Sunday, April 27, 2008

ကျနော်တို့ လက်ဆင့်ကမ်းစို့

ကန့်ကွက်မဲကို ဘယ်လိုလုပ်ရမယ်မှန်း ရှင်းလင်းစွာ မသိကြသေးတဲ့ ပြည်သူတွေအတွက်ပါ။ ဒီမှာတော့ နအဖက ပေါ်တင်ကြီးတွေ အရှက်မရှိ ဖြစ်နေပါပြီ။
ရပ်မိရပ်ဖတွေကို ခေါ်ယူရှင်းလင်းတဲ့ မြို့နယ်ပွဲတွေမှာ \"ခင်ဗျားတို့ စစ်တပ်အုပ်ချုပ်တာ မကြိုက်ဘူး မဟုတ် လား။ အဲဒါဆို ထောက်ခံမဲ ပေးလိုက်ပါ။ ၂၀၁၀ ကျရင် စစ်တပ် ဆင်းသွားလိမ့်မယ်\" တဲ့။ ထောက်ခံမဲ လိုချင်တာနဲ့ သူတို့ကို ပြည်သူတွေ အော့နှလုံးနာနေကြောင်းကို သူတို့သိကြောင်း အရှက်မရှိ ဆက်ပြီးတွယ်ကပ်နေတာဖြစ်ကြောင်း ဖွင့်ချလိုက်ပြန်ပါပြီ။

ဒါပေမယ့် ဒီဥပဒေမူကြမ်းအရ အတည်ဖြစ်သွားရင် စစ်တပ်က အလိုအလျောက် ကိုယ်စားလှယ် ၂၅% ယူထားပြီး ဆိုတာကို၊ စစ်တပ်က တိုင်းပြည်မတည်ငြိမ်ဘူး ထင်ရုံနဲ့တင် ကြိုက်တဲ့အချိန် အာဏာသိမ်းပိုင်ခွင့် ရှိ တယ်ဆိုတာကို၊ အာဏာသိမ်းပြီးလို့ ပြည်သူတွေကို သူတို့ စစ်တပ်က နှိပ်ကွပ်ချင်သလို နှိပ်ကွပ် ခဲ့တာတွေကိုလည်း လုံးဝ စုံစမ်းအရေးယူခွင့် မရှိ ဆိုတာတွေ ဒီ ဥပဒေမူကြမ်းမှာ တိတိကျကျ ထည့်သွင်း ထားတာကိုတော့ လုံးဝ လုံးဝ ထည့်မပြောသွားကြောင်းပါ ခင်ဗျား။

ကျနော်တို့ ပြည်သူတွေကတော့ သိပ်ပြီး အများကြီး နားမလည်လည်း အပြစ်မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်က ဒီလိုဖြစ်အောင် နည်းပေါင်းစုံနဲ့ လုပ်နေတာကိုး။

ဒါကြောင့် ရိုးရိုးလေးပဲ စဉ်းစားကြမယ်။

အခု ၈၈ အပြီး စစ်တပ်အုပ်ချုပ်တဲ့ အနှစ် ၂၀ အတွင်းမှာ တိုင်းပြည် အခြေအနေဟာ မတိုးတက်ဘဲ လုံးဝ ဆုတ်ယုတ်နေတယ်။ ပြည်သူတွေကို ကျွန်လို သဘောထားပြီး နှိပ်ကွပ်နေတယ်။

ဒါကြောင့် …………………
စစ်ကျွန်မဖြစ်ချင်ရင် ဥပဒေမူကြမ်း ဆန္ဒခံယူပွဲရဲ့
ဆန္ဒမဲလက်မှတ်မှာ ကြက်ခြေခတ်ကြပါစို့။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်