Monday, August 4, 2008

အေးလွင် ၏ ၈၈၈၈ အရေးတော်ပုံ သို့ အမြင်..

တကျောင်း တဂါတာ တရွာတပုဒ်ဆန်းပေါ့ဗျာ.။
ခင်ဗျား တို့  ကျနော်တို့  လူအတော်များများက မြင်တဲ့ ၈၈၈၈ အရေးတော်ပုံနဲ့ ကိုအေးလွင် မြင်တဲ့ ၈၈၈၈ အရေးတော်ပုံ အမြင်ကိုယှဉ်ကြည့်ကြတာပေါ့။
လူဆိုတာ.. သူဖြတ်သန်းလာတဲ့ ဘ၀။ ပင်ကိုယ်ဗီဇ။ ပတ်ဝန်းကျင်အရောင်အသွေး။ ပါရမီ။ ကိုယ်ပိုင် အရည် အသွေး.သတ္တိ ဗျတ္တိ။ စိတ်ဓါတ် အင်အားခိုင်မာမှူ။ ကျော်ကြားချင်စိတ် အောင်မြင်ချင်စိတ်ကို မည်မျှ တောင့်ခံထားနိုင်မှူ ။ လောကဓံအပေါ်မှာ..မည်မျှ ယုံကြည်ချက် ပြတ်သားမှူရှိမရှိ။ အပေါ်မှာလူတွေရဲ့ အရည်အချင်း အရည်အသွေး..သူဘယ်လိုလူ..ဘယ်လိုခံယူချက်ရှိတယ်ဆိုတာ..သိသာ လာတာပါဘဲ။ ဘယ်သူမှ လိမ်မရတဲ့ စိတ်ဓါတ်ဆိုတာ..တခါတခါ ပြန်ပေါ်လာတတ်ကြပါတယ်။

ဖတ်ကြည့်ပေါ့ဗျာ..သူ့ အမြင်ပေါ့။ သူ့ ဦးဏှောက်လေးမှီသလောက်ပေါ့။ ကြိုးစားပမ်းစား..အင်တာဗျူးလေးတော့ ဖြေထားရှာပါတယ်။ မဲကလေးများ ရလိုရငြားပေါ့ဗျာ

သူခြေထောက်တွေ သူမျက်လုံးတွေ သူသွားတွေ အကောင်းပတိ ရှိနေသေးသကိုး။
အရေးအခင်းထဲမှာ..ပစ်တဲ့ ..ရာဘာကျည်ဆိုတာ ( ဘုရားစူး ရာဘာ ကျည်ဗျာ..) ထိပြီးခြေတစ်ချောင်းမရှိရင်.. ညှင်းပမ်းရေးစခန်းမှာ နှိပ်စက်ခံရပြီး..သွားတွေ တချောင်းမှမရှိရင်..ထောင်ကျပြီး..မျက်လုံးကုဖို့  အခွင့်အလန်း မပေးလို့  မျက်လုံးတွေ ဆုံးရှုံးရရင်..ကိုအေးလွင်ရေ...ဒီလိုလေးမှပြောနိုင်ပါ့မလား..
ကောက်ချက်က တခုဘဲ ချဖြစ်ပါတယ်.။
ကိုယ်ချင်းစာနာစိတ်ဆိုတာ..ကိုယ်ကို တိုင် ခံရဖူးမှ ရှိတတ်တယ်..သိတတ်တယ် ဆိုတာ...ပါဘဲ..
ကဲစာဖတ်သူများ..ကြည်နူးသာဓုခေါ်နိုင်ကြပါစေဗျို့  မူရင်းက DVB ကပါ။
အေးလွင်ရဲ့ အသံကြား သနားချင်ရင်နေတော့ DVB မှာ နားထောင်ဗျာ.




1 comment:

Sai said...

We recognize Aye Lwin as a traitor.History will be the judge of whether he is right or not.

Post a Comment

ယခင် သတင်းများ ဖတ်ရန်