Thursday, February 11, 2010

ကိုညီညီအောင် ပြန်လွှတ်ပေးဖို့ အမေရိကန် လွှတ်တော်အမတ်တွေ တောင်းဆို

11 February 2010

အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချခံလိုက်ရတဲ့ မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို ပြန်လွှတ်ပေးဖို့ အမေရိကန် ထိပ်တန်း လွှတ်တော်အမတ် ၂ ဦးက တောင်းဆိုလိုက်ပါတယ်။

အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌ ဟောင်းဝါ့ဒ် ဘာမန် (Howard Berman) နဲ့ အောက်လွှတ်တော် လူများစုခေါင်း ဆောင် စတန်နီ ဟိုယာ (Steny Hoyer) တို့က မနေ့ကပဲ ကြေညာချက်ထုတ်ပြီး တောင်းဆိုလိုက်ကြတာပါ။

ကိုညီညီအောင်ကို စီရင်ချက် ချတာဟာ မတရားတဲ့ ပြစ်ဒဏ်ချမှတ်မှု ဖြစ်တယ်၊ သူ့ကို ပြန်လွှတ်ပေးပါလို့လည်း အမေရိကန် နိုင်ငံခြား ရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ပီဂျေ ခရိုးလီး (P.J. Crowley) က ပြောပါတယ်။

ကိုညီညီအောင်ကို မှတ်ပုံတင်အတု ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေ ကိုင်ဆောင်မှုနဲ့ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုတို့နဲ့ အင်းစိန်ထောင် တရားရုံးက မနေ့ကပဲ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တာပါ။

ကိုညီညီအောင်ဟာ ကျန်းမာရေး မကောင်းတဲ့ သူ့ရဲ့မိခင်ဆီ အသွား မင်္ဂလာဒုံလေဆိပ်မှာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့မိခင်ဟာလည်း နိုင်ငံရေး လှုပ်ရှားမှုနဲ့ အဖမ်းအဆီး ခံနေရပါတယ်။

ကိုညီညီအောင် အဖမ်းခံခဲ့ရတုန်းက လေဆိပ်ထဲမှာရှိတဲ့ အကောက်ခွန် စစ်ဆေးရေးဂိတ် မရောက်ခင်မှာ အဖမ်းဆီးခံခဲ့ရပြီး မျှတတဲ့ တရားစစ်ဆေးမှုတွေလည်း မရှိခဲ့ဘူးလို့ လူ့အခွင့်အရေး အုပ်စုတွေက ပြောပါတယ်။
http://www.voanews.com/burmese/2010-02-11-voa4.cfm

2 comments:

Anti-Burma said...

အမေရိကားမှာ အတုလုပ်ရင် ဘယ်လိုအပြစ်ကျမယ် ဆိုတာအရင် လေ့လာကြည့်ပါအုံး၊

18 U.S.C. § 470 : US Code - Section 470: Counterfeit acts committed outside the United States

A person who, outside the United States, engages in the act of -

(1) making, dealing, or possessing any counterfeit obligation or other security of the United States; or
(2) making, dealing, or possessing any plate, stone, analog, digital, or electronic image, or other thing, or any part thereof, used to counterfeit such obligation or security, if such act would constitute a violation of section 471, 473, or 474 if committed within the United States, shall be punished as is provided for the like offense within the United States.

See in http://codes.lp.findlaw.com/uscode/18/I/25/470


18 U.S.C. § 471 : US Code - Section 471: Obligations or securities of United States

Whoever, with intent to defraud, falsely makes, forges, counterfeits, or alters any obligation or other security of the United States, shall be fined under this title or imprisoned not more than 20 years, or both.

See in http://codes.lp.findlaw.com/uscode/18/I/25/471

good said...

မြန်မာပြည်က ရွေးကောက်တင်မြှောက်ခြင်း မခံရဘဲ..လက်နက်ပြ စိုးမိုးနေတဲ့ နိုင်ငံတော်ခေါင်းရှောင်တွေကျ..
နိုင်ငံတော်ခေါင်းဆောင်အတုလုပ်မှုနဲ့ ဖမ်းမယ်ဆိုရင်ကော..ထောင်တောင်မလောက်ဘူးဗျ.ဟီး..

Post a Comment

ယခင် သတင်းများ ဖတ်ရန်