ရာဇဝတ်ဘေး ပြေးမလွတ်ပါခင်ဗျား...ဂန့် သွားရှာပါပြီ။ မကြာခင်..နောက်လူတွေလည်းလာမှာပါ..။ မင်းပြောင်းမင်းလွှဲအတွက် ငလျှင်တွေလှုပ်နေပါတယ်။
ထိုင်းဝန်ကြီးချုပ် တာဝန်မှ နုတ်ထွက်ရန် တရားရုံးက စီရင်ချက်ချ
ကိုစိုး | စက်တင်ဘာ ၉၊ ၂၀၀၈
မြန်မာစစ်အစိုးရ ပြုလုပ်မည့် ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ ကမ္ဘာ့ကုလသမဂ္ဂ ပါဝင်ခွင့်ရရှိရန် ကြိုးစားသွားမည် ဟု ပြောကြားခဲ့သော ထိုင်းဝန်ကြီးချုပ် မစ္စတာ စမတ်ခ် ဆွန်ထော်ရဝဲ့ကို ယနေ့ ထိုင်းနိုင်ငံ အခြေခံဥပဒေဆိုင်ရာ တရားရုံး က အခြေခံဥပဒေချိုးဖောက်မှုဖြင့် တရားစီရင်လိုက်ကြောင်း သိရသည်။
ထိုင်းဝန်ကြီးချုပ် မစ္စတာ စမတ်ခ် ဆွန်ထော်ရဝဲ့ (ဓာတ်ပုံ - AFP)
မစ္စတာ စမတ်ခ်အား ထိုင်းပုဂ္ဂလိက ရုပ်မြင်သံကြားဌာန ၂ ခု တွင် အခကြေးငွေယူ၍ အချက်အပြုတ် အစီအစဉ် တင်ဆက် သောကြောင့် ထိုင်းနိုင်ငံ အခြေခံဥပဒေပါ ပုဒ်မခွဲ ၂၆၇ ကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ၎င်းကို ယနေ့တွင် တရားရုံး က ၀န်ကြီးချုပ်တာဝန်မှ ရပ်ဆိုင်းသည့် စီရင်ချက်ချလိုက် ကြောင်း တရားသူကြီး ချတ် ချွန်လ၀မ်၏ ပြောကြားချက်ကို ကိုးကား၍ အေပီ သတင်းက ဖော်ပြသည်။
ထို့အပြင် မစ္စတာ စမတ်ခ်၏ ၀န်ကြီးအဖွဲ့သည်လည်း နုတ် ထွက်ရမည် ဖြစ်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံ၏ အခြေခံဥပဒေ၌ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ သည် နိုင်ငံတာဝန် ထမ်းဆောင်နေချိန်အတွင်း ပုဂ္ဂလိက လုပ်ငန်းများတွင် လုပ်ကိုင်ခြင်း မပြုရန် တားမြစ်ထားကြောင်း သိရသည်။
မစ္စတာ စမတ်ခ်က ၎င်းအနေနှင့် လာမည့် စက်တင်ဘာ၂၅ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ သွားရောက် မိန့်ခွန်းပြောကြားရန်ရှိသောကြောင့် ယနေ့ရုံးချိန်းကို ရွှေ့ဆိုင်း ပေးရန် တရားရုံးသို့ မေတ္တာရပ်ခံ ထားသည်ဟု ဆိုသည်။ ၎င်းသည် စက်တင်ဘာ ၂၁ ရက်တွင် ထိုင်းနိုင်ငံမှ စတင်ထွက်ခွာ မည်ဖြစ်ပြီး ၂၇ ရက် တွင်ပြန်ရောက်မည်ဟုလည်း သိရသည်။
မစ္စတာ စမတ်ခ် ၏ ယမန်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြောကြားခဲ့သော ၂၀၁၀ ခုနှစ်တွင် မြန်မာစစ်အစိုးရ ပြုလုပ် မည့် အထွေထွေ ရွေးကောက်ပွဲ၌ ကမ္ဘာ့ကုလသမဂ္ဂ ပါဝင်ခွင့်ရရှိရန် ကြိုးစားသွားမည်ဟူသော ပြောကြားချက်ကို ထိုင်းနိုင်ငံ ထုတ် ဘန်ကောက်ပို့စ် သတင်းစာက ယနေ့တွင် ဖော်ပြထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ အနေနှင့် ထိုင်းနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သော ကမ္ဘောဒီယား ၊ အရှေ့တီမော စသည့် နိုင်ငံများက ဒီမိုကရေစီပြန်လည်ထွန်းကားရေးအတွက် ပြုလုပ်သော ရွေးကောက်ပွဲများနှင့် ပတ်သက်ပြီးကူညီ စည်းရုံးဆောင်ရွက်ခဲ့ သည့် အတွေ့အကြုံရှိသည်ဟု မစ္စတာ စမတ်ခ်က ပြောကြားကြောင်းလည်း ယင်းသတင်းစာတွင် ပါရှိသည်။
သို့သော် ကမ္ဘာ့ကုလသမဂ္ဂက မည်သည့်နေရာမှ ပါဝင်မည်ဖြစ်ကြောင်း၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်းနှင့် ယခုကိစ္စအား မြန်မာ စစ်ဗိုလ်ချုပ်များကို မည်သည့် အချိန်တွင် ပြောဆိုမည်ဖြစ်ကြောင်းတို့ကို အသေးစိတ်ပြောကြားခြင်း မရှိဟုလည်း ဘန်ကောက်ပို့စ် က ရေးသားသည်။
မစ္စတာ စမတ်ခ်သည် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်း ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရဘဲ မြန်မာ နိုင်ငံမှ ပြန်လည်ထွက်ခွာလာသည့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂန်ဘာရီနှင့် တွေ့ဆုံစဉ် မြန်မာ့ဒီမိုကရေစီရေးအတွက် မြန်မာစစ်အစိုးရနှင့် တွေ့ဆုံညှိနှိုင်းရာတွင် ဒေါ်အောင်ဆန်းစုကြည် မပါရှိပါက ပိုမိုအလုပ်ဖြစ်နိုင်ကြောင်း၊ အနောက်နိုင်ငံများက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး အရ အသုံးချခံ ကိရိယာတခုကဲ့သို့ ပြုလုပ်နေကြောင်း ပြောဆိုခဲ့သေးသည်။
ထိုသို့ မစ္စတာ စမတ်ခ် ၏ ဝေဖန်ပြောဆိုမှုနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(အန်အယ်လ်ဒီ) ပြောခွင့်ရ ဦးဥာဏ်ဝင်းက“တိုင်းပြည် ခေါင်းဆောင် တဦးအနေနဲ့ တခြားသော တိုင်းပြည်ရဲ့ နိုင်ငံရေးနဲ့ ပတ် သက်ပြီး အခုလို ဝေဖန်ပြောဆိုမှုမျိုးကို မလုပ်သင့်ပါဘူး”ဟု ဧရာဝတီသို့ ပြောခဲ့ဖူးသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၀န်ကြီးချုပ် စမတ်ခ် အစိုးရအား မကျေနပ်၍ ဆန့်ကျင် ဆန္ဒပြမှုများ ပြုလုပ် လျက်ရှိပြီး စက်တင်ဘာ ၂ ရက်နေ့ နံနက်စောစောပိုင်းက ဖြစ်ပွားခဲ့သည့် လူ ၁ ဦး သေဆုံး၍ ၄၃ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိသည့် ရုန်းရင်းဆန်ခတ်မှု နောက်ပိုင်း ၀န်ကြီးချုပ် စမတ်ခ် က လူ ၅ ဦး ထက် ပိုမစုရ အမိန့် အပါအ၀င် အရေးပေါ်အခြေအနေ ကြေညာချက် ကို ထုတ်ပြန်ခဲ့သည်။
ထို ကြေညာချက်ထုတ်ပြန်ထားသော်လည်း ၀န်ကြီးချုပ် စမတ်ခ် အစိုးရ ပြုတ်ကျရေး အတွက် ဆက်လက် လုပ်ဆောင်သွား မည် ဖြစ်ကြောင်း PAD အဖွဲ့က ပြောကြားသည်ဟု ထိုင်းသတင်းဌာန (TNA) အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ယင်းလတ်တလောဖြစ်ပွားနေသော ထိုင်းနိုင်ငံရေး ပဋိပက္ခမှာ ၀န်ကြီးချုပ်ဟောင်း သက်ဆင်ကိုဆန့်ကျင်သည့် ပြည်သူ့ ဒီမိုကရေစီမဟာမိတ်အဖွဲ့ (People’s Alliance for Democracy-PAD) နှင့် သက်ဆင်ကိုလိုလားသည့် ၀န်ကြီးချုပ်စမတ်ခ်၏ ပြည်သူ့စွမ်းအားပါတီ (People’s Power Party – PPP) တို့အကြား ဖြစ်ပွားနေခြင်းဖြစ်ပြီး လွန်ခဲ့သည့် မေလကုန်ပိုင်းမှစတင် ဖြစ်ပွားလာရာ သြဂုတ်လအတွင်း၌ အရှိန်မြင့်လာခဲ့ကြောင်း သိရသည်။ [Top]
Rest of your post
Tuesday, September 9, 2008
စိတ်ပုပ်သူများ၏..လားရာ..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
September
(305)
- ထိုင်းနိုင်ငံရောက် မြန်မာ့ ဘဝများ
- ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် . နာဂိုယာ။ ဂျပန်
- သားချင်းတွေရဲ့ ယဉ်ကျေးမှူတွေ နအဖကြောင့် တိမ်ကောရတေ...
- ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၄)လ ပြည့်ပြီ
- ( ကု သိုလ် သ စ္စာ ) မည်သည်
- ကြောက်ချိန်..
- မျှော်လင့်ချက်မဲ့နေဆဲ မြန်မာပြည်။
- ဝါးကူထိုးနေကြသူများ။
- Undercover in Burma: investigating the Saffron Rev...
- ဂုဏ်ယူပါသည် ရခိုင် အာဇာနည်အများ။
- ပုံပြင်ဖတ်ကြည့်ပါ။
- သတိထားပါ သူခိုး site များ
- ( အ ကု သိုလ် သ စ္စာ ) ဆိုသည်မှာ
- 20th Anniversary of NLD ( ဖို့ ဝိန်း)
- AllDhamma friendsYou, Your family and friends are ...
- First Anniversary of Burma's saffron revolution- N...
- Burma Dissidents Mark one Year Anniversary (၂၇။၉။၂...
- သွေးစွန်းနေသောပတ္တမြားနှင့်..သွေးစွန်းလက်နဲ့ နအဖ
- ငတ်မွတိခြင်း ဆင်းရဲခြင်း..ခလေးစစ်သားများကြီးပြင်းေ...
- ရင်လေးစရာဘဲ..စစ်မျိုးကလွဲ..အားလုံးမျိုးတုန်းတော့မဲ...
- ရဲ သေအောင်လုပ်တာ..စွမ်းအားမြှင့်ပါတဲ့
- အင်တာနက်သုံးသူများသို့ သိမှတ်ဖွယ်
- NLD အဖွဲ့ ချုပ် အနှစ် ၂၀ ပြည့် ကြေညာစာတမ်း
- စိတ်တော့ ပျက်ပါနဲ့ဗျာ..UN လည်း လိပ်လိုတော့ လှုပ်စ...
- အခုထိ ဖမ်းဆဲ..ဖမ်းမြဲ ဖမ်းလတ္တံ ပါဘဲ..
- ဘုန်းဘုန်းတွေ ပြန်ထွက်လာကုန်ကြပြီ။
- ရဲမျိုးတွေ ကန်းကုန်တော့မယ်။
- စစ်အစိုးရကို တရားဝင်မှု ရုတ်သိမ်းရေး တောင်းဆိုချက် ...
- Felicitation letter to 20th Anniversary of NLD by FDB
- အမေ ဘာများဖြစ်ပါလိမ့် 
- လွမ်းလို့ တဲ့ဗျာ
- မှန်တာပြော..မှန်တာတောင်းဆိုလို့ကတော့ နအဖ က ဟင့်အင်...
- အံမာ..ဒီလို လက်ပိုက်ကြည့်နေရရိုးလား
- ဗုဒ္ဓသားတော်ဆိုတာ..ဘယ်ခါ ဒူးမထောက်၊ ရှန်းရှန်းတောက်...
- ကနေဒါ ဗမာများရဲံအလှူ..သာဓု ခေါ်ကြပါခင်ဗျာ..
- တရားဓမ္မ ပြမယ်။
- တားမြစ်ပိတ်ပင်နေသော နိုင်ငံများကို UN ၌ ဘုရှ်က ပြစ...
- U.S. Senate professional staff met with MRC re...
- ABFSU-FAC statement for NLD (20) years Anniversary
- Saffron Revolution ဆိုတာ ဘာလည်း..???
- တနှစ်ပြည့်တဲ့ ရွှေဝါရောင်တော်လှန်ရေး..
- 1st Anniversary to commemorate the Saffron Revolution
- ဆူးလေရဲ့ မနေ့ ညရှူခင်း..
- တိုင်းပြည်ကြီးဂျောက်ထဲ ကျနေသယောင်ယောင်.ဟန်ဆောင်ဖော...
- ဟန်ဆောင် ပန်ဆောင်..ထောင်ခါပြနေတဲ့နအဖ..နိုင်ငံရေး အ...
- ရန်ကုန်မြို့ တာမွေရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်
- လက်စသတ်တော့ ဒါကြောင့်ကိုး..
- ပင်လယ်ပြင်၌ သင်္ဘောမှောက်ခြင်း
- လူယုတ်မာ တို့ သွားရာလမ်း
- အော်.အပြင်ရောက်မှဘဲ..သူအသံလည်း ကြားရတော့တယ်..
- ကြည့်လုပ်ဥိးလေဗျာ အရပ်ကတို့ ..လူကောင်းတွေ မျိုးပြူ...
- တကတည်း အကျိုးနည်းတော်..ကျုပ်အသံဘဲ လူကြားတယ်..ရှက်က...
- ဗျို့  ဦးဝင်းထိန်...ဘယ်မလဲ..နတ်ဖွက်တာ မဟုတ်ပါဘူးထ...
- စု- လွှတ်- တွေ့ ဆုံ
- မြို့ လည်ခေါင်ကြီးမှာ..ဗျာ
- လှပသော ကရင်မြေ..ယမ်းနံ့ ဖုံးလွှမ်းရာ ဌာနေ။
- မိစ္ဆာကောင်တွေ မျိုးဖြုတ်ကြစို့ 
- Burma Launches Angry 'Cyber-War'
- နောက်တခါ လုပ်ဖို့  အဆင်သင့်ဘဲ
- ဆရာကြီးဦးဝင်းတင် လွတ်မြောက်လာခြင်း
- Life for a daughter of a political prisoner
- ထောင်ထဲမနေသော..ထောင်ကျနေသူများသို့ ခွန်းဆက်ခြင်း
- အနိုင်မခံ
- အသတ်ခံရတဲ့ ဂျပန်သတင်းထောက်ရဲ့ video လက်သိပ်ထိုး ရေ...
- လွတ်လာပေမဲ့..အလံမလှဲဘူးဟေ့..
- ရွှေဝါရောင်တော်လှန်ရေး၏ နှစ်ပတ်လည်
- တွေ့ ဆုံဆွေးနွေးမလား...မဆွေးနွေးဘူုးလား
- သတင်းစာဆရာကြီး ဦးဝင်းတင် လွတ်မြောက်ပြီ
- NLD ၏ ကျေညာချက် ၉။၂၂။၂၀၀၈
- မွန်ပြည်နယ်အတွင်း လုံခြုံရေးတင်းကြပ်
- သံဃာ့ အခွင့်အရေး တွေဆုံးရှုံးနေ
- ဆင်ဗုံးတွေ နဲ့ ခြောက်လှန့် နေပါတယ် ဗျို့ 
- လူတိုင်းသိစေမဲ့ ငွေစက္ကူ campaign.
- တိုးတက် တောင့်တင်း လာသော ၂၁ ရာစုက..နာဇီ ဗမာပြည်.
- အမှတ်တရ..မေ့ မရတဲ့ သွေးစွန်းပေနေ့ များ (သံဃာ ၏ ဂုဏ...
- သတိထား..ခွေးကိုက်မခံချင်ရင်
- one year anniversary of the Saffron Revolution
- Security tightened in Mon State
- နို့ မှုန့် အဆိပ်သင့်မှု
- ခလေး အမေ ကိုဖမ်းရသလား..
- Big Virus Coming Soon!
- ဘောလုံးသမား သူငယ်ချင်းများ
- မသေပါဘူး..တုန်းကျော်..မောင်မောင်..ပြည်သူ့ အချစ်တော...
- သီတင်းကျွတ်ပြီ..
- Generation wave မှ အာဇာနည်များ..
- ရည်းစားစာတွေ ခိုးဖတ်ချင် လို့ တဲ့ ဗျို့ 
- မင်းဘယ်ပြေးမလည်း..မရွှေဖဲ
- တူမယ် ဆိုလည်း..လုံအောင်ပုန်းဟေ့
- စပ်စုတာက လွန်တယ်..
- အိမ်သာထဲမှ.ရေနဲ့ .စက္ကူမရှိရင်..ကျွန်တော် သန့် စင်ေ...
- ခွပ်ဒေါင်းနီနီ..
- No title
- မန် နေ ဂျာ နဲ့  သူ တောင်း စား ။
- မျက်မြင်သက်သေများ ပြောပြတဲ့ ခရေစေ့ တွင်းကျ မြန်မာ
- ဆရာကြီးမင်းသုဝဏ် နှစ် ၁၀၀ ပြည့်
- မှန်လိုက်လေဗျာ..
- ရောင်းယင်းတို့ ရေ..ဘုန်းကြီးတောင်..ရေ မပေးရင်...ဆိ...
- မစုစုနွေး မိသားစုနှင့် တွေ့ဆုံခွင့်ရရန် ထောင်တွင်း...
- စစ်အစိုးရ..ဘာလုပ်နေသလဲ..
- သီတင်းကျွတ်ပွဲတော်..၂၀၀၈
-
▼
September
(305)
No comments:
Post a Comment