Friday, May 14, 2010

လူသားတရပ်လုံးအတွက်..တရားဥပဒေနဲ့  အညီ..ပေါ့

အမေရိကန် သတင်းစာက မြန်မာစစ်အုပ်စုကို လုံခြုံရေးကောင်စီမှ အရေးယူသင့်ကြောင်း ရေးသား
ရန်ကုန်။ မေ ၁၂။
နေ့စဉ်ထုတ် အမေရိကန် သတင်းစာ တစောင်ဖြစ်သော “American News &Views” သတင်းစာက မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးတွင် မနေ့က ထုတ်ပြန်ခဲ့သော အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာကမ်းဘဲလ်၏ ထုတ်ပြန်ကြေငြာချက်ကို စာမျက်နှာပြည့် ဖေါ်ပြခဲ့သလို မြန်မာစစ်အုပ်စုကို မြောက်ကိုရီးယားကို သူ၏ ညူကလီးယား ထုတ်လုပ်မှုနှင့် ပါတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၏ ကြေငြာချက်အမှတ် ၁၈၇၄ အရ စီးပွါးရေးပိတ်ဆို့ အရေးယူမှုမျိုး လုပ်ဆောင်ရန် အမေရိကန်သမ္မတ အိုဘားမားအနေနှင့် တိုက်တွန်း သင့်ကြောင်း ရေးသားခဲ့ပါသည်။

ထို့အတူ အမေရီကန်အစိုးရအနေနှင့် မြန်မာစစ်အုပ်စု၏ လက်ရှိလုပ်ဆောင်ချက်အပေါ် မေးခွန်းထုတ်စရာ များစွာဖြစ်နေသည်ဟု သတင်း စာကဆိုပါသည်။ ထို့ကြောင့်လည်း မစ္စတာကမ်းဘဲလ်က မြန်မာစစ်အုပ်စုကို ပိုမိုရှင်းလင်းမြင်သာသော အပြုသဘောဆောင်သည့် အ ပြောင်းအလဲများကို ဖေါ်ဆောင်ရန် တိုက်တွန်းခဲ့ သည်။ ထိုသို့သော ပြုပြင်ပြောင်းလဲမှုမျိုးမရှိပါက အမေရိကန်အနေနှင့် နိုင်ငံတကာ အ သိုင်း အဝိုင်းနှင့်အတူ ပူးပေါင်း၍ ကန့်သတ်အရေးယူမှုများ ပြုသင့်သည်ဟူသော မစ္စတာကမ်းဘဲလ်၏ ထုတ်ပြန်ချက်ပါ အချက်ကို ကိုး ကား၍ ဖေါ်ပြခဲ့ပါသည်။
ယနေ့ထုတ် နအဖ၏ မြန်မာ့ အလင်းသတင်းစာတွင်မူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မတီ ဥက္က ဦးသန်းစိုးနှင့် ကြံဖွံ့အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦး(ယခုဦးဌေးဦး) တို့နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာကမ်းဘဲလ် တွေ့ဆုံခဲ့ခြင်းကို ဖေါ်ပြပေး ခဲ့ပြီး မစ္စတာကမ်းဘဲလ်၏ အာဆီယံမှ အကဲဖြတ်များလာရောက် စောင့်ကြည့်လိုလျှင် လက်ခံမခံမေးမြန်းချက်ကို ဦးသိန်းစိုးမှ မိမိတို့တွင် ရွေးကောက်ပွဲ နှင့်ပါတ်သက်၍ အတွေ့အကြုံများစွာရှိသဖြင့် အကဲခတ်များလာရောက် စောင်ြ့ကည့်ရန် မလိုဟု ဖြေကြားခဲ့ပြီး ရွေး ကောက်ပွဲသည် တရားမျှတမှုရှိပါမည်ဟုသာ ပြောခဲ့သည်။ ထို့အတူ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ကိုလည်း ၂၀၁၀ အတွင်းကျင်းပမည် ဟုသာ ပြောခဲ့ပြီး နေ့ရက် အတိအကျ ပြောပြခဲ့ခြင်း မရှိခဲ့ပါ။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)
http://saffrontoward.blogspot.com/2010/05/blog-post_13.html

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်