Sunday, August 24, 2008

ဂျပန်က လေဘေးရံပုံငွေပွဲ ဖျော်ဖြေတင်ဆက်မယ့် သီးလေးသီး အဖွဲ့

Click to enlarge
မြန်မာပြည်မှာ ဆိုးရွားပြင်းထန်စွာတိုက်ခတ်သွားတဲ့ နာဂစ်မုန်တိုင်းဒဏ်ကြောင့် မုန်တိုင်းသင့် ဒေသများတွင် ယခုအချိန်ထိ စားဝတ်နေရေးနှင့် အသက်ရှင်ရပ်တည်ရေးအတွက်ဒုက္ခရောက်နေကြပြီး အစိုးရနှင့် UN အကူအညီပေးမူတွေကလည်း ဘာမှထိရောက်မူမရှိခဲ့တာတွေကြောင့် စေတနာ့ အလှူရှင်တွေ ရဲ့ ကူညီမူတွေလိုအပ်နေတာ အမှန်ပါဘဲ။
အဲဒီဒုက္ခရောက်နေသူတွေကို ကူညီမူတတ်နိုင်သလောက် ပေးနိုင်ဘို့ ဂျပန်ရောက် ရွှေမြန်မာတွေက မိမိတို့ အပေါင်းအသင်းအစု၊ အဖွဲ့အစည်းများ ၊ တသီးပုဂ္ဂလ အလှူရှင်တွေက ပြီးခဲ့တဲ့မေလ နာဂစ်မုန်တိုင်းတိုက်ခတ်ကတည်းက ပုံစံအမျိုးမျိုးနဲ့ ကျိုးစား လှူဒါန်းပေးပို့နေတာတွေဟာ ပီတိဖြစ်စရာပါ။

အဲဒီထဲမှာမှ ဂျပန်ရောက် ဂီတအနုပညာသမားတွေကလည်း မိမိတို့တတ်နိုင်တဲ့ အနုပညာနဲ့ ရံပုံငွေပွဲတွေကို ရှာဖွေ လုပ်ဆောင်နေတာတွေ့ရှိရသလို ၊ ပြည်တွင်းက အနုပညာအဆိုတော်
တွေကိုဖိတ်ကြားလို့ ရံပုံငွေပွဲတွေကို စီစဉ်ကျင်းပ ကြိုးစားပြုလုပ်ခဲ့ကြပါတယ်။ အခုလည်း နာဂစ်မုန်တိုင်းလေဘေးသင့် ဒုက္ခသည်တွေကို ကူညီဘို့ ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့နဲ့ ဂျပန်က မင်္ဂလာဒိုး အဖွဲ့က ပူးပေါင်းလို့ နာဂစ်မုန်တိုင်း လေဘေးဒုက္ခသည်များရံပုံငွေ ကို စက်တင်ဘာလ၊ ၇ ရက်နေ့ အများပြည်သူရုံးပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ တိုကျိုကမြန်မာတွေသိနေတဲ့ အိခဲဘုကုရိုက ကိုခိုင်းဒိုခမ်းမဆောင်မှာ ညနေ ၄နာရီမှ ည၉နာရီအထိ ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပြီး လက်မှတ်တစောင်ကို ယန်း ၄၀၀၀နဲ့ တိုကျိုက မြန်မာစတိုးဆိုင်တွေမှာ
ဝယ်ယူအားပေးနိုင်ကြောင်းလည်းသိရပါတယ်။
အခုကျင်းပမယ့် ရံပုံငွေပွဲနဲ့ ပတ်သက်လို့ မင်္ဂလာဒိုးအဖွဲ့ခေါင်းဆောင် ဦးဝင်းရွှေကို ဆက်သွယ်မေးမြန်းခဲ့ ရာမှာတော့" အခုပွဲက မင်္ဂလာဒိုးက စီစဉ်တာပါ၊ သီးလေးသီးအဖွဲ့နဲ့က အရင်တခေါက် ကိုရီးယား၊ ဂျပန်၊ စကာင်္ပူပွဲစဉ်တွေမှာ အတူတွဲပြီးလုပ်ခဲ့ကြတာဆိုတော့ အဆင်ပြေတယ်လေ၊ နာဂစ်ကပြီးသွားပြီဆိုပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေက နှစ်နဲ့ကိုချီကြာအုံးမှာ ဒုက္ခရောက်နေသူတွေက အများကြီးဆိုတာ ကြားသိနေရတော့ မြန်မာလူမျိုးတယောက်အနေနဲ့ စိတ်မကောင်းဖြစ်မိတယ်၊ ဒါနဲ့ တတ်နိုင်တဲ့ အနုပညာလေးနဲ့ ကျနော်တို့ အနုပညာမောင်နှမတွေ ပူးပေါင်းပြီး စီစဉ်လိုက်ရတာပါ"
နာဂစ်ကတော့ ပြီးဆုံးသွားခဲ့ပါပြီ နာဂစ်ကဒုက္ခပေးခဲ့လို့ ဒုက္ခရောက်နေသူတွေရဲ့ အခက်အခဲတွေကို( ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်) ပြည်ပရောက် ရွှေမြန်မာများအနေနဲ့ တတ်အားသရွှေ့လေး ကူညီမူလေးတွေပေးနိုင်ဘို့ လေဘေးဒုက္ခသည်တွေအကျိုး မျော်ကိုးလို့ နိုးဆော်ကြော်ငြာပေးလိုက်ပါရစေ
သားကျော်(လူထုအသံ)

http://www.peoplemediavoice.com/content/view/347/185/

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်