Saturday, June 26, 2010

ကမ်းပျောက်ဗေဒါ.........ခွန်အောင်ငဲ

အဲ့ဒီအချိန်တုန်းက နိုင်ငံရေးဆိုတဲ့ စကားလေးတစ်ခွန်းကို ကြားရမှာကို သိပ်ကြောက်ခဲ့တယ် “အော်
ငါဒီစကားများပြောမိရင် င့ါကိုဖမ်းသွားမလား” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ရေဒီယိုတောင် ကျယ်ကျယ်နား မထောင်ရဲ့ခဲ့ဘူးဗျ။
ရှင်းရှင်းပြောရရင်ဗျာ ငါ့ဝမ်းပူဆာမနေသာ ငါရှာမှငါရမှာမို မိမိစီးပွားရေးကလွဲရင် ကျန်တာတွေ
စိတ်မ၀င်စားခဲ့ဘူး။ ရေဒီယိုမှ ထွက်ပေါ်လာတဲ့ “ဘယ်နေရာမှာ ရေကြီးလို့” ပြည်သူတွေ
ဒုက္ခရောက်နေတယ်၊ ဘယ်နေရာမှာ တိုင်ပွဲဖြစ်လို့ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ် ကြားရင်တောင် “ ပုံပြင်တစ်ပုဒ်လိုပဲ စိတ်ထဲမှာ ကိုယ်နှင့်မဆိုင်သလိုနေခဲ့တယ်။

ခေတ်နဲ့အညီ လိုက်ပြီးဈေးတက်နေတဲ့ အချိန်မို့ အိမ်ရှိလူကုန် အလုပ်လုပ်ရတာတောင် စား
လောက်ရုံသာသာ မဟုတ်ပါလား။ လက်လှုပ်မှပါးစပ်လှုပ်ရတဲ့ ကျွန်တော်တို့လို လူတန်းစား တွေ
အတွက် နေ့စဉ်မှန်မှန်စားနိုင်သောက်နိုင်မှာမိုလား။ အဲ့ဒီအချိန်တုန်းက ဒီအတိုင်းတွေခဲ့မိတယ်။

လွန်ခဲ့တဲ့၂၀၀၇ စက်တင်ဘာမှာ ကုန်ဈေးနှုံးတက်မှုကြောင့် ပြသနာကစပြီး ရွေဝါရောင်
တော်လှန်ရေးကြီးအထိ ရောက်လာတော့ ကျွန်တော်တို့ တောင်ပေါ်ဒေသတွေဘက်မှာ ဆူပူမှု
သိပ်မရှိခဲ့ပေမဲ့ မြို့ တော်ရန်ကုန်မှာ ကျောင်းသားတွေနဲ့ ပြည်သူတွေအစ သံဃာတော်တွေအဆုံး
မညှာမတာ သတ်ဖြတ်နေတယ်ဆိုတဲ့ သတင်းကြားရတော့ ကျွန်တော်ဝမ်းနည်းမျက်ရည် ကျမိ
တယ်။ ဆန္ဒပြပွဲကြီးတစ်လျှောက် လူမျိုးပေါင်းစုံ၊ဘာသာပေပေါင်းစုံ ဆန္ဒပြတိုက်ပွဲ ၀င်ခဲ့ကြ
တယ်။ တိုင်းပြည်အတွက် အသက်စတေးခံခဲ့ရသလို မတရားဖမ်းဆီးခြင်းလည်းခံခဲ့ ရတယ်။
ကျွန်တော်ဟာ ဗုဒ္ဒဘာသာဝင်တစ်ယောက်ပါ ဒီလိုသတ်ဖြတ်နေတာကို ကြားရတော့ စစ်အစိုး
ရဆိုတာကို ချီးရွံသလိုရွံရှာ မုန်းတီးလာတယ်။

စီးပွားရေး အဆင်မပြေမှုတွေနဲ့ စိတ်ဓါတ်ကျနေတဲ့ ကျွန်တော်ဟာ ဒီအစိုး လက်အောက်မှာ
နေချင်စိတ်လည်းပျောက် လာခဲ့တယ်။ နောက်ဆုံးဖြစ်ချင်တာဖြစ်ဆိုပြီး ယိုးဒယားလို့ အခေါ်
များတဲ့ ထိုင်းနိုင်ငံဘက်ကို ထွက်လာခဲ့တယ်။ နိုင်ငံသားမှတ်ပုံတင် မရှိတဲ့အတွက် လမ်းခရီး
တစ်လျှောက် မစားရက်မသောက်ရက် စုဆောင်းထားတဲ့ ငွေလေးတွေလည်း မိမိလမ်းခရီး
ဖြောင့်ဖြူးဖို့အတွက် အရှက်မရှိတောင်စားနေတဲ့ သူတောင်းစားတွေ ပါးစပ်ထဲခွံ့ ကျွေးခဲ့ရပြန်
တယ်။
တဖြေးဖြေး တောက်လောင်စပြု နေတဲ့ ကျွန်တော်ရင်ထဲက မီးတောက်ဟာ ပိုပြီးကြီးထွား
လာနေပြီလေ။
နယ်စပ်လမ်းတစ်လျှောက် ကားတတန် လှေတဆုံး၊ခြေလျှင်တသွယ် ခရီးနှင်ရင်း ထိုင်း၊မြန်
မာနယ်စပ် ရွာလေးတစ်ရွာ သို့ရောက်ခဲ့တယ်။ မကြာခဏဆိုသလို တိုက်ပွဲအမြဲဖြစ်နေတာမို့
ရွာရယ် အမည်တွင်ပေမဲ့ ကျေးရွာသားအနည်းသာ ရှိနေတာ သတိထားမိသည်။ တစ်ချိန်တုန်းက မြန်မာနိုင်ငံမှ၊
ကျွဲ၊နွားများနှင့် သစ်များ မှောင်ခိုသယ်ဆောင်နေတဲ့ မှောင်ခိုလမ်းတစ်ခု ဆိုလည်းမမှားပါဘူး။

နယ်စပ်လမ်းတစ်လျှောက် ဂိတ်ပေါင်းများစွာ အကြောင်းပြချက် အမျိုးမျိုးနဲ့ ငွေတောင်းနေတဲ့
သူတွေလည်းမနည်းပါဘူး။ ရိုးသားလှတဲ့ ပြည်သူတွေကို သူတို့ကပဲ အရောင်ဆိုး မတရားငွေ
တောင်း၊မတရား လုပ်အားပေးခိုင်း ကောင်းကျိုးဘာတစ်ခုမှ ပြည်သူ အကျိုးမပြုတဲ့အပြင် ဒုက္ခ
ပေးတက်ကြသေးတယ်။
ဒီလိုနဲ့ ကျွန်တော် ထိုင်းနိုင်ငံ မြို့လေးတစ်မြို့ဖြစ်တဲ့ မယ်ဟောင်ဆောင် မြို့လေးကိုရောက်ခဲ့ပါ
တယ်။ မိမိနိုင်ငံမှာ လုပ်ကိုင်စားသောက်ရတာ မလွယ်ကူတဲ့အတွက် တစ်ဖတ်နိုင်ငံမှာတွေမှာ
ပုံစံ အမျိုးမျိုးနဲ့ လာရောက်လုပ်ကိုင်စားသောက် နေကြသူတွေလည်းမနည်းလှ။ ဒုက္ခအမျိုးမျိုး
နဲ့ ရောက်လာတဲ့လူတွေ၊ နယ်စပ်ဒေသ တစ်လျှောက် စစ်အစိုးကြောင့် ရွာပျက်ပြီး ထွက်ပြေး
တိမ်းရှောင်သူတွေ၊ ပွဲစားရဲ့လှည့်ကွက်ကြောင့် ဘ၀ပျက်နေတဲ့ ယောကျာ်း၊မိန်းမ တွေကို မြင်
ရတွေ့ရ သူတို့ဘ၀ကို သိလာခဲ့ရတယ်။
တစ်ချို့ မြန်မာအမျိုသမီးငယ်လေးတွေ ဟာလုပ်ငန်းရှင်တွေရဲ့ ၀ါးမျိုးမှု ကိုခံရသလို၊ ပြည်တန်
ဆာအဖြစ် ရောက်ကုန်ကြတဲ့ ကျွန်တော်တို့ မြန်မာ အမျိုးသမီးများအတွက်၊ မြန်မာပြည်သူတွေ
အတွက် တစ်ဒေါင့်တစ်နေရာကနေ ပါဝင်တိုက်ပွဲ ၀င်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။
မြန်မာနိုင်ငံရဲ့ စနစ်ဆိုးကြီးအောက်ကနေ လွတ်မြောက်နိုင်ဖို့ မိဝေး၊ ဖဝေး၊ အမိနိုင်ငံနဲ့ဝေးပြီး တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်များကို ကျွန်တော်အရမ်းလေးစားမိတယ် အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာထက် မမှန်ကန်တဲ့ စစ်အုပ်စုကို တိုင်းရင်းသားလက်နက်ကိုင်တွေ ဆက်လက်တိုက်ပွဲဝင်နေမယ်ဆိုတာ ယုံကြည်မိပါတယ် ။ဆုံးခန်းတိုင်းအောင်မသင်ခဲ့ရတဲ့ ပညာ၊ မြန်မာနိုင်ငံအတွင်းမှာ လေ့လာသင်
ယူခွင့်မရခဲ့တာတွေလည်း တက်နိုင်သလောက် သင်ယူလေ့လာခွင့် ရခဲ့တယ်။

လူငယ်တစ်ယောက်အနေနဲ့ ညဏ်မှီသလောက် ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဘာတွေလို
အပ်သလဲ၊ ဘာတွေဆုံးရူံးနေသလဲ၊ ဘာကြောင့်ဖြစ်နေတာလဲဆိုတာ သိခွင့်ရပြီးနောက် ကျွန်
တော် တစ်ဒေါင့်တစ်နေရာကနေ တိုက်ပွဲဝင်ခဲ့တယ်။ အဆင်မပြေမှုတွေ ဒုက္ခ၊သုက္ခတွေပေါင်း
စုံနဲ့ ကျီးလန့်စာစားနေရတဲ့ တော်လှန်ရေးသမားတစ်ယောက်အတွက် တစ်ထောင့်တစ်ည ပုံ
ပြင်လိုပါပဲ။
ဆရာကြီး ဗန်းမော်တင်အောင်ရဲ့( ပြည်တော်သာနေ့တစ်နေ့) စာအုပ်လေးထဲက စာလေး
တစ်ကြောင်းကို ကျွန်တော် ပြန်လည်မြင်ယောင်လာမိတယ်ဗျ။ “ထောင်ကျပြီးထွက်လာတဲ့
နိုင်ငံရေးသမား “တစ်ယောက် အတွက် မိမိစီးပွားရေး မရှိဘူးဆိုရင် “လုပ်ငန်းရှင်တွေလက္ခံ
ဖို့ခက်ခဲ့ကြတယ်“
လက်ရှိတိုက်ပွဲဝင်နေတဲ့ အချိန်မှာလည်း ဘယ် organization၊ Generation၊ Chummily၊
မှ Communication ရအောင် ဖန်တီးမှုတွေ သိပ်မတွေ့ရဘူး။ ဘာကြောင့်မလုပ်ကြတာလဲ.?
ကျွန်တော်ထင်တယ် ကျွန်တော်တို့ တိုက်ပွဲဝင် မျှော်လင့်နေတဲ့ ဒီမိုကရေစီ တိုက်ပွဲဆိုတာ ယခု
လက်ရှိ ကျွန်တော်ဖြစ်နေတဲ့ ကမ်းပျောက်ဗေဒါလို ဖြစ်နေအုံးမှာပါ။


26.6.2010
1:36 pm

Aung Nge--
Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်