Saturday, August 21, 2010

ိတက္ကသိုလ်ပညာရေးသည် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်လာ (ပေးစာ)

သို့

အထက်လူကြီးမင်းများ သိစေရန် ပြောကြားအပ်ပါသည်။

စစ်တွေတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ဒေါ်တင်လှိုင်သည် ယခင် ကျူရှင်ပြပြီး တပည့်များထံမှ လက်ဆောင် ပဏ္ဍာများကို အမြဲယူလေ့ရှိပါသည်။ မဟာဘွဲ့ ဆက်တက်လိုလျှင် ငွေ ဘယ်လောက် ပေးရမည်ဟုလည်း မဟာဘွဲ့ ဆက်တက်ရမည့် ကျောင်းသားများကို ပြောကြားပါသည်။ ငွေ မပေးနိုင်သူများသည် မဟာဘွဲ့ ဆက်တက်ခွင့် မရခဲ့ပါ။ ယခုအခါ ပါမောက္ခများ ကူရင် မသင်ရသဖြင့် အင်္ဂလိပ်စာ ဌာနရှိ နည်းပြများကို ကျူရှင်သင်ခိုင်းပြီး ကျူရှင် ပြရငွေ တစ်ဝက်ကို တောင်းခံနေပါသည်။

ထို့ပြင် ဥပဒေ ပါမောက္ခ ဒေါ်ကျင်စီသည်လည်း ဒေါ်တင်လှိုင်နည်းတူ နည်းပြများထံမှ ကျူရှင် ပြရငွေများ၏ တစ်ဝက်ကို တောင်းခံနေပါသည်။ ထို့ပြင် ဒေါ်ကျင်စီသည် လောကနန္ဒဆိုင်တန်းတွင် ထမင်းဆိုင်ဖွင့်ထားပြီး အဝေးသင်ကျောင်းသားများကို သူ့ဆိုင်တွင် ထမင်းမစားသူများကို စာမေးပွဲကျမည်ဟုလည်း ပြောကြားပြီး မင်းမူနေပါသည်။ အမှန် တကယ် လည်း သူ့ဆိုင်တွင် ထမင်းလပေး မစားသူများကို စာမေးပွဲ အကျ ပေးပါသည်။

ဤကဲ့သို့ အင်္ဂလိပ်စာ ပါမောက္ခ ဒေါ်တင်လှိုင်၊ ဥပဒေ ပါမောက္ခ ဒေါ်ကျင်စီတို့ကဲ့သို့သော ဆရာမများ ရှိနေပါက စစ်တွေတက္ကသိုလ် အမှန်တကယ် နာမည် ဆိုးဝါးလာမည် အတွက် အထက် လူကြီးမင်းများ သိသာရန် တင်ပြလိုက်ရပါသည်။

စစ်တွေတက္ကသိုလ် ကျောင်းသားတစ်ဦး

၂၀၁၀ ခုနှစ်၊ သြဂုတ်လ – (၁၈) ရက်။
http://arakanreview.net/?p=1630 မှ ပေးစာ

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်