မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တစုံတရာမတွေ့ရတဲ့အတွက် အမေရိကန်က အကြီးအကျယ် စိတ်ပျက်မိကြောင်း နဲ့ အမေရိကန် အပါအ၀င် နိုင်ငံတကာနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့တင်မက ကိုယ့်ပြည်သူတွေရဲ့ အနာဂတ် ပိုမိုကောင်းမွန်စေမယ့် လုပ်ရပ်တွေလုပ် ဆောင်ဖို့ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်ကမှ သွားရောက်ခဲ့တဲ့ အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell က ပြောကြားလိုက်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ သူ့မူဝါဒအတိုင်း တိုက်ရိုက်ဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်နေပေမဲ့ မကြာခင်မှာ ပြင်းထန်တဲ့ အရေးယူမှု တွေ လုပ်လာဖို့ ရှိတယ်လို့ မြန်မာ့အရေး စောင့်ကြည့်သူတွေရဲ့ ပြောကြားချက်တွေနဲ့ အတူ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell ဟာ မြန်မာ နိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု တစုံတရာမတွေ့ရတဲ့အတွက် စစ်အစိုးရရဲ့ လုပ်ရပ်တွေကို မကျေနပ်ကြောင်း ကြေငြာချက်ထုတ်ပြန် ပြောဆို ခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ဗုဒ္ဓဟူးနေ့က သတင်းစာရှင်းလင်းပွဲ မှာတော့ Mr. Campbell က အမေရိကန်အစိုးရအနေနဲ့ မြန်မာ နိုင်ငံဆိုင်ရာ ပြဿနာတွေကို အခုလိုချပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲမတိုင်ခင် အဓိကကျတဲ့ အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေ ပေါ်ပေါက်လာ တာ ကိုတွေ့ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။ ဒါ့ပြင်မြန်မာနိုင်ငံတွင်းက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ပြဿနာ တွေကို တစုံတရာဖြေရှင်းတာမျိုးတွေ၊ တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ စစ်အစိုးရကြား တင်းမာမှုပြေလျှော့စေဖို့ သိသိသာသာ လုပ်ဆောင်တာတွေနဲ့ အတူ နောက်ဆုံး ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၁၈၇၄ အရ တားမြစ်ထားချက်တွေကို သေသေချာချာ လိုက်နာဖို့တွေလည်း လိုအပ်ပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားနိုင်ငံက နျူကလီယားလက်နက်နဲ့ နည်းပညာတွေမပြန့်ပွားစေဖို့ တားမြစ်ချက်ကို မြန်မာစစ်အစိုးရက လိုက်နာဖို့ လိုအပ်တာတွေ၊ တိုင်းရင်းသားတွေကို ဖိနှိပ်ပြီး တိုက်ပွဲ ဆင်နွှဲနေ တာတွေ အပြင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို ခုထိ ချုပ်နှောင်ထားတာနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဓိက မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါ သူတွေနဲ့ ဆွေးနွေးမှုတွေမလုပ်ပဲ ရွေးကောက်ပွဲ ကျင်းပဖို့ပြင် နေတာတွေအတွက် စိတ်ပျက်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့ ဒီအချက်တွေကို သိသာတိုးတက်အောင်မလုပ်ဆောင်တဲ့ အတွက် အမေရိကန်အစိုးရအနေနဲ့ မကျေနပ်ပါဘူး။ ဒါတွေကို သေသေချာချာ လုပ်ဆောင်ဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။ ဒီလိုလုပ်ဆောင်ရာမှာ အမေရိကန်နိုင်ငံနဲ့ရော၊ နိုင်ငံ တကာနဲ့ပါ ဆက်ဆံရေး ပိုမိုကောင်းမွန်အောင်လုပ်ဖို့ အပြင် ကိုယ့် ပြည်သူအားလုံးရဲ့ အနာဂတ် ပိုမိုကောင်းမွန်အောင် လုပ်ဖို့ လိုပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်အစိုးရနဲ့ ညှိုနှိုင်းစေ့စပ်မှုတွေ မအောင်မြင်တဲ့ သဘောရှိနေတာမို့ မြန်မာနိုင်ငံတွင်း ပြောင်းလဲမှု တွေ ဖြစ်လာအောင် ဖိအားပေးမှု တစုံတရာ ပြင်းပြင်းထန်ထန်လုပ်လာဖို့ ရှိတယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ USCB ဖွဲ့တာဝန်ခံ ဦးအောင်ဒင်ကပြောပါတယ်။
ခုလတ်တလောပေါ့နော်၊ ပြီးခဲ့တဲ့ မေ ၈ ရက်က ဒီ ၁၉၉၇ခုနှစ် သမ္မတ ကလင်တန်လက်ထက်ကထဲက ချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု တွေကို ပိတ်ပင်ဟန့်တားတဲ့ ဥပဒေကို သမတ အိုဘားမားက တနှစ်သက်တမ်းတိုးဖို့ဆုံးဖြတ်လိုက်ပြီ။ ကွန်ဂရက်လွှတ်တော်မှာလည်း ဒီ ၂၀၀၃ခုနှစ်က ချထားတဲ့ စီးပွါးရေးပိတ်ဆို့မှု ဥပဒေကို သက်တမ်းတိုးဖို့ အတွက် အထက်လွှတ်တော်မှာရော၊ အောက်လွှတ်တော်မှာပါ လွှတ်တော်ကိုယ်စားလှယ်တွေက ဥပဒေကြမ်းတင်သွင်းပြီးတော့၊ လာမဲ့ ဇူလိုင် ၂၆ sanction သက်တမ်းမကုန်ခင်မှာ အတည်ပြုနိုင်ဖို့ ကျိုးစားနေကြပြီ။
နောက်လွှတ်တော်နှစ်ရပ်စလုံးကလည်း သမတ အိုဘားမားကို မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေဟာ စစ်ရာ ဇ၀တ်မှု ဒါမှမဟုတ် လူသားမျိုးနွယ်စုတစုလုံးအပေါ်မှာ ကျူးလွန်တဲ့ ပြစ်မှုတွေ ဖြစ်နေတဲ့ အတွက်ကြောင့် မို့ ဒီကုလသမဂ္ဂ လူ့အခွင့်အ ရေး စုံစမ်းစစ်ဆေးရေးကိုယ်စားလှယ် ကင်တားနား အကြံပြုတဲ့ အတိုင်း ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးဖို့ ကိစ္စ မှာ အမေရိကန်အစိုးရက ထောက်ခံဖို့နဲ့ ဦးဆောင် အကောင်ထည် ဖေါ်ဖို့ ဆိုတာကိုလည်း ၀ိုင်းဝန်းတိုက်တွန်းနေကြတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီအကြံပြုချက်ကို အခုချိန်မှာ လေးလေးနက်နက် စဉ်းစားနေတယ်လို့ ကျွန်တော်တို့သိ ရတယ်။ ဆိုတော့ ကျွန်တော်မြင်တာကတော့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ပေါ်လစီဟာ ပိုပြီးတော့ ပြင်းထန်လာမယ်၊ ပြတ်သားလာမယ်၊ ဆက်ပြီး နအဖစစ်အုပ်စုနဲ့ စကားပြောဆွေးနွေးတာတွေ ရှိနေတာတောင်မှပဲ။ အမေရိကန်အစိုးရရဲ့ နအဖ အပေါ် အရေးယူမှုတွေဟာ ပိုပြီးတော့ တင်းကြပ်လာမယ်လို့ မျှော်လင့်ပါတယ်။
အမေရိကန်အစိုးရက စီးပွါးရေးပိတ်ဆို့မှုအပါအ၀င် မြန်မာစစ်အစိုးရအပေါ် အရေးယူမှုတွေ ချမှတ်ရာမှာ သမတအိမ်ဖြူ အပြင် အမျိုး သားလုံခြုံရေး၊ နိုင်ငံခြားရေး၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနလို ၀န်ကြီးဌာနပေါင်းစုံနဲ့ ဆက်သွယ်ပြီး လုပ်ငန်းအားလုံး အ ကောင်ထည်ဖေါ်ရတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒရေးရာ အထူးညှိနှိုင်းရေးမှုးတဦးကို ခန့်အပ်ဖို့ ၂၀၀၇ ခုနှစ်ထဲက လွှတ်တော်က ပြဌာန်းခဲ့ပါတယ်။ ဒီပြဌာန်းချက်နဲ့အညီ မကြာခင်မှာခန့်အပ်ဖို့ ရှိတယ်လို့လည်း ပြောပါတယ်
မှုဝါဒရေးရာ အထူးညှိနှိုင်းရေးမှုးဆိုတာကိုခန့်အပ်ဖို့ သမတအိုဘားမားလက်ထဲကို ဆန်ကာတင်စာရင်းပေါ့နော် အမည်စာရင်း ရောက် နေပြီးတော့ အဲဒီကနေ သူတို့ တယောက်ကို ရွေးချယ်ပြီး မကြာခင် အဆိုပြုဖို့ရှိပါတယ်။ အထက်လွှတ်တော်ရဲ့ အတည်ပြုချက်လိုတဲ့ အတွက်ကြောင့် သမ္မတအိုဘားမားက အဆိုပြုပြီးတဲ့ အခါမှာ အထက်လွှတ်တော်က ဒါကို စုံစမ်းစစ်ဆေးပြီးတော့ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အဲဒါကလည်းမကြာခင်မှာ ခန့်အပ်တော့မယ်လို့ ကျွန်တော်တို့ သိရပါတယ်။
http://www1.voanews.com/burmese/news/burma/Kurt_Campbell_Burma_05_19_10-94346754.html
Thursday, May 20, 2010
မြန်မာလူထု အနာဂတ် တိုးတက်ရေး ကာဒ့်ကမ်းဘဲလ် တိုက်တွန်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment