ရန်ကုန်မြို့မှာ အပူဒဏ်နေ့စဉ်ရက်ဆက် ပြင်းထန်တာကြောင့် အပူဒဏ်က သက်သာရာ ရှာပြီး ခေါင်းကို ရေလောင်းမိသူတွေ၊ အသက်အ ရွယ်ကြီးရင့်သူတွေ ယခုရက်ပိုင်း သေဆုံးကြရတာ နေ့စဉ်နဲ့ အမျှကြားသိနေရပါတယ်။ သင်္ကြန်ပြီးကတည်းက တောက်လျှောက်ပူ လာ လိုက်တာ ၃ပတ်ကျော်လာခဲ့ပြီး မိုးတကြိမ်မှ မရွာသေးတာကြောင့် တနေ့တာကို ကုန်ဆုံးဖို့ရာ အပူဒဏ်ကနေ သက်သာရာရှာရင်း အလုပ် လည်း မပျက်ရအောင် ချိန်ညှိပြီးနေထိုင်နေကြရပါတယ်။
ခါတိုင်း ထီးမဆောင်းတဲ့သူတွေလည်း အခုတော့ ထီးကိုဆောင်ရပါတော့တယ်။ နံနက် ၉နာရီကျော်ရင် နေအ ပူရှိန်ဟာ ထီးမဆောင်းလို့မရလောက်အောင် ဖြစ်နေပါပြီ။ ညနေ ၅နာရီကျော်ထိ ထီးဆောင်ကြရပါတယ်။ ခါတိုင်း ထီးကိုင်လေ့ မရှိတဲ့ အမျိုးသားတွေ၊ လူငယ်တွေတောင် ပြင်းထန်လွန်းတဲ့ နေရောင်နဲ့ အပူဒဏ်ကို မခံနိုင်လို့ထီးကိုယ်စီ ဆောင်နေကြတာတွေ့ရပါတယ်။ တိုက်အရိပ်ကိုလည်း ခိုဖို့မလွယ်တော့။ နေက တောင် နဲ့မြောက်အရပ် ဘယ်ဘက်ကိုမှ မယိမ်းတော့ပဲ အလယ်တည့်တည့် ပူတာကြောင့် ရန်ကုန်မြို့ရဲ့အရှေ့အနောက် တန်းဖောက်ထားတဲ့ လမ်းမကြီးတွေမှာ တိုက်ရိပ် မခိုနိုင်တော့ပါ။
အချို့ကတော့ အနားကျယ်ကျယ် မြက် ဦးထုပ်တွေဆောင်း၊ နေကာမျက်မှန်တပ်၊ ရေသန့်ဗူးကို လက်မှာကိုင်လို့ အပြင်ထွက်ပြီးတော့ နေ့တနေ့ရဲ့ လုပ်စရာကိုင်စရာတွေကို လုပ်ကြရပါတယ်။ ရန်ကုန်မြို့ရဲ့ နေ့လည် မွန်းလွဲပိုင်းတွေမှာ လမ်းတွေပေါ်မှာ အသွားအလာကျဲပြီး ဘတ်စကားတွေပဲ များများစားစား တွေ့ရပါတယ်။ နေ့လည်နေ့ခင်း ဆိုက်ကားနင်းသူတွေခမျာ နေ့တွက်မကိုက်သေးတော့ နားလည်း မနေနိုင်၊ မွန်းလွဲ ၁နာရီ ၂နာရီမှာ ငှားစီးသူလာရင် လိုက်ရတာပါပဲ။ ဒီနေ့ မွန်းလွဲ ၂နာရီကြီးမှာ ဆိုက်ကားငှားတော့ အသက် ၄၀ ကျော်အ ရွယ် ဆိုက်ကားဆရာမှာ လိုက်ရရှာပါတယ်။ နေပူပြင်းတုန်း နားမနေနိုင်ဘူးလားလို့ မေးတော့ ``မနားနိုင်ပါဘူး။ ငှားတဲ့သူလာတုန်း လိုက်ရတာ။ နေ့လည် ၁၂နာရီကတည်းက စောင့်နေတာ အခုမှ တယောက်ရတာ´´လို့ ပြောပါတယ်။
ဒီရက်အတွင်း ကိုရင်ဝတ်ဖို့ နေပူပူထဲ ရှင်လောင်းလှည့်ပြီး ပြန်အလာ ဆံချကာ ရေလောင်းချိုးပြီးနောက် ကိုရင်လောင်း ၉ပါး အသက်ဆုံး ရှုံးသွားရတယ် ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ပြန့်နှံ့နေပါတယ်။ သင်္ဃန်းကျွန်း မြို့နယ်က ကျောင်းထိုင်ဆရာတော် တပါးကတော့ သူ့အ နေနဲ့ အဲဒီအဖြစ်ကိုလည်း ကြားတယ်။ သူ့ကျောင်းမှာ ကိုရင်ဝတ်၊ ရဟန်းလာဝတ်သူဆို အေးအေးဆေးဆေး ဖြစ်တဲ့ ညနေ ၅နာရီကျော်မှ ဆံချပေးတဲ့အကြောင်း မိန့်တော်မူပါတယ်။
ဒီရက်ပိုင်းအတွင်း သာကေတ ကားမှတ်တိုင်မှာ လူတယောက် လဲကျနေတာကို အခြားခရီးသည်တွေ တွေ့တော့ ရဲစခန်းအကြောင်း ကြားကြပြီး ရဲကလာစစ်ဆေးတော့ အပူရှိန်ဒဏ်ကြောင့် ဦးနှောက် သွေးကြောပြတ်ပြီး လဲကျနေတာလို့ သိရပါတယ်။ အသက်ရွယ် ကြီးရင့်သူတွေလည်း ပူပြင်းတဲ့ဒဏ်ကြောင့် အသက်ဆုံးရှုံး နေကြတာ ကြားသိနေရပါတယ်။ နာရေး ကြော်ငြာကြည့်လိုက်ရင် ၈၀ကျော်မှ ၉၀ ၀န်းကျင်တွေ အတော်များများတွေ့ နေရပါတယ်။
ယခုလို ပြင်းထန်လွန်းပြီး ရက်ဆက်နေတဲ့ အပူရှိန်ဒဏ်ကို ရက်အတန်ကြာ ထပ်မံခံစားကြရဦးမယ့် အခြေအနေရှိပါတယ်။ မိုးလေ၀သ ခန့်မှန်းချက်တွေ အရမြန်မာပြည် အလယ်ပိုင်းကို မေလရဲ့ တတိယ ၁၀ ရက်ပတ်မှာမှ မုတ်သုန်လေ ၀င်ရောက်မယ်လို့ ဆိုထားလို့ပါပဲ။
အပူဒဏ်သက်သက်မဟုတ်ပဲ မိုးနောက်ကျတာကြောင့် ရေတွင်းရေကန်တွေပါ ခန်းခြောက်ကုန်တဲ့ သတင်းတွေ ရန်ကုန်၊ မော်လမြိုင်၊ ပဲခူး စတဲ့အရပ်ဒေသတွေမှာ ထွက်ပေါ်နေပါတယ်။
13th April 2010 - MoeMaKa Daily
Thursday, May 13, 2010
အပူဒဏ်ကြောင့် သေဆုံးမှုများပြား
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment