Written by မောင်စိန်ဝင်း (ပုတီးကုန်း)
၁၉၉၄ ခုနှစ်က ထီးချိုင့်ကသာ၊ ကမ်းနီ အင်းတော် ခရီးကို စာပေ ဟောပြောပွဲ ရောက်ဖြစ်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်ထဲမှာ ထီးချိုင့်ကို နောက် တစ်ခေါက် ရောက်စရာ ဖြစ်လာ တော့၏။ သည့်မတိုင်ခင် နှစ်တွေမှာ ကသာမှ ဖိတ်သောပွဲများ ရက်မအား၍ လွဲခဲ့ရသည်။ သည်နှစ်မှာတော့ ထီးချိုင့် ဆရာတော်လေး စာရေးဆရာ အရှင်ဇယန္တ(ထီးချိုင့်)က အစောကြီး ရက်ချိတ်ထားသဖြင့် မလွဲနိုင်တော့ပါ။ ဒါရိုက်တာ၊ စာရေးဆရာ၊ အကယ်ဒမီ မောင်ဝဏ္ဏနှင့် ကျွန်တော်တို့ နှစ်ယောက်ကို ထီးချိုင့် ဆရာတော်လေးက ဦးဆောင်ပြီး ရန်ကုန်မှ ညနေ လေးနာရီခွဲကားဖြင့် ထွက်ခဲ့ကြပါသည်။
မန္တလေးကို မနက်အစောကြီး လေးနာရီမှာ ကားဆိုက်ပါသည်။ ထိုကားကြီးဝန်းမှ ထီးချိုင့်ကားရှိရာ မြို့လယ် ကားဝန်းကို တက္ကစီနှင့် လာကြပြီး လက်ဖက်ရည် ဆိုင်မှာ ခဏနားကာ ထီးချိုင့် ကားပေါ် တက်ခဲ့ ကြရသည်။ နှစ်ပေါင်း နှစ်ဆယ် လောက်ကြာအောင် သည်လို ကားမျိုး မစီးဖြစ်တော့ သဖြင့် အထူးအဆန်း သဖွယ် ဖြစ်ရ ပြန်ပါသည်။ ကုန်ပစ္စည်းများ ကားကြမ်းပြင်မှာ အမို့အမောက် ရှိနေပြီး ဒူးနှစ်လုံးကို ထောင်လျက် မေးစေ့နှင့် ထိလုနီးပါး အနေအထားဖြင့် လိုက်ပါ ရတော့မည်။ ပဋိသန္ဓေ နေစဉ်က အမေ့ ၀မ်းတွင်းမှာ နေရသည့် အနေ အထားက သည်လိုပင် ဖြစ်လေမလား စဉ်းစား ဖြစ်သေးသည်။ လူတွေက ထိုင်ခုံပြည့်ရုံမက တက်သမျှ အကုန်တင်၏။ ကြာတော့ လှုပ်လို့ လှည့်လို့ပင် မရလောက်အောင် လူတွေနှင့် ပြည့်ကျပ် နေတော့သည်။ လမ်းမှာတားသမျှ ရပ်တင်နေသဖြင့် လူကတော့ လျော့မသွားဘဲ တိုး၍တိုး၍သာ များလာတော့၏။ လူထပ်မတင်တော့ဖို့ တစ်ယောက် တစ်ပေါက် ပြောကြ ဆိုကြ သံတွေ ထွက်လာသည်။ “ခရီးသည် မရှိလို့ ချောင်ချိနေတဲ့ ရက်တွေက အများကြီးဗျ။ ရတုန်းတင် ထားရမယ်။ မရတဲ့ရက် ဘယ်သူမှ လာပေးမှာ မဟုတ်ဘူး” စပယ်ယာလေး၏ စကားသံ။
ကိုဝဏ္ဏ ကတော့ ဘာမှ ဂရုစိုက်ဟန် မတူ။ သူ့ကင်မရာ နှစ်လုံးဖြင့် တစ်လမ်းလုံး ဓာတ်ပုံ ရိုက်ရင်း ပါလာ တော့သည်။ မိုးကုတ် လမ်းခွဲမှ ခွဲထွက်ကာ တစ်နေရာ အရောက် ဗန်းမော် ဘက်သွားသော လမ်းမှ ချိုးထွက်ပြီး ထီးချိုင့်ဆီ ဦးတည်၏။ ခုနစ်မိုင်ဂိတ် အရောက် မနက်စာ စားကြသည်။ မနက် ၉ နာရီခွဲ သာသာ ရှိမည်။ ထိုဂိတ်မှ မနက်ဆယ် နာရီခန့် ထွက်ခဲ့၏။ စောစော ရောက်နိုင်တယ်ဟု ခရီးသည် တွေက ခန့်မှန်းကြသည်။ ဒါပေမယ့် ရှေ့ဆက်ရမည့် ခရီးက ဖုန်ထူ လမ်းကြမ်း သဖြင့် မှန်းတိုင်း မပေါက်နိုင်သော ခရီးဟု ဆရာတော်လေးက ပြောသည်။ ကျွန်တော်တို့ ခုံနောက်မှ ပါလာကြသော အဝေးသင် နောက်ဆုံးနှစ် ဖြေပြီးလို့ မုံရွာက အပြန် ကျောင်းသူတွေ ကတော့ အဆောင်ကျောင်းသူ ဘ၀ သူတို့၏ ပျော်စရာ အိပ်မက်ကလေး တွေကို စားမြုံ့ပြန်ရင်း ပါလာ ခဲ့သည်ပဲ။
တစ်နှစ်လုံးမှာမှ တက္ကသိုလ် အဆောင် ကျောင်းသူဘ၀ တစ်လသာသာ လုပ်ခဲ့ရတာ ဆိုတော့လည်း လွမ်းလောက် စရာပါပဲ။ ကျန်တစ်ကားလုံး နီးပါး ခရီးသည်တွေ ကတော့ ငေးရင်း၊ ငိုက်ရင်း၊ အိပ်ပျော်ရင်း ပါလာကြ၏။ ကားဘီးပေါက်သံ ဖောင်းခနဲအသံ ကြားတော့ဟာ သွားပြီဆိုသော ခရီးသည် တစ်ဦး၏အသံ ထွက်လာသည်။ ဘာတတ်နိုင်မှာတဲ့လဲ။ ခရီးသည်တွေ အားလုံးဆင်း၊ နီးစပ်ရာတွေမှာ ထိုင်ကြ၊ နားကြ၊ ကားဆရာတွေက ကားဘီးလဲတပ်၊ ဘာမှမကြာခင် ကားဘီးကို လဲတပ်လို့ ပြီးသွားပြီ။ တကယ်တမ်း ကြာတာကတော့ ရှေ့သုံးလေးမိုင် လောက်အရောက် ကားဘီးဖာသည့် ဆိုင်မှာပါပဲ။ စောစော ကပေါက်သည့် ဘီးကို ၀င်ဖာပြီး အပြီးထိ စောင့်ယူနေတာက တစ်နာရီကျော်ကျော်။
၂။
သည်လိုနှင့် ညနေ ၆ နာရီကျော်ကျော်မှာတော့ ခရီးဆုံး ဖြစ်သော မြတောင်ရွာ ကားဂိတ်ကို ရောက်ပါတော့သည်။ မြတောင်ကား စည်ကားသော ရွာကြီး၏ဟန်ပန် အပြည့်ဟု မှောင်ရီ ၀ိုးဝါး မှာ ခန့်မှန်း ရပါသည်။ မန္တလေးနှင့် မိုင် ၁၇၀ လောက်ဝေး သော ထိုခရီးကို ဆယ့်နှစ်နာရီ ကျော်ကျော် တစ်နေ့လုံး ကားစီးပြီး ကားလမ်း ဆုံးသည့်တိုင် ထီးချိုင့်ကို ကား မရောက်သေး။ ဟိုဘက်ကမ်း ကို ဧရာဝတီ ဖြတ်ပြီးကူးရပေ ဦးမည်။ လာကြိုနေသော မော်တော် အဆင်သင့်မို့ အဆင်ပြေပါ၏။
ထီးချိုင့် ရောက်တော့ ခုနစ်နာရီ ထိုးတော့မည်။ ဒီည ခုနစ်နာရီခွဲမှာ ဟောပြောပွဲ စမှာမို့ ရေမိုးချိုး၊ ထမင်း ကမန်းကတန်း စားပြီး ဟောပြောပွဲရှိရာ ဓမ္မာရုံကြီးကို လာခဲ့ရ၏။ စိတ်အား ထက်သန် လှပြီး ဟောပြောပွဲများနှင့် ရင်းနှီးပြီး ပရိသတ်မို့ ဟောရပြောရ အဆင်ပြေသည်။ ပရိသတ် ကောင်းပြီး အပေးအယူ အဆင်ပြေ သွားတော့လည်း ခရီး ပန်းသမျှ အားလုံး ပြေလျော့ လွင့်စင် ပျောက်သွားပြီပဲ။ တစ်ခုတော့ သတိထားမိပြီး ပြောဖြစ်သေးသည်။ ဟောပြောပွဲ ပရိသတ်မှာ လူလတ်ပိုင်း တွေများပြီး လူငယ်ပိုင်းက နည်းနေသလိုပင်။ ဘယ်လိုပဲဖြစ်ဖြစ် ကျေနပ် အားရ စရာ ကောင်းသည့် ဟောပြောပွဲ တစ်ခုဟု အသိ အမှတ်ပြုရပေမည်။
၃။
နောက်တစ်နေ့မနက် ထီးချိုင့် ကျောင်းပွဲ။ ပြီးသည်နှင့် တစ်ဖက်ကမ်း ကူးကာ ညနေမှာ မြတောင်ပွဲကို ဟောရသည်။ မြတောင်သည် မိဖုရား၊ စုဖုရားလတ်၏ အပိုင်စား ရသော နယ်မြေ။ မြတောင်စားဟု အမည်တွင်ရာ အရပ်။ အခုတော့ ရွာကြီး တစ်ရွာမျှသာ။ ဟိုအရင်က စာပေ ဟောပြောပွဲတွေ မလုပ်ဖြစ်သော်ငြား၊ စာပေနှင့် ကား မစိမ်း။ ပရိသတ်ကောင်းပြီး အလေးအနက်ထား နားထောင် တတ်ကြသည်မှာ ၀မ်းသာစရာ။ နောက်နေ့မနက်မှာလည်း အလယ်တော အ.ထ.က (ခွဲ)ကို ဟောပြီး ညနေမှာ တစ်ပွဲ ကူးရသည်။ နောက်ဆုံးနေ့ မနက်မှာတော့ ကြက်တစ်ကောင် ရွာကို သွားဟောရ၏။ ကြက်တစ်ကောင်သည်လည်း ဧရာဝတီ မြစ်ကမ်းမှ ရွာကြီး တစ်ရွာပင်။ ညနေပိုင်းမှာ ကမ်းနီ ကို ကူးခဲ့ရသည်။
၁၉၉၄ ကလည်း ကမ်းနီမှာ ဟောခဲ့ဖူးပြီ။ ကမ်းနီသည် ဆရာကြီး ရွှေဥဒေါင်းနှင့် ဒေါ်ကြီးစိုးတို့ ရွာကြီးဖြစ်ပြီး သည်တုန်းက ဆရာကြီးတို့နေခဲ့ဖူးသည့် အိမ်ပေါ်ရောက်ခဲ့ ဖူးပါသည်။ သည်တစ်ခေါက်မှာတော့ အချိန်မရသဖြင့် အိမ်ပေါ် မတက်ခဲ့ရ။ ပထမ အကြိမ်က စာသင်ကျောင်းဝန်းထဲက ညောင်ပင်ကြီးအရိပ်မှာ ဟောပြောပွဲ ကျင်းပခဲ့သည်ပဲ။ ညောင်ပင်ကြီးကို မှတ်မှတ်ရရ ငေးကြည့်ဖြစ်သေးသည်။ အလွန် လုံးပတ်ကြီး၍ မိမိ မြင်ဖူး တွေ့ဖူးသမျှတွင် အကြီးဆုံးဟုပင် ထင်မိသေးသည်။
သည်နှစ်မှာတော့ ကမ်းနီဘုန်းကြီး ကျောင်းဝန်းထဲမှ ဓမ္မာရုံကြီးမှာ ဟော ခွင့်ရခဲ့ပါသည်။ ကမ်းနီ ပရိသတ်သည် ဟောပြောပွဲတွေနှင့် မစိမ်း။ ဟိုးအရင် နှစ်တွေကလည်း ဟောပြောပွဲတွေ ဖြစ်ခဲ့သည်မို့ နားထောင်နေကျ ပရိသတ်ဟု ပြောရမည်။ ဓမ္မာရုံကြီး အပြည့် ပရိသတ် ရှိနေသည်။
ကမ်းနီဟောပြောပွဲ အပြီး အပြန် မော်တော်ပေါ်မှာတော့ ခဏအိပ်ပျော် သွားတော့၏။ ရက်ရှည် ပင်ပန်းသမျှ စိတ်ကိုလျှော့ချလိုက်မိသလို။
“မနက်ဖြန်တော့ ကားနဲ့မပြန်တော့ ဘူး။ ဆရာတို့ အရမ်းပင်ပန်းမှာစိုး တယ်။ ပြီးတော့ ကားက အလာတုန်းက လို ပျက်ချင်ပျက်မှာတွေးပူလို့” ဆရာ တော်လေးက ပြောသည်။
“ကသာကလာတဲ့ ရှပ်ပြေးကို စီစဉ်ထားတယ်။ အခန်းရပါလိမ့်မယ်။ ရေလမ်းနဲ့ဆိုတော့ ခရီးမပန်းဘူးပေါ့”
“မန္တလေးက ကားကို အမီရောက် ပါ့မလား ဘုရား”
“မပူပါနဲ့ဒကာကြီး၊ ရောက်မှာပါ။ ကားက ညခုနစ်နာရီ ကားလက်မှတ် ဖြတ်ထားတာ”
ကျွန်တော်က နောက်နေ့ရန်ကုန် ပြန်ရောက်မှဖြစ်မည်။ နောက်နေ့ ညနေမှာက ဆရာ လယ်တွင်းသားစောချစ်နှင့် ကျိုက္ကလော့ ဘုရားဓမ္မာရုံမှာ ဟောပြောပွဲ ရှိနေသည်။ ပွဲများပြီး ပင်ပန်းသော်လည်း ကျွန်တော့် အခြေအနေက ကောင်းနေ သည်။ လန်းလန်းဆန်းဆန်း ရှိနေသည်။ မနက်စောစော ငါးနာရီလောက်ထပြီး လေးနာရီ မနက်ဈေးလေးကိုဖြတ်ကာ တော်တော်ဝေးဝေး လမ်းလျှောက်ဖြစ် သောအကျိုးပင်။ အခြားအခြား မြို့တွေ မှာလည်း မနက်ထပြီး လမ်းလျှောက် ဖြစ်အောင် ကျွန်တော် ကြိုးစားပါသည်။ ထီးချိုင့်၏ထူးခြားမှုမှာ အခြားအခြား မြို့များထက် စောစောစီးစီး ဈေးဆိုင်တွေ ဖွင့်နေခြင်းပင်။ ကျွန်တော်လမ်းလျှောက် သည့် မနက်ငါးနာရီမှာ ဆိုင်တချို့က ဖွင့်ပြီး တချို့ကဖွင့်ဆဲ။ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေသာမက စတိုး ဆိုင်ကြီးတွေပါ သည်အချိန်ဖွင့်နေကြ တာ အံ့သြစရာ။
မနက်လေးနာရီ ဈေးလေးမှာတော့ ကျွန်တော်ရောက်ချိန် ဈေးကွဲခါနီးလေပြီ။ အနီးအနား ပတ်ဝန်းကျင်ရွာများမှ အသီးအနှံများ၊ ကုန်စိမ်းများကို လာ ရောင်းချသော ဈေးဖြစ်၏။ ဈေးကြီးမှာ မနက်ပိုင်းပြန်ရောင်းဖို့ အဓိကထားပြီး သည်မနက်ဈေးမှာ လာကောက်ကြရ သည်။
ကျွန်တော် ပြန်လျှောက်လာလို့ မြစ် ကမ်းနားနီးလာလေ အိမ်အမိုးသွပ်တွေပေါ် နှင်းကျသံတွေက ပိုပြီးအသံကျယ် လာလေပင်။
မဲဇာနှင့်ဝေးသော အရပ်မို့ ဆီးနှင်း ပေါက်လည်း မိုးလောက်ပြင်းထန် ဆိုသော စာသားကို သတိရနေချင်စရာ။
၎။
မနက် ကိုးနာရီလောက်မှာ ကသာ ကထွက်ခဲ့သော ရှပ်ပြေး ထီးချိုင့်ကို ရောက်လာခဲ့သည်။ အခန်း စီစဉ်ထား သော်ငြား အခန်းထဲမှာလူအပြည့်နှင့်မို့ စီစဉ်ထားသူတွေ စကားပြောကြဆိုကြ ရသေးသည်။ နောက်တော့ နေရာ ဖယ်ပေးလိုက်သဖြင့် ကျွန်တော်တို့အခန်းရ ပြီး ရှပ်ပြေးပေါ်တက်ခဲ့ရ၏။ အတော် လေးကြီးပြီး လူအတော်များများ ဆံ့သော ရှပ်ပြေးယာဉ်ဟု သတိထားဖြစ်ပါ သည်။
ကိုဝဏ္ဏကတော့ သူ့ကင်မရာနှစ်လုံးနှင့် အလုပ်ရှုပ်ရင်း လိုက်ပါလာခဲ့၏။ နေ့လယ် တစ်နာရီလောက်ရောက်မှ အလယ်ဆိုသည့် ဆိပ်မှာ ထမင်းစားရပ်သည်။
မင်းဝံတောင်တန်းနှင့် ဘေးချင်း ယှဉ်ပြီးစီးနေသော ဧရာဝတီပေါ်မှာ ရှပ်ပြေးယာဉ်ကလေး ပြေးနေ၏။ လှပ ညှို့ငင်နိုင်သော မြင်ကွင်းတို့ တစ်စစမှုန် ၀ါးလာရင်း အမှောင်ပျိုးလာလေပြီ။ ဆောင်းကာလမို့ ခြောက်နာရီကျော်သည်နှင့် ၀ိုးတိုးဝါးတား။ ခပ်လှမ်းလှမ်းမှာ အမှောင်ထု။
“ဟာ သွားပြီ”
ဒုန်းခနဲအသံအကြားမှာ ထီးချိုင့် ဆရာတော်လေးနှုတ်မှ အသံ လွင့်စင်ကျသည်။
“ဘာဖြစ်တာလဲ ဘုရား”
“သောင်တင်သွားပြီ”
၁၉၉၄ ဟောပြောပွဲက ကမ်းနီမှ ကသာအပြန်သောင်တင်ခဲ့တာ အတွေး ထဲပြန်ပေါ်သည်။ အဲဒီတုန်းက စောင်ကို ခေါင်းမြီးခြုံပြီး ကြောက်လန့်တကြား အော်နေသော ဆရာနေ၀င်းမြင့်ကို ပြေးသတိရလိုက်၏။
“ဘယ်လိုလုပ်မလဲ”
“ဆင်းတွန်းကြရမှာပေါ့”
“ဒီလောက်ကြီးတဲ့ ရှပ်ပြေးကြီးကို ဘယ်လိုလုပ် တွန်းလို့ရပါ့မလဲ ဘုရား”
ဆရာတော်လေးက ဘာမှပြန်မ ပြောဘဲ အခန်းထဲက အပြင်ထွက်သွား သည်။
ခဏအကြာမှာတော့ လူသံတွေ ကျယ်ကျယ်လောင်လောင် ကြားရ၏။
“ဆင်းကြပါ၊ ဆင်းကြပါ၊ ဆင်းတွန်းကြရအောင်၊ ဒီအတိုင်းဆို ရေထဲမှာ ညအိပ်ကြရမယ်” အော်သံ၊ ခေါ်သံတွေနဲ့ အတူ ရေထဲဆင်းသွားကြတာမြင်သည်။
“လာကြပါ၊ လာကြပါ။ ကလေး အမေတွေ၊ သက်ကြီး ရွယ်အိုတွေက လွဲရင် ဆင်းခဲ့ကြပါ”
“လူတွေအားလုံးတွန်းဖို့ ဆင်းကြ ပြီ။ ဆရာတို့နှစ်ယောက် နေခဲ့ပါ။ ရေတွေစိုပြီး ဖျားနာနေဦးမယ်။ ခရီးပန်းလာ တာဆိုတော့” ဆရာတော်လေးက လာ ပြောပြီး ပျောက်သွားပြန်၏။ ပြီးတော့ ၀ိုင်းတွန်းကြဖို့ စီစဉ်ဆော်သြနေသော ဆရာတော်လေးအသံ ထွက်လာသည်။
ရှပ်ပြေးယာဉ်ကြီးပတ်လည်မှာ ယောက်ျားတွေ၊ မိန်းမတွေ၊ ရဟန်းပျို သုံးလေးပါး လူစုလူဝေးကိုတွေ့ရ၏။
“အဲဒီလို တစ်ယောက်တစ်ပေါက် တွန်းနေလို့ ဘယ်ရမှာလဲ။ လာကြ၊ လာ ကြ။ အားလုံးဦးပိုင်းကို စုလာကြ” လူ ကြီးတစ်ဦး၏ဆော်သြသံ။
“လာပါ၊ ကျုပ်ပြောတာယုံပါ။ ကျုပ်ကတစ်သက်လုံး ရေထဲမှာ လုပ်လာတာ။ ဒီလိုသောင်တင်လို့ ဒီလိုတွန်းခဲ့ရ တာ မနည်းဘူး။ လာကြ၊ လာကြ။ အချက်ပေးပြီး တညီတည်းတွန်းချရ အောင်။ ဦးပိုင်းကိုသွားပြီး တွန်းမယ်။ ပြီးမှ နောက်ပိုင်းတွန်းမယ်။ အလယ်က မတွန်းနဲ့လေ။ ဘာမှထူးမှာ မဟုတ်ဘူး” ထိုလူကြီး၏ စည်းရုံးဆော်သြသံကြောင့် ယာဉ်တစ်လျှောက် ပြန့်နေသောလူစုက ဦးပိုင်းစုပြီးရောက်သွား၏။
“တစ်၊ နှစ်၊ သုံး” တိုင်မင်ပေးပြီး တွန်းသည်။ ရှပ်ပြေးယာဉ်ကြီးက မလှုပ်။
“ကဲ ကဲ နောက်တစ်ခါ တစ်၊ နှစ်၊ သုံး” ဒီလောက်ကြီးသည့် ရှပ်ပြေးကြီးက ဒီလူအားလောက်ကို မဖြုံ။
“ဟေး...ဟေး...ဟေး” ညာသံ တွေပေးကာ လူအုပ်ကလည်း အားမလျှော့ဘဲ ဆက်ပြီး တွန်းသည်။
“ရွေ့လာပြီ၊ ရွေ့လာပြီ၊ လှုပ်လာ ပြီ။ ဆက်တွန်း...ဟေး...ဟေး”
ဒူးဆစ်လောက်သာသာရေထဲမှာ ယောက်ျားတွေ၊ မိန်းမတွေ အားလုံး ချွေးသံတရွှဲရွှဲ ဖြစ်နေပုံရ၏။
“ချွေးကျရင်လည်း နောက်မှသုတ် ဆက်တိုက် တွန်းလိုက်ကြရအောင်”
“ဟေး...ဟေး...ဟေး”
ညာသံတွေပေးကာ အော်ဟစ်သံ တွေက ဧရာဝတီ ရေပြင်မှာ ပဲ့တင်ထပ် ၏။ သူတို့၏ ဇွဲလုံ့လ၊ အားမာန်တို့က ရှပ်ပြေးယာဉ်ကြီးကို တဖြည်းဖြည်းလှုပ် လာစေသည်။ ပြီးတော့ တစ်စစရွေ့လာ စေတော့သည်။
“ရွေ့လာပြီဟေ့၊ ရွေ့လာပြီဟေ့၊ ဆက်တွန်းထား၊ ဆက်တွန်းထား”
တစ်နာရီခွဲလောက် အကြာမှာတော့ ရှပ်ပြေးယာဉ်ကြီးရေကြောင်းထဲ ရောက်သွားတော့၏။
“ပန်ကာလွတ်ပြီဟေ့၊ ဘက်ပြန် ဆုတ်မယ်။ နောက်ကို ၀ိုင်းတွန်းလိုက်၊ ဒီတစ်ခါဆိုရပြီ” ခဏ အကြာမှာ ခရီး သည်တွေ၏ညာသံပေးသံနှင့်အတူ ရှပ် ပြေးယာဉ်ကြီး၏ စက်သံကိုပါ ကြားရ တော့၏။
“ရပြီဟေ့၊ ရပြီ။ တက်ကြတော့၊ တက်ကြတော့။ အမျိုးသမီးတွေ အရင် တက်ကြပါ”
သည်လိုနှင့် ရှပ်ပြေးယာဉ်ကြီး ရေ လမ်းကြောင်းမှန် ရောက်ချိန်မှာတော့ ည ရှစ်နာရီကျော်သွားပါပြီ။ မန္တလေးမှ ခုနစ် နာရီထွက်သောကားကို ကျွန်တော်လွှတ် လိုက်ရပြီပဲ။
၅။
“ကားကတော့ လွတ်သွားပြီ” ဆရာတော်လေးက အားနာဟန် ပြောသည်။
“မပူပါနဲ့ဦးဇင်း။ ကားမရှိ ရထား ပေါ့။ ရထားမရှိ လေယာဉ်ပေါ့။ ရောက် ချင်တဲ့ခရီးရောက်အောင် သွားချင်စိတ် ရှိဖို့ပဲ အရေးကြီးတာ မဟုတ်လား”
“အဟုတ်ပဲ ဒကာကြီး။ ဒီခရီးသည်တွေ ဒီလောက်ကြီးတဲ့ရှပ်ပြေး ယာဉ်ကြီးကို တွန်းရွေ့ခဲ့တာ။ အဲဒီ အင်အားကြီးတဲ့ စိတ်နဲ့ ညီညွတ်မှုကြောင့် ပဲလေ” ဆရာတော်လေးကို ဘာမှ ပြန် မလျှောက် မိ။
ငယ်ငယ်က ဖတ်စာထဲမှ စာသား တွေ အတွေးထဲ ပေါ်လာသည်။
ဇွန်ပန်းရုံ အနီး နွံထဲ၌ လှည်းဘီးကျွံ နေသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်။ ခပ်လှမ်းလှမ်းမှ မီးရောင်သည် မိမိတို့ ဦးတည်ရာ အရပ်ဟု သိလိုက် ရပါ၏။
မောင်စိန်ဝင်း၊ပုတီးကုန်း၊
http://shweamyutay.com/index.php?option=com_content&view=article&id=1943&Itemid=&ed=60
Wednesday, February 10, 2010
ပြိုင်တူ တွန်းလျှင် ရွေ့နိုင်ပါသည်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
February
(335)
- ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေ မခို...
- 28th Feb 2010 - MoeMaKa Daily
- တို့  ဗမာပြည်
- မိမိကိုယ်သာ ကိုးကွယ်ရာ
- မြန်မာနိုင်ငံ နဲ့  AIDS အန္တရာယ်..
- အိမ်ဖော် အဖြစ်လိင်ကျွန်နစ်နေရသော မြန်မာ အမျိုးသမီး...
- Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ
- Statement on the 2nd Anniversary of Founding Day o...
- ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်
- ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်...
- အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက်...
- ဆရာတော်များ သို့ 
- လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ
- တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
- အမူအကျင့် မပြောင်းလဲကြသူများ
- NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဥ...
- သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..
- MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..
- စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်
- Mia Farrow on the Women of Burma
- Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျ...
- ၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်
- မြန်မာ့ ဓါးပြသတ်မတော်...
- မီး မီး..ဘာကြောင့်လောင်
- ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ...
- ခြင်ကိုက်ရင် သတိထား..
- ဝက်တွေ တုတ်ကွေးနာကျနေပြီ
- Myanmar Supreme Court rejects Suu Kyi appeal
- မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ
- အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ
- 25rd Feb 2010 - MoeMaKa Daily
- လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..
- လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်...
- သာဓု ခေါ်စေနိုင်ဖို့ 
- ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 
- ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့
- အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်...
- နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်
- ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ...
- ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ...
- စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
- ဗမာပြည်မြေပုံအစစ် True Burma Map
- ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှ...
- အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလား...
- စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
- ရွှေလက်နဲ့  ချီးမြှင့်ထိုက်သူနဲ့  ဖနောင့်ပေါက်၍ ချီ...
- ရေမြုပ် သင်္ဘောစီးရဲကြသလား..
- Myanmar's forgotten people.mov
- Migrant workers worried over Thai nationality chec...
- အမျိုးချစ်စိတ်ကို သတ်မရ..
- အသက်သေသည့်တိုင်..သွေးသက်သေက ကမ္ဘာတိုင်ပြီ..သာဓုခေါ်ပ...
- ရခိုင်သားမို့  ရဲသလေဗျ
- သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း
- ၂၀၁၀ ကို ဒို့ မလို..
- သံဃာတော်များမှ အိတ်ဖွင့် ပေးစာ
- သဘာဝကျကျ တွန်းလှန်ခြင်း
- အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထ...
- 23rd Feb 2010 - MoeMaKa Daily
- ပြိုင်ပွဲ (ကျော်သူ)
- အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဥ...
- အလင်းအိမ်မဂ္ဂဇင်း
- voice of Burma
- ရှုံးရှုံးနိုင်နိုင် သတ္တိနဲ့ သာပြိုင်..ဘယ်သူ တသက်လ...
- သေပြည်တော် က သဘောက်မသားတို့ ၏ ငတ်ကြီးကျမှုများ
- အဟာရစာစောင် ၁၀၈
- ဖေဖော်ဝါရီ ၂၂ ၂၀၁၀ သတင်းများ
- အလံတော်သစ် ဂျာနယ် (ဖေဖေါ်ဝါရီလ ၂၀၁၀)
- အရေမပါရင်..အထဲမ၀င်ရဘူးတဲ့..
- တဖြေးဖြေးပွါးလာတာ ၀က်တုတ်ကွေး..
- ဝေါ်ကီတော်ကီ ကိုင်ဖူးချင်တာနဲ့ ဘုန်းကြီးခေါင်းရိုက်...
- စီးတဲ့လူတွေ အသက်ကို ဖက်နဲ့သာထုတ်ထား
- ရွှေ ဆိုတာ ဘယ်တော့ မှ အရောင်မမှိန်ဘူး..ဂိန်တော့မှာက...
- ပေါလွန်းလှတာ..ဗိုလ်ရှုပ်..တွေ
- TIME TO TIME JOURNAL, VOLUME-3, NO-4
- ဟင်းအိုးကို အားမနာသော..အမဲရိုးပုပ်..သို့ မဟုတ် ..ေ...
- စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး
- 'Burma VJ 'Academy Award Nominations
- BURMA VJ အား မဲပေးကြပါရန်
- သတင်း မီဒီယာ သမားများအား ဖိနှိပ်တိုက်ခိုက်ခံရမှု (...
- Fullbright ပညာဝင်ဆု လျှောက်ချင်သူများအတွက်
- Mr Tomas Ojea Quintana's ၏ ၂၀၁၀ မြန်မာနိုင်ငံခရီးစဉ်
- သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အ...
- ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန...
- NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ
- ကြာကူလီ၏ ရှက်ရမ်း
- ABMA Journal ဒုတိယအတွဲ
- အမိုက်အမှားကြီးမို့ တသက်မြတ်နိုးကိုယ်းကွယ်ပါ၏ ဖြား...
- ချင်းအမျိုးသားနေ့ အခမ်းအနား 2010
- ဖွတ်ချက်များ နယ်နှင်ဒဏ်ပေးတော့မည်။
- မီဒီယာကိုလန့် သော ကြီးဒေါ် သိန်းစိန်
- ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသ...
- ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း က...
- မလေးရှားကြောင်နဲ့ မြန်မာကြွက်
- စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ ...
- ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သံ...
- သန်းရွှေနဲ့  သေဘေး နီးလာပြီ..
- မက်သဒစ်ကျောင်းကို ခွေးစားသွားခြင်း
- သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်ေ...
- သပိတ်..သပိတ် မှောက်မှောက်..မီးဒုတ် မီးဒုတ်..ရှို့ ...
-
▼
February
(335)
No comments:
Post a Comment