Friday, April 30, 2010

ငရဲက လာသူ ပြာပူ မကြောက်

ကိုဇဂနာကိုဖမ်းတုန်းကနိုင်ငံခြားငွေလက်ဝယ်ပိုင်ဆိုင်မှုတစ်မှုပါတယ်ဆိုတာသတိထားမိ တယ်။ မြန်မာပြည်မှာ တရားဥပဒေ တစ်ကယ် ရှိတယ် ဆိုရင်သန်းရွှေကစလို့ ဗိုလ်ချုပ်တွေ တစ်ကောင်မကျန် ဖမ်းသင့်တာပေါ့။ သူတို့တွေ စင်္ကာပူ ခိုးသွားပြီး ဆေးကုနေတာ ဘယ်က ပိုက်ဆံတွေနဲ့ ပေးချေပါသလဲ။ သေချာတာကတော့ စင်္ကာပူကဆေးရုံတွေမှာ မြန်မာကျပ်ငွေ လက်မခံဘူးဆိုတာပါဘဲ။
ဒီတစ်ပတ်သတင်းတွေမှာတော့ တင်အောင်မြင့်ဦး စင်္ကာပူမှာ ဆေးကုသမှုခံယူနေတယ် ဆိုတဲ့ သတင်းတွေ ကြားနေရပြန်ပြီ။ သူတို့ ကျ သေမှာတကယ်ကြောက်ကြပါလား.
သူတို့ စစ်သားမှ အသက်ရှိတဲ့အတိုင်း..နာဂစ်တုန်းက ခိုကိုးရာမဲ့မိဘမဲ့ ကလေးတွေကို ပစ်ထား မျက်နှာလွှဲခဲ့တဲ့ စစ်ဘိုချုပ်ကြီးတွေ သူ့ အလှည့်ကျ..ငရဲသွားရဖို့  ကြောက်ဒူးတုန်နေလေရဲ့
တစ်ကယ် တစ်ကိုယ်ကောင်းဆန်တဲ့စစ်သားတွေပါလား ဆိုပြီးရွံမိတယ်။ နိုင်ငံခေါင်းဆောင် ဆိုတဲ့လူတွေက ကိုယ့်နိုင်ငံမှာလည်း ဆေးရုံတွေရှိပါလျက်နဲ့ ကိုယ်လွတ်ရုန်းပြီး နိုင်ငံခြားထွက်ကုတယ်။ နိုင်ငံတွင်းကဆေးရုံတွေကျတော့ကောင်းအောင်၊ ခေတ်မှီအောင်လုပ်ဖို့ စိတ်ကူးတောင် ရှိပုံမပေါ်ဘူး။

စစ်ဗိုလ်ချုပ်တွေ နိုင်ငံခြားသွားဆေးကုတဲ့ ကုန်ကျစရိတ်တွေဘယ်လောက်ရှိပါသလဲ၊ ဒီလောက်ကုန်ကျငွေကို နိုင်ငံတော်စားရိတ်က ကျခံပါသလား။ သူတို့ ရဲ့ ကိုယ်ပိုင်ငွေနဲ့ ပါလား။ သူတို့ ရဲ့ ကိုယ်ပိုင်ငွေနဲ့ကုတာ ဆိုရင်လည်း..စစ်ဗိုလ် အရာရှိကြီး တယောက် ရဲ့ တစ်လ ၀င်ငွေ က နိုင်ငံခြားငွေလဲရင် ဘယ်လောက်ရပါသလည်း.။ သူရဲ့လစာကို တသက်လုံး ဘာမှမစားဘဲ မသုံးဘဲ စုရင်တောင်မှ ဒီဆေးရုံ စရိတ် ပေးနိုင်ပါရဲ့လား.

ကုန်ကျစရိတ်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ပေးချေပါသလဲ။ ဘာဖြစ်လို့ခိုးကြောင်ခိုးဝှက်သွားပြီးကုသမှုခံ ယူရသလဲ။ ဒီပိုက်ဆံတွေကို ဘယ်လိုပုံစံမျိုးနဲ့ ရယူပိုင်ဆိုင်ခဲ့သလဲ၊ စစ်ဗိုလ်ချုပ်တွေ နိုင်ငံခြားသွားတဲ့အခါ အစိုးရ နိုင်ငံခြားငွေလဲလှယ်ရေးနှုန်း တစ်ဒေါ်လာကို ၆ ကျပ်နှုန်းနဲ့လဲပြီးဆေးသွား ကုတာလား ဆိုတာတွေဟာ စဉ်းစားစရာတွေပါ။ ဒီငွေတွေ ဘယ်ကရပါသလည်း။။ ၀င်ငွေမပြနိုင်ဘဲ ရတာဆို..ငွေမည်းပေါ့ဗျာ..ရှင်းရှင်းလေးပါဘဲ

ဒီပဲယင်း စိုးဝင်းတုန်းကလည်း..သေခါနီး စင်္ကာပူမှာ ဆေးရုံတက်နေတုန်း ဇီးငံသီးနဲ့ငါးရံပေါင်း ထားတာစားချင်တယ်ဆိုလို့ အောက်ဆွဲတော် တေဇအစီအစဉ်နဲ့ ပုဂံလေကြောင်းလိုင်းက ဝန်ထမ်းတွေကို ချက်ခိုင်းပြီး ပုဂံလေကြောင်းလိုင်းနဲ့ ဆက်သခဲ့ဘူးတယ်

ခုလဲ သန်းရွှေကြီးကတော့ ဘယ်သူ မြှောက်ပေးလိုက်တယ်မသိဘူး ရေချိုးတာတောင် Bio Disc ခေါ်တဲ့သဘာဝဓါတ်သထ္တုတွေကို သိပ္ပံနည်းကျထုပ်ထားတဲ့ အပြား၆၀ ကျော်နဲ့ ကျန်းမာရေးကောင်းအောင် ရေချိုးတယ်တဲ့။ ဂျာမဏီနိုင်ငံထုပ်ဆိုရင်တစ်ပြားကို ဒေါ်လာ ၇၀၀ ကျော် ရှိပါတယ်။
နောက်ဆို မိုက်ကယ်ဂျက်ဆင် ၀ယ်ထားတဲ့ အောက်ဆီဂျင် ရှူတဲ့ အခေါင်းထဲတောင် ၀ယ်ပြီး အိပ်တော့မယ်ကြားတယ်။ အရင်ပိုင်ရှင်တောင် သေခြင်းကို မလွန်ဆန်နိုင်သေသွားရှာပါပြီ..မပူပါနဲ့အဘရယ်..မကြာခင် အဘလည်း ခေါင်းထဲ အိပ်ရတော့မှာပါခင်ဗျာ.. ခေါင်းမှာ...အောက်ဆီဂျင်supply မပါလည်းကိစ္စမရှိပါဖူး.အတွင်းမှာစန့် စန့် ကြီးနဲ့ မို့ ..အဘရေ.. အောက်ဆီဂျင်လည်း မရှူနိုင်တော့ပါဘူး..

ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ အာဏာရူး မြန့်မာဂုတ်သွေးစုပ် စစ်ဗိုလ်ချုပ် လက်တစ်ဆုပ်စာလူတစ်စုကို ကျွန်တော်တို့ အားလုးံ လှည်းနေလှေစောင်း မြင်းဇောင်းမကျန် တတ်နိုင်တဲ့ဘက်ကနေ တစ်ပိုင်တစ်နိုင် တော်လှန်ကြပါစို့ လို့တပ်လှန့် လိုက်ပါရစေ။

ရန်နောင်

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်