လွတ်မြောက်မှုအတွက် ပေးဆပ်သူများ …
ကြည်ဝေ | သြဂုတ် ၇၊ ၂၀၀၈
ဖေဖေအိမ်မှာရှိသော ညများတွင် အိမ်ရှေ့တံခါးမကြီးဆီမှ တဒေါက်ဒေါက် တံခါးခေါက်သံ ကြားရသည့်အခါတိုင်း ဖေဖေ့ကို လာခေါ်ပြန်ပြီလားဆိုသည့် စိတ်ဖြင့် ထိတ်ခနဲဖြစ်သွားရသော ပူပင်ကြောင့်ကျမှုမျိုးနှင့် နေထိုင်ခဲ့ရသည်မှာ မမင်းမင်းထက် တို့လို မိသားစုတွေအတွက်ကတော့ ယခုဆိုလျှင် နှစ် ၂၀ ပြည့်ပြီဖြစ်သည်။
သူမတို့မိသားစု၏ ဘ၀ကို စတင်ပြောင်းလဲစေခဲ့သော ၁၉၈၈ ခုနှစ်တုန်းက သူမသည် အသက် ၈ နှစ် အရွယ်မျှသာ ရှိသေး သည်။ သို့ပေမယ့် အဖြစ်အပျက်တချို့ကိုတော့ သူမ ကောင်းကောင်းမှတ်မိနေခဲ့သည်။
ထိုစဉ်က ဖေဖေသည် ညတိုင်းလိုလိုပင် ရေဒီယိုနားထောင်တတ်တာ သူမ မှတ်မိသည်။ ပြီးတော့ တရက်တွင် သူမ၏ ဖေဖေ သည် နဖူးပေါ်တွင် အနီရောင် အစတစကို စီးထားပြီး အိမ်ပြန်လာသောအခါ သူမကို ပွေ့ချီရင်း သူ့လက်မောင်းတွင် စည်းထားသော အနီရောင်အစလေးကို ဖြုတ်ကာ သူမ၏ လက်မောင်းရင်းတွင် စည်းပေးခဲ့တာ အမှတ်ရသည်။
ဖေဖေပေးသော အနီရောင်အစလေးကို သူမလက်မောင်းမှာ အမြဲတမ်းစည်းထားခဲ့ပြီး သူငယ်ချင်းတွေနှင့်အတူ “ဒို့အရေး” လုပ်တမ်းကစားခဲ့ကြတာ အမှတ်ရသည်။
ပြီးတော့ သေနတ်သံတွေကြားသည့်နေ့က ကစားနေသော သူမကို မေမေက အိမ်ထဲဆွဲခေါ်ခဲ့ပြီး ခုတင်အောက်တွင် ၀ပ်ခိုင်း နေခဲ့တာ၊ ခုတင်အောက်မှာ အကြာကြီးနေရသောကြောင့် ညောင်းလာသည့်အတွက် လှဲအိပ်ရာမှ သူမ အိပ်ပျော်သွားခဲ့တာ လည်း မှတ်မိခဲ့သေးသည်။
နောက်တော့ အရေးအခင်းဖြစ်နေစဉ်တွင်းမှာပင် ရက်ကြာလာသည်နှင့်အမျှ သူမတို့အိမ်မှာ စားစရာ ဆန်မရှိ တော့သလို၊ အိမ်နားက အိမ်တွေမှာလည်း စားစရာ ဆန်မရှိတော့သောကြောင့် အဒေါ်ရဲ့ ပဲစက်ထဲက ကုလားပဲ တွေကိုယူပြီး ပြုတ်စား ကြရတာ၊ နောက်တော့ ဖေဖေ့ကို လာခေါ်သွားကြပြီး ရက်တော်တော်ကြာ မတွေ့ရတော့ တာ တွေကို မှတ်မိနေခဲ့သည်။
သူများတွေပြောစကားအရ ဖေဖေက ဒို့အရေးလုပ်သောကြောင့် အဖမ်းခံရသည်ဟု သူမ ကြားလိုက်ရသည့် အတွက် ဖေဖေ့ကို တွေ့ချင်သည့်စိတ်နှင့် ဖေဖေ့လို အဖမ်းခံရအောင် ဒို့အရေးလုပ်မည်ဟု စဉ်းစားကာ သူမသည် ဖေဖေပေးခဲ့သော အနီရောင်အစလေးကို နဖူးပေါ်မှာစည်း၊ အိမ်ရှေ့က လမ်းမပေါ်မှာ ဒို့အရေးအော်တော့ ၄ နှစ် အရွယ် ညီမလေးကလည်း သူလည်း ဖေဖေ့ကို တွေ့ချင်သည့်အတွက် အဖမ်းခံမည်ဟုဆိုကာ သူမနောက် လိုက် ပြီး ဒို့အရေး အော်ခဲ့တာ၊ သူမတို့ ညီအမနှစ်ယောက် ဒို့အရေးအော်နေသည်ကို မြင်တွေ့သွားသော အဒေါ် က မျက်လုံးပြူးမျက်ဆံပြူးဖြင့် ပြေးလာပြီး နှစ်ယောက်စလုံးကို ချိုင်းမှ လက်တဘက်ဆီဆွဲကာ အိမ်ထဲ ဆွဲသွင်း ခဲ့ တာလည်း သူမ မမေ့ခဲ့ပါ။
"အဲဒီတုန်းက အဒေါ်က ကျမတို့ကိုပြောတယ်၊ ဒို့အရေးအော်ရင် သေနတ်နဲ့ပစ်သတ်ခံရလိမ့်မယ်၊ မအော်ရဘူးတဲ့၊ အဲဒီလို ပြောပြီး ဖေဖေပေးခဲ့တဲ့ အစ အနီလေးကို သိမ်းသွားတယ်" ဟု ၁၉၈၈ လူထုဆန္ဒ ပြပွဲတွင် ပါဝင်ခဲ့သော နိုင်ငံရေးသမား တဦး၏ သမီးဖြစ်သူ မမင်းမင်းထက် ကပြောပြခဲ့သည်။
ထိုစဉ်က ဆန္ဒပြကြသော ကျောင်းသားများကို စစ်သားများက ပစ်ခတ်မှုကြောင့် စုစုပေါင်း လူ သုံးထောင် ထက် မနည်း သေဆုံးခဲ့သည်ဟု အဒေါ်ဖြစ်သူ ထံမှ ကြားသိခဲ့ရကြောင်း မမင်းမင်းထက်က ပြောဆိုသည်။
"ဒေါ်လေးပြောစကားအရ ဆိုရင် အင်းလျားကန်ကရေဆိုတာ သွေးရောင်ကို လွှမ်းနေတာပဲ၊ တံတားဖြူနားမှာ ကျောင်းသား တွေကို စစ်သားတွေက သံတုတ်တွေနဲ့ ရိုက်တဲ့ တခွပ်ခွပ်ဆိုတဲ့ အသံတွေကို တံတားဖြူနားက အိမ်တိုင်းလိုလို ကြားရတယ်" ဟု သူမက သူမဒေါ်လေးထံမှ ကြားရသည်ကို ပြန်ပြောပြခဲ့သည်။
ထိုစဉ်က သူမ၏ ဒေါ်လေးမှာ အာစီထဲတွင် ကျောင်းတက်နေခဲ့သူဖြစ်ပြီး စစ်သားများက ကျောင်းသားများကို လိုက်လံ ဖမ်းဆီးသည့်အခါ တံတားဖြူထိပ်မှ အိမ်တအိမ်ထဲသို့ ၀င်ရောက် ပုန်းခိုနေခဲ့ရခြင်းဖြစ်ကြောင်း သိခဲ့ရ သည်။
မမင်းမင်းထက်၏ ဖခင် ဦးရဲထက်သည် ၈ လေးလုံး အရေးတော်ပုံအတွင်း မြို့နယ်တခု၏ သပိတ်ကော်မတီတွင် ပါဝင်ခဲ့ သောကြောင့် စစ်အစိုးရက ၁၉၈၈ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ဖမ်းဆီးပြီး ၅၀၅(ခ)ဖြင့် တရားစွဲကာ ပြစ်ဒဏ် ချမှတ် ခံခဲ့ရခြင်းဖြစ်သည်။
၈၈ နောက်ပိုင်း ပြစ်ဒဏ်ချမှတ်ခြင်းခံရသော နိုင်ငံရေးသမားများ၊ ဒေသဆိုင်ရာ မြို့နယ်များအလိုက် ဖြစ်ပေါ်လာသော လူထုခေါင်းဆောင်များသည် နိုင်ငံရေးပါတီများသို့ဝင်ရောက်ခဲ့ကြသည်။ ဦးရဲထက်သည်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီသို့ ၀င်ရောက်ခဲ့ပြီး စည်းရုံးရေးမှူးတယောက်ဖြစ်လာခဲ့သည်။
ထိုအချိန်ကစပြီး စစ်ထောက်လှမ်းရေးများက အင်အားအများဆုံးပါတီတခုဖြစ်လာသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ နိုင်ငံရေးသမားများကို မကြာခဏ ဖမ်းဆီးလိုက်၊ ပြန်လွှတ်ပေးလိုက်၊ ပြန်လွှတ်ပေးပြီး မကြာခင် ပြန် ဖမ်းဆီးလိုက်နှင့် အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားခြင်းတို့ကို ကြိမ်ဖန်များစွာ ပြုလုပ်လာ သည်မှာ ၁၉၈၈ခုနှစ်မှ ယနေ့ထိတိုင် ဖြစ်ကြောင်း သိရှိရသည်။
"ဥပဒေအရ ဆိုရင် လူတယောက်ကို ၂၈ ရက်ထက်ပိုပြီး ဖမ်းဆီးထိန်းသိမ်းထားလို့မရဘူး၊ ဒါပေမယ့် အာဏာရှင် စစ်အစိုးရ ကတော့ ၁၉၈၈ ကနေ ၁၉၉၀ ထိ ၂ နှစ်ကျော်ကြာအောင် ထောင်ချတယ်၊ နောက် ၁၉၉၂ မှာ လပိုင်း လောက်အချုပ်ခံရတာ ၊ ၁၉၉၅ မှာလည်း ၃ လလောက် အဖမ်းခံထားရတယ်၊ နောက် ၁၉၉၈ ကနေ ၂၀၀၆ ထိ ၂နှစ်နဲ့ ၈ လ ကြာအောင် အဖမ်းခံခဲ့ ရတယ်၊ ဒါဘာအကြောင်းပြချက်မှ မရှိဘဲနဲ့ ဖမ်းထားတာ" ဟု ဦးရဲထက်က ပြောဆိုသည်။
ဦးရဲထက် အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ကိုယ်စား လှယ်များ နှင့် ပါတီစည်းရုံးရေးမှုးများကို စစ်ထောက်လှမ်းရေးများက မည်သို့သော အကြောင်းပြချက်မှ မပေးဘဲ ၄င်းတို့ နေအိမ်မှ မကြာခဏဆိုသလိုပင် ဖမ်းဆီးသွားလေ့ရှိပြီး ရဲမွန်တပ်နယ်တွင် လည်းကောင်း၊ သံလျင်ခြေမြန် တပ်ရင်းတွင် လည်းကောင်း ချုပ်နှောင်ထားခဲ့ကြောင်း သိရှိရသည်။
မမင်းမင်းထက်တို့လို မိသားစုဝင်များအနေနှင့် ဖခင်အိမ်ပြန်ရောက်လာပြီဆိုသော်လည်း ဘယ်နေ့ပြန်လာခေါ်ဦးမလဲ ဆိုတာ ကိုပင် အမြဲပူပန်နေရကာ စစ်ထောက်လှမ်းရေးများ လာခေါ်ပါက အဆင်သင့်ထည့်ပေးလိုက်နိုင်ရန် အတွက် ကော်ဖီမစ် ထုတ်များ၊ သောက်နေကြဆေးများ၊ ခေါက်ဆွဲခြောက်ထုတ်များစသည်တို့နှင့် အသုံးအဆောင် ပစ္စည်းတချို့ကို အိတ်တလုံး ထဲတွင် စုထည့်ပြီး အမြဲအဆင်သင့်ဆောင်ထားခဲ့ရကြောင်း ၄င်းမိသားစုဝင်များ၏ ပြောပြချက်များအရ သိရှိရသည်။
"သူတို့က လူခြေတိတ်တဲ့ ည ၁၁ နာရီ ၁၂ နာရီလောက်ဆိုရင် အိမ်ရှေ့မှာ တံခါးလာခေါက်ပြီ၊ သူတို့ တံခါး ခေါက်သံက သူများတွေရဲ့ တံခါးခေါက်သံနဲ့ မတူတော့ ကြားရင် သူတို့ပဲ ဆိုတာ သိတယ်၊ ဒါဆို အမေက ဖေဖေ့ အတွက် ပြင်ဆင်ထား တဲ့ အိတ်ကလေးကို ဆွဲထုတ်လာတော့တာပဲ" ဟု မမင်းမင်းထက်က ဆိုသည်။
ထို့ပြင် စစ်အစိုးရသည် နိုင်ငံရေးလှုပ်ရှားသူများအား ရှေ့နေဆိုလျှင် ရှေ့နေလိုင်စင်သိမ်းခြင်း၊ ဆရာဝန်ဆိုလျှင်လည်း ဆေးကုသခွင့်ရုတ်သိမ်းခြင်းတို့ ပြုလုပ်ခဲ့ကြသလို၊ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူများကိုလည်း အဆိုပါ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိစေရန်အတွက် အကိုင်းချိုင်ခြင်း မူဝါဒကို သုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အကိုင်ချိုင်ခြင်းမူဝါဒ ဟူသည်မှာ အပင်တပင်လုံး၏ အကိုင်းအခက်များကို ဖြတ်တောက်ပစ်ပြီးနောက်ဆုံး အပင် ကိုယ်ထည် ချည်းပဲ ထားခဲ့သော မူဝါဒ ဖြစ်ကြောင်း သိရသည်။
၈၈ မတိုင်မီ ပုံနှိပ်တိုက်လုပ်ငန်း ဆောင်ရွက်ခဲ့သူ နိုင်ငံရေးသမားတဦးအား ၁၉၉၀ ခုနှစ်တွင် အဆိုပါ လုပ်ငန်း လိုင်စင် သက်တမ်းတိုးသည်ကို သက်တမ်းတိုးခွင့်မပြုတော့သောကြောင့် အဆိုပါ ပုံနှိပ်တိုက်ပိတ်ပစ်ရခြင်း၊ စားသောက်ဆိုင် ဖွင့်ထားသော နိုင်ငံရေးသမားတဦး၏ ဆိုင်ကိုလည်း ဆိုင်မှာ ကျန်းမာရေးနှင့်မညီညွှတ်ဟု ဆိုကာ ဆိုင်ပိတ်ပစ်ခြင်း တို့ကို ပြုလုပ်ခဲ့ပြီး နိုင်ငံရေးသမားများ ရပ်တည်ရေးခက်ခဲစေရန် နည်းလမ်းမျိုးစုံနှင့် ပြုလုပ်ခဲ့ကြကြောင်း အဆိုပါ နိုင်ငံရေး သမားများက ပြောဆိုကြသည်။
"ကျနော် အဖမ်းခံရပြီးကတည်းက မိန်းမက မိသားစု စားဝတ်နေရေးအတွက် ရှိတာလေးတွေ ထုခွဲပြီး ကွန်ပျူတာလေး ၁ လုံး ၀ယ်ပြီးစာစီစာရိုက်လုပ်ငန်းလေး လုပ်ဖို့ ကြိုးစားတယ်၊ စည်ပင်သာယာဥပဒေအတိုင်း လိုအပ်တာတွေ အကုန်လုပ် တယ်။ ဒါပေမယ့် စာပေစိစစ်ရေးနဲ့ ပုံနှိပ်ဥပဒေအရ ကွန်ပျူတာကို လိုင်စင်လုပ်ရမယ်ဆိုလို့ လိုင်စင် သွားလုပ်တော့ နေ့ရွှေ့ ညရွှေ့နဲ့ လိုင်စင် ထုတ်မပေးဘူးနောက်တော့ ကွန်ပျူတာကို ပြန်ရောင်းလိုက်ရ တော့တာပဲ"ဟု ရန်ကုန်တိုင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တဦးက ၄င်း၏ အဖြစ်အပျက်ကို ပြောပြသည်။
ထိုနည်းအတိုင်းပင် မိသားစု စားဝတ်နေရေးအတွက် လက်ဖက်ရည်ဆိုင်လေးတဆိုင်ဖွင့်ပြီး စီးပွားရှာနေသော မမင်းမင်း ထက်တို့၏ မိခင်ကိုလည်း လက်ဖက်ရည်ဆိုင်အတွင်း နှစ်လုံးထီ ရောင်းချသူများကို ရောင်းချခွင့်ပြု သည်ဟုဆိုကာ ဆိုင်ပိတ် ပစ်လိုက်ကြောင်း မမင်းမင်းထက်၏ ပြောပြချက်အရ သိရသည်။
ထို့အတူပင် နိုင်ငံရေးမိသားစုတစုက မိသားစုစီးပွားရေးလုပ်ငန်းတခုအနေနှင့် ဗီဒီယိုအခွေငှားဆိုင် ဖွင့်ခဲ့ရာ၊ နိုင်ငံခြားဇာတ် ကားများ ဆိုင်တွင် ထားရှိသည်ဟူသော ပြစ်မှုနှင့် ဆိုင်ကို ပိတ်ပြီး၊ ပြစ်ဒဏ်ချခဲ့ကြောင်း၊ မြန်မာ နိုင်ငံတ၀န်းရှိ ဗီဒီယို အခွေငှားဆိုင်များသည် နိုင်ငံခြားဇာတ်ကားပါ ဗီဒီယိုခွေများ၊ ဗီစီဒီများ၊ ဒီဗီဒီများကို နားလည် မှုဖြင့် ငှားရမ်းနေကြသော် လည်း နိုင်ငံရေးနှင့်ပတ်သက်သော မိသားစုဝင်များကတော့ အများသူငါ တွေလို စီးပွား ရေး ကို လုပ်ပိုင်ခွင့်မရခဲ့ကြောင်း သိရှိရသည်။
"၈၈ နောက်ပိုင်းကတည်းက သူတို့က ခဏခဏလာဖမ်းတော့ စီးပွားရေးလည်းမလုပ်နိုင်တော့ဘူး၊ အိမ်ကို ပိုက်ဆံမပေးနိုင် တော့ဘူး၊ မိသားစု စားဝတ်နေရေးအတွက် ဘာမှကို လုပ်မပေးနိုင်တော့ဘူး၊ ပြီးတော့ သားတွေ သမီးတွေကိုလည်း မစောင့် ရှောက်မသွန်သင်နိုင်တော့ဘူး၊ အဲဒီအတွက် မိသားစုထဲမှာ ထိခိုက်နစ်နာမှုတွေ ရှိခဲ့ တယ်၊ ဥပမာ တခုပြောရမယ်ဆိုရင် သမီးကြီး အိမ်ထောင်ကျသင့်တဲ့ အချိန်ထက် စောပြီးအိမ်ထောင်ကျသွား တယ်၊ သားတွေ ဆယ်တန်းမအောင်ဘူး၊ အဲဒီလို မိသားစု ဘ၀ ကိုပေးခဲ့ရတယ်" ဟု စစ်ကိုင်းတိုင်းမှ ကိုယ်စား လှယ်အဖြစ် ရွေးချယ်ခံခဲ့ရသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောပြခဲ့သည်။
စစ်အစိုးရသည် နိုင်ငံရေးသမားမိသားစုဝင်များ၏ စားဝတ်နေရေးအခက်အခဲရှိစေရန် ၄င်းတို့၏စီးပွားရေး လုပ်ငန်း များကို အကြောင်းအမျိုးမျိုးနှင့် နှောင့်ယှက်ဖျက်ဆီးခြင်း၊ မိသားစုဝင်များကို ဖိနှိပ်ခြင်းများ ပြုလုပ် လျက်ရှိသော ကြောင့် တချို့ နိုင်ငံရေးသမားများမှာ အခြေအနေအရ နိုင်ငံရေးလောကကို ကျောခိုင်းသွားရခြင်း များရှိလာသည် ကို တွေ့မြင်ရသည်။
"၁၉၉၈ ခုနှစ်မှာ ပြန်လွတ်လာတော့ အိမ်ရဲ့ စီးပွားရေးအခြေအနေ တော်တော့ကို ဆိုးနေတာတွေ့ရတယ်၊ အမေ့ အိမ်ကို ပေါင်ထားရတဲ့အပြင် သားကြီးကိုလည်း ကျောင်းဆက်မထားနိုင်လို့ အဝေးသင်ပြောင်းခိုင်းပြီး မိသားစု စား ၀တ်နေရေး အတွက် အလုပ်ဝင်ခိုင်းထားရတယ်၊ ကျနော် တော်တော်ကိုစိတ်မကောင်းဖြစ်သွားမိတယ်၊ ဒါပေမယ့် မိသားစုက ကျနော့်ကို ပါတီထဲကနေ ထွက်ပေးပါလို့ မတောင်းဆိုပါဘူး" ဟု မန္တလေးတိုင်းမှ နိုင်ငံရေးသမားတဦး က ၄င်းတို့မိသားစု အခြေအနေ ကို ပြောပြသည်။
မမင်းမင်းထက်တို့ သည်လည်း ဖခင် ဦးရဲထက် မကြာခဏဖမ်းဆီးခံနေရသောကြောင့် အိမ်၏ စီးပွားရေးကို မိခင် ဖြစ်သူက ခက်ခဲပင်ပန်းစွာ ဦးဆောင်ခဲ့ရပြီး ဆင်းရဲကြပ်တည်းစွာ ကျောင်းတက်ခဲ့ရကြောင်း၊ ကျောင်းတက် စဉ် ကာလများတွင် မမင်းမင်းထက်တို့ညီအစ်မ၂ ယောက်ကို အိမ်မှ ကျောင်းမုန့်ဖိုးမပေးနိုင်ခဲ့သလို တခါတရံ ဘတ်စ် ကားခပင် မရှိသောကြောင့် ကျောင်းပျက်ခဲ့ရသည့်နေ့များရှိခဲ့ကြောင်း၊ မမင်းမင်းထက်မှာ အစ်မကြီးဖြစ်သော ကြောင့် အထက်တန်းအောင်ပြီးကတည်း က အဝေးသင်တက်ကာ ကလေးတွေကို ဂိုက်သဘောမျိုး အိမ်လိုက်ပြီး စာသင်ပေးသည့်အလုပ်ကို လုပ်၍ မိသားစုစားဝတ် နေရေးကို ဖြည့်ဆည်းခဲ့ရကြောင်းပြောပြသည်။
နိုင်ငံရေးသမားမိသားစုဝင်များအနေနှင့် ယနေ့ထိအောင်ပင် ဖိနှိပ်ခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးသမားတဦး၏ သားဖြစ်သူ ကိုအောင်နိုင်ကလည်း ပြောဆိုသည်။
"ကျနော်တို့တွေကို စစ်အစိုးရက သူများတွေနဲ့ တန်းတူအခွင့်အရေးဘယ်တော့မှ မပေးခဲ့ဘူး၊ သူများတွေ လုပ်လို့ ရတဲ့ အလုပ်တွေကို ကျနော်တို့လုပ်လို့မရဘူး၊ ပတ်ဝန်းကျင်မှာလည်း သူ့အဖေဟာ နိုင်ငံရေးသမားတယောက် ဆိုတဲ့ အမြင်ကို အတိုင်းအတာတခုထိ လွှမ်းမိုးအောင် လုပ်ထားတယ်" ဟု သူက ဆိုသည်။
သူသည် ၂၀၀၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပံ္ပဘွဲ့ကို ရရှိခဲ့ပြီး မဟာသိပ္ပံဘွဲ့ကို ဆက်တက်ခဲ့သော်လည်း သူဖြစ်ချင် သော တက္ကသိုလ် ဆရာတယောက်ဖြစ် မလာခဲ့ဟုသိရသည်။
မဟာတန်းတက်နေသူများနှင့် မဟာဘွဲ့ရများ မည်သူမဆို လျှောက်ထားပါက ၉၉ ရာနှုန်း သေချာလေ့ရှိသော တက္ကသိုလ် ဆရာ၊ ဆရာမ အလုပ်မှာ သူကတော့ ရှားရှားပါးပါး ၁ ရာနှုန်းထဲတွင် ပါဝင်ခဲ့သူဖြစ်ကြောင်း ပြောပြ သည်။
၁၉၈၈ ခုနှစ် မတ်လတွင်မွေးဖွားခဲ့သော နိုင်ငံရေးသမားတဦး၏ သမီးမှာ သူမအနေနှင့် ဖခင်ဖြစ်သူနှင့် အတူတူ နေရသည် မှာ ရက် ၃၀ ပင် မပြည့်ခဲ့ကြောင်း ပြောပြသည်။
ဖခင်ဖြစ်သူမှာ ၁၉၈၈ ခုနှစ်မှ ၁၉၉၂ ခုနှစ်ထိ တကြိမ်၊ ၁၉၉၂ ခုနှစ်မှ ပြန်အဖမ်းခံလိုက်ရသည်မှာ ၂၀၀၄ ခုနှစ်တွင် အင်းစိန် ထောင်မှ ပြန်လွတ်လာခဲ့ပြီး အိမ်သို့ ပြန်ရောက်ပြီးမကြာခင်မှာပင် ကွယ်လွန်သွားခဲ့သည်ဟု သိရှိရသည်။
“အဖေက အိမ်မှာထက် ထောင်မှာက များတော့ အဖေ့မျက်နှာကို သေချာတောင် မမှတ်မိဘူး၊ သေသွားတဲ့နေ့မှ အ၀ ကြည့်လိုက်ရတယ်”ဟု သူမက ပြောပြခဲ့သည်။ ။ [Top]
(အမည်ရင်းများကို လုံခြုံရေးအရ လွှဲ၍ဖော်ပြထားပါသည်) http://www.irrawaddy.org/bur/8888.html မှ
Thursday, August 7, 2008
လေးစားပါသည် အာဇာနည်များ။
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
August
(273)
- ဘန်ကောက် မှ နအဖ သံရုံး ပွဲစားများအကြောင်း အပိုင်း (၁)
- ဒေါ်အောင်ဆန်းစုကြည် ရဲ့ တိုက်ပွဲခေါ်သံ
- မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၃)လ ပြည့် ၀မ်းနည...
- ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ တောင်းဆိုချက် (၂) ချက်
- 1988 September- Burmese News Papers
- ကျူပ်တို့ ရပ်ကွက်ထဲမှာ..ဒီလိုဘဲရှိတယ်။
- “ညီညွတ်ရေးကို ဘယ်လို တည်ဆောက်မလဲ”
- ဗုဒ္ဓဘာသာ၏ အစဉ်အလာ..ရိုးရာဓလေ့ တစ်ရပ်
- Burma - 2004 "A Place To Call Home"
- အသုဘကို စိန်စီသောည..(သို့ ) သွေးစွန်းလက်နှင့်  အုပ...
- သင့်၏ ကြောက်ရွံ့ ခြင်းမှ...လွတ်မြောက်ရာ..ရဲ့ဝံ့မ...
- သူငယ်ချင်းသို့ ....အားပေးခြင်း
- 88 ကျောင်းသား( exile) ၏ ကျေညာချက်
- No title
- နအဖရဲ့...ကြောက်ချိန် ရောက်လာပြီ..
- နှိုးဆော်ချက်။။။
- NLD ၏ ကျေညာချက်
- တရားခွင်၌ အများပြည်သူ ကြားနာခွင့်ပြုရန် ၈၈ မျိုးဆက...
- ဖလားဝါးနယူးစ် ဂျာနယ်သတင်းထောက်ချုပ်ကို ရဲက ခြိမ်းေ...
- သာဓုပါ ဦးကျော်ဟိန်း..
- WANTED & UNWANTED
- သပိတ်မှောက်ကြစို့ 
- ဘာများလည်းဟဲ့ နအဖ
- မိုးပေါ်ပျံတဲ့ ကုန်ဈေးနှူန်း
- လက်မှတ်ကလေးတွေ ထိုးကြပါဦးဗျာ
- ဓါတ် ဆီ ဆိုင် က စ တဲ့ ပြ ဿ နာ များ ထပ် ဖြစ် လာ မှာ...
- ကြိုင်ကြိုင်ကော ဘယ်အဆင့်ချိတ်လဲ...ဟဲ့ 
- Annivesary Ceremony Day of Sittwe Saffron Revolution
- ဒေါ်စု ပြင်ပအစားအစာများ လက်မခံသည့် သတင်းအပေါ် အမေရိက...
- အာစီယံအတွင်းရေမှူးချုပ် ဒေါ်စုနဲ့ တွေ့ရန်တိုက်တွန်း
- ထိုင်းဝန်ကြီးချုပ်ကြီးကို ဆန္ဒပြမယ်လာကြ
- လူလိမ်ကြီးများသတိထား
- ထိုင်းဝန်ကြီးချုပ်သို့ အိပ်ဖွင့်ပေးစာ။
- ဇာတ်ထဲက..ကြိုးတန်းလန်း..အရုပ်ကလေးများ
- သွေးချွေး မျက်ရည် တော်လှန်ရေး
- ကချင်ကျောင်းသူတစ်ဦးအား နအဖစစ်တပ်မှမုဒိန်းကျင့်မူအ...
- စိတ်လေတယ်..တဲ့
- ဝဋ္ဋ်ဆိုတာများ လည်မှလည်..
- ထိုင်းအစိုးရ ဖြုတ်ချဘို့ ဘန်ကောက်မှာ သောင်းနှင့်ချ...
- ဗမာတနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂနေ့ (သြဂုတ်လ ...
- အခုကျတော့ သူတို့ ဘဲသိ..
- ရှိတာတွေ ပေါချောင်ကောင်း နဲ့ ချရောင်း..ဘော်ချက်ဦး...
- George Clooney and Brad Pitt က မြန်မာပြည်အတွက် ရံပ...
- ရေဒီယိုဘဲ နားထောင်နေရတယ်။ ဒီတခါတော့ မုန်တိုင်းလာ.....
- Myanmar cyclone survivors struggle with trauma
- နှိုးဆော်ချက်
- ကုလသံတမန်ကို မြန်မာ အတိုက်အခံများက ဝေဖန်ပြစ်တင်
- NCUB ၏ကျေညာချက် ( 8-27-2008)
- သတိ...........
- နအဖရဲ့ အထူးလှို့ ဝှက်ချက်
- တပါးကျွန်ဘဝမှ..လွတ်သော်လည်း.ကိုယ့်လူမျိုးအချင်းချင...
- လေးဖြူရဲ့..အသံအလှူပွဲ..သာဓုခေါ်ပေးကြပါလား။။
- ချင်းပြည်နယ် မှ..ငတ်မွတ်နေကြပြီ..တတ်နိုင်သမျှ ကူညီ...
- ဘယ်တော့မှ မသေဆုံးမဲ့ ၈၈၈၈ မျိုးဆက်များ၏ ဥဒေါင်းစိတ...
- မဲ့ ခွက်ခွက်နဲ့ ဂန်ဘာရီ..ပြန်သွားပါပြီ
- ကြောက်ချိန်မို့  လူဆိုးတွေဆီက လေးဂွဝယ်ရန် တိုင်ပင်...
- အာဇာနည်တွေ တောကြုံအုံကြား..ဒီလိုဘဲ အသေခံရမလားဗျာ။
- UN..တော့ နအဖ ရဲ့ road map အလိမ်အညာ ဝင်္ကဘာ လမ်းပိတ်ြ...
- ဘဲဥပုပ်စာမိ မဲ့ သူ့ မျက်နှာကြီး..ထွက်ပြပါဦးလား၊ ရ...
- Generation Wave ၏ အနီရောင်လှုပ်ရှားမှု
- Burma Rescue Fox News Interview
- ဒေါ်စု အစာငတ်ခံဆန္ဓပြနေသည်.
- ဒေါ်အောင်ဆန်းစုကြည်..ရဲဝံ့စွာ အာဇာနည်သို့  အသက်စွန်...
- သံဃာ ကို သတ်ဖို့  လုံထိန်းတွေစုနေပြီ
- Reign of Terror in Burma Requires Genuine U.N. Act...
- ဗိုလ်မှူးအောင်လင်းထွဋ္ဋ်မှ ထိုင်းဝန်ကြီချုပ် စမတ် ထံ...
- ဗိုလ်မှူးအောင်လင်းထွဋ္ဋ်မှ ထိုင်းဝန်ကြီးချုပ် စမတ် ထ...
- NLD{LA}HQ Statement and News Release(25.08.2008)
- NLD{LA}HQ Statement and News Release (25.08.2008)
- သိက္ခာရှိသူမို့  သိက္ခာချခံရတယ်..သိက္ခာမရှိသူကတော့ ကျ...
- နည်းသေးတယ်...နေရာတကာ..ပါချင်ဦးလေ..
- ကိုရွှေထိုင်း ဘဲ အပြောကောင်း...ယောက်ဖဘက်က မြင်းလောင...
- ကိုရွှေထိုင်း ဘဲ အပြောကောင်း...ယောက်ဖဘက်က မြင်းလောင...
- ဂျိမ်းစ်ဘွန်းမင်းသားက.ဧရာဝတီ တံငါများအား ငါးဖမ်းသေ...
- မတွေ့ ချင်ဘူး..ဆိတ်ဟိုဒင်းတွေနဲ့ 
- CHINA AND BURMA WON THE GOLD FOR HUMANRIGHT ABUSES
- ပြေးဖို့ ကြံနေတဲ့ပြန်ကြားရေးဝန်ကြီး ကျော်ဆန်း
- The Brief History Of National League for Democracy
- အာဆီယံပဋိဉာဉ်စာတမ်း
- The Forgotten People - Burma
- မွန်းအောင်ရဲ့ လေဆန်ဌက်၏ တေးဆိုပွဲ (perth, AU)
- သင်ရော တစ်နေ့ မဖြစ်ဖူးပြောနိုင်ပါသလား.
- မုန်တိုင်းကြောင့် သနားစရာ..ကိုယ်ခန္ဓာ ရောင်းချရသူ များ
- စစ်အစိုးရ ရဲ့ အလှူခံလားဟေ့ ၀င်မလာခဲ့နဲ့ .
- ဂျပန်က လေဘေးရံပုံငွေပွဲ ဖျော်ဖြေတင်ဆက်မယ့် သီးလေးသ...
- UN envoy extends Burma visit after Suu Kyi no-show
- Singapore warns Myanmar activists to stop protests
- MHA clarifies its stance on Myanmar work permit re...
- ဘုရားပွဲနဲ့ နိဗ္ဗါန်ဈေး
- ထိပ်တန်းအပြောင်းအလဲကြောင့် စရဖတပ်သားများ လက်နက်ရုပ...
- ကုလကိုယ်စားလှယ် ဂမ်ဘာရီ မြန်မာပြည်မှ ပြန်ပြီ
- Burmese Citizens Denied Renewal of Visas in Singapore
- UN envoy Gambari visits Burma
- ဗကသရဲ့ သံဃာတော်များသို့ လျှောက်ထားချက်
- လက်နက်မရှိတဲ့ပြည်သူကို..ကြောက်နေပုံလည်းကြည့်ကြဦး.
- ကုလကိုယ်စားလှယ်နှင့် အန်အယ်လ်ဒီ ထပ်မံတွေ့ဆုံရာတွင်...
- ဂန်ဘာရီ..၈၈ ကျောင်းသားတု နှင့် အစားထိုး အလိမ်ခံရ။
- နာဂစ်မုန်တိုင်း ကယ်ဆယ်မှူအခြေအနေ
- ရေနံ သဘာဝဓါတ်ငွေ့ အနူကြမ်းလုပွဲ
- ဂန်ဘာရီ အားထပ်မံအလိမ်ခံနေရခြင်း
-
▼
August
(273)
No comments:
Post a Comment