Saturday, August 21, 2010

နအဖ၏ ဖြုတ်ထုတ်သတ်ပွဲစပြီ

နအဖ၏ဖြုတ်ထုတ်သတ်ပွဲစပြီ
နအဖ တပ်အတွင်း ဖြုတ်ထုတ်သတ်ပွဲ ကြီး စတင်နေပြီဖြစ်ပါတယ်။ သန်းရွှေ က အလွန်လည်ပါတယ်။ သူကတော့ မထွက်ပါဘူး။ တဖက်လှည့် နဲ့ ဗိုလ်ချုပ်တွေ ကို အရပ်ဖက်ပို့ လို က်တာ ပါ။ သူတို့ ရွေးကောက်ပွဲဝင်ရမယ်။ ဗိုလ်ချုပ်အဖြစ်ကနေ အမတ်လုပ်ရမယ်။ ဘောင်းဘီချွတ်ပြီး ချောင်ထိုးခံလိုက်ရတဲ့ ဗိုလ်ချုပ် ၁၄ ဦး ကတော့

၁။ ဒုဗိုလ်ချုပ်ကြီး အုန်းမြင့် (ကစထ ၁ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇ ဆင်း)
၂။ ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ကစထ ၂ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၉)
၃။ ဒုဗိုလ်ချုပ်ကြီး ခင်ဇော် (ကစထ ၆ မှူး၊ OTS အပတ်စဉ် ၄၉)
၎။ ဒုဗိုလ်ချုပ်ကြီး သာအေး (ကစထ ၄ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၆)
၅။ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ (ကစထ ၅ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၆။ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင် (လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်၊ စစ်တက္ကသိုလ် ၁၇)
၇။ ဒုဗိုလ်ချုပ်ကြီး တင်အေး (စစ်လက်နက် အရာရှိချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၉)
၈။ ဒုဗိုလ်ချုပ်ကြီး ဆန်းဆင့် (စစ်ရာထူးခန့်ချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၉။ ဒုဗိုလ်ချုပ်ကြီး စိုးမောင် (စစ်ဥပဒေချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇)
၁ဝ။ ဒုဗိုလ်ချုပ်ကြီး သိန်းထိုက် (တပ်မတော် စစ်ဆေးရေး အရာရှိချုပ် စစ်တက္ကသိုလ်၊ အပတ်စဉ် ၁၆)
( Source of list : mizzima )

တို့ ဖြစ်ကြတယ်။ တပ်ကနေ နားပြီး အမတ်လုပ်ခိုင်းတဲ့အတွက် ဒီဗိုလ်ချုပ်ပြုတ်တွေဟာ့ ခံစားချက် မကောင်း ကြဘူး လို့ သိရတယ်။ သူတို့ဟာ ဘောင်းဘီမချွတ်ခြင်ကြဘူး။ တပ်ထဲမှာ သေတဲ့အထိ ကုတ်ကပ် နေခြင်ကြ တယ် လို့ သိရတယ်။ ယူနီဖေါင်းချွတ်လိုက်ရင် အာဏာလက်လွတ်ဖြစ်ရတဲ့ဘ၀ကို သူတို့  ကောင်းကောင်း သိနေကြတယ်။ ဒီကြားထဲမှာ ရွေးကောက်ပွဲမှာအရွေးမခံရဘူးဆိုရင် သူတို့ ဟာ မျောက်သစ်ကိုင်းလွတ် ဘ၀ ကိုရောက်ရဦးမှာပါ။ သူတို့ သတ္တိမရှိတဲ့အတွက် သူတို့  အထုတ်ခံရတာပဲ သနားစရာရာမလို ပါဘူးလို့  အောက်ခြေ တပ်မှုးငယ်တွေက ပြောနေကြပါတယ်။

အမေရိကန် အစိုးရက သန်းရွှေ နဲ့  အပေါတယ်အ ပေါင်အပါများကို စစ်ရာဇ၀တ်ကောင်များအဖြစ် တရားစွဲဖို့  စတင်တောင်းဆိုပြီးလိုက်ပြီးမှာ နအဖ ခေါင်းဆောင်ပိုင်းအတွင်း စိုးရိမ်ထိန့် လှန့် နေတယ်လို့ သိ ရတယ်။

တချို့ လည်း တာဝန်ကနေ လုံးဝ အနားယူ ခြင်နေကြတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ရွှေမန်း၊ တင်အောင်မြင်ဦး နဲ့ သန်းရွှေညာလက်ရုံး တင်အေးကိုယ်တိုင်ပါတယ်။ (အခုတင်အေးကတော့အနားပေးခံရတဲ့အထဲပါသွားပါပြီ။)

တပ်မတော်ဦးစီးချုပ်အဖြစ် ဖြစ်လာနိင်သူကတော့ သူရမြင့်အောင် လို့ သတင်းထွက် နေပါတယ်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်