Friday, February 5, 2010

ဟုတ်ပါ့မလား..မောင်ကာလုရယ်

မြန်မာ့ရွေးကောက်ပွဲ စစ်မှန်မှု ဖိလစ်ပိုင် မေးခွန်းထုတ်06 February 2010

မြန်မာနိုင်ငံမှာ ဒီနှစ်အတွင်းကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေကို စက်တင်ဘာလလောက်မှာ ကျင်းပဖွယ်ရှိပေမယ့် ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ရွေးကောက်ခံခွင့်ရမှာ မဟုတ်ဘူးဆိုရင်တော့ လုပ်ဇာတ်ကြီးပဲဖြစ်လိမ့်မယ်လို့ ဖိလစ်ပိုင်နိုင်ငံ ခြားရေးဝန်ကြီး Alberto Romulo က ပြောလိုက်ပါတယ်။


အမေရိကန်ပြည်ထောင်စုကိုရောက်နေတဲ့ မစ္စတာရိုမူလိုက သောကြာနေ့မှာ အခုလို ပြောလိုက်တာဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကို စက် တင်ဘာလ ပတ်ဝန်းကျင်လောက်မှာ ကျင်းပမယ်လို့ မိမိယုံကြည်ကြောင်း၊ မိမိတို့ ကြားထားတာတွေ အရ ရွေးကောက်ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖွယ်ရှိတယ်လို့ ယုံကြည်ကြောင်း မစ္စတာရိုမူလိုက ပြောပါတယ်။

ယုံကြည်လောက်တဲ့ ရွေးကောက်ပွဲမျိုးကျင်းပဖို့ တကယ်တမ်း အလေးအနက်ရှိတယ်ဆိုတာကို ပြချင်ရင် မြန်မာ စစ်အစိုးရဟာဒေါ်အောင် ဆန်းစုကြည် ကို လွှတ်ပေးသင့်တယ်လို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမ၀င်နိုင်အောင် ပိတ်ပင် တားမြစ်နိုင်ခြေ ရှိသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တချို့ကိုလည်း ပိတ်ပင်နိုင်ခြေရှိတယ်လို့ ဆိုပါသေးတယ်။ အဲဒီလိုသာ ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ရေး ကိုယ်ပိုင်လမ်းပြမြေပုံဟာ အတုအယောင်ဖြစ်ပြီး ရွေးကောက်ပွဲဟာလည်း လုပ်ပွဲကြီးပဲဖြစ်ပါလိမ့်မယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန် ကြီး Alberto Romulo က အမေရိကန်ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီမြို့တော်၊ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနမှာ ပြောသွား ပါတယ်။
http://www.voanews.com/burmese/2010-02-06-voa3.cfm

2 comments:

Nay Dun said...

An Act to constitute the Commonwealth of Australia
http://www.aph.gov.au/Senate/general/constitution/constit.pdf

Disqualification.
44. Any person who–
(i) Is under any acknowledgment of allegiance, obedience, or adherence to a foreign power, or is a subject or a citizen or entitled to the rights or privileges of a subject or a citizen of a foreign power: or

THE CONSTITUTION OF INDIA
http://india.gov.in/govt/documents/english/coi_part_full.pdf

102. (1) A person shall be disqualified for being chosen as, and for being, a member of either House of Parliament—

(d) if he is not a citizen of India, or has voluntarily acquired the citizenship of a foreign State, or is under any acknowledgment of allegiance or adherence to a foreign State;

THE CONSTITUTION OF THE UNION OF BURMA (1947)
http://www.blc-burma.org/html/Constitution/1947.html

74. (1)Any person who –
(i) is under any acknowledgement of allegiance or adherence to a foreign Power, or is a subject or citizen or entitled to the rights and privileges of a subject or a citizen of a foreign Power; or...

Nay Dun said...

ဒေါ်အောင်ဆန်းစုကြည် နှင့်ပတ်သက်၍ လွဲမှားနေသော အခြားအယူအဆတစ်ရပ် ရှိပါသည်။
ထိုအချက်မှာ ဒေါ်စုကြည်သည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲကျင်းပသည့်အချိန်၌ တားဆီးမိန့်ကို
ခံနေရ၍ ၁၉၉၀ ခု ရွေးကောက်ပွဲတွင် မပါဝင်ခဲ့ရဟု ပြောဆိုနေခြင်း ဖြစ်ပါသည်။ ထိုသို့
တားဆီးမိန့် ခံနေရစဉ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဒေါ်စုကြည်၏ တောင်းဆိုချက်ကို
ထိုအချိန်က တပ်မတော်အစိုးရက ခွင့်ပြုခဲ့သည်။ ထို့ကြောင့် ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ် (၁)
တွင် သူမ၏အမည်ကို ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်နေ့တွင်စာရင်းသွင်းမှတ်ပုံတင်ခဲ့သည်။
သို့ပါသော်လည်း ၁၉၈၉ ခုနှစ် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ၏ ပြဌာန်းချက်
အချို့ကိုညွှန်း၍ လာမည့်ရွေးကောက်ပွဲတွင် ဒေါ်စုကြည်အား ပါဝင်ယှဉ်ပြိုင်ခွင့် ပေးခဲ့သည်ကို
လူပုဂ္ဂိုလ်တစ်ဦးချင်းများနှင့် နိုင်ငံရေးပါတီများက ကန့်ကွက်လွှာတင်သွင်းခဲ့ကြသည်။
တရားဥပဒေအရဒေါ်စုကြည်အား ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ခွင့်ပြုခဲ့ခြင်းသည်
ရွေးကောက်ပွဲဥပဒေုကိုဖောက်ဖျက်ဆန့်ကျင်ကြောင်းဖြင့် ကန့်ကွက်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တရားဝင် ရွေးချယ်တင်မြှောက်ခြင်း ခံပိုင်ခွင့်မရှိသူမို့ ၁၉၉၀ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ပြီး ရွေးချယ်ခံနိုင်ခြင်းမရှိခဲ့ပါ။ ၎င်းရွေးချယ်ခံပိုင်ခွင့်မရှိစေရန် ယခင်ဆိုရှယ်လစ်အစိုးရ ကသော်လည်းကောင်း လက်ရှိ စစ်အစိုးရက သော်လည်းကောင်း စည်းမျဉ်း ချမှတ် ပြဌာန်းခဲ့ခြင်းမဟုတ်ပါ။

အထက်တွင် ဖေါ်ပြထားသည့် အတိုင်း ဤစည်းမျဉ်းကို ၁၉၄၇ ခုတွင် အတည်ပြုပြဌာန်း ခဲ့သော ပထမဦးဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အပိုဒ်တစ်ခု ထည့်သွင်း ရေးသားခဲ့သူမှာ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပင်ဖြစ်ပါသည်။

ယင်းအပိုဒ်နှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်းသည် ရွေးချယ်ခံပိုင်ခွင့် ဆိုသည်မှာ "မည်သည့်ပုဂ္ဂိုလ်မဆို နိုင်ငံခြား အင်အားစုတစ်ရပ်ကို သစ္စာစောင့်သိသူ အဖြစ်အသိအမှတ်ပြုခြင်းခံရသူ (သို့မဟုတ်) ထိုအင်အားစု ကိုနာခံသူ၊ သို့တည်းမဟုတ် ထိုနိုင်ငံခြားအင်အားစု၏ လက်အောက်ခံ ပုဂ္ဂိုလ်၊ သို့မဟုတ်နိုင်ငံသား တို့ရရှိခံစားရသည့် တန်းတူအခွင့်အရေးများကို ရပိုင်ခွင့်ရှိသော လက်အောက်ခံပုဂ္ဂိုလ် သို့မဟုတ်နိုင်ငံ သားတို့ ပါဝင် ရွေးချယ်နိုင်ခွင့်မရှိရ" ဟူ၍ ရေးသား ထည့်သွင်း ခဲ့ခြင်းဖြစ်ပါသည်။ ဤကန့်သတ်ချက်ကို လေးစားလိုက်နာကာ နောက်ပိုင်းရေးဆွဲခဲ့သည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း ဆက်လက် ထည့်သွင်းပြဌာန်း ခဲ့ကြသည်။

လက်ရှိတပ်မတော်အစိုးရသည် ယခင့်ယခင်က မြန်မာအစိုးရ အဆက်ဆက် များကဲ့သို့ပင် ဤပြဌာန်းချက်ကို စောင့်ထိန်း လိုက်နာမည်သာဖြစ်ပါသည်။ ယခု ထောက်ခံမဲ ၉၂ ရာခိုင်နှုံး ကျော်ဖြင့် ပြည်သူလူထုက အတည်ပြုပေးခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်လည်း ဤအဆိုပါပြဌာန်းချက်ကို စောင့်သိရိုသေ လိုက်နာသည်ကို တွေ့ ရသည်။

ဤသို့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြဌာန်းချက်မျိုးကို ဖွံ့ဖြိုးပြီးနိုင်ငံများ အပါအ၀င် နိုင်ငံ အများအပြား တွင် အစိုးရမျာ’းကး (ဥပမာ အိန္ဒိယ၊ မလေးရှား) လိုက်နာ ကျင့်သုံးကြသည်။ မည်သည့် အစိုးရမဆို အခြားနိုင်ငံတစ်နိုင်ငံ သို့မဟုတ် အင်အားစု တစ်စု၏ လွှမ်းမိုးမှု ခံရဖွယ်ရှိသော ပုဂ္ဂိုလ် တစ်ဦးဦး ကို မိမိအစိုးရတွင် ခန့်ထားခြင်း မပြုလိုသည် မှာ သဘာဝကျပါသည်။ ဤသို့သော အခြေအနေကို ကာကွယ်တားဆီးနိုင်ရန် အတွက် စည်းမျဉ်းများ နှင့် စည်းကမ်းချက်များကို နိုင်ငံအသီးသီးတွင် ရေးဆွဲပြဌာန်းကြသည်။

သို့မှသာလည်း မိမိတို့ နိုင်ငံအသီးသီး ၏ အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွား အတွက် ကာကွယ်စောင့်ရှောက်မှု တစ်ရပ် အနေဖြင့်ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် အသုံးချ နိုင်မည်ဖြစ်ပေသည်။

Post a Comment

ယခင် သတင်းများ ဖတ်ရန်