တိုက်ပွဲခေါ်သံ
မိတ်ဆွေတို့
ကျွန်တော်သိသော ပုံပြင်တစ်ခုကို သင်တို့ကို ပြောပြချင်လို့ပါ။
တခါ က တိုင်းပြည်တစ်ပြည်မှာ ရာသီဥတု ဖောက်ပြန်လို့ ရေတွေကြီး လာတယ်။ ရေကြီးတဲ့ အရှိန်ကြောင့် သတ္တ၀ါတွေဟာ အိမ် ခေါင်မိုးတွေပေါ်မှာ တက်နေကြရတယ်။
ဒီလိုရေကြီးတာကနေ ရေကျသွား လို့ အချို့သောသတ္တ၀ါတွေ ဟာ ကိုယ်နေရာကို ပြန်နေကြပါတယ်။ ဒါပေမယ့် ရေကြီးလို့ အိမ်ခေါင်ပေါ် ကို ရောက်လာတဲ့ အထဲက ခွေးအုပ်စုတစ်စုဟာ ခေါင်မိုးပေါ်မှာ နေရတာကိုနှစ်ခြိုက်ပြီးအောက်ကိုပြန် မဆင်းချင်ကြတော့ပါဘူး ။ သူတို့တွေဟာ လူတွေ ခက်ခက်ခဲခဲ ရှာဖွေ ရကနေ ရလာတဲ့ စားသောက်စရာတွေကို လုယက်စား သောက် ပြီး တိုင်းသုပြည်သားတွေကို စပြီး ဒုက္ခပေးကြပါတော့တယ်။
ဒုက္ခ ရောက်နေတဲ့ တိုင်းသူပြည်သားတွေ ဟာ စား စရာ အတွက် လုံးပန်းနေကြရင်း က ဒီ ခွေးအုပ်စု ရဲ့ ဒုက္ခ ပေးခြင်းကို ခံစားရပါတယ်။
စည်းလုံးညီညွတ်မှု မရှိ ကိုယ်ဝမ်းစာ ကို ကိုယ် ခက်ခက်ခဲခဲ ရှာစားနေရတဲ့ တိုင်းသူပြည်သားတွေ ရဲ့ အားနည်းချက်ကို အခွင့်ကောင်း ယူပြီးသူတို့တွေ ဟာ တိုင်းပြည်ကိုကြီးစိုးမင်းမူလာကြပါတယ်။
တိုင်းသူပြည်သားတွေ ဟာ သူတို့တွေရဲ့ မတရား ညင်ပန်းနှိပ်စက်မှုကို ခံနေရပေမယ် ထိရောက်တဲ့ တုန့်ပြန်မှုကို မလုပ်ခဲ့ကြဘူး။
လူတွေဟာ အချင်းချင် ညီးညူးခြင်းနဲ့ အချိန်ကုန်လွန်ခဲ့ကြတာက လွဲလို့ ပြန်ပြီး ခုခံနိုင်မယ့် နည်းလမ်းကို မတွေးခဲ့ကြဘူး။
အချို့ သတ္တိရှိသော တိုင်းသူပြည်သားတွေ ဟာ သူတို့တွေရဲ့ မတရားနှိပ်စက်မှုကို သည်းမခံနိုင်ကြလို့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ လက်တုန့် ပြန်ခဲ့ကြပါတယ်။
သို့သော်လည်း အရေ အတွက်အားဖြင့် ကွာခြားတဲ့ အတွက်ကြောင့် သူတို့ အုပ်စုတွေရဲ့ ရက်စက်သော နှိမ်နင်းခြင်းကို ခံရပါတယ်။
ကိုယ်ဝမ်းစာမှ မမှန်တဲ့ တိုင်းသူပြည်သား တွေဟာ ဒီအုပ်စုရဲ့ ရက်စက်မှု ကို ပိုမိုကြောက်ရွံ့ကာ ဆိုးသထက်ဆိုးလာပါတော့တယ်။
အဲဒီလို ဘဲ တဖက် မှာလည်း အချို့  ပျင်း၇ိ ၊ ရေသာခိုအချောင်လိုက်ချင်တဲ့ တိုင်းသူ ပြည်သားအချို့ဟာ ဒီခွေးအုပ်စုကို အောက်ကျို့ ဆက်ဆံ ပေါင်းသင်းပြီး ၊ ခွေးတွေ ရဲ့ စားကြွင်းစားကျန်ကို စား ကာ ၊ ခွေးအုပ်စု ကို မြှေက်ပင့် ပေါင်းသင်းလာကြပါတယ်။
ဒီလို မြှောက်ပင့် ပြောဆိုတာ ကို အဟုတ်မှတ်နေတဲ့ ခွေးအုပ်စု သူတို့ကိုသူတို့ အထင်တွေကြီးပြီး လုပ်ချင်ရာကို လုပ်ကြပါတော့တယ်။
ဒီလိုဒဏ်တွေကိုခံနေရတဲ့တိုင်းသူပြည်သားတွေဟာ စိတ်ထဲမှ မကြေနပ်ကြပေမယ့် ၊ လက်တုန့်ပြန်ဖို့ အခြေအနေကို စောင့်နေကြပါတယ်။
တစ်နေ့ တော့ တိုင်းသူပြည်သား တွေရဲ့ ဘ၀ ကို အကြီးအကျယ် ပြောင်းလဲစေမယ့် လူတစ်ယောက် ပေါ်ထွက်လာပါတယ်။
သူဟာ တစ်တိုင်းပြည်လုံးသိအောင် လှည့်လည် ကြေညာမောင်းခတ်ခဲ့ပါတယ်။
သူရဲ့စေတနာနဲ့ သတ္တရှိစွာ ဟောပြောမှုကို ကြားနာရတဲ့ လူတွေဟာ စိတ်အားတက်ကြွစွာနဲ့ ခုခံတွန်းလှန်ဖို့ကို စတင်လုပ်ဆောင်လာကြပါတယ်။
သူပြောခဲ့တဲ့တာလေးကတော့
"
လူဘ၀သာ တစ်ခါဘဲသေရမယ်။အခုလိုဆက်ပြီး နေရင် အားလုံး ဒုက္ခရောက်ပြီး သေကြတော့မယ် ။
ဒီလိုအကြိုးမရှိသေမယ့်အစား ကိုယ်တတ်နိုင်သလောက် ကြိုးစားခဲ့မယ်ဆိုရင် နာင်လာမဲ့ ကိုယ်ရဲ့မျိုးဆက်တွေ ဟာ အခုလိုဒုက္ခမျိုးတွေကို မခံကြရတော့ဘူးပေါ့။
အခုလည်းဒုက္ခေ၇ာက်နေတာဘဲ ။ ဒီလိုလုပ်လို့ ပိုဆိုးလာမယ်ဆိုတဲ့ အတွေးတွေကို မောင်းထုတ်လိုက်ကြပါ။
ဒို့တွေဟာ မတတ်သာလို့သာငုံ့ခံနေရတယ်။ကြောက်ရွံ့စိတ်တော့မရှိဘူးဆို တာကို ပြလိုက်ကြစမ်းပါ။
အားလုံးသာ လက်တွဲညီညီနဲ့ တတ်နိုင်တဲ့ အခန်းဂဏ္ဏကနေ ၀ိုင်းဝန်းကြိုးစားကြမယ်ဆိုရင် မကြခင်မှာ သာယာစိုပြေတဲ့ ဒို့ရဲ့တိုင်းပြည်ကို ရရှိမှာ မလွဲပါဘဲ။
ကြောက်ရွံ့စိတ်တွေကို မောင်းထုတ်လိုက်ပါ ။ ဒို့တွေရဲ့ စည်းလုံးညီညွတ်မှု အင်အားကိုသိသွားရင် သူတို့တွေ နဲ့ထိုက်တန်တဲ့နေရာကို ပြန်ရောက်သွားကြမှာ။
နေရာတိုင်းမှာ ခေါင်းဆောင်ဆိုတာ အရေးကြီးတယ်။ ကိုယ်တိုင်းပြည်၊ကိုယ်လူမျိုး ၊ ကိုယ်ဘာသာ သာသနာအတွက် အားလုံးဝိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြပါ။
ရည်မှန်းချက်နဲ့ ပန်းတိုင်ရှိခဲ့မယ်ဆိုရင် ဒို့တွေ တောင့်တနေတဲ့ တိုင်းပြည်ကို မကြာခင်မှရရှိမှာပါ။
ဘယ်အချိန်မှာ စပြီး လုပ်ကြရမလဲဆိုရင် အခု အချိန်ကစပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားပါလို့ပြောပါရစေ။"
အခုလိုမျိုးကို ကြားနာကြရတဲ့ တိုင်းသူပြည်သားတွေဟာ ချက်ချင်းလက်တွေ့အကောင်အထည်ဖော်ခဲ့ကြပါတယ်။
တိုင်းသူပြည်သားတွေကို ဆက်လက် ဒုက္ခပေးချင်တဲ့ဒီအုပ်စုဟာ သူတို့ကို ဆန့်ကျင်နေကြ အတိုင်းဘဲထင်ပြီး နှိပ်ကွပ် ဖြိုခွင်းဖို့ ကြိုးစားကြပါသေးတယ်။
အင်မတန်မှစည်းလုံးပြီး နာကြည်းချက်တွေ ပြည့်နေတဲ့ တိုင်းသူပြည်သားတွေဟာ တာဆီးမှု မှန်သမျှကို တွန်းလှန်ပြီး အောင်မြင်မှု ပန်းတိုင်ကို ရရှိသွားပါတော့တယ်။
ကျွန်တော်တို့ကော ဘာဆက်လုပ်ကြမလဲ ?
ဒို့တိုင်းပြည်၊ ဒို့လူမျိုး ၊ တို့ဘာသာ သာသနာအတွက် ဤစာကို ဖြန့်ဝေပေးခြင်းဖြင့်ကူညီပေးကြပါလို့ တောင်းဆိုလျှက်
ကိုယ်တိုင်းပြည်ကိုအရမ်းကောင်းမွန်စေချင်တဲ့
ဗမာသွေး
လောကဓံ တရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲ နီနေ၏။
သို့သော် . . . ညွှတ်ကား မညွတ်”။
(ဗိုလ်ချုပ်အောင်ဆန်း)
http://www.datacarrier.info/2010/05/blog-post_1774.html မှ
Wednesday, May 19, 2010
မတရားတာကို ရပ်ကြည့်ကြရိုးလား..ခွေးဆွဲခံရသွားမယ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment