ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ မေလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၂၇ မိနစ် .
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအာဏာပိုင်များနှင့် အမေရိကန်ကိုယ်စားလှယ်များ တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းမှုများ ကြံ့ကြာမှုရှိနေသည်မှာ စစ်အစိုးရ၏ လုပ်ရပ်များကို ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်သောကြောင့် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ပြောသည်။
အိုဘားမားအစိုးရက ယခင်နှစ်နှောင်းပိုင်းက ချမှတ်သည့် ထိတွေ့ဆက်ဆံရေး မူဝါဒအသစ်အရ မြန်မာနိုင်ငံသို့ မေလ ၉ ရက်နှင့် ၁ဝ ရက်နေ့များတွင် သွားရောက်ခဲ့သော အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာတ့်ကမ့်ပ်ဘဲလ် (Kurt Campbell) က မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံခွင့်ရရန် ညှိနှိုင်းရာတွင် “ခက်ခဲမှုနှင့် ကြံ့ကြာမှု” ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်ကို ဦးဥာဏ်ဝင်းက တုန့်ပြန်ခြင်းဖြစ်သည်။
“အချို့သော Delegates များအနေဖြင့် မိမိတို့နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ဆောင်ရွက် မှုများအပေါ် ပြစ်တင်ရှုတ်ချမှု၊ ဝေဖန်ပုတ်ခတ် ပြောဆိုမှုများသာ ပြုလုပ်တတ်ကြကြောင်း၊ ထိုကဲ့သို့ ထပ်တလဲလဲ ပြောလာသော ဧည့်သည်ကို လက်ခံရန် ဝန်လေးသည်မှာ သဘာဝပင် ဖြစ်ကြောင်း၊ အပြုသဘောအမြင်ဖြင့် တွေ့ဆုံမည်ဆိုပါက အခက်အခဲ မရှိနိုင်ကြောင်း” ဦးဥာဏ်ဝင်း၏ ပြောစကားကို ကိုးကား၍ ယနေ့ထုတ် စစ်အစိုးရသတင်းစာများတွင် ဖော်ပြသည်။
မစ္စတာ ကမ့်ပ်ဘဲလ်သည် ယခုလ ၉ ရက်တွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းဦးဆောင်သည့် နအဖ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီး၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး၊ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ၊ အလုပ်သမားဝန်ကြီး၊ ကြံ့ဖွံ့အသင်း အထွေထွေ အတွင်းရေးမှူးတို့နှင့် နေပြည်တော်၌ တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာများကို ဆွေးနွေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
ဝန်ကြီးဦးဥာဏ်ဝင်းက “အချို့သော Delegates များ” ဟုသာဆိုပြီး မည်သူဖြစ်သည်ကို အတိအကျ မပြောသော်လည်း အမေရိကန်သံတမန်ကြီးကိုပင် ရည်ညွှန်းနေသလိုဖြစ်သည်။
မစ္စတာကမ့်ပ်ဘဲလ်က ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ် အောင်မြင်ရေးအား သံသယဖြစ်လာနေခြင်းကို ဧပြီ ၁၄ ရက်နေ့က ဝါရှင်တန်ရှိ ”မဟာဗျူဟာမြောက် နိုင်ငံတကာလေ့လာရေး သုတေသနဌာန” နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောထားသည်။
” တချို့နောက်ဆက်တွဲ သတင်းစကားတွေ ပေးနိုင်လိမ့်မယ်လို့ ကျနော်တို့က ထင်ထားပေမယ့် တစုံလုံးကိုခြုံကြည့်ရင် လုပ်ငန်းစဉ်ရှေ့ကိုဆက်သွားနေဖို့ဆိုတာ (မြန်မာ့) ခေါင်းဆောင်ပိုင်းကလည်း ရွှေ့လျားမှုတချို့ လုပ်တာလိုနေတယ်” ဟု မစ္စတာကမ့်ပ်ဘဲလ်က ပြောခဲ့သည်။
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာတွင် ပါဝင်သင့်သူများအားလုံး တွေ့ဆုံဆွေးနွေးရန် နိုင်ငံတကာက တိုက်တွန်းနေသော်လည်း စစ်အစိုးရက တဘက်သတ် ဆုံးဖြတ်၍ ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေသဖြင့် ရွေးကောက်ပွဲရလဒ်အား နိုင်ငံတကာက အသိမှတ်ပြုမည်ဟု မဟုတ်ကြောင်း ခရီးစဉ်အပြီး အမေရိကန် ကိုယ်စားလှယ်က သတိပေးလိုက်သည်။
နအဖပြောခွင့်ရ အဖွဲ့ခေါင်းဆောင် ဦးကျော်ဆန်းက အန်အယ်ဒီ ပါတီက “အခြေခံဥပဒေကို ညှိနှိုင်း ပြင်ဆင်ခွင့်” တောင်းဆိုနေခြင်းမှာ မဖြစ်နိုင်ကြောင်း ပြောဆိုလိုက်ပြီး၊ ရွေးကောက်ပွဲ ဥပဒေများကို ထုတ်ပြန်ပြီးဖြစ်သဖြင့် နိုင်ငံရေးပါတီ ၃၆ ခု တည်ထောင်ခွင့် လျှောက်ထားကြရာတွင် တိုင်းရင်းသား များလည်းပါဝင်သဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲသည် တရားဝင်ကြောင်း ဆင်ခြေပေးထားသည်။
ပြည်တွင်း-ပြည်ပ အတိုက်အခံများက ၂ဝဝ၈ ခု ဖွဲ့စည်းပုံတွင် ပါဝင်နေသော စစ်သားအမတ်များကို တပ်မတော်ဦးစီးချုပ်မှ တိုက်ရိုက်ခန့် မည့် ကိစ္စ၊ ဖွဲ့စည်းပုံပြင်ဆင်ရန် ခက်ခဲစေမည့် မဲခွဲစနစ်များကို ထည့်သွင်းထားခြင်း စသည့် အချက်များ ကို ထောက်ပြဝေဖန်နေကြသည်။
မစ္စတာ ကမ့်ပ်ဘဲလ်က အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်သွယ် ညှိနိုင်းဆောင်ရွက်ရာတွင် နှစ်နိုင်ငံ သံအရာရှိများမှတဆင့် ဆောင်ရွက်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သတင်းစာတွင် ပါရှိသည်။
ဦးဥာဏ်ဝင်းကမူ မြန်မာအနေဖြင့် ဝန်ကြီးဌာနများက ကိုင်တွယ်စိစစ်ပြီးမှ သံရုံးကတဆင့် အကြောင်းပြန်လိုကြောင်း တုံ့ပြန်လိုက်သည်။
အမေရိကန် ကိုယ်စားလှယ်က စိတ်ဝင်စားမှုတခုဖြစ်သောမည်သည့်နေ့ရက်တွင် ရွေးကောက်ပွဲ လုပ်မည်ကို မြန်မာဘက်က တိတိကျကျ ပြောဆိုခြင်းမရှိသလို ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာရေးအဖွဲ့များကို လာရောက်ခွင့်မပြုကြောင်းလည်း တုံ့ပြန်ပြောဆိုလိုက် သည်။
ထို့အပြင် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှု၊ ဗီဇာကန့်သတ်မှုနှင့် ဖိအားပေးမှုများကြောင့် အားနည်းခဲ့ခြင်းဖြစ်သည်ဟု မြန်မာဘက်က အပြစ်ဖို့ ပြောဆိုခဲ့သည်။
(ကိုဝိုင်းတည်းဖြတ်သည်)
http://www.mizzimaburmese.com/news/inside-burma/5364-2010-05-12-12-12-48.html
Wednesday, May 12, 2010
ဝေဖန်မှုကြောင့် ကြန့်ကြာမှုဖြစ်ရကြောင်း ဦးဥာဏ်ဝင်းက ပြော
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
2 comments:
SPDC နဲ့ U.S. အစည်းအဝေးမှာပြောတဲ့ သတင်း အပြည့်အစုံ
http://www.scribd.com/doc/31288836/USSS-and-SPDC-Meeting
လူလိမ်တွေ လိမ်မှာပဲ ဆိုတာသိပြီးသာ ဖတ်ကြည့်စရာကို မလိုဘူး။ လူလိမ်အုပ်ချုပ်လို့ တိုင်းပြည်ပျက်နေတာ
Post a Comment