတိပေးထ...
- ပြည်သူကို မတရားစော်ကားနေသော စစ်သား..ဘယ်သူဆုံးမမလည်း..
- ဇာကနာ့ ဟာသထက် ရီရတယ်ဗျ..ငါပြောသလိုလုပ်...ငါလုပ်သလိ...
- ငလျင်ဒဏ်ခံဟေတီနိုင်ငံသို့ ကုလအတွင်းရေးမှူးချုပ် ဘန...
- သမ္မတဟောင်း ဘီလ် ကလင်တန် ဟေတီ ရောက်မည်
- ရုရှားရောက်ပြည်ချစ်သားများ၏ ကလိမ်ကကျစ် အချစ်ဇတ်လမ်...
- အင်တာနက်ကိုအခြေခံပြီးလိမ်ကြသူများအကြောင်း............
- အကျယ်ချုပ် သက်တမ်းပြည့်တော့မည့် ဦးတင်ဦး ပြန်လွတ်...
- သတိထား.ပူးသတ်မခံရစေနဲ့
- လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပရေး၊ နိုင်ငံရေး ...
- လူထုဦးလှအောက်မေ့ဖွယ်ရာပြည့်ပွဲ တိုကျိုတွင်ပြုလုပ်
- နို့ဖိုးဒုက္ခသည်စခန်းအခြေအနေ
- The Voice Weekly [ 18.1.2010 ]
- မြန်မာပြည်ရောက် အမေရိကန် ပညာရှင်အဖွဲ့ NLD နဲ့ဆွေးနွေး
- ‘အလွန့်ယောက်ျား’ ဆိုသည်..?
- ကြောက်ချိန်..
- ဟေတီ ရောက်မြန်မာနိုင်ငံသားများ အကူအညီလိုအပ်နေသည်
- ဂျပန်ရောက် မြန်မာများ ဆန္ဒပြမည့် အစီအစဉ် ဖျက်သိမ်း
- အောင်ဆန်းဦးကို ဒီမိန်းမရဲ့ ချေးကြွေးဖို့ ကောင်းပြီ..
- ကျောင်းနဲ့  ထောင်...အတူတူပါဘဲကွယ်..
- ဘွဲ့ တွေရောင်းတယ်..၀ယ်တယ်...ကြံဖွတ် ဘုန်းကြီးလုပ်ရ...
- သိနေတယ်လေ....ဟဲဟဲ
- အထစ်အငေါ့ မရှိသော CEC ဖွဲ့စည်းမှုဟု ဦးဝင်းတင် ပြော
- စစ်အာဏာရှင်တို့၏ ဘာသာတရားနှင့် သံဃာများအပေါ် လုပ်ကြ...
- မြန်မာ့လေကြောင်းကို မစီးခင်..ဒါကိုဖတ်..
- သင့် သတင်းထောက် ကို သင် ထိုးကြွေးသင့်ပါသလား..
- ၂၀၁၀ NLD ကြေငြာချက်များ
- NLD အလုပ်အမှုဆောင် တိုးချဲ့သည့် စာရင်း
- မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးဖြစ်သောနယ်စပ်ကုန်သ...
- ၂၁ရာစု၏ အကြာမြင့်ဆုံး နေကြတ်မှု ဓါတ်ပုံမှတ်တမ်း
- ယနေ့အချိန်ထိ မြန်မာနိုင်ငံအကျဉ်းထောင် တွင်းအကျဉ်းက...
-
▼
January
(208)
No comments:
Post a Comment