ဤစာမှာ မသဒ္ဓါထံ ပေးပို့ လာသော အကြံပေးစာဖြစ်ပါတယ်။။အားလုံးသိစေရန်ဖော်ပြလိုက်ပါသည်။ ပေးပို့သော စေတနာရှင်..အမည်မသိမောင်လေးအားကျေးဇူုးပါ.
လူမှုရေး စိတ်ဓါတ် ၊ စွမ်းရည် သတ္တိ ရှိသော မြန်မာ လူငယ်များသို့
လူမှုရေးစိတ်ဓါတ် ၊ စွန်းရည်သတ္တိ ရှိသော မြန်မာလူငယ်များသို့ ပြည်တွင်းက (အထူးသဖြင့် မုန်တိုင်းဒဏ် မခံရသော မြန်မာပြည် အထက်ပိုင်းမှ) ကျန်းမာကြံခိုင်သော လူငယ်များ ကိုယ်ပိုင်ရိက္ခာ (၁၀) ရက်စာခန့်ယူကာ ကိုယ်ပိုင် အစီအစဉ်ဖြင့် (၅) ယောက်တစ်ဖွဲ့ ၊ (၁၀) တစ်ဖွဲ့ စုဝေးပြီး ၊ မုန်တိုင်းဖြစ်ပြီးခါစ မှာ ဖြစ်ပေါ်တတ်တဲ့ ရောဂါများကို ကာကွယ်နိုင်တဲ့ ဆေးဝါးများယူဆောင်ကာ အစိုး ရ၊ NGO အဖွဲ့ အစည်းတို့ မရောက်နိုင်သော ဒေသများ၊ အကူအညီ လစ်ဟာနေသော ဒေသ များသို့စေတနာထား၍ စွန့်စွန့်စားစား အမြန်ဆုံးသွားရောက် ကူညီသင့် ။ ကင်မရာတွေလဲ ယူသွားကြ။ ရေဒီယို တွေ ယူသွားကြပါ။
အမျိုးသမီးငယ်များ ၊ ကျောင်းပိတ်နေဆဲ ကျောင်းသူများ မိမိ ကျေးရွာ ၊ရပ်ကွက် ၊ မြို့နယ် အတွင်း တက်တက်ကြွကြွ အလှူငွေများ ၊ အ၀တ် အထည်၊ စားစရာများ အပင်ပန်းခံ လိုက်လံအလှူခံကာ ရယက၊ မယက ရုံးများသို့ သွားရောက်လှူဒါန်းကြပါ။
နောက်တစ်ခု ပန်ကြားလိုတာ ကတော့ ကျွန်တော်တို့ သဘာဝဘေးအန္တရာယ်ကျရောက် တဲ့အခါမှာ လိုက်နာဆောင်ရွက်ရမဲ့ လက်စွဲ စာအုပ်ငယ်ကို ရှာဖွေပြီးတော့ ဘေးက Pane မှာ Link လုပ်ပေးထားပါတယ်။ တတ်နိုင်ရင် Chapter တစ်ခုစီလောက် မြန်မာလိုပြန်ပြီး ကျွန်တော်တို့ဆီကို ပို့ပေးကြပါလို့ မေတ္တာရပ်ခံ အပ်ပါတယ်ခင်ဗျာ။ အကျဉ်းချုပ်ကို Print ထုတ်ပြီး အုပ်ရေ ၁၀၀၀၀၊ ၂၀၀၀၀ လောက်ဝေနိုင်ရင်လဲ အကျိုး ရှိနိုင်မယ် ယူဆလို့ပါခင်ဗျာ။
သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပြီးချင်းမှာ အရေးအကြီးဆုံး လိုအပ်တဲ့ အချက်တွေကတော့ သောက်ရေသန့်၊ ရိက္ခာထောက်ပံ့မှု၊ ဓာတ်အားပြတ်တောက်ခြင်းနဲ့ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။ ကယ်ဆယ်မှုလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်ရမယ်၊ အစားအ သောက် တွေကို ဘယ်လိုပြင် ဆင် မှုပြုရမယ်၊ ရေတွင်းရေကန်တွေကို ဘယ်လိုပိုးသတ်ရမလဲဆိုတာတွေ၊ တစ်သက်လုံးအမာရွတ်ထင်သွား စေနိုင်တဲ့ ကပ်ဘေးဒဏ်ခံ ပြည်သူတွေခံစားလိုက်ရတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားပေးနိုင်မလဲ ဆိုတာ တွေကို လေ့လာ အသုံးချနိုင်ကြပါတယ်ခင်ဗျာ။
ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ရာတွင် သတိပြုသင့်သည့်အချက်များ (မှတ်ချက်။ ကူးယူ ဖော်ပြခြင်း သာ ဖြစ်ပါသည်။ လိုအပ်သည်ထက်ပိုပြီး ဂရုစိုက်လွန်းသည်ထင်ပါက ပယ်နိုင်ပါသည်)
*အမှန်တစ်ကယ်အကူအညီပေးနိုင်သည့် အကြောင်းရင်းမရှိပဲနှင့် သဘာဝဘေးအန္တရာယ်ကျရောက်သည့် နေရာအား မသွားပါနှင့်
*အမြဲတမ်းသတိရှိပါ။ လှေစီးလျင် မီးကြိုးများရေထဲထိနေခြင်းရှိမရှိစသည်။
*ရေကြီးနေသည့် အဆောက်အဦးများအတွင်းသို့ အန္တရာယ်ရှိသည်ဟုထင်လျင် လုံးဝမ၀င်ပါနှင့်။
*ရေကြီးရာမှ ဖြစ်ပေါ်လာသော ရေစီးကြောင်းများအတွင်း ကယ်ဆယ်ရန်မလိုအပ်ပဲနှင့် လုံးဝ မသွားပါနှင့်။
*ထိုရေများအတွင်းတွင် ဘက်တီးရီးယားပိုးမွှား မြောက်မြားစွာပါဝင်ပြီး ထိခိုက်ရာမှ ရရှိသော အပွန်းအပဲ့ ကလေးများအတွင်းသို့ပင် ရောဂါပိုးဝင်ရောက်နိုင်ပါသည်၊
*ရေစီးကြောင်းများ၏ အနက်နှင့် ရေစီး အရှိန်သည် ထင်ရသည်ထက် များစွာပိုပါသည်။ ထိုရေစီးကြောင်းများအတွင်းကူးခတ်ရန် လုံးဝမကြိုးစားပါနှင့်။
*တိရိစ္ဆာန်များအား ကယ်တင်လိုပါက လှေငယ်ကလေးများအား လုံးဝအသုံးမပြုပါနှင့်။
*ခြံစည်းရိုးအစရှိသည်နောက်တွင် ပိတ်မိနေပါက ပိတ်နေသည့် အတားအဆီးများကိုသာ ဖယ်ရှားပါ။
***အစားအသောက်ပေးလှူလိုသည်ဆိုလျင်အောက်ပါအချက်များအား စဉ်းစားပါ
*ချက်ပြုတ်စရာနှင့် ရေခဲသေတ္တာတွင်း ထည့်သွင်းသိမ်းဆည်းရန်မလိုသော အစားအသောက်များ
*လွယ်လင့်တကူ ပြင်ဆင်နိုင်သော အစားအစာများ
*ကယ်လိုရီနှင့် ပရိုတိန်း များများပါသောအစားအစာများ
*ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် လိုအပ်သောအစားအစာများ
*ဥပမာပေးထားသည့် အစားအစာများမှာ -
စည်သွပ်ဘူးများ ၊ အသား၊ ငါး၊ အသီးအရွက်နှင့် ဖျော်ရည် နို့အစရှိသည်။ ကယ်လိုရီနှင့် စွမ်းအင် များစွာပါသော အစားအစာများမှာ Peanut Butter, ဂျယ်လီ၊ မုန့်ကြွတ် နှင့် တောင်တက်သမားများ အသုံးပြုကြသော မုန့်ခြောက်များ၊ လက်ဖက်ရည်၊ ရယ်ဒီမိတ်ကော်ဖီ၊ ချိုချဉ်၊ ဘီစကွတ်စသော မုန့်များကို စိတ်ဖိစီးမှု လျော့ကျစေ ရန်အတွက် စားသုံးနိုင်ပါသည်။ ဗီတာမင်ဆေးပြားများနှင့် ပရိုတိန်း အစားထိုးဆေးပြားများ ကိုလည်း ပေးပို့နိုင်ပါ သည်။ ဒါမျိုးအစားအစာတွေ ကိုရှောင်ပါ။
စီးပွားဖြစ်ထုတ်လုပ်ထားသည့် ရေဓာတ်ဖယ်ထားသော အစားအစာများ။ (အစာခြောက်များ)
ထိုကဲ့သို့သော အစားအစာများ အားချေဖျက်ရန်ရေဓာတ်များစွာလိုအပ်ပါသည်။
*ပုလင်းသွတ်ထားသည့် အစားအစာများ။ (လေးလံသည်၊ ၀န်ကျယ်သည်၊ အလွယ်တကူ ကွဲနိုင်သည်)
*အစေ့မှရသည့် အစားအစာများ၊ (ဆန်နှင့်ပဲအစရှိသည်)။
သဘာဝဘေးအန္တရာယ်ကြုံတွေ့နေသူများ အနေနှင့် ထိုကဲ့သို့သော အစားအစာမျိုးကို ပြင်ဆင်မှုပြုရန်မှာ ခက်ခဲလှပါသည်။
အစားအသောက်များအား မည်ကဲ့သို့ သိုလှောင်ထားရမည်နည်း။
*နေအိမ်အတွင်းရှိ အခြောက်သွေ့ဆုံးနှင့် အအေးဆုံးနေရာများတွင် အစားအစာများထားပါ။
*အလင်းရောင်မရှိသည့်နေရာတွင် ဖြစ်နိုင်ပါက ထားပါ။
*အစားအစာများအား လုံခြုံစွာ ဖုံးအုပ်ထားပါ။
*ကွတ်ကီးနှင့် ဘီစကစ်အစရှိသည့်မုန့်များကို ပလတ်စတစ်အိပ်များအတွင်း လေလုံအောင်ထုတ်ပြီး
*နောက်တစ်ထပ် ဘူးတစ်ခုခုအတွင်း ထည့်သွင်းသိမ်းဆည်းပါ။
*ပုရွက်ဆိတ်အစရှိသည့် အင်းဆက်များ လာရောက်စားသုံးနိုင်သည့် အစားအစာများအား*
လေလုံဘူးအတွင်းသို့ သေချာစွာပိတ်သွင်းသိမ်းဆည်းပါ။
*လူတစ်ဦး သောက်သုံးရန်နှင့် အစားအစာအတွက် ပြင်ဆင်ရန် တစ်နေ့လျင် အနည်းဆုံးရေ (၁) ဂါလန်လိုအပ် ပါသည်။
ကိုယ်ဝန်သယ်များ၊ ကလေးငယ်များ၊ အသက်အရွယ်ကြီးသူများနှင့် လူမမာများ အတွက် လိုအပ်ချက်မှာ ထို့ ထက်ပိုပါသည်။ ပလပ်စတစ်ပုလင်းများနှင့် ပုံးများအတွင်းတွင် ရေကိုသိုလှောင်ထားပါ။ သဘာဝ ဘေး ဒဏ်ခံနေရသည့် ကာလတစ်လျောက်လုံး အတွက် အနည်းဆုံး (၃)ရက်စာ ရေရှိနေရန် လိုအပ်ပါသည်။
ရေသန့်စင်ရန်အတွက် ရေသန့်ဆေးပြားများနှင့် Chlorine bleach အား အနံ့ထည့် မထားပါက အသုံးပြုနိုင်ပါသည်။
ရောစပ်ရမည့် အချိုးအစားမှာ တစ်ဂါလန်လျင် ၁၆စက် ၊ သို့မဟုတ် ရေ ၅ ဂါလန်အား Bleach လက်ဖက်ရည် ဇွန်းတစ်ဇွန်း ရောစပ်ပြီး သမစွာမွှေလျင် ထိုရေအားသောက်သုံးနိုင် ပါသည်။
နိုင်ငံရပ်ခြားတိုင်းပြည်များရှိ ကုန်စုံဆိုင်များတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ ရေကူးကန်များတွင် အသုံးပြု သည့် ဟိုက်ပိုကလိုရိုက်နှင့် ကလိုရီနိတ်တက် လိုင်းမ် အစရှိသည် တို့ကိုလည်း ရေသန့်စင်ရန် အသုံးပြုနိုင်ပါသည်။
ကျန်းမာရေးနှင့် ကိုယ်လက်သန့်စင်ရေးဆိုင်ရာ သိကောင်းစရာများ
*ကိုယ်လက်သန့်စင်ရန်အတွက် အနည်းဆုံးအောက်ပါပစ္စည်းများလိုအပ်ပါသည်။
*အဖုံးကျပ်ကျပ် ပါသည့် အရွယ်အလတ်စား ပလတ်စတစ်ပုံး
*ပလစ်စတစ်အမှိုက်အိတ်များနှင့် ချည်နှောင်စရာကြိုး (Cable Ties) မှာ (၀န်ခံအားကောင်းရမည်)
*ကလိုရင်း ဆေးရည်
*ဆပ်ပြာ ဆပ်ပြာရည် နှင့် ဆပ်ပြာမှုန့်
*အိမ်သာသုံးစက္ကူ
*အိမ်သာဘယ်လိုဆောက်မလဲ -
*ရေဆိုးလိုင်းများ ပေါက်ကွဲ ပျက်ဆီးကုန်လျင် အိမ်သာအတွင်းသို့ ပလတ်စတစ် အိတ် ခံကာ အခင်းသွားပါ။
*အိမ်သာအိုးလဲ သုံးမရအောင်ဖြစ်နေပါက အဖုံးပါသည့် ပလတ်စတစ်ပုံးအတွင်းသို့ ပလပ်စတစ်အိတ်ခင်းကာ အခင်းသွားနိုင်ပါသည်။ ထိုင်စရာအတွက် ထိုပလတ်စတစ်ပုံးအပေါ်တွင် ပျဉ်ပြားနှစ်ချပ် ကန့်လန့်တင်ကာ ပြုလုပ်ယူနိုင်ပါသည်။ အခင်းသွားပြီးလျင် ဆပ်ပြာမှုန့်ခတ်ပြီး အဖုံးကို လုံအောင် ပိတ်ထားပါ။ စွန့်ပစ်လိုပါက ကြွက်၊ အစရှိသည်တို့ တူးဖော်ခြင်း မပြုနိုင်ရန် မြေမြုပ်ပစ်ရပါမည်။ ရေတွင်းရေကန်အစရှိသည်တို့နှင့် ဝေးရာတွင်စွန့်ပစ်ရန်သတိပြုပါ။
ကိုယ်လက်သန့်စင်ခြင်းသည် ကျန်းမာရေးအတွက် အလွန်အရေးကြီးသည့်အရာဖြစ်ပါသည်။
သဘာဝဘေး အန္တရာယ် ကြုံတွေ့နေရသူများအတွက် ရေချိုးရန်မှာ မဖြစ်နိုင်သည့်အတွက် ကိုယ်လက် သန့်စင်ရန် အတွက် နည်းလမ်း များရှာဖွေရန်လိုအပ်ပါသည်။
ကိုယ်လက်သန့်စင်ရန် ပြုလုပ်နိုင်သည် များမှာ
*အရက်ပျံနှင့် ပွတ်သတ် သန့်စင်ခြင်း
*အရက်ပျံပါသည့် လိမ်းဆေး (Lotions) များနှင့် သန့်စင်ခြင်း
*ရေပတ်တိုက်ခြင်း
*Towlettes များအသုံးပြုသန့်စင်ခြင်း
*မျက်နှာလိမ်းသည့် ကရင်များ မုတ်ဆိတ်မွှေးရိတ်သည့် Lotions များနှင့် သန့်စင်ခြင်း
*စပရေးဘူးများအတွင်းသို့ ရေထည့် ကာ ပက်ဖြန်းရေချိုးခြင်းတို့ဖြစ်သည်။
www.platonicloveaugust4.blogspot.com
Sunday, May 11, 2008
လူမှုရေးစိတ်ဓါတ် ၊ စွန်းရည်သတ္တိ ရှိသော မြန်မာလူငယ်များသို့
http://www.countrybuilders.blogspot.com/ တွင် ရေးသားထားသော အောက်က အကြံပြုချက်လေးတွေ ကို လက်ကမ်းစာစောင်အဖြစ် ပြုလုပ်ပြီး ကိုယ်နှင့် မကွာယူသွားကြပါ ၊ ကျွန်တော်တို့ရင်ထဲ မှာမချိအောင်နာ ပေမယ့် ပျက်ဆီးဆုံးရှုံးမှုက အရမ်းကို များလွန်းနေတော့ အကူအညီပေးရတာ အားမရနိုင်ဖြစ်ကြ ရပါတယ်။ သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီးတဲ့ အခါမှာ သိသင့်တယ်လို့ထင်တဲ့အချက်ကလေးများကို လေ့လာ တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။ တတ်အားသရွေ့ ဖြန့်ဝေပေးကြပါခင်ဗျား။
Labels:
မျှဝေခြင်း
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
May
(620)
- ဟေ့ မင်း သဘောမဖြူလို့  ဒို့ သပိတ်မှောက်တယ်..
- ဇာဂနာကတော့ ပြောင်နေအောင်နှုတ်ထားတာ..ကြောက်မွေးတွေ
- သူခိုးက လူလူဟစ်တဲ့ကိစ္စ
- မုန်တိုင်း before နဲ့ after
- ပရောက်စီနံပါတ်များ အသုံးပြုရန်မလိုကြောင်း မြန်မာတယ...
- ဆိတ်သုန်းနေတဲ့ ခေါင်းလောင်းသံ
- ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေ
- မြန်မာသတင်း မေ ၃၁ ၂၀၀၈
- ပွင့်သစ်၏ ဟိုစပ်စပ်..ဒီစပ်စပ် ထွေရာကေလာ ကဏ္ဍ
- ဘိုကလေး သတင်း
- ဒီပဲရင်း( ၅) နှစ်ပတ်လည်အမှတ်တရ
- တရားပွဲ..
- မမေ့ကြပါနဲ့  ဦးဂမ္ဘီရ..ရွေဝါရောင်တော်လှန်ရေးရဲ့ ဦ...
- မတရား ဥပဒေ တည် တယ်တဲ့ဗျို့ 
- နေအေးလိမ်နည်း
- အဘိုးရေ.. ငတ်သေတဲ့ မသာတွေ ဗမာပြေမှာရှိနေဘီ
- ဧရာဝတီတိုင်း၏ အိုးမဲ့အိမ်မဲ့ စာရင်း
- ပြန်လည်ကြိုဆိုပါတယ် ကိုကျော်သူ
- ကဲ ခိုးချင်ဦးလေ..
- ရီရတယ်ဗျို့ ..
- ချစ်သောမြန်မာပြည်သူများအတွက်
- ရင်ထဲက နာကြင်ခြင်းများ..ဟဲ့ ဒို့ များကွ ဗမာပြည်သား..
- လောက်တွေ ကို ရှင်းကြစို့ 
- လွတ်မြောက်နယ်မြေNLD ၏ထုတ်ပြန်ချကိ
- မြန်မာ့ဒီမိုကရေစီရေးအတွက် အာဆီယံကို ဘယ်လိုလုပ်မလဲ?...
- အကြင်နာတွေနဲ့ဖေးကူပါ
- NCUB ၏ ထုတ်ပြန်ကြေညာချက်
- အလှူလက်ဘက်နဲ့ မျက်နှာလုပ်တာပေါ့.
- ကျော်မယ်ခွမယ်လေ အင်တာနက်။။
- SummaryRest of your post
- NY မှ မျိုးချစ်များ၏ ဗြိတိန်သံရုံးရှေ့ ဆန္ဒပြပွဲဖိတ...
- Music concert to aid the people of Burma
-့ မြန်မာနှင့်ထိုင်း တကယ်ချစ်ကြည်မကြည်..
- ဝမ်းလေးရဲ့တစ်ထွာသော ဒုက္ခ..နားလည်စာနာကူညီပေးကြပါ..
- အလကားရတဲ့နွား..သွားဖြဲကြည့်ကြသူများ..
- ဟောလီဝုဒ် အနုပညာသည်များ၏ ရက် (၃၀) ကြာ မြန်မာနိင်ငံ...
- မြန်မာ့ သတင်း မေ ၂၉ ရက်
- ကိုရီးယားက..အာဇာနည်များ..ရဲရင်ကြွခဲ့ပါ ခင်ဗျ
- ခွပ်ဒေါင်းများတို့ လေဆန်ပျံချိန်
- အမေထံ ပေးစာ
- Free Free ဇေယျာသော်...Free Free acid..
- ဒို့ ဘက်က ချည်းဘဲ အခွေ ခံနေရပြီလား.
- မြန်မာပြည်က..မိုက်ကြေးခွဲ ဂိုဏ်းကြီး
- အစာရ လည်း စားဖို့ ပန်းကန်က မရှိ
- WHO ၏ မြန်မာအစီရင်ခံစာ။
- ဒေါသတွေ အလိပ် လိုက်ထွက်နေတယ်..ကြမ်းပစ်လိုက်မှာ ဟွန်း
- မူမလား ယူမလား ကျုပ်တို့ အားအားယားယား ကြာကြာ မစောင...
- မြန်မာသတင်း မေလ ၂၈ ရက် ၂၀၀၈
- မလေးရှားမှ လှုပ်ရှားမှူများ
- သန်းရွှေဆိုတာ..ဤသို့ သောသူ
- အစိတ်သားတောင် မချန်ထားရဖူးတဲ့လား..
-ွGeneration wave ၏ လှုပ်ရှားမှု
- ဘိုကလေးမြို့ ၏ အစီရင်ခံစာ ( NLD)
- ပညာရေးဌာန ကပြောတယ်။ကျောင်းနေအရွယ်ခလေးတွေ ကျောင်းအပ...
- ဘယ်သူက သူတောင်းစားလည်း
- သနားစရာ ဒုက္ခသည်ပြည်သူများ
- ခိုးရာပါ လေဘေးအကူ ပစ္စည်းများ.နဲ့ သူခိုးလက်ခံဈေးကွက်.
- မျှတလွတ်လပ်မှု မရှိတဲ့ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲ
- မုန်တိုင်း ဒေသများသို့ ကူညီ ထောက်ပံ့မှူ အခြေအနေ
- NLD လွတ်မြောက်နယ်မြေ၏ သတင်း ထုတ်ပြန်ကြေညာချက်
- ကြောင်သွားလို့ ကြွက်ထမနေနဲ့ ငါ ပြန်လာကြည့်မှာနော်
- panties for peace --> Campaign: Panties for PeaceW...
- မိန်းမအတွင်းခံနဲ့ ဘဲတန်တဲ့အာဏာရှင်..ပေးမယ် ရော့အင်...
- မြန်မာသတင်း မေလ ၁၇ ရက် ၂၀၀၈
- ဝေးစမ်းပါစေ မိုင်ပေါင်းကဋ္ဋေ..
- မနာလိုခြင်း ဣဿာ၊ ၀န်တိုခြင်းက မစ္ဆရိယ အဲဒါ နအဖ
- အစိတ်သား တမတ်သား တကျပ်သားနားမလည်..အကုန်ဖမ်းမယ်
- ပူနေတဲ့ အက်စစ်မိုး...နဲ့ အမေအိုရဲ့ အကြောင်း
- ဖမ်းမှာမကြောက် ရဲရဲတောက်ဟေ့ ကြောက်တတ်ရင်လွဲ..စစ်ဖ...
- နှစ်တွေ ထပ်ထပ်တိုး...နအဖ..XXXX တွေ..
- ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွတ်
- အိပ်ဖွင့်ပေးစာ..( BBC ။RFA။ VOA။ DVB မြန်မာပိုင်း...
- NLD members detained en route to Daw Suu’s house
- ရွှေတိဂုံဘုရားရဲ့ မိုးဖျားကအရိပ်မဲ.. လာတော့မဲ့ မင်း...
- မျိုး ချစ်စိတ် ရှိသူတိုင်းထောင်ထဲ ၀င်ရသည်။
- အန်အယ်ဒီရုံးချုပ်အနီး ရဲနှင့်စစ်ကားများ စောင့်ကြပ်နေ
- ရာဇ၀တ်ဘေး ပြေး၍မလွတ်
- Burma arrests marchers near Suu Kyi home:
- တနိုင်ငံလုံး၏ ဆန္ဒခံယူပွဲရလဒ် စစ်အစိုးရကြေညာထောက်ခံ...
- ဒေါ်စုသတင်း
- ဖမ်းနေပါပြီခင်ဗျာ..
- ဘ၀မလှတဲ့..ပင်စင်ရ၀န်ထမ်း..
- ဘင်လာဒင်ကတောင်..အပြစ်ပြောမှ ကမ်းကုန်တဲ့ သန်းရွှေ
- လွတ်မှာလား..ကြောက်နေဆဲလား
- NCUB ၏ ၁၉၉၀နှစ်ပါတီစုံရွေးကောက်ပွဲ (၁၈)နှစ်မြောက်ြ...
- ဝိညာဉ်သားလော..
- တုနှိုင်းမဲ့ ကမ္ဘာကျော်..မြန်မာပြည်က လူသတ်တပ်မတော်
- ဘုရားစူးပါစေ့ ..နိုင်ငံခြားက ထောက်ပံ့တာပါ။
- နအဖရဲ့ ဆောင်ပုဒ်..သူတောင်းစားယုတ်တွေ
- ပီကင်း အိုလံပစ် ကို သပိတ်မှောက်ခြင်း။
- တွေးမိတိုင်း ရင်လေးသည်..
- အာခေါင်လှံစူးမဲ့ အာဏာရှင်
- မြန်မာ သတင်း မေလ ၂၆ ရက် ၂၀၀၈
- အရေးပေါ် အစည်းအဝေးခေါ်ယူရန်ကိစ္စ
- မြန်မာပြည်က အလီဘာဘာနဲ့  ခိုးသားလေးဆယ်..
- သံဃာ့အစွမ်းကမ္ဘာလွှမ်းငြိမ်းအေးကြပါစေ
- No title
- အို စာ နဲ့  မင်း စာ
- လူသေများနှင့် အိပ်စက်ခြင်း ( ဖတ်ဖြစ်အောင်ဖတ်ပေးပါ)
- ကြွက်မနိုင် ကျီ မီးနဲ့ရှို့ပြီ (ဘန်ကောက်ဗမာသံရုံး ...
- ကဲ..မူဦးလေ..ခုတော့ လွတ်ပြီအခွင့်အရေး..
- ရန်ကုန်အခြေအနေ (၆)
- ကမ်းတဲ့လက်က ဘာအရောင်ဘဲရှိရှိ..ချေးများနေဖို့ မရှိ....
- ငွေတောင်းပွဲကြီး..ဖြန့် နေတဲ့ နအဖ လက်ကြီး..
- ဒါ က အလှူစာ၇င်း..နအဖဘဲ ဗျင်းဦးမှာ
- သာဓု မောဓနာပါတဲ့ ဒီအလှူ
- စစ်သည်ဟောင်းတဦး၏အမြင်
- ၂၀၀၈ မေလ ၂၆ ရက်နေ့နဂိုယာ၊ ဂျပန်ဂျပန်နိုင်ငံ၊ နဂို...
- သူတောင်းစားညီလာခံကြီး ၀ှဲခြီးကျင်းပ၊ ဒုက္ခသည်များက...
- မေတ္တာရိပ်ဆို တဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ 
- နအဖ မှ ပြည်သူအား နူရာဝဲစွဲ လဲရာသူခိုးထောင်းနေခြင်း
- No title
- မြန်မာ့သတင်း မေလ ၂၅ ရက် ၂၀၀၈
- ဘစ်ကီ..ဘာတွေပြောသလည်း
- သူတော်ကောင်းကြီးက သေပစေ တမင်လာမရှုပ်တာတဲ့..ဖတ်ကြည်...
- မိုင် ၂၀၀၀ ကျော်ခရီးပေါက် ရှေ့ သို့ ဆက်လက် ချီတက်ေ...
- ဖဒို စောဘသင်စိန်ဥက္ကဋ္ဌ၊ ကရင်အမျိုးသားအစည်းအရုံး (ကေအ...
- ဒုက္ခသည်များ၏ ကျောပြင်မှ ဒဏ်ရာများ
- ပြည်သူ့ လွတ်တော် ကိုယ်စားလှယ်များ ၏ သဘောထား ထုတ်ြ...
- ကွမ်းခြံကုန်း နှင့် ဒေးဒရဲ သို့ အလှူVideoမှတ်တမ်း ...
- dd
- ပြင်သစ်သံရုံးရှေ့မှ ဗမာဆန္ဒပြပွဲ
- ကူညီနိုင်ရင် ကုညီကြပါ
- မြန်မာသတင်းများ မေ ၂၄ ရက်
- ဒီရေရောက် လမုတောများပြန်လည်စိုက်ပျိုးထိန်းသိမ်းရန်...
- ဘိုကလေးမှ လိုအပ်သောအကူအညီများ
- " အပြုသဘောဆောင်သော ယုံကြည်ခြင်းများမှ မြန်မာပြည်၏ ...
-
▼
May
(620)
No comments:
Post a Comment