Sunday, June 27, 2010

နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး၌ တရားစီရင်။

Sunday, June 27, 2010 ( အကြမ်းဖက်ခံရသူ မြန်မာအမျိုးသမီး ၄ ဦး ဓါတ်ပုံ နှင့် တရားစီရင်ပုံ ဤနေရာနှိပ်၍ ကြည့်ရှုပါ)
နအဖ စစ်အုပ်စုမှ မြန်မာအမျိုးသမီးများအပေါ် အကြမ်းဖက်ကျူးလွန်မှုများ မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့်ခံရမှုများအပေါ် အရေးယူ ဆောင်ရွက်သွာနိုင်ရန်အတွက် ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တွင် အကြမ်းဖက်ခံရသူ မြန်မာအမျိုးသမီး ၄ ဦးမှ မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်(WLB) နှင့် Human Rights Now (HRN)တို့၏ အကူအညီဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွေအား တရားဆွဲဆို စီရင်သည့် အစီအစဉ်ကို ယနေ့ ဇွန်လ ၂၇ ရက် Building Shibuya Aoyama Gakuin University Building No. (6),၌ နေ့လည် ၁း၀၀ နာရီတွင် ပြုလုပ်ခဲ့ပါသည်။

ဂျပန်နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံး (International Tribunal - Japan)တရားခွင်တွင် တာဝန်ယူကြသူများမှာ Hamada Kunio - ရှေ့နေ (တရားရုံးချုပ် တရားသူကြီးဟောင်း)၊ Kubori Hideaki - ရှေ့နေ (ဂျပန်နိုင်ငံ ရှေ့နေများအသင်းချုပ် ဒုတိယ ဥက္ကဌဟောင်း)၊ Goto Hiroko – Chiba University ဥပဒေပါမောက္ခ (ဂျပန်အစိုးရအဖွဲ့ အမျိုးသမီး-အမျိုးသား တန်းတူ ညီမျှရေး ဌာန၊အမျိုးသမီးများအပေါ် အကြမ်းဖက်မှု စုံစမ်းစစ်ဆေးရေး ကော်မတီ အဖွဲ့ဝင်)၊Niikura Osamu – Aoyama Gakuin University ဥပဒေ ပါမောက္ခ၊Shikita Miho - ကုမ္ပဏီ အုပ်ချုပ်ရေးမှူးတို့မှ ပြည်သူ့တရားသူကြီးများအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ကြပါသည်။ တရားလိုဘက်မှ ရှေ့နေ (၈)ဦးနှင့် စစ်အစိုးရဘက်မှ တရာခံရှေ့နေ (၃)ဦးပါဝင်ပြီး နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ပြုလုပ်သွားခဲ့ပါသည်။

မြန်မာအမျိုးသမီးများ၏ လူ့အခွင့်အရေး ဆုံးရုံးနေမှုများ၊ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အမျိုးသမီးများအား အဓမ္မ လုပ်အားပေးခိုင်းစေမူများ တို့ကို တရားသူကြီးများ၏ ရှေ့မောက်၌ လျှောက်လဲသွားပါသည်။ နှစ်ဘက်ရှေ့နေများတို့မှ အပြန်အလှန် လျှောက်လဲချက်များ တင်သွင်းခဲ့ပြီးနောက် ပြည်သူ့တရားသူကြီးများအဖွဲ့မှ ဆုံးဖြတ်ချက်(၈)ချက်ကို စီရင်ချက် ချမှတ်ခဲ့ပါသည်။

ပြည်သူ့ခုံရုံးတွင် တရားစီရင်မှုအစီအစဉ်များကို Burma Campaign Japan (BCJP)မှ (www.burmacampaign.net)တွင် ကြည့်ရှုနိုင်ပါသည်။တရားစီရင်မူကို ညနေ ၅း၀၀ နာရီတွင် ပြီးဆုံးခဲ့ပြီ ပြည်သူ့ခုံရုံးတွင် သက်သေ ထွက်ဆိုချက်များကို တက်ရောက်နားထောင်သူ ၁၀ဝ ကျော်ခန့် ရှိကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Khan Sum(CNC-Japan)Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်