တရားမဝင်နေထိုင်သူများအတွက် သတင်းထပ်ဆင့်မျှဝေခြင်း
တရားရေးဝန်ကြီးဌာနက တရားမဝင်နေထိုင်သူများ ပြည်တော်ပြန်ထောက်ရေးအစီအစဉ် ထုတ်ပြန်
သတင်း= ကိုဝိုင်း(မိုးညှင်း)
ဟန်ဂူရွာ ဘလော့-
တရားရေးဝန်ကြီးဌာနသည် ၊ ဂျီ-၂၀ ထိပ်သီးအစည်းအဝေးလုံခြုံရေးနှင့် တည်ငြိမ်စွာ နေထိုင် ခွင့်ရှိရေးအစီအစဉ်အဖြစ် ၊ လက်ရှိ ပြည် တွင်း တရားမဝင် နေထိုင်သူ ၁သိန်း ၈ ထောင်ခန့်သော နိုင်ငံခြားသား အရေအတွက်ကို လျှော့ချနိုင်ရန် ဖမ်းဆီးပြည်နှင်ခြင်းကို ဆက် လက်ပြုလုပ်လာခဲ့ရာမှ ၊ ယခုအခါ မိမိ သဘောဆန္ဒအလျောက်ပြည်တော်ပြန်လိုသူများ အစစအရာရာ အဆင်ပြချောမွေ့စေရေး အတွက် မိမိသဘော အလျောက် ပြည်တော်ပြန်လိုသည့် တရားမဝင် နိုင်ငံခြားသားများနှင့် မိမိဆန္ဒအလျောက်ပြည်တော်ပြန်နိုင်ရေး ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းရှင်များကို လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေမည့် “ ပြည်တော်ပြန် ထောက်ပံ့ရေးအစီအစဉ် ”ကို မေ ၆ ရက်မှ သြဂုတ်လ ၃၁ ရက် ထိ (၄လတာ) ကျော် ကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည် ။
ပြည်တော်ပြန်ထောက်ပံ့ရေးအစီအစဉ်အရ ၊ မိမိဆန္ဒအလျောက်ပြည်တော်ပြန်မည့်သူအား ဒဏ်ကြေး ကင်းလွတ်ခွင့်နှင့် ပြည်ဝင်ခွင့်တား မြစ်ချက်ကို လျှော့ပေါ့ပေးမည့်အပြင် ၊ ကိုရီးယားစကား အရည်အချင်း စာမေးပွဲဖြေဆိုခွင့်ပြုမည် ဖြစ်ကြောင်း ၊ ဆန္ဒအလျောက်ပြည် တော်ပြန်အစီအစဉ်ကို ကူညီသည့် လုပ်ငန်းရှင်များကိုမူ တရားမဝင်နိုင်ငံခြားသားသုံးစွဲသည့်အတွက် ဒဏ်ငွေ ကင်းလွတ်ခွင့် ပြုမည့် အပြင် ၊ လိုအပ်သော နိုင်ငံခြားသားအလုပ်သမားအတွက် တရားဝင် အစားထိုး သုံးစွဲခွင့်ပြုမည်ဟု ဆိုသည် ။
ဖမ်းဆီးခံရလျင်မူ ဖမ်းဆီးခံနိုင်ငံခြားသားနှင့် လုပ်ငန်းရှင်များကို ပိုမိုပြင်းထန်သည့် ဒဏ်ကြေး တပ်ရိုက်မည့်အပြင် ၊ ပြည်ဝင်ခွင့်ကာလ ကန့်သတ်ခြင်းနှင့် နိုင်ငံခြားသား အလုပ်သမား သုံးစွဲခွင့် တားမြစ်ခြင်းတို့ကို ပြင်းထန်စွာပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည် ။
တောင်ကိုရီးယားနိုင်ငံတွင် ဂျီ-၂၀ ထိပ်သီးအစည်းပြုလုပ်မည်ဖြစ်ရာ ၊ ကိုရီးယားအစိုးရအနေဖြင့် အဆိုပါ ထိပ်သီး အဝေးလုံခြုံရေးအ တွက် လာမည့် ဇွန်လမှ စတင်ပြီး ၊ ရဲဌာန အလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာနအစရှိသည့် ပူးပေါင်းပါဝင်မည့် ဖမ်းဆီးနှိမ်နှင်းရေး အဖွဲ့ဖြင့် တရားမဝင်နေထိုင်သူများကို ရှာဖွေဖမ်းဆီး နှိမ်နှင်းသွားမည်ဖြစ်ကြောင်း ၊ သို့ဖြစ်ရာ တရားမဝင်နေထိုင်သူများနှင့် တရားမဝင် နေထိုင်သူများကို အသုံးပြုလျက်ရှိသော လုပ်ငန်းရှင်များ တို့ အနေဖြင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးနှင့် အဆင် ပြေမှုရှိစေရေးတို့အတွက် ဤ အစီအစဉ်ကို စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည် ။
အဆိုပါ ပြည်တော်ပြန် ထောက်ပံ့ရေးအစီအစဉ်ကိုမူ ၂၀၀၀ ပြည့်နှစ် မေ ၆ ရက်မှ သြဂုတ်လ ၃၁ ရက်နေ့ ပြုလုပ်သွားမည်ဖြစ်သော် လည်း ၊ ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ရှာဖွေ ဖမ်းဆီးနှိမ်နှင်းခြင်းကိုလည်း တစ်ပြိုင်နက်တည်း အရှိန်မြှင့်ဆောင်ရွက်သွားမည်ဟု ဆို သည် ။
အခွင့်အရေးများအနေဖြင့် ၊ မိမိဆန္ဒအလျောက် ပြည်တော်ပြန်မည့် တရားမဝင်နေထိုင်သူ နိုင်ငံခြားသားများကို ရက်လွန်နေထိုင် ဒဏ် ကြေး ကင်းလွတ်ခွင့်ပေးပြီး ၊ ပြည်ဝင်ခွင့်တားမြစ်ထားခြင်းမှလည်း ကင်းလွတ်ခွင့်ပေးမည်ဟု ဆိုသည် ။ ဆန္ဒအလျောက်ပြည်တော်ပြန်အ စီအစဉ်ကို ကူညီသည့် လုပ်ငန်းရှင်များကိုမူ တရားမဝင်နိုင်ငံခြားသားသုံးစွဲသည့်အတွက် ဒဏ်ငွေ ကင်းလွတ်ခွင့်ပြုမည့်အပြင် ၊ လိုအပ် သော နိုင်ငံခြားသားအလုပ်သမားအတွက် တရားဝင် နိုင်ငံခြားသားအလုပ်သမားများ အစားထိုးသုံးစွဲခွင့်ရရှိရေး အမြန်ဆုံးဆောင်ရွက်ပေး သွားမည်ဟု ဆိုသည် ။
မိမိဆန္ဒအလျောက်ပြည်တော်ပြန် အစီအစဉ် ဆောင်ရွက်နည်းမှာ ၊ လုပ်ငန်းရှင်သည် တရားမဝင်အလုပ်သမားနှင်အတူ ပြည်တော်ပြန် မည့်ရက်တွင် လေယာဉ်လက်မှတ် နှင့်တကွ သက်ဆိုင်ရာ လေကြောင်းဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာန ကွန်ယက်သို့ သတင်းပို့ခြင်း ဖြင့်ဖြစ်စေ ၊ သို့မဟုတ် လုပ်ငန်းရှင်များအနေဖြင့် (အလုပ်သမားမပါဘဲ) အနီးဆုံး လူဝင်မှုကြီးကြပ်ရေးဌာနသို့ သတင်းပို့ခြင်းဖြင့် ဖြစ်စေ ဆောင်ရွက်နိုင်သည်ဟု ဆိုသည် ။
ထိုသို့ ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းရှင်မှတ်ပုံတင် နှင့် နိုင်ငံခြားသားအလုပ်သမား တရားမဝင်သုံးစွဲခဲ့ကြောင်း အထောက်အထားအဖြစ် လစာစာရင်း အစရှိသည့် လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ တစ်ပါတည်း ယူဆောင်လာဖို့ လိုအပ်မည် ဟုဆိုသည် ။
ထိုသို့မဟုတ်မူဘဲ နှိမ်နှင်းရေးအစီအစဉ်ကာလအတွင်း ဖမ်းဆီးခံရမည်ဆိုပါက လုပ်ငန်းရှင်များကို တရားမဝင်နိုင်ငံခြားသား သုံးစွဲသည့်အ တွက် ဒဏ်ကြေးငွေ ဝမ် သိန်း နှစ်ရာ ( 20,000,000 Won) တပ်ရိုက်မည့်အပြင် ၊ နိုင်ငံခြားသား အလုပ်သမားသုံးစွဲခွင့်ကိုလည်း ၃ နှစ်တာ ကာလထိ တားမြစ်ခြင်း ခံရမည်ဖြစ်ကြောင်းလည်း သိရသည် ။
အသေးစိတ်သိလိုသူများ အင်တာနက်စာမျက်နှာ http://moj.go.kr/ ထံ ဝင်ရောက်ကြည့်ရှုနိုင်သည့်ပြင် ၊ ဖုန်းနံပါတ် 1588-7181, 02-500-9083 တို့ထံ လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည် ။
နိုင်ငံခြားသားအလုပ်သမားသမဂ္ဂ၏ ထပ်ဆင့် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်မှာ အဖမ်းအဆီးကာလအတွင်း ဖမ်းမိပါက လုပ်ငန်း ရှင် အနေဖြင့် ဒဏ်ကြေးပေးဆောင်ရန်ပျက်ကွက်ပါက ဒဏ်ကြေးအပြေအကြေပေးဆောင်ပြီးချိန်ထိ ၊ အဖမ်းဆီးခံ အလုပ်သမားသည် နိုင်ငံခြားသားထိန်းသိမ်းရေးစခန်းတွင် နေရမည်ဖြစ်ပြီး ၊ ကိုရီးယားနိုင်ငံပြည်ဝင်ခွင့်ကိုလည်း ၅ နှစ်အထိ တားမြစ်ခြင်းခံရလိမ့် မည်ဟု ဆိုသည် ။ ရဲဌာနမှ သတင်းထုတ်ပြန်ချက်အရ ဆိုလျင် လာမည့် နိုဝင်္ဘာလတွင် ဂျီ-၂၀ ထိပ်သီးအစည်းအဝေးကို ကိုရီးယားနိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး ၊ လုံခြုံရေး စီမံချက်အဖြစ် မေလ ၂ ရက်နေ့မှ စတင်၍ ရက်ပေါင်း ၅၀ တိုင်အောင် အထူးဖမ်းဆီးနှိမ်နှင်းရေး အစီအစဉ် ကို နိုင်ငံနှင့်အဝှမ်း ဆောင်ရွက်လိမ့်မည်ဖြစ်ကြောင်း ၊ ဆောအူးလ်မြို့တော်၌မူ မေလ ၃ ရက်မှ ၁၆ ရက်နေ့ထိ ရက်သတ္တ ၂ ပတ်ကြာ အထူး နှိမ်နှင်ရေးစီမံချက်ဆောင်ရွက်မည်ဖြစ်ကြောင်း လည်းသိရသည် ။
အထူးသဖြင့် -
- မှတ်တမ်းဝင် ပြစ်မှုကျူးလွန်ဖူးသူများ ၊
- ဓါး အစရှိသည့် လူကို အန္တရာယ်ဖြစ်စေနိုင်သည့် လက်နက်ကိုင်ဆောင်သူများ၊
- နာမည်ကျော် နိုင်ငံခြားသားများ ၊
- ပြည့်တန်ဆာမများ ၊ ၄င်းတို့နှင့် ဆက်စပ်သူများ
- တရားမဝင်နိုင်ငံခြားအလုပ်သမားများ စသည်တို့ကို အထူးပြု ရှာဖွေဖမ်းဆီးနှိမ်နှင်းသွားမည်ဖြစ်ကြောင်းလည်း သိရသည် ။
ယခုအစီအစဉ်သည် ကိုရီးယားအစိုးရအနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် နာမည်ကောင်းရရှိရန် ရည်ရွယ်ချက်ဖြင့် ၊ နောင် ၆ လအကြာ တွင် ကျင်းပမည်ဆိုသည့် ၈ျီ-၂၀ အစည်းအဝေးကို တမင်တကာအကြောင်းပြထားခြင်းသာ ဖြစ်ပြီး ၊ အမှန်မှာ မှားယွင်းနေသော ကိုရီး ယားပုံစံ အီးပီစနစ်နှင့် နိုင်ငံခြားသား အလုပ်သမားမူဝါဒများကြောင့် သပွတ်အူလှိုက်နေသည့် နိုင်ငံခြားသား အလုပ်သမားစနစ်ကို ကုစားခြင်း အစီအစဉ်သာဖြစ်ကြောင်း ၊ မိမိအစဉ်ဖြင့် ပြည်တော်ပြန်သူများကို ပြည်ပြန်ဝင်ခွင့်ပေးမည် ၊ စာမေးပွဲဝင်ခွင့်ပြုမည်ဆို သော် လည်း အသက် ၄၀ ကျော်နေသူများကိုမူ ပြန်ဝင်ခွင့်ပြုမည်နိုင်မည်မဟုတ်ကြောင်း ၊ စာမေးပွဲဖြေဆိုရန်ဆိုသည်မှာလည်း ဘယ်အချိန် ဘယ်အခါ ဖြေဆိုရမည်မှန်းမသိရသေးကြောင်း ၊ စာမေးပွဲအောင်မြင်ပြီဆိုသည့်တိုင် အဆိုပါအလုပ်သမားကို မည်သည့် လုပ်ငန်းရှင်က မည်သည့်အချိန်တွင် ပြန်လည်ခေါ်ယူမည်ဆိုသည်မှာ မရေရာ မသေခြာသည့်ကိစ္စများသာဖြစ်ကြောင်း ၊ နိုင်ငံခြားအလုပ်သမားများကို တရားခံများ တရားခံပြေးများသဖွယ်သဘောထားဖမ်းဆီးနှိမ်နှင်းနေခြင်းမှာလည်း လူ့အခွင့်အရေးဖောက်ဖျက်နေခြင်း သက်သက်မျှ သာဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်းရှိနေကြောင်း သိရသည် ။
Monday, May 10, 2010
ကိုရီးယားက ပြည်တော်ပြန်ချင်သူများအတွက်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment