Tuesday, August 31, 2010

ဘယ်အရာဟာ တည်မြဲမလဲ

Saturday, 28 August 2010 19:11 စစ်ထက်နိုင်
ဆင်ဖြူမရှင် နအဖ တို့ ပုန်းအောင်းရာ ကြပ်ပြေးနေပြည်တော် ပြန်ကပြေးကျေးရွာအုပ်စု တဲကုန်းကျေးရွာတွင် အိမ်ခြေ ( ၁၉၀ ) ကျော်အား နအဖ၏ အမိန့်အရ ရွာလုံးကျွတ်ရွှေ့ပြောင်းခိုင်းရာ လူထုကြီးဟာ မိမိတို့ အစဉ်အဆက်နေလာခဲ့သော အိမ် နေရာလေးများသံယောဇဉ်ဖြစ်တာကတစ်ကြောင်း ၊ ဘယ်နေရာကို ပြောင်းရမှန်းမသိတာက တစ်ကြောင်းတို့ကြောင့် မရွှေ့ပြောင်းဘဲနေလာရာ ၁၃. ၈ . ၂၀၁၀ က နေပြည်တော် စည်ပင်ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့များက ဒုတ်များဖြင့်လူထုကြီး အားဝင်ရောက် ရိုက်နှက်ခြင်း၊ ဓါးများဖြင့် အိမ်များအား ခုတ်ထစ်ရှင်းလင်းတို့ ပြုလုပ်နေသဖြင့် ကမ္ဘာပျက်သလိုဖြစ်နေ ပေသည်။ လူထုကြီးမှာ စားစရာမရှိ၊ နေစရာမရှိ ဖြစ်နေကြောင်း။ နအဖ တို့ရဲ့လူသားမဆန်စွာ မိုက်ရိုင်းနေမှုအား ကမ္ဘာက သိစေခြင်လို့တင်ပြလိုက်တာပါ။ ကုလသမဂ္ဂအဖွဲ့ကြီးဆိုတာ ဘာတွေလုပ်နေလဲ ၊ ဘာတွေကူညီနိုင်မလဲ မေးပေးကြပါ။ ဒီလိုဖြစ်ပျက်နေတာ နိုင်ငံတကာစစ်ခုံရုံးမတင်နိုင်ကြသေးဘူးလား ၊ နိုဝင်္ဘာလ (၇) ရက်မတိုင်မှီ စစ်ခုံရုံးကိုတင်ပေးကြ စေလိုပါသည်။

ဗမာပြည်မှာရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆိုတာလဲ အပြင်မှာရှိနေတဲ့လူတွေဟာ (ထောင်ကျနေသူများမပါ) တချိန်က တပ်မတော်သားတွေမို့ မယုံကြည်ရလောက်တဲ့အဆင့်ရောက်နေပါပြီ။ အော် နေ .... လည်နေတာလောက်ပဲ လုပ်ပြနေတာမို့ ပြည်သူလူထု အားကိုးလို့မရတဲ့အဆင့်ရောက်နေပါပြီ။ ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ်လိုက်တယ်ဆိုရင် ဗိုလ်ချုပ်ပြောခဲ့သလို “ ရ ရင် ရ ၊ မရ ရင် ချ မယ် ” ဆိုတဲ့စိတ် မွေးသူလဲ မရှိတော့ပါ။ ၁၉၉၀ ခုနှစ်ကထောက်ခံပေး ခဲ့တဲ့မျက်နှာကိုတောင် မထောက်တော့ကြဘူးဗျာ။

သူကိုယ်သူ မသေဆေးစားထားသူတစ်ယောက်လို့ထင်နေတဲ့ နအဖသန်းရွှေအား ဘယ်အရာဟာ တည်မြဲသလဲဆိုတာ သိသွားအောင် ကမ္ဘာက ကူညီဝိုင်းဝန်း လုပ်ပေးကြစေလိုပါသည်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်