Friday, October 15, 2010

ဖွတ်တွေ တက်လည်း ကိုယ့် ဆန်ကိုယ်စိုက်စားရမှာ ဘာအရေးပေးစရာမှမရှိ

သတင်း | October 15th, 2010 | စာရေးသူ - ရိုးမ ၃

ကြံ့ဖွံ့စည်းရုံးရေး ဒေသခံများစိတ်မဝင်စား

မန္တလေးတိုင်း၊ မိထ္တီလာမြို့နယ်ဘက်တွင် ကြံ့ဖွံ့ပါတီအနေဖြင့် ယခုရက်ပိုင်းအတွင်း ဆိုင်းဘုတ်များထောင် စည်းရုံးမှုများပြုလုပ်နေသော်လည်း ဒေသခံများမှာ ရွေးကောက်ပွဲ မဲပေးရေးကိစ္စနှင့်ပတ်သက်၍ စိတ်ဝင်စားမှုမရှိကြောင်း ဒေသခံတဦးက ပြောသည်။

ကြံ့ဖွံ့ပါတီအနေဖြင့် မိထ္တီလာမြို့နယ်အတွင်း ညောင်ကန်၊ သဲကုန်း၊ ရှမ်းတဲ ကျေးရွာများတွင် ၎င်းတို့ပါတီအား ထောက်ခံရန် ဆိုင်းဘုတ်များ စိုက်ထူခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

“သူတို့ ဘယ်လိုပဲလုပ်နေနေ ပြည်သူတွေတော်တော်များများကတော့ စိတ်ကို မဝင်စားကြဘူး၊ သူတို့ကို မဲပေးဖို့ ဆိုင်းဘုတ်တွေ(၁၃) ရက်နေ့ကတည်းက ရွာတွေတော်တော်များများကို လိုက်ကပ်နေတယ်၊ ကြံ့ဖွံွှ့ကို လူထုက လူသတ်အဖွဲ့လို့ဘဲ သိထားတာ” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီကပ်ထားသည့် ဆိုင်းဘုတ်များတွင် ကြံ့ခိုင်ရေးကို ဒီလိုမဲပေးရန်ဆိုသည့် စာလုံးကိုအစိမ်းရောင်ဖြင့် ရေးသားထားပြီး ဘေးတွင် အမှန်ခြစ်သည့် အမှတ်သားလုပ်ထားသည့် ဆိုင်းဘုတ်များဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“အဲဒီဆိုင်းဘုတ်ကို အကြောင်းတစုံတရာကြောင့် ပျက်ဆီးသွားတယ်ဆိုရင် ငွေတသိန်းနဲ့ ထောင်ဒဏ် (၆) လ ချမှတ်မယ်လို့ ဒေသခံတွေကို ခြိမ်းခြောက်ထားတာလဲ ရှိတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ စောင့်ကြည့်မှုများရှိနေပြီး ဒေသခံများအနေဖြင့် မဲပေးရေးကိစ္စများကို တစုံတရာ ပြောဆိုခြင်းမရှိဘဲ မိထ္တီလာတွင် ကြံ့ဖွံ့ပါတီ၊ တစညပါတီနှင့် NPA ပါတီသုံးခု ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်သည်။Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်