Friday, April 18, 2008

သာသာနာ့ဥသျှောင်အဖွဲ့ ၏ နှစ်သစ်ကူးဆုတောင်း


နှစ်သစ်မှာ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ နဲ လာ မယ့် မေလ ၁၀ ရက် မြန်မာနိုင်ငံမှာ လူထုဆန္ဒခံယူပွဲ ကျင်းပတဲ့အခါ တပ်မတော်သားတွေအနေနဲ့ လည်း ကန့် ကွက်မဲပေးဖို့ ၊ ပြည်သူလူထု နဲ့ လက်တွဲပြီး စစ်အာဏာရှင် အာဏာ တည်မြဲရေး ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံကို ကန့်ကွက် မဲပေးဖို့  သာသနာ့ ဥသျှောင်အဖွဲ့က မေတ္တာပို့ သ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု အနောက်ဘက်ကမ်းခြေ သာသနာ့ဥသျှောင်အဖွဲ့ ဒု- အတွင်းရေးမှူး အရှင်အဂ္ဂဓမ္မက မိန့်ကြား ရာတွင် “ယခုလို နှစ်သစ်ကူးမှာ မြန်မာပြည်က ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူပြည်သား တပ်မတော် သားအားလုံး ကျန်းမာကြပါစေလို့ နှစ်သစ်ကူးမှာ မေတ္တာပို့ပါ တယ်။ ယခုလို နှစ်သစ်ကူးမှနေ၍ လာမယ့် မေလ လူထုဆန္ဒခံယူပွဲမှာ မဲပေးကြတဲ့အခါ တပ်မတော်သားတွေကလည်း ပြည်သူ့ဘက်ကပါဝင်ပြီး ကန့်ကွက်မဲပေးကြ၍ ပြည်သူနှင့် တပ်မတော် ညီညီညွတ်ညွတ်နဲ့ ဒီမိုကရေစီ ပန်းတိုင် ကို လှမ်းနိုင်ကြပါစေလို့ ဆု တောင်းမေတ္တာပို့ပါသည်။”

“နိုင်ငံတော်အစိုးရဟာ အာဏာကို အပိုင်စီးချင်တဲ့ပုံစံနဲ့ လုပ်နေတဲ့အခါကြတော့ ရုတ်တရက် အေးချမ်းသွား တာမျိုးတော့ ဖြစ်မှာမဟုတ်ဘူးလို့ ဘုန်းဘုန်းတို့မြင်တယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာရှိတဲ့ ရဟန်းရှင်လူ ကျောင်းသားကျောင်းသူ ပြည်သူပြည်သား တွေက ညီညီ ညွတ်ညွတ်နဲ့ စုစည်းပြီး ၀ိုင်းဝန်းတိုက်ကြမယ်ဆိုရင်တော့ ငြိမ်းချမ်းမှုကြီးတခုကို ရရှိမယ်။ မညီညွတ်ကြဘူးဆိုရင် လက်ရှိ အခြေအနေကထက် ပိုပြီးတော့ ဆိုးလာလိမ့်မယ်လို့ အဲလို ယုံကြည်ချက် ရှိပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ စစ်အစိုးရက အာဏာကို အဓမ္မစွဲကိုင်ဖို့ ကြိုးပမ်းနေသမျှတော့ မြန်မာနိုင်ငံရဲ့ ငြိမ်း ချမ်းရေးဟာ ပေါ်လာမှာမဟုတ်ဘူး၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးက ပြည်သူလူထုရဲ့ ညီညွတ်မှုနဲ့သာ တည် ဆောက်နိုင်မယ်လို့လည်း ဆရာတော် အရှင်အဂ္ဂဓမ္မက ဆက်လက် မိန့်ကြားခဲ့ ပါတယ်။

Source: http://www.voanews.com/burmese/2008-04-18-monk-newyear-message.cfm

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်