နိုင်ငံအနှံ့ အပူချိန် လွန်ကဲ၊ သောက်သုံးရေ ခက်ခဲ
သဲသဲ Saturday, May 08, 2010
မြန်မာနိုင်ငံနေရာအနှံ့ အပူချိန်လွန်ကဲမှုဒဏ် ခံစားနေရကာ မြို့ပြများတွင် လျှပ်စစ်မီးလာချိန်မမှန်သည့်အတွက် သောက်သုံးရေ အခက်အခဲ တွေ့နေရကြောင်း သိရသည်။
“မီးမမှန်တော့ ရေလည်းပျက်တာပေါ့။ ရေတွင်းကလည်း ပူတော့ခမ်းကုန်တယ်လေ။ အဲ့ဒီတော့ ၀ယ်သုံးရတယ်။ ရေက တစည်ကို ကျပ် ၆၀၀ ပေးရတယ်။ တချို့ကျတော့လည်း ရှိတဲ့အိမ်မှာ သွားချိုးကြရတာပေါ့"ဟု ရန်ကုန်တိုင်း သန်လျင်မြို့တွင် နေထိုင်သူတဦး က ပြောသည်။
မန္တလေးမြို့ခံတဦးကလည်း“ရေက ည ၁၁ နာရီဆို ပုံမှန်လွှတ်ပေးနေကျ အဲ့ဒါကို မမှန်တော့ဘူး။ အခု တော်တော်ဆိုးတယ်။ တကယ်လို့ လာပြီဆိုရင် မော်တာ ရှိတဲ့သူကလည်း မော်တာနဲ့မောင်းဖြည့်ပေါ့။ မရှိတဲ့သူ ကျတော့လည်း ခပ်ထည့်ကြပေါ့။ အဲ့ဒီအချိန်မှာ မီးပျက်သွား တယ်ဆိုရင် နောက်နေ့အတွက် သုံးစရာ ရေမရှိဘူး။ မီးမပျက်ပါစေနဲ့ ဆုတောင်းရတာပေါ့"ဟု ဆိုသည်။
မန္တလေးမြို့ကျုံးမြောက်ပြင်ရှိ လမ်းထောင့်များတွင် ထားရှိသော အများသုံးရေကန်များမှာ ပုံမှန် နွေရာသီကာလများတွင် အများပြည်သူ များ သုံးစွဲရန်အတွက် ရေလွှတ်ပေးထားသော်လည်း ယခုအခါတွင် အဆိုပါ ရေကန်များတွင် ရေမရှိကြောင်း ၎င်းကဆက်ပြောသည်။
အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုများသာမက လူငယ်ပိုင်းများအထိ သေဆုံးမှုများရှိကြောင်းလည်း သိရသည်။
“လူကြီးတွေကတော့ ဦးနှောက်သွေးကြောပြတ်တဲ့ ရောဂါများတယ်။ လူငယ်တွေကတော့ ရေချိုးမှားတာတို့၊ တချို့အရက် အလွန် အကျွံ သောက်လို့ သေတာတွေများတယ်"ဟု နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ဧရာဝတီကိုပြောသည်။
အလွန်ပူပြင်းသောကြောင့် လူကြီး၊ လူငယ်များနှင့် ကလေးသူငယ်များတွင် မိတ်၊ ယားနာ အများအပြားပေါက်ကြကြောင်း သိရသည်။
“လူလတ်ပိုင်းတွေ လူငယ်ပိုင်းတွေကတော့ ခံနိုင်သေးတာပေါ့။ အသက်ကြီးပိုင်းနဲ့ ကလေးတွေကျတော့ လုံးဝမခံနိုင်ဘူး။ ကလေးတွေဆို ည မအိပ်နိုင်ကြဘူး"ဟု အထက်ပါ သန်လျင်မြို့ခံက ဆိုသည်။
မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သော မြင်းမူမြို့၏ ဧပြီ ၂၃ ရက်နေ့အမြင့်ဆုံးအပူချိန်မှာ ၄၆ ဒသမ ၅ ဒီဂရီ စင်တီဂရိတ်(၁၁၅ ဒသမ ၇ ဒီဂရီဖာရင်ဟိုင်)သည် လွန်ခဲ့သော နှစ်ပေါင်း ၂၇ နှစ်အတွင်း ၎င်းမြို့၏ ဧပြီလ အတွက် အမြင့်ဆုံးအပူချိန် စံချိန်သစ် ဖြစ်ကာ ယခင် စံချိန်ဟောင်းမှာ ၂၀၀၆ ခုနှစ် ဧပြီ ၁၂ ရက်တွင် ၄၆ ဒသမ ၀ ဒီဂရီ စင်တီဂရိတ်(၁၁၄ ဒသမ ၈ ဒီဂရီ ဖာရင်ဟိုက်) ဖြစ်ကြောင်း၂၀၁၀ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ထို့အပြင် ပဲခူးတိုင်းအတွင်းရှိ ရေတွင်း ရေကန်များတွင်လည်း အပူချိန်လွန်ကဲမှုကြောင့် ရေများ ခန်းခြောက်ကာ သောက်သုံးရေ ရှားပါးမှု နှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အ၀င်လမ်းဘေးရှိ လူအများသောက်သုံးရေကန်အဖြစ် အသုံးပြုရုံသာမက ညောင်ရွှေမြို့ မြောက် ဘက်ပိုင်းရှိ လယ်ယာခြံမြေများ ကိုပါ စိုက်ပျိုးရေပေးဝေနေသည့် အဓိက ကန်ကြီးနှစ်ကန်မှာလည်း မြေသားအက်ကွဲသည် အထိ ခမ်း ခြောက်ခဲ့ကြောင်း ယခုတပတ်ထုတ် ၀ီးကလီး အလဲဗင်း ဂျာနယ်တွင် ဖော်ပြထားသည်။
ထိုကဲ့သို့ အပူချိန် မြင့်တက်ခြင်းမှာ မိုးမရွာသွန်းသဖြင့် အပူချိန်မှာ နေ့စဉ်ရက်ဆက်ဖြစ်လာသောကြောင့်ဟု သိရသည်။
“ဒီမှာက မိုးတိမ်တွေက တော်တော်လေးပါးနေတာပေါ့နော်။ ရာသီဥတုက အယ်လ်နီညိုဖြစ်နေတော့ မိုးတိမ်တွေက အရှေ့တောင်အာရှတ ခုလုံးမှာ တော်တော်လေးနည်းနေတယ်။ ဒါပေမယ့် အပူချိန်ပြန်ကျတာ နှစ်ရက်လောက်တော့ရှိပြီ။ အခု ရန်ကုန်မှာ မိုးတွေ တောင်ခြိမ်း နေပြီ။ အပူရှိန်က သိသိသာသာ ပြန်ကျသွားပြီ။ အဓိကကတော့ မိုးမရွာလို့ပါ"ဟု မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနညွှန်ကြား ရေးမှူးချုပ် အဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဦးထွန်းလွင်က ဧရာဝတီသို့ ပြောသည်။
http://www.irrawaddy.org/bur/index.php/news/1-news/3119-2010-05-08-07-33-39
ရေ ရှားပါးမှုကြောင့် ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားနေ
မင်းနိုင်သူ Saturday, May 08, 2010 .
ပဲခူးတိုင်းအတွင်း သောက်သုံးရေရှားပါး ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ဝေါမြို့နယ်၌ ၀မ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားသူ များပြား နေကြောင်း မြို့ခံများက ပြောသည်။
“အဓိကက ရေကြောင့်ဖြစ်တာလို့ ပြောနေကြတာ၊ ဒီဘက်နယ်တွေမှာ က ရေတော်တော်ရှားနေတယ်လေ"ဟု ဝေါမြို့ခံတဦးက ဆို သည်။
ဝေါမြို့နယ်အတွင်း ၀မ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြောင်း ဝေါမြို့နယ်ဆေးရုံကြီးမှလည်း အတည်ပြုပြောကြားသည်။
ဝေါမြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီးက"လောလောဆယ် ၀မ်းရောဂါသည် (၁၀) ဦးကျော်ရှိနေပါတယ်၊ ခန္ဓာကိုယ်တွင်း ရေဓာတ် ခန်းခြောက်တာ နဲ့ သောက်ရေမသန့်တာကြောင့် ဖြစ်တာပါ၊ ကူးစက်ဝမ်းရောဂါတော့ မဟုတ်ပါဘူး"ဟု ဧရာဝတီသို့ ပြောသည်။
နောက်ထပ်ဖြစ်ပွားဦးမည့် အလားအလာရှိမရှိ မခန့်မှန်းနိုင်သည့်အတွက် ကျန်းမာရေး အသိပညာပေးမှုများကို လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ဆေးရုံအုပ်ကြီးက ဆိုသည်။
“အဓိကကတော့ဗျာ ရေကောင်းရေသန့်ရဖို့လိုတယ်၊ ဒီရာသီမှာ အစားအသောက်ဆင်ခြင်ဖို့လိုတယ်၊ အဲဒီ နှစ်ချက်ကို အဓိကထားသင့်တာ ပါပဲ"ဟု ၄င်းက ပြောဆိုသည်။
မည်သည့်ကျေးရွာများတွင် အဆိုပါ ၀မ်းရောဂါအဖြစ်များနေသည်ဟု ဆေးရုံဘက်မှ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း အင်းတိုင်စု ၊ ကပင် ၊ နောင်ပတ္တရာ ၊ ကော့ဝင်း ၊ ကတွက် စသည့်ကျေးရွာများတွင် အဖြစ်များနေသည်ဟု ဒေသခံများက ပြော သည်။
အပူရှိန်မြင့်မားမှုနှင့်အတူ ဧကရာဇ်၊ ကျိုက်လတ်၊ နောင်ပတ္တရာ၊ နောင်ကြမ်း၊ ဒေးစွန်ပါ၊ ရှမ်းရွာကြီး၊ မယင်းရွာမ၊ ကံကြီးကုန်း စသည့် ကျေးရွာများ အပါအ၀င် ပဲခူးတိုင်းအတွင်း ကျေးရွာ (၃၀) ကျော်၌ ရေတွင်းရေကန်များ ခန်းခြောက်ကာ သောက်သုံးရေ ပြတ်လပ်မှု များ ဖြစ်ပေါ်နေကြောင်း သိရသည်။
“ဝေါက ငွေကြေးတတ်နိုင်သူတွေ စုပြီး ရပ်ကွက်တွေ ၊ နယ်ရွာတွေဆင်းပြီး ရေလှူနေကြရတယ်၊ ကားတွေနဲ့ လှည့်ဝေရတာပေါ့ဗျာ၊ အာ ဏာပိုင်တွေ ဘက်ကတော့ ဘာမှလုပ်ပေးတာ မမြင်သေးဘူး"ဟု ဝေါမြို့ခံက ပြောသည်။
မြန်မာနိုင်ငံအတွင်း အပူရှိန်မြင့်တက်နေပြီး မုတ်သုန်အ၀င်နောက်ကျနေခြင်းကြောင့် မြေအောက်ရေလျော့ပါးကာသောက်သုံးရေပြတ်လပ် ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ထမ်းခဲ့ဖူးသူ ဦးထွန်းလွင်က သုံးသပ် ပြောဆိုသည်။
နာဂစ်မုန်တိုင်း ဒဏ်ခံခဲ့ရသော လပွတ္တာ ၊ ဘိုကလေး ၊ မော်လမြိုင်ကျွန်းမြို့နယ်များတွင်လည်း ရေတွင်းရေကန်များ ခန်းခြောက် လျက် ရှိရာ ၊ ထိုဒေသခံ လူဦးရေ (၂) သိန်းခန့်သည် သောက်သုံးရေပြတ်လပ်မှုဒဏ်ခံရမည့်အလားအလာရှိနေကြောင်း ကုလသမဂ္ဂ ရန်ကုန် ရုံးခွဲက ထုတ်ပြန်ထားသည်။
ယခုနှစ်အတွင်း အပူရှိန်မြင့်တက်မှုနှင့် မိုးမရွာသွန်းမှုတို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသည်များအား ဆွဲဆောင် နိုင်သည့် အင်းလေးကန်တွင်ပင် ရေခန်းခြောက်မှုဖြစ်ပေါ်နေကြောင်း weekly eleven ဂျာနယ်တွင် ဖော်ပြထားသည်။
http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-10-11-30
Saturday, May 8, 2010
သောက်ရေဖူလုံအောင်..ဖြည့်မပေးနိုင်ဖူးလား..အစိုးရ..
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment