လူထုစိန်ဝင်း
အမေရိကန်သုံး ဘန်းစကားတွေထဲမှာ မကြာခဏတွေ့ရတတ်တဲ့ Manimal (Man+animal) ဆိုတဲ့ စကားလုံးကို လူတိရစ္ဆာန်လို့ ဘာသာပြန်ပြီး မကြာခဏရေးခဲ့ဖူးတယ်။ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေလို့ လူလို့ခေါ်နေကြရပေမယ့် စိတ်ဓာတ် နဲ့အကျင့်စရိုက်က တိရစ္ဆာန်အရိုင်းအစိုင်းနဲ့ ချွတ်စွပ်တူနေတဲ့ လူမျိုးတွေကို လူလို့မခေါ်ထိုက်ကြောင်း ရေးတာဖြစ်ပါတယ်။
နဖူးလက်တင် စဉ်းစားဖို့မလို
တချို့က လူပဲဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတတ်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်ထွန်းကားတဲ့ အဆင့်မျိုးကိုမရောက်သေးတာတစ်ကြောင်း၊ ဗြဟ္မစိုရ်တရားလေးပါးကို အလေးထားတဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းမှာ နေထိုင်ခြင်းပြုရတာက တစ်ကြောင်းကြောင့် သူ့ပတ်ဝန်းကျင်မှာ တိရစ္ဆာန်အကျင့်စရိုက်နဲ့ ပြုမူကျင့်ကြံတာတွေရှိသိပ်ပြီး မမြင်မတွေ့ရလို့ လူပဲဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတာဖြစ်တယ်။ နဖူးပေါ်လက်တင်ပြီး စဉ်းစားစရာတောင် မလိုပါဘူး။ သတင်းစာတစ် စောင် ကောက်လှန်ကြည့်လိုက်တာနဲ့တင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေ ဘယ်လောက်ထိ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်ကုန်ကြပြီလဲ ဆိုတာတွေ မမြင်ချင်အဆုံးတွေ့ရမှာ ဖြစ်ပါတယ်။
ကလောင်ရှက်လို့ မရေးဝံ့
ခရီးသည်အပြည့်ပါတဲ့ လေယာဉ်ကြီးတွေ အပိုင်စီးပြီး လူတွေသောင်းချီရှိနေတဲ့ မိုးမျှော်တိုက်ကြီးနှစ်လုံးကို ၀င်ဆောင့်တဲ့ ရက်စက် ကြမ်းကြုတ်မှုမျိုး ဘယ်တုန်းက ကြားဖူးခဲ့လို့လဲ။ လူမပါတဲ့ လေယာဉ်ပေါ်ကနေပြီး မူလတန်းကျောင်းလေးပေါ်ကျကျ၊ ဆေးရုံပေါ်ကျကျ၊ ကျချင်တဲ့နေရာကျ၊ မကောင်းသူထိပ် ကောင်းသူထိပ်ပဲဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါကမှ ကြုံဖူးလို့လဲ။ လူတစ်ယောက်က စိတ် ရူးထပြီး မောင်းပြန်သေနတ်ကြီးနဲ့ မူကြိုကျောင်းကလေးထဲဝင်ပြီး ဒလကြမ်းမွှေ့ယမ်းတာမျိုးကော ဘယ်ခေတ်ကကြားဖူးလို့လဲ။ ကလောင်ရှက်လို့ မရေးဝံ့တဲ့ ယုတ်မာမှုတွေ အများကြီးရှိသေးတယ်။ အားလုံးတွေ့နေ ဖတ်နေကြမှာပါ။
ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေကြားမှာ စာနာစိတ်ဆိုတာလေးကို မမေ့မလျော့ ရှိနေစေဖို့တော့ အခါခပ်သိမ်း ဟောနေပြော နေရမှာပဲ . . .
ပိန်မသာ လိန်မသာ
အနောက်နိုင်ငံတွေမှာသာ လူတွေရိုင်းကုန်ကြတာမထင်နဲ့ ကိုယ့်အနားပတ်ဝန်းကျင်မှာလည်း ရိုင်းကုန်တာပါပဲ။ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းမှာတော့ ပိန်မသာလိန်မသာလို့ ပြောရင်တောင် ရနိုင်လောက်တယ် ထင်မိတယ်။ ကြည့်လေ။ အလှူ မင်္ဂလာပွဲနေပွဲထိုင်လို လူတောကြီးထဲကို ရင်ဗလာကျောဗလာနဲ့ ရင်ရှားဂါဝန်ကြီးဝတ်လာတာမျိုး ဘယ်အခါက မြန်မာမိန်းကလေးတွေ လုပ်ရဲကြလို့လဲ။ ကျွန်တော်တို့ ကောလိပ်ကျောင်းသားခေတ် ကျောင်းသူတွေဟာ ထမီကို နှစ်ထပ်ဝတ်ကြတာပါ။ အောက်က ပိတ်လုံချည်ရဲ့ ဇာနား ကလေးကို အပေါ်လုံချည်ရဲ့အနားမှာ ညီညီညာညာပေါ်နေအောင် ဂရုစိုက်ဝတ်ကြပါတယ်။ အခုခေတ်တော့ နဂိုကပါးနေပြီးသား လုံချည်စကို စကတ်ထမီချုပ်ဝတ်လိုက်တော့ ဖန်ပေါင်းချောင်ထဲ ရွှေငါးလွှတ်ထားသလို ဖြစ်နေပါတော့တယ်။
မြင်ပါများတော့ ရိုးနေပြီ
မြင်မကောင်း ရှုမကောင်းအောင် တိုတိုနေတဲ့ စကတ်တိုဘောင်းဘီတိုတွေနဲ့ လမ်းသလားနေတဲ့ မြင်ကွင်းတွေကတော့ မြင်ပါ များလို့ ရိုးသလောက်ဖြစ်နေပါပြီ။ ဇာတ်စင်ပေါ်မှာကနေတဲ့ ဇာတ်မင်းသားကို ပွဲကြည့်ပရိသတ်မိန်းကလေးက စင် ပေါ်တက်ပန်းကုံးစွပ် ရင်း ဖက်နမ်းတဲ့ မြင်ကွင်းမျိုးကလည်း အဆန်းမဟုတ်တော့ဘူး။ မြန်မာယဉ်ကျေးမှုက အရွယ်ရောက်နေတဲ့ သမီးကအမေကို ဖက်နမ်းနှုတ်ဆက်တယ်ဆိုတာ မျိုးတောင်လုပ်လေ့ရှိတာမျိုး မဟုတ်ပါဘူး။ အခုတော့ အကယ်ဒမီပွဲတွေ မှာ နမ်းလိုက်ကြတာ မျက်စိကိုနောက်နေတာပါပဲ။ နောက်ပြီးရှိသေးတယ်။ အပျိုအရွယ်မိန်းကလေးတွေက ကျွန်မရည်းစားက ဘယ်သူ ဘယ်ဝါပါဆိုပြီး ဂျာနယ်တွေထဲမှာ ထုတ်ဖော်ပြောကြားတာမျိုး။ နောင်မယူဖြစ်တဲ့အခါကျတော့ နာမည်ဆိုး ကြီးဖြစ်ကျန်ရစ်ရော။
ကမ်းကုန်နေပြီ
အနောက်နိုင်ငံတွေမှာဆိုရင်လည်း လက်မထပ်ဘဲအတူနေပြီး ကလေးမွေးကြတာတွေဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလိုလိုဖြစ်နေပြီ။ တချို့ကတော့ ကလေးမွေးပြီး သုံးနှစ်လေးနှစ်ကြာမှာ လက်ထပ်ကြတယ်။ တချို့ကတော့ လေးငါးခြောက်နှစ် အတူနေပြီးမှ နှစ်ဦးသ ဘောတူ လမ်းခွဲကြတယ်။ အတွဲအသစ်ကိုယ်စီနဲ့ အတူနေကြပြန်တယ်။ စာစောင်တွေကလည်း အတူနေအဖော်လို့ (companion partner)ရေးကြတယ်။ ချုပ်ပြီးပြောရရင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေဟာ ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ ဟီရိသြတပ္ပတရား ကင်းမဲ့ကုန်ကြရုံမက ရက်စက်ကြမ်းကြုတ်တဲ့ နေရာမှာလည်း ကမ်းကုန်နေပြီလို့ ပြောရတော့မှာဖြစ်တယ်။ သင်္ကြန်ရေကစားနေတဲ့ လူတွေကြား ဗုံးခွဲတယ် ဆိုတဲ့လုပ်ရပ်ကို သာကြည့်ပါတော့။
ငွေကခြယ်လှယ်
လူသားတွေ အရှက်အကြောက်ကင်းမဲ့ပြီး ရိုင်းသထက်ရိုင်းလာရတဲ့ အဓိကအကြောင်းအရင်းကတော့ နေရာတကာမှာ ငွေကခြယ် လှယ်တဲ့ နေရာကိုရောက်လာတဲ့အတွက်ကြောင့် ဖြစ်တယ်ထင်ပါတယ်။ ဒီခေတ်မှာ ငွေမရှိရင် လူရာမ၀င်တော့ဘူး။ ငွေရှိရင်တော့ ဘာမဆို အကုန်ဖြစ်တယ်။ အဲဒီတော့ ဘယ်နည်းနဲ့ရရ ငွေရဖို့အဓိကဖြစ်လာတယ်။ ''ကြောင်ဖြူတာမည်းတာ အရေးမကြီးဘူး။ ကြွက်မိဖို့သာလိုရင်းပဲ'' ဆိုတဲ့ အဘိဓမ္မာက နေရာတိုင်းလွှမ်းမိုးလာတယ်။ ငွေရဖို့အတွက် လူတွေဟာ ဘနဖူးကိုတောင် သိုက်တူးဖို့ ၀န်မလေးကြတော့ဘူး။ မူဝါဒ'Principle' တို့ ဂုဏ်သိက္ခာ 'Dignity'၊ 'Honour' တို့ဆိုတာတွေကို ထည့်စဉ်းစားမနေတော့ဘူး။ စဉ်းစားတဲ့ လူဆိုရင် လူမိုက်ပဲ။ လူ့တန်ဖိုးဆိုတာငွေပဲ ဂုဏ်သိက္ခာမဟုတ်ဘူး။
ဘာကြောင့်အကျင့်ပျက်တာလဲ
ငွေကြောင့်သာမဟုတ်ရင် လူတွေဒီလောက်ပျက်စီးစရာအကြောင်း မရှိပါဘူး။ ယိုးဒယားကသက်ဆင် အာဏာကို ခုထိ တန်းတန်း စွဲဖြစ် နေတာ ငွေကြောင့်ပဲ။ ချမ်းသာသထက် ပိုချမ်းသာချင်တဲ့ လောဘကြောင့်ပဲ။ လောကမှာ ဘယ်သူမှ အကျင့်ပျက် ခြစားသူလို့ အခေါ် ခံချင်မယ် မထင်ပါဘူး။ ငွေကြောင့်သာ သိသိကြီးနဲ့ကျူးလွန်နေကြတာဖြစ်မှာပါ။ ဘယ်မိန်းကလေးမှ မလုံတလုံဝတ်ပြီး ဓာတ်ပုံရိုက် ပိုက်ဆံရှာချင်မယ်လို့ မထင်ပါဘူး။ ငွေရဖို့အတွက် လုပ်ရတာဖြစ်မှာပါ။ ပျော်လို့ အနှိပ်ခန်းမှာ အလုပ်လုပ်တယ်ဆိုတဲ့ မိန်းကလေးမျိုးလည်း ရှိမယ်မဟုတ်ပါဘူး။ ငွေကြောင့်ပါပဲ။
မကောင်းတာလုပ်မှ ကောင်းတာဖြစ်
အနောက်နိုင်ငံတွေမှာလည်း လူတွေရိုင်းသထက်ရိုင်းလာကြတာတွေကို သိပါတယ်။ သမ္မတရေဂန် လက်ထက်ကဆိုရင် ကျောင်းတွေမှာ ဘာသာရေးသင်ခန်းစာတွေ ထည့်သွင်းသင်ကြားဖို့တောင် ကြံစည်ခဲ့ပါသေးတယ်။ ကန့်ကွက်သူများလို့သာ အကောင်အထည် မဖော်ခဲ့တာပါ။ အကောင်အထည်ပေါ်ခဲ့ရင်လည်း အရာရောက်မယ် မထင်ပါဘူး။ ဒီခေတ်လူတွေရဲ့ ပညာတတ်မြောက်မှုနှုန်း မြင့်ပါတယ်။ အဲဒီတော့ မကောင်းမှုကို မကောင်းမှုမှန်းသိပါ တယ်။ မသိလို့ ပြုမူနေကြတာမဟုတ်ပါဘူး။ ကောင်းတာကိုလုပ်ချင်ပေမယ့် ကောင်းတာလုပ်လို့ ကောင်းတာတွေဖြစ်မလာဘဲ။ မကောင်းတာလုပ်မှ ကောင်းတာတွေဖြစ်လာတဲ့ ခေတ်ကြီးကြောင့် ကောင်းတာတွေမလုပ်နိုင်အောင် ဖြစ်နေကြရတာလို့ပဲ စာနာစိတ်နဲ့ တွေးမိပါတယ်။
လက်နက်ကောင်း
လူ့တန်ဖိုးကို ငွေနဲ့တိုင်းတာနေသမျှ ကာလပတ်လုံးတော့ ကမ္ဘာကြီးတစ်ခုလုံး ဒီလိုပဲ ပစ္စန္တရာဇ်အရပ်သဖွယ် ဖြစ်နေဦးမှာပါပဲ။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူ့အဖွဲ့အစည်းမှာ ငွေနဲ့ခြယ်လှယ်တဲ့ လုပ်ရပ်မျိုးတွေ များသထက်များမလာအောင် တတ်စွမ်းသလောက် ကာကွယ်တားဆီးတာပဲဖြစ်ပါတယ်။ ကာကွယ်တားဆီးဖို့အတွက် ကျွန်တော်တို့ လက်နက်ကောင်းတစ်ခုရှိပါတယ်။ ငွေရဲ့ အရှိန်အ၀ါတန်ခိုးသြဇာအောက်မှာ မှေးမှန်နေတာကို ပွတ်သပ်အရောင် တင်ပြီး ထုတ်ယူသုံးစွဲနိုင်ပါတယ်။ အဲဒါကတော့ 'စာနာစိတ်'ပါ။ ဘာသာတရားတိုင်းက ကိုယ်ချင်းစာစိတ်ထားဖို့ ဆုံးမကြပါတယ်။ ငွေက ဖျက်ဆီးလို့ ပျက်စီးသွားခဲ့ရတာပါ။ ဒါကို မွမ်းမံပြင်ဆင်ပြီး သုံးကြရမှာ ဖြစ်ပါတယ်။
မိုးကြိုးပစ်တာ ထန်းလက်ကာ
စာနာစိတ်ဆိုတာ ကိုယ်ကစပြီးကျင့်သုံးရမှာပါ။ သူတစ်ပါးကို နိုင်ထက်စီးနင်းပြုဖို့ဖြစ်လာရင် (ဥပမာ) လူတစ်ယောက်ကို ထိုးကြိတ် ရိုက်နှက်ဖို့ ဖြစ်လာရင် သူသာငါ့မိငါ့ဖိ၊ ငါ့ညီအစ်ကိုမောင်နှမ ငါ့သားငါ့သမီးဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ဖို့။ လူတစ်ယောက်ရဲ့ စည်းစိမ်ချမ်းသာကို ပျက်စီးအောင်လုပ်ဖို့ ကြုံကြိုက်လာရင် သူသာ ငါ့ညီ၊ ငါ့ဖ၊ ငါ့ညီအစ်ကိုမောင်နှမ၊ ငါ့သားငါ့သမီးဖြစ်ရင် ဘယ်လို လုပ် မလဲလို့ တွေးကြည့်ဖို့ပါ။ ဒီလို ကိုယ်ချင်းစာစိတ်နဲ့ အရာရာကို စဉ်းစားမယ်ဆိုရင် အရိုင်းစိတ်တွေ လျော့ပါးတန်သလောက် လျော့ပါး နိုင်ပါ တယ်။ မိုးကြိုးပစ်တာ ကိုထန်းလက်နဲ့ကာသလိုတော့ ဖြစ်ပါတယ်။ အရာရာကိုငွေကခြယ်လှယ်တဲ့ စနစ်ကြီးရှိနေသမျှတော့ လူတွေ ကိုမ ရိုင်းအောင် လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် ဒီအတိုင်းဘာ မှမလုပ်ဘဲလက်ပိုက် ကြည့်နေလို့ လည်းမဖြစ်ပါဘူး။ ကိုယ့်အနီးနားပတ်ဝန်း ကျင်က လူတွေကြားမှာ စာနာစိတ်ဆိုတာလေးကို မမေ့မလျော့ ရှိနေစေဖို့တော့ အခါခပ်သိမ်း ဟောနေပြောနေရမှာပဲဖြစ်ပါတယ်
Monday, May 10, 2010
ဖတ်စေချင်တယ်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
No comments:
Post a Comment