Monday, September 13, 2010

အတုအယောင် ရွေးကောက်ပွဲကို လက်မှတ်ရေးထိုး ဆန့်ကျင်နိုင်

             မြန်မာနိုင်ငံတွင်းစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့်၂၀၁၀ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်တွင် ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို ဝေဖန်ပြစ်တင်သော သဘောဖြင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International (AI)) မှဦးစီးပြီး Burma and The Three Freedom ကမ်းပိန်းတစ်ခုကို လုပ်ဆောင်နေလျှက်ရှိသည်။
           အဲဒီပြုလုပ်တဲ့ ကမ်ပိန်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိနေသော AI အဖွဲ့များမှ နေပြီး သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲများနှင့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများထံသို့ လက်မှတ်ထိုး၍ မိမိတို့၏ သဘောထားကိုပေးပို့နိုင်မည်ဖြစ်ပြီး AI အနေနှင့် ယင်း ဝန်ကြီးထံပေးပို့မယ့်စာမှာ ဘာသာစကား (၉) မျိုးကိုထည့်သွင်းဖော်ပြပေးထားသည်။
          ယခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့မှာ ကျင်းပပြုလုပ်မည့် နအဖစစ်အစိုးရ၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်လိုပါက http://3freedoms.amnesty.org/ ကိုနှိပ်ပြီး မိမိတို့ဆန္ဒကို ထုတ်ဖော်ပေးပို့နိုင်မည်ဖြစ်ပြီး၊ ယခုလိုလက်မှတ်ရေးထိုးခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မတရားနှစ်ရှည် ထောင်သွင်းအကျဉ်း ခံနေရသည့် နိုင်ငံရေးအကျဉ်းးသားများကို ထောက်ခံရာရောက်ရှိသလို အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရာလည်း ရောက်ရှိမည်ဖြစ်သည်။
Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်