Tuesday, August 12, 2008

ကူညီဝိုင်းလို့  မှိုင်းမကြပါ။

အာဇာနည်များသို့ 

ဦးကျော်သူ တို့ရဲ့ နာရေး ကူညီမှုအသင်း ဟာ နောက်နှစ် July ဆိုရင် သင်္ဃန်းကျွန်း ဘုန်းကြီးကျောင်း ကနေ ဖယ်ပေးရတော့မယ်။ ဒဂုံမှာရှိတဲ့ နာရေးကူညီမှုပိုင် မြေနေရာမှာ ကားတွေထားဖို့၊ ရုံးလုပ်ငန်းတွေလုပ်ဖို့၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်ဖို့၊ အသင်းရဲ့ လုပ် ဆောင်မှု တွေကို ဆက်ပြီး လုပ်ဆောင်ဖို့အတွက် အဆောက်အဦ ဆောက်ဖို့လိုတယ်။ သူတို့ရဲ့ အသင်းပိုင်ငွေမှာ စည်းမျဉ်းအရ နာရေး ကူညီမှု အတွက် သုံးစွဲခွင့်ငွေ ဟာ လုံလောက်ပေမဲ့ ရုံး အသုံးစရိတ် အတွက် မလုံလောက်ဘူး ဖြစ်နေတယ်။ အသင်းပိုင် အဆောက်အဦ၊ ကား စတာတွေကို ဆောက်လုပ်ဖို့၊ ၀ယ်ဖို့ကို နာရေးကူညီ ဖို့ဆိုပြီး လှုထားတဲ့ငွေထဲက သုံးခွင့်မရှိတဲ့ စည်း မျဉ်းကြောင့်၊ အသင်းရဲ့ အထွေထွေ ရုံးသုံး စရိတ်အတွက် သီးသန့် အလှုငွေ လိုနေပါတယ်။ အဆင် မပြေရင် သုခ ကုသိုလ် ဖြစ်ဆေးခန်း ကို ပိတ်ရချေ ရှိနေ တယ်။ ဆေးခန်းသာ ပိတ်ရင် ဆင်းရဲသား၊ အခြေခံ လူတန်းစား အများစု အတွက် နစ်နာမှုတွေ အများကြီးကြုံရမှာပါ။ မင်းလည်း မေတ္တာ ရှိမယ် ဆိုရင်တော့ နာ ရေးကူညီမှု အသင်းနဲ့ ဆက်သွယ်ပြီး မင်း တတ်နိုင်သလောက် ကူညီ ပေးစေလိုပါတယ်။ ပြီးတော့ မင်းနဲ့နီးစပ်ရာ လှုဒါန်း ကူညီ လိုသူတွေ ကို ပြောပြ ပေးစေချင်ပါတယ်။ မင်းရဲ့ On Line သူငယ်ချင်း တွေကို လည်း ဒီ အကြောင်းလေး ကိုဖြန့်ဝေ ပေးစေလိုပါတယ်။ သေကွဲ ကွဲခြင်းရဲ့ ပူလောင်မှုတွေကို တတ်နိုင်သမျှ စာ နာ ကူညီပေး နေသူ တွေကို ငါတို့လည်းဝိုင်းဝန်းကူညီကြပါစို့။
Best Regards,

Min Yan Naing
Generation Wave

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်