မော်လမြိုင်မြို့ လုံခြုံရေး တင်းကျပ်လွန်း၍ ကျီးလန့်စာစား အခြေအနေဖြစ်နေ
မိုးမခ အထောက်တော်၊ ရန်ကုန်
လက်နက်ကိုင် ငြိမ်း အဖွဲ့များ အားလုံး ဧပြီ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ်များအဖြစ် အသွင် ပြောင်းကြရန် နအဖ အစိုးရက ရာဇသံ ပေးပြီးနောက် မော်လမြိုင်မြို့တွင် လုံခြုံရေး အခြေအနေ တင်းကြပ်နေသောကြောင့် မြို့နေလူထုမှာ ကျီးလန့်စာစား ဖြစ်နေသည်ဟု မော်လမြိုင်မှ လာသော သတင်းများအရသိရသည်။
မြို့ခံများသည် အလုပ်အကိုင်ကိစ္စရပ်များ စောစီးစွာ လုပ်ဆောင် ပြီးစီးစေကာ ညဘက် ပြင်ပ ထွက်ရန်လည်း မ၀ံ့ရဲကြဟု ဆိုသည်။
ထိုဒေသတွင် အခြေစိုက်သော မွန်ပြည်သစ်ပါတီ သည်လည်း ငြိမ်းအဖွဲ့များနည်းတူ နယ်ခြားစောင့်တပ် ဖွဲ့ရေး သဘောတူရန် နအဖ အစိုးရက ဖိအားပေးခံခဲ့ရသည်။ မွန်ပြည်သစ် ပါတီက ၎င်းတို့၏ မူလ ဆုံးဖြတ်ချက်အတိုင်း နယ်ခြားစောင့်တပ်ဖွဲ့ရေးကို သဘောမတူဟု အကြောင်းပြန်ခဲ့သည်။
ပါတီနှင့် မွန်လက်နက်ကိုင်တပ်၏ ပိုင်ဆိုင်မှုများ၊ လုပ်ငန်းများကို တတ်နိုင်သရွေ့ သိမ်းဆည်းပြီး ဌာနချုပ်ရှိရာ ဘုရားသုံးဆူနှင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေများသို့ ပြန်ဆုတ်သွားခဲ့သည်ဟု မော်လမြိုင်မြှို့ခံများက ပြောဆိုကြသည်။
မော်လမြိုင်မှ ထိုင်းနယ်စပ်သွားရာ ကုန်သွယ်ရေး လမ်းများတွင် မွန်လက်နက်ကိုင် ဂိတ်များမရှိတော့ဘဲ နအဖ အစိုးရဘက်ကလည်း မော်လမြိုင်မြို့တွင်း နေ့ရောညပါ ကားများ၊ ဆိုင်ကယ်များအား ရပ်တန့် စစ်ဆေးခြင်းတို့ ဆက်တိုက် ပြုလုပ်လျက်ရှိသည်ဟု မြို့ခံများက ပြောသည်။
မော်လမြိုင်မြို့ခံ တစ်ဦးက``မော်လမြိုင် အပေါ်ဈေးကိုလည်း စောစော ပိတ်ဖို့ သက်ဆိုင်ရာက ညွှန်ကြားထားပုံရတယ်။ ခါတိုင်း ညနေ ၅ နာရီခွဲ ကျော်မှ သိမ်းတဲ့ ဆိုင်တွေ အခုဆို ၅နာရီ မထိုးခင် ကတည်းက ကမန်းကတန်း သိမ်းနေပြီ၊ ၅နာရီကျော်ရင် ဈေးကတံခါးတပေါက်ပဲ ဖွင့်ထားတော့တယ်။ မြို့ထဲမှာလည်း လက်ဖက်ရည်ဆိုင်တွေ ၊ စားသောက်ဆိုင်တွေ စောစော သိမ်းဖို့ ညွှန်ကြားထားတယ်။ လမ်းမှာ ညဆို ၇နာရီ ၈နာရီ ၀န်းကျင် ကတည်းက လမ်းသွား လမ်းလာတွေကို ရပ်ပြီး စစ်ဆေးနေတော့ ဘယ်သူမှ အပြင် သိပ်မထွက် ကြတော့ဘူး၊ ည ၉ နာရီ နောက်ပိုင်းဆို လမ်းမှာ လူ မရှိတော့ သလောက်ပဲ။ ည ၁၀ နာရီ ဆိုင်ကယ်နဲ့ ပြန်လာတဲ့ သူတွေကို ရဲက စစ်ပြီး ဆိုင်ကယ်ကို ထားခဲ့ခိုင်းပြီး လမ်းလျှောက် ပေးပြန်စေတယ်။ နောက်နေ့မှ ဆိုင်ကယ်ကို ရဲစခန်းမှာ သွားယူရတယ်။ ညဘက် အပြင် မထွက်အောင် ရည်ရွယ်ချက်နဲ့ လုပ်တာထင်တယ်´´ ဟု ပြောသည်။
ဧပြီလ ကုန်ခါနီးမှ စတင်သည့် လုံခြုံရေး တင်းကြပ်မှုများကြောင့် လက်ဖက်ရည်ဆိုင်၊ ညဘက် ရောင်းချရသည့် စားသောက်ဆိုင်များပါ ၀င်ငွေ ထိခိုက်လျက် ရှိသည်ဟု မြို့ခံများက ပြောသည်။
ယခင် ည ၁၀ နာရီခွဲ ၀န်းကျင်ထိ ရောင်းချရသော ဘီယာဆိုင် ပိုင်ရှင်တစ်ဦးက ပြောရာတွင် ယခုလို လုံခြုံရေး တင်းကြပ်ပြီးနောက် ည ၉ နာရီ ကျော်လျင် ဆိုင်တွင် မည်သူမျှ မရှိတော့သဖြင့် ဆိုင်သိမ်းလိုက်ရသည်ဟု ဆိုသည်။
လွန်ခဲ့သည့်လကုန်ခါနီးက ကျိုက်မရောမြို့တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး ကရင်ပြည်နယ် ဇာသပြင် ကျေးရွာတွင်လည်း လက်နက်ကိုင် တစ်စုက ရွာတွင်း ၀င်ရောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်ဟု မော်လမြိုင်မှ လာသော သတင်းများအရ သိရသည်။http://moemaka.blogspot.com/2010/05/current-condition-in-mon-state.html
Wednesday, May 12, 2010
ကျီးလန့်စာစား
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment