Wednesday, September 22, 2010

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်တိုက်ပွဲဝင်ကြ

ယနေ့မြန့်မာနိုင်ငံရေးအလှည့်အပြောင်းသည် စစ်အာဏာရှင်သက်ဆိုးရှည်ရေး အတွက် နိုင်ငံတကာ၏အသိအမှတ်ပြုမှုနှင့် စစ်အုပ်စု အပေါ် နိုင်ငံတကာ၏သဘေားထားများသည် လွန်စွာအရေးပါလှ သောအချိန်ဖြစ်ပါတယ်။

ကုလသမဂ္ဂ၏၂၀၁၀ အထွေထွေညီလာခံတွင်၊ စက်တင်ဘာလ(၂၇) တနင်္လာနေ့မှာ ကုလသမဂ္ဂမြန်မာ့မိတ်ဆွေများအစည်းအဝေး ကို အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ကမကထ ပြုကျင်းပမှာဖြစ်ပါတယ်။ သို့သော်လည်း ၄င်းကိုယ်တိုင် မြန်မာ့အရေးကို ပျော့ညံ့ လျော့ရဲသောရပ်တည်ချက်များဖြင့်သာ မရေမရာမူဝါဒကိုစွဲကိုင်ဆောင်ရွက်လျက်ရှိနေပါတယ်။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်အပါအ၀င်၊ နိုင်ငံရေး အကျဉ်းသား၂၁၀၀ကျော် ကိုလွှတ်ပေးရန်ဖိအားပေးဆောင်ရွက်မှုများသည်လည်း ထိရောက်မှုမရှိသလို။ ဥပဒေအရ အကျဉ်းကျခံရက်ပြည့်သည့် နိုဝင်ဘာလ(၁၃)ရက်နေ့ တွင်ဒေါ်အောင် ဆန်းစုကြည်ကို လွှတ်ပေးရမည်ကိုပင် မသေမချာသည့် အခြေအနေတွင်ရှိနေပါတယ်။

ထို့ကြောင့် အောက်ပါတောင်းဆိုချက်(၃)ရပ်ကို ၂၀၁၀ ကုလသမဂအထွေထွေညီလာခံကြီးတွင် ဆုံးဖြတ်ဆောင်ရွက်သွားကြပါရန် တောင်းဆိုဆနွုပြသွားမည်ဖြစ်ပါသည်။

၁။ စစ်ခေါင်းဆောင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားအရင်းအမြစ်ဆိုင်ရာပြစ်မှုကျူးလွန်ဖောက်ဖျက်မှုများကို စုံစမ်းစစ်ဆေးရေးကော်မီရှင်ဖွဲ့စည်းပြီး စုံစမ်းဖော်ထုတ် အရေးယူဆောင်ရွက်သွားရေး။

၂။ စစ်အုပ်စု၏ အတုအယောင်၂၀၁၀ ရွေကောက်ပွဲအား အသိအမှတ်မပြုရေး။

၃။ ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် အပါအ၀င်နိုင်ငံရေးအကျဉ်းသားအားလုံး ချွှင်းချက် မရှိလွှတ်ပေးရေး။
အောက်ပါအစီအစဉ်အတိုင်း ပါဝင်ပူးပေါင်းကြပါရန် အလေးအနက်ဖိတ်ကြားအပ်ပါတယ်။

အချိန်၊ စက်တင်ဘာလ(၂၅)ရက်၊ စနေနေ့ (နေ့လည် ၁၂း၃၀ မှ ၃း၀၀)

နေရာ၊ Dag Hammarskjold Plaza, 47th Street and 1st Ave., New York, NY (ကုလသမဂ္ဂ ရုံးရှေ့ )

ဆက်သွယ်ရန်၊ မောင်မောင်(၂၆၀) ၄၁၈ ၉၀၃၉ ။ မိုးချမ်း (၆၄၆) ၆၄၃ ၈၆၈၉

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်