19 February 2010
မြန်မာနိုင်ငံမှာ စစ်အစိုးရက ဒီနှစ်အတွင်းကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာလက်ခံနိုင်စရာအခြေအနေမှာ မရှိတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ Tomas Ojea Qunitana က ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်းမရှိတဲ့အတွက် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း အများ လက်ခံယုံကြည်နိုင်စရာ မရှိတဲ့အကြောင်း မစ္စတာကင်တားနားက ပြောလိုက်တာပါ။
မြန်မာနိုင်ငံခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့သလို မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့လည်း တွေ့ဆုံခွင့်မရခဲ့ဘဲ မစ္စတာကင်တားနား
ပြန်ထွက်လာရပြီးတဲ့နောက် အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကိုကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ငါးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကနေ ပြန်အလာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လေဆိပ်မှာ မစ္စတာကင်တားနားက မြန်မာစစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးသူ့ရဲ့သဘောထားအမြင်ကို ပြောဆိုခဲ့တာပါ။
“မြန်မာစစ်အစိုးရအနေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာမယ့် အရိပ်အယောင်မျိုးမတွေ့ရဘူးဆိုတာပါ။ ဒီတော့ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲဟာ လက်ခံနိုင်စရာမရှိဘူးလို့ ပြောရပါလိမ့်မယ်။”
မစ္စတာကင်တားနားဟာ ငါးရက်ကြာခရီးစဉ်အတွင်း အင်းစိန်အကျဉ်းထောင်နဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အကျဉ်းထောင်တွေကို သွား ရောက်ပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်အပါအ၀င် နိုင်ငံရေး အကျဉ်း သား တချို့ကို တွေ့ဆုံခဲ့ပါတယ်။ ဒီအကျဉ်းသားတွေကို မြန်မာစစ်အစိုးရက လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရဘူးလို့ သူကပြောပါတယ်။
ဒီလိုနိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီးဖမ်းဆီးထားမယ့်အတွက် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတခု ဖြစ်နိုင်ခြေအပေါ် သူ့အနေနဲ့ သံသယရှိတယ်ဆိုပြီး မစ္စတာကင်တားနားက ပြောခဲ့တာပါ။
“ယုံကြည်ချက်ကြောင့် အဖမ်းအဆီးခံနေရတဲ့သူတွေ အားလုံးကို စစ်အစိုးရက လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရပါဘူး။ ဒါက ကျ နော့် ရဲ့ခရီးစဉ်အတွင်းမှာ တွေ့ရှိချက်ပါ။ ဒီလို လွှတ်ပေးမယ့်အရိပ်အယောင် မတွေ့ရတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို ဆက်ပြီး ဖမ်းဆီးထားမယ်ဆိုရင် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဟာလည်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခု မဖြစ်နိုင် ပါဘူး။”
မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း NLD ခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအပြင် မြန်မာစစ်အစိုးရက ဒေါ် အောင်ဆန်းစုကြည်နဲ့ဆက်သွယ်ဖို့တာဝန်ပေးအပ်ခြင်းခံထားရတဲ့ အလုပ်သမားရေးဝန်ကြီး ဦးအောင်ကြည်၊ တရားသူကြီးချုပ် ဦးအောင် တိုး၊ ရှေ့နေချုပ်၊ နောက် ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ်တို့ကို တွေ့ဆုံခဲ့ပါတယ်။ စစ်အစိုးရကဖွဲ့စည်းထား တဲ့ လူ့အခွင့်အရေး ကော်မတီ နဲ့လည်း မစ္စတာကင်တားနား တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေကို လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ပြောင်းလဲပြင်ဆင်ဖို့ လိုအပ်တဲ့အကြောင်း မစ္စတာကင်တားနားက အရင်ကတည်းက ပြောခဲ့ဖူးပါတယ်။
သူ့ရဲ့ခရီးစဉ်အတွင်း နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် မရခဲ့တဲ့အတွက် စိတ်ပျက်မိတဲ့အကြောင်းကိုလည်းမစ္စတာကင်တားနားက ပြောဆိုခဲ့ပါတယ်။
http://www.voanews.com/burmese/2010-02-19-voa8.cfm?rss=topstories
Saturday, February 20, 2010
ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း ကင်တားနားဝေဖန်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
February
(335)
- ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေ မခို...
- 28th Feb 2010 - MoeMaKa Daily
- တို့  ဗမာပြည်
- မိမိကိုယ်သာ ကိုးကွယ်ရာ
- မြန်မာနိုင်ငံ နဲ့  AIDS အန္တရာယ်..
- အိမ်ဖော် အဖြစ်လိင်ကျွန်နစ်နေရသော မြန်မာ အမျိုးသမီး...
- Voice of Burma စာစဉ်အမှတ် 751 ဖတ်ရှုနိုင်ပါပြီ
- Statement on the 2nd Anniversary of Founding Day o...
- ငါတို့လက်များ၊ ငါတို့သွေးများနှင့် ခွပ်ဒေါင်းအားမာန်
- ဒေါ်အောင်ဆန်းစုကြည် အမှုအပေါ်သူတို့၏ အမြင် (သို့မဟုတ်...
- အသက်ကြီး..ဂုဏ်သိက္ခာကြီး လေးစားဂါရ၀ထိုက်သူများအတွက်...
- ဆရာတော်များ သို့ 
- လက်ရှိပြည်တွင်း အခွင့်အရေး အခြေအနေ
- တရုတ်မယားငယ်..အဖြစ်..ဘ၀ပျက်ခံရတော့မှာလား..
- အမူအကျင့် မပြောင်းလဲကြသူများ
- NLD ရဲ့ CECအစည်းအဝေး မှ နောက်ဆုံးရွေးချယ်သော CC ဥ...
- သူခိုးရဲ့ ခိုးရာပါ ပစ္စည်း..
- MIDEA ဖြင့် အဆိပ်လူးမြှားအဖြစ် ပစ်သောနည်းလမ်း..
- စင်္ကာပူမှ ရွှေမြန်မာများ အတွက် အသိပေး ကြေညာချက်
- Mia Farrow on the Women of Burma
- Burma's Political Prisoners (မြန်မာ့ နိုင်ငံရေးအကျ...
- ၂၀၁၀ ရွေးကောက်ပွဲအတွက်..ဆွေးနွေးချက်
- မြန်မာ့ ဓါးပြသတ်မတော်...
- မီး မီး..ဘာကြောင့်လောင်
- ထင်တဲ့အတိုင်းပါလား..အောင်တိုးရယ်..နင့်ကြောက်ချက်က ...
- ခြင်ကိုက်ရင် သတိထား..
- ဝက်တွေ တုတ်ကွေးနာကျနေပြီ
- Myanmar Supreme Court rejects Suu Kyi appeal
- မြန်မာစစ်တပ်ရဲ့ နှိပ်စက်မှု ကရင်တိုင်းရင်းသူများ ခံရ
- အော်..တပ်ဆုတ်တာတဲ့လား..တိုင်းပြည်ကတော့ ပြုတ်သွားပြီ
- 25rd Feb 2010 - MoeMaKa Daily
- လူလိမ်တွေ ရဲ့ အချင်းချင်း ဖြုတ်ထုတ်သတ်..
- လာပြန်ပြီ..မကျူးလွန်တဲ့အပြစ်ကို မတရားသူကြီးက..မတတ်...
- သာဓု ခေါ်စေနိုင်ဖို့ 
- ရည်မှန်းချက် မပြောင်းလည်းကြပါနဲ့ 
- ရဟန်းသံဃာများလည်း လွတ်လပ်ခွင့် မရှိတော့
- အာဇာနည်အကြံပြုတဲ့ ဗမာပြည်မြေပုံ အစစ် ရန်ကုန်တိုင်...
- နအဖ တပ် စကခ (၇) မှ စာသင်ကျောင်းကိုတိုက်ခိုက်
- ဘုန်းကြီးအလောင်းတွေ ရေထဲမျောပြီး ကလေးစစ်သားဘဲပေါတဲ...
- ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ကင်တားနား၏ မြန်မာနိုင်ငံ...
- စိုင်းစိုင်းခမ်းလှိုင်ရေ မင်းသတိထား
- ဗမာပြည်မြေပုံအစစ် True Burma Map
- ပထွေးမှာသမျှ ဗြောင်လိမ်ပြနေရသော ပြောင်ကြီး..ဟုတ်မှ...
- အခုကျမှ လာလွမ်းပြနေ..( မဲလေးများ တဖတ်လာ ထည့်ကြမလား...
- စားပါရစေခမျ..ငတ်ကြီးကျ လွန်းလို့ ပါ
- ရွှေလက်နဲ့  ချီးမြှင့်ထိုက်သူနဲ့  ဖနောင့်ပေါက်၍ ချီ...
- ရေမြုပ် သင်္ဘောစီးရဲကြသလား..
- Myanmar's forgotten people.mov
- Migrant workers worried over Thai nationality chec...
- အမျိုးချစ်စိတ်ကို သတ်မရ..
- အသက်သေသည့်တိုင်..သွေးသက်သေက ကမ္ဘာတိုင်ပြီ..သာဓုခေါ်ပ...
- ရခိုင်သားမို့  ရဲသလေဗျ
- သူခိုးချတဲ့ ရေစက်..ဘယ်သူသာဓု ခေါ်ရဲသလည်း
- ၂၀၁၀ ကို ဒို့ မလို..
- သံဃာတော်များမှ အိတ်ဖွင့် ပေးစာ
- သဘာဝကျကျ တွန်းလှန်ခြင်း
- အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထ...
- 23rd Feb 2010 - MoeMaKa Daily
- ပြိုင်ပွဲ (ကျော်သူ)
- အခုတော့မစိမ်းလန်းနိုင်တော့ပြီ....
- ပြည်သူကို အလုပ်အကျွေးပြုတဲ့ တပ်မတော်ဖြစ်ဖို့ သူရ ဥ...
- အလင်းအိမ်မဂ္ဂဇင်း
- voice of Burma
- ရှုံးရှုံးနိုင်နိုင် သတ္တိနဲ့ သာပြိုင်..ဘယ်သူ တသက်လ...
- သေပြည်တော် က သဘောက်မသားတို့ ၏ ငတ်ကြီးကျမှုများ
- အဟာရစာစောင် ၁၀၈
- ဖေဖော်ဝါရီ ၂၂ ၂၀၁၀ သတင်းများ
- အလံတော်သစ် ဂျာနယ် (ဖေဖေါ်ဝါရီလ ၂၀၁၀)
- အရေမပါရင်..အထဲမ၀င်ရဘူးတဲ့..
- တဖြေးဖြေးပွါးလာတာ ၀က်တုတ်ကွေး..
- ဝေါ်ကီတော်ကီ ကိုင်ဖူးချင်တာနဲ့ ဘုန်းကြီးခေါင်းရိုက်...
- စီးတဲ့လူတွေ အသက်ကို ဖက်နဲ့သာထုတ်ထား
- ရွှေ ဆိုတာ ဘယ်တော့ မှ အရောင်မမှိန်ဘူး..ဂိန်တော့မှာက...
- ပေါလွန်းလှတာ..ဗိုလ်ရှုပ်..တွေ
- TIME TO TIME JOURNAL, VOLUME-3, NO-4
- ဟင်းအိုးကို အားမနာသော..အမဲရိုးပုပ်..သို့ မဟုတ် ..ေ...
- စစ်တွေ ၏ ကျောင်းသားသပိတ်ကြီး
- 'Burma VJ 'Academy Award Nominations
- BURMA VJ အား မဲပေးကြပါရန်
- သတင်း မီဒီယာ သမားများအား ဖိနှိပ်တိုက်ခိုက်ခံရမှု (...
- Fullbright ပညာဝင်ဆု လျှောက်ချင်သူများအတွက်
- Mr Tomas Ojea Quintana's ၏ ၂၀၁၀ မြန်မာနိုင်ငံခရီးစဉ်
- သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် (အတွဲ ၁။ အ...
- ချုပ်ကိုင်တာ မဟုတ်ပါဘူး၊ သိပ်ခံရတဲ့အတွက် ချိန်ချိန...
- NLD နဲ့ ကင်တားနား ဆွေးနွေးချက် အပြည့်အစုံ
- ကြာကူလီ၏ ရှက်ရမ်း
- ABMA Journal ဒုတိယအတွဲ
- အမိုက်အမှားကြီးမို့ တသက်မြတ်နိုးကိုယ်းကွယ်ပါ၏ ဖြား...
- ချင်းအမျိုးသားနေ့ အခမ်းအနား 2010
- ဖွတ်ချက်များ နယ်နှင်ဒဏ်ပေးတော့မည်။
- မီဒီယာကိုလန့် သော ကြီးဒေါ် သိန်းစိန်
- ကျေးရွာမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်သောကြောင့် ရွာသ...
- ရွေးကောက်ပွဲကို လက်ခံနိုင်ဖွယ်အခြေအနေမရှိကြောင်း က...
- မလေးရှားကြောင်နဲ့ မြန်မာကြွက်
- စစ်အာဏာရှင်လက်အောက်မှ ကလေးငယ်များဘ၀ ဤသို့ ( ၁၄-၁၅ ...
- ကင်တားနား ၅ရက် ခရီးနှင့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ(သတင်း သံ...
- သန်းရွှေနဲ့  သေဘေး နီးလာပြီ..
- မက်သဒစ်ကျောင်းကို ခွေးစားသွားခြင်း
- သက်သေခံပစ္စည်းရောင်းစား..အချိန်ရှိခိုက်လုံ့ လစိုက်ေ...
- သပိတ်..သပိတ် မှောက်မှောက်..မီးဒုတ် မီးဒုတ်..ရှို့ ...
-
▼
February
(335)
No comments:
Post a Comment