Tuesday, May 18, 2010

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ပွဲ အတွက် အနုပညာ အလှူပေးမည်။


မြန်မာ့နိုင်ငံရေး သမိုင်းတလျှောက်တွင် ဂီတ အနူပညာသည် အလွန် အရေးပါအရာရောက်သောအခန်း ကဏ္ဍတရပ်မှ အစဉ်ပါဝင် ခဲ့ ပါ သည်။
နယ်ချဲ့တော်လှန်ရေး ကာလတလျှောက် လျှမ်းလျှမ်းတောက် ဂန္ဓ၀င် မြန်မာ့ တော်လှန်ရေးသီချင်းများစွာ ပေါ်ထွန်းခဲ့ဖူးပါသည်။ ပေါ်ထွန်းဆဲ ပေါ်ထွန်းလတ္တံ လည်း ဖြစ်ပါသည်။
အထင်ရှားသော သာဓကမှာ
"နဂါးနီ သီချင်း" ၊
ဖက်ဆစ်ဂျပန်တော်လှန်ရေး စစ်ချီသံမျသီချင်းများ" ရဲရဲတောက် ၊ ဖလ်နေ၀င်း။ တူယှဉ်ကာတိုက်ကြစို့ "
၈၈၈၈ တော်လှန်ရေးတလျှောက် ထင်ရှားသော ကမ္ဘာမကြေဖူး ။ သွေးမုန်တိုင်း (ကိုမွန်းအောင်)အစရှိသောတေးများ ။
လားရှိုးသိန်းအောင်၏ " ဗုံးကျင်းထဲကစာ။ ၉ မီလီမီတာ"
မျိုးချစ်မြန်မာ၏ " ပျံသန်းနေသော ခွပ်ဒေါင်းများ။ နာဂစ်ကာလအထိမ်းအမှတ် "ကမ်းလင့်သော လက်များ " သီချင်း ။
ရွှေဝါ ရောင် သမိုင်းတွင် Gerneation Wave ၏ နိုးထကြလော့ ၊ သီရိညွန့် ၏ " သွေးနီည၊ ရွှေဝါရောင် သမိုင်းသစ်။" ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အတွက် ၀ိုင်မြစ်ချို၏ "အမေ ပင်ပန်းနေမှာ နှင့် မင်္ဂလာရှိသောမေမေ"။ အစရှိတေး ။
တက်အောင်ရှိုင်း၏ "အနှိုင်းမဲ့ မေတ္တာရှင်" တေး။
ရွေးကောက်ပွဲကာလ VOTE NO တွင် ပါဝင်သီဆိုကြသူ အညတြတေးဆိုသူများ၏တေးများ တို့ သည် ယခုတိုင် ထင်ရှား ကြော်ကြား လူကြိုက်များဆဲဖြစ်ပါသည်။
တော်လှန်ရေးသမိုင်းတလျှောက် ဂီတ မီဒီယာသည် အစွမ်းထက်သော တော်လှန်ရေးလက်နက် တခုဖြစ်နေ ဆဲပါ။

ကျနော်တို့ ၏ ထာဝရ ချစ်ခင်လေးစားရပါသော ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့  ကို ကမ္ဘာ အနှုံအပြား ရှိ မြန်မာ အဖွဲ့အစည်း များမှ ရောက်ရှိရာ နိုင်ငံတိုင်းတွင် မကြာမီ ကျင်းပတော့ မည်ဖြစ် ပါသည်။

့ဤ ငြိမ်းချမ်းရေးမိခင်ကြီး၏ မွေးနေ့  အထိမ်းအမှတ်ပွဲအဖြစ် အထိမ်းအမှတ် ကမ်းကြည့်ဌက်မီဒီယာအဖွဲ့  မှ စီစဉ်ကာ " နေ့ သစ်ကို ကြိုဆို ကြပါစို့  " အမည်ရှိ ဒီမိုကရေစီ တေးသံသာများ အား ဝေမျှ သွားရန် စီမံထားပါသည်။

ပါဝင်သီဆိုသူများ။။
(1) မလေးရှားမှ ဒီမိုကရေစီ သီချင်း အဆိုတော် ထက်အောင်ရှိုင်းနှင့်
(2) ဂျပန်နိုင်ငံ တေးသံရှင် မင်းမော်စိုး နှင့်
(3) မြန်မာနိုင်ငံမှ ကိုဖြိုး တို့ ပါဝင်သီဆိုထားပါသည်။

ဤ စီရီးအခွေတွင် ပါဝင်သောသီချင်း ၁၆ ပုဒ်ရှိပါသည်။ သီချင်း၏ quality မှာ စတူဒီယိုသွင်း အဆင့်အ တန်းဖြစ်ပြီး.ပါဝင်ကူညီသီဆိုသူ တီးခတ်သူ သီချင်းဆိုသူ။ ရေးစပ်သူများ၏ ကိုယ်ပိုင်ငွေ အချိန်နှင့် အနုပညာ တို့ ၏ အားထုတ်မှု တီထွင်မှု တို့ မှာ အံ့မခမ်းဖြစ်ပါသည်။
အဆိုရှင်များ၏ အပတ်တကုပ် အားထုတ်ရှာဖွေရသော ချွေးနည်းစာကလေးဖြင့် အကုန်အကျခံကာ ဒေါ်အောင် ဆန်းစုကြည်နှင့် ကို မင်းကိုနိုင် နှင့် တကွ အကျဉ်းကျ နိုင်ငံရေးသမား ရဲဘော်ရဲဘက်အပေါင်းတို့ အားဂုဏ်ပြူ အားပေး စပ်ဆို အသံသွင်းထားခြင်းဖြစ်ပါသည်။ မြန်မာတိုင်း နားထောင်သင့် ဆောင်ထားသင့်သော သီချင်းများ ဖြစ်ပါသည်။
ဤ အနူပညာရပ်အလှုအား..နိုင်ငံတကာမှ မြန်မာများ၏ ဇာတိမာန် တက်ကြွသွားစေရန် အခမဲ့ ဝေဌသွားရန် တေးသံရှင်များမှ စေတနာထားရှိပါသည်။

ဤသို့ ဝေမျှ ရာတွင် ပြည်တွင်း ပြည်ပ သက်ဆိုင်ရာနိုင်ငံအသီးသီးမှ မြန်မာ အသင်းအဖွဲ့ များအနေဖြင့် ပါဝင် ကူညီလိုပါက..လှိုက်လှဲစွာဖိတ်ခေါ်ပါသည်။

စည်းကမ်းချက်များ။
(1) ဝေမျှမည့်သီချင်းများမှာ..မြန်မာပြည်သူများအားလုံးအတွက်အကျိုးဌာ ဖြန့် ချီသောကြောင့် အခမဲ့ ဖြစ်ပါသည်။. သီချင်း တပုဒ်ချင်း သော်လည်းကောင်း စီးရီးတစ်ခုလုံး ကိုသော်လည်းကောင်း မည်သည့် အခကြေးငွေ တစုံတရာဖြင့် စီးပွါးရှာ ရောင်းဝယ်ခွင့်မရှိပါ။.
(2) သီချင်းခွေဝေမျှ လိုသော အသင်းအဖွဲ့ များသည် မိမိ ရံ့ပုံငွေဖြင့် မိမိ ဖြန့် ဝေ သွားရန်ဖြစ်ပါသည်။
( ကမ်းကြည့်ဌက် မီဒီယာမှ မာစတာ quality သီချင်းများ နှင့် အခွေကာဘာ။ CD Sticker။ သီချင်းစာအုပ် ဒီဇိုင်း အားပေးပို့ ပေးပါမည်။ သက်ဆိုင်ရာအလှုရှင် အဖွဲ့အစည်းများမှ CD အလွတ်ဝယ်ခြင်း.sticker & cover print ထုတ်ခြင်း။ ကွန်ပြူတာဖြင့် CD ကူးယူခြင်း ။ ဖြန့် ဝေခြင်းတို့ ကို မိမိဖာသာ ပြုလုပ် အလှူကူညီ ပေးကြရန်ဖြစ်ပါသည်။ )
(3) ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့  အထိမ်းအမှတ်ပွဲ (2010) တွင် အခမဲ့သာ ဝေဌပေးရန်ဖြစ်ပါသည်။ (ရံပုံငွေ အဖြစ်သော်မျှ ရောင်းချခွင့်မရှိပါ)
(4) ဤ သီချင်းအခွေသည် မြန်မာ့သမိုင်းတလျှောက် ပရဟိတအနူပညာအလှူ ၏ ပထမဆုံး ခြေလှမ်း ဖြစ်ပါသည်။
နောက်နောင်လည်း ဆက်လက် ထွက်ရှိနိုင်ရန် စီစဉ်သွားမည်ဖြစ်သောကြောင့် သင်၏ အနူပညာကို မြန်မာ့သမိုင်းတွင် ချန် ထားခဲ့လိုပါက
မီးခဲပြာဖုံး အနုပညာရှင်များ လာရောက် ဆက်သွယ်နိုင်ပါသည်။.
သီချင်းရေးတတ်သူ။ သီဆိုနိုင်သူ။ တီးခတ်နိုင်သူ။ အသံသွင်းရန်ရံပုံငွေ ထောက်ပံ့လိုသူ အတီးအဆို ကျွမ်းကျင်ပညာရှင်များ။ ကဗျာဆရာအနူပညာရှင်များ။ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါ လိပ်စာသို့ ဆက်သွယ်ပေးရန်ဖြစ်ပါသည်။

singingdoves@gmail.com
thadarmay@gmail.com
minmawsoe1975@gmail.com

သီချင်းခွေနှင့် ပတ်သက်သော အချက်အလက်များ.

အခွေ ၏ အမည်။ " နေ့ သစ်ကိုကြိုဆိုပါစို့ "

ပါဝင်သောသီချင်းများ။

၁၊ သွေး-ကိုဖြိုး(ဗမာပြည်)
၂၊ လှောင်ချိုင့်ထဲက လူ- ထက်အောင်ရှိင်း+A.K.T
၃၊ နေ့ သစ်ကိုကြိုဆိုကြပါစို့ - မ
၎၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အတွက် သီချင်း-ထက်အောင်ရှိင်း (DVB )
၅၊ အမေ (သို့ ) အနှိုင်းမဲ့မေတ္တာရှင် ထက်အောင်ရှိင်း+ရေခဲ (DVB )
၆၊ အမျိုးမြတ်တို့ အောင်ပွဲ-ထက်အောင်ရှိင်း
၇၊ သိုးရေခြုံသော ဝံပုလွေ-ထက်အောင်ရှိင်း
၈၊ ရှိုင်း-၂-ထက်အောင်ရှိင်း
၉၊ မိုးယံထက်က ခွပ်ဒေါင်းများ-ထက်အောင်ရှိင်း
၁၀၊ ဘာလုပ်ကြမှာလဲ-ထက်အောင်ရှိင်း+ရေခဲ
၁၁၊ တွယ်ရာမဲ့-ကျော်ထက်မင်း
၁၂၊ တသက်တာ ဝန်ထမ်း -ထက်အောင်ရှိင်း
၁၃၊ ဒုက္ခနဲ့ ဘဝများ ( The poor )- မင်းမော်စိုး+AL
၁၄၊ ကိုမင်းကိုနိုင် မွေးနေ့ သီချင်း- ထက်အောင်ရှိုင်း (DVB )
၁၅၊ ARMY အားလား ကျားလား -ရေခဲ (DVB )
၁၆၊ လူကိုလူချင်းစားသုံးကြသူများ

သံစဉ်စာသား-ထက်အောင်ရှိုင်း၊မင်းမော်စိုး၊ကိုဖြိုး(ဗမာပြည်)

ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ပေးဆပ်ခဲ့သော ပေးဆပ်နေဆဲ ဖြစ်သော ဦးတည်ချက်ကို တည့်မတ်စွာလျှောက် လှမ်းနေ ကြသော အာဇာနည် သူရဲကောင်းတို့အား လေးစား ဂုဏ်ပြုသောအားဖြင့် ကျနော် ထက်အောင်ရှိုင်း နှင့် မောင်နှမများမှ ဤသီချင်းခွေအား မေတ္တာဖြင့်အခမဲ့ဖြန့် ဝေပါသည်။ တေးသီချင်းများ ဖြစ်မြောက်အောင် တီးခတ်ပေးကြသော ညီအ ကိုများ အားလုံးကို ကျေးဇူးတင်ရှိပါသည်။

ကာဗာဒီဇိုင်း ဆွဲသူ မှာ Draphic desinger ကိုမျိုး (Ko Myoe) ဖြစ်ပါသည်။ အနုပညာဝေမျှသူ ကိုမျိုးအားကျေးဇူးပါ။

သီချင်းခွေဝေမျှ လိုသော အသင်းအဖွဲ့ များသည်
(၁) မိမိ ၏ အဖွဲ့အစည်းအနေဖြင့် မည်မျှ CD အရေအတွက် ဖြန့် ဝေသွားမည်ကို အသိပေးပါရန်
အရေအတွက် အား ကမ်းကြည့်ဌက် မီဒီယာအဖွဲ့ မှ မှတ်တမ်းတင်ထားရန်ဖြစ်ပါသည်။

မကြာခင်ဖြန့် ချိမည်ဖြစ်ပါသဖြင့် အမြန် ဆက်သွယ်ပါ။
singingdoves@gmail.com
thadarmay@gmail.com
minmawsoe1975@gmail.com

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်