မုန်တိုင်းသင့် ကလေးငယ်များ၏ ပညာရေးနှင့် စိတ်ဓာတ်မြှင့်တင်ရေး ထိရောက်စွာ ပံ့ပိုးသင့်
အောင်သက်ဝိုင်း | အောက်တိုဘာ ၁၇၊ ၂၀၀၈
မုန်တိုင်းသင့် ကလေးငယ်များကို စိတ်ဓာတ်ရေးရာ မြင့်တက်စေရေး ဆောင်ရွက်ရန် များစွာ လိုအပ်သကဲ့သို့ ပညာရေးနှင့် စားဝတ်နေ ရေး ပိုင်းတွင် ထိရောက်သော ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် လိုနေသေးကြောင်း လပွတ္တာရှိ ဒေသခံများက ပြောဆိုကြသည်။
“လပွတ္တာကျေးရွာ မူလတန်းကျောင်းတွေက ကလေးတွေအတွက် ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ တာလပေါ်လင်စကို ပတ်ပတ် လည်ကာပြီး သွပ်မိုးထားတာ။ ပြီးတော့ ထိုင်စရာမရှိဘူး။ ကလေးတွေက မြေကြီးမှာ ဖျာခင်းထိုင်ပြီး စာသင်ရတာပါ” ဟု လပွတ္တာမြို့ခံများကပြောသည်။
ကျေးရွာပေါင်း ၅၀၀ နီးပါးရှိသော လပွတ္တာမြို့နယ်တွင် အစိုးရ မူလတန်းနှင့် ပုဂ္ဂလိက တွဲဘက်မူလတန်း ၃၆၅ ကျောင်း ရှိပြီးသော ကျောင်းအများစုမှာ တာပေါ်လင်စ ပတ်ပတ်လည် ကာရံပြီး သွပ်မိုးထားသည့် လုံခြုံမှုမရှိသော ကျောင်း အဆောက်အအုံများသာ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
“ကုမ္ပဏီတွေကလည်း အဖြစ်သဘောပဲ လုပ်ပေးသွားတာလေ။ ကျောင်းဆောက် ပေးတယ် ဆိုပြီး တာပေါ်လင်စ ကာပြီး သွပ်မိုးပေးသွားတာ။ ဒီလိုကျောင်းမျိုးတွေဟာ ကလေးငယ်တွေ အတွက် ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ ပြီးတော့ စာအုပ်စာတမ်း လိုအပ်ချက်၊ သင်ကြားရေးဆရာ၊ ဆရာမ လိုအပ်ချက်တွေလည်း အများကြီး” ဟုလပွတ္တာမြို့နယ်ရှိ ပညာရေးဝန်ထမ်း တဦးက ပြောသည်။
ဧရာဝတီတိုင်းအတွင်း နေထိုင်သည့် ကလေးငယ် အများစုမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း ၅ လနီးပါး ကြာလာ သည့်တိုင် မုန်တိုင်း တိုက်ခတ်စဉ် ကြုံတွေ့ရသည့် အဖြစ်ဆိုးံများကြောင့် စိတ်ဝေဒနာ ခံစား နေရဆဲဖြစ်ပြီး ပုံမှန်အနေ အထား ပြန်လည် မရောက်ရှိနိုင်သေးဘဲ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေး များတွင်လည်း အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ အန်ဂျီအို များထံမှ သိရှိရ သည်။
ဧရာဝတီတိုင်းမှ နာဂစ်ဒဏ်ခံခဲ့ရသည့် ကလေးငယ်များမှာ ကလေး သဘာဝ ပြေးလွှား ဆော့ကစားခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်း၊ စူးစမ်းမေးမြန်းခြင်း များကို လုပ်ဆောင်မှုနည်းပါးပြီး တဦးတည်း ငေးငိုင်ခြင်း၊ စာသင်ခန်းများတွင် စိတ်ပါ လက်ပါ ပညာသင်ကြားနိုင်မှုမရှိကြကြောင်း သိရသည်။
၎င်းဒေသရှိ ကလေးငယ်များသည် ရာသီဥတုအခြေအနေကို လွန်စွာသတိထားပြီး အနည်းငယ် လေတိုက်ခြင်းနှင့် ကောင်းကင်အုံ့မှိုင်းခြင်းများ ရှိလာချိန်တွင် ငိုယိုခြင်း၊ အလွန်အမင်း ကြောက်ရွံ့ခြင်းများလည်း ဖြစ်နေသည် ဟု မုန်တိုင်းသင့် ဒေသများတွင် ကလေးသူငယ် အရေးဆောင်ရွက်နေသည့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF) ဧရာဝတီ တိုင်းရုံးခွဲများမှ မြန်မာဝန်ထမ်းများက ပြောသည်။
“ခုထက်ထိကလေးငယ်တွေ မှာ စိတ်ဝေဒနာတွေရှိနေပါတယ်။ မုန်တိုင်းသင့်ဒေသက ကလေးတွေက သာမာန်ကလေး တွေလို ကစားပျော်ရွှင်တာနေကြတာ မျိုးနည်းတယ်။ သူတို့မှာ အကြောက်တရား အရမ်းကို ကြီးစိုးနေတယ်” ဟု လပွတ္တာ မြို့နယ်ကျေးရွာများရှိ မုန်တိုင်းသင့် ကလေးငယ်များ ပညာသင်ကြားရေးဆိုင်ရာ လုပ်ငန်းခွင်များတွင် ပါဝင်ဆောင်ရွက် နေသည့် စေတနာ့ဝန်ထမ်း တဦးက ပြောသည်။
မုန်တိုင်းကြောင့် စိတ်ဝေဒနာ ခံစားနေရသော ကလေးငယ်များသည် ပညာရေးတွင် စိတ်ဝင်စားမှု နည်းပါးသည့်အပြင် လှုပ်ရှားမှုနည်းပါးသည့်အတွက် ကိုယ်ခန္တာ ကြံ့ခိုင် ဖွံ့ဖြိုးမှုပိုင်းနှင့် ကျန်းမာရေး အပိုင်းတွင်လည်း ထိခိုက်မှုများ ရှိလာ သည်ကို တွေ့ရကြောင်း အဆိုပါ လူငယ်ကရှင်းပြသည်။
လပွတ္တာမြို့နယ် အခြေစိုက် Save the Children အဖွဲ့ကမူ လပွတ္တာ မြို့နယ်ရှိ ကျေးရွာ များတွင် ကလေး ပျော်ဌာန အခု ၂၀ ထားရှိမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန် ထားသည်။
အဆိုပါ ဌာနများတွင် ကလေးများအတွက် ကစားနည်းအမျိုးမျိုး၊ ကာတွန်းစာအုပ်၊ ပုံပြင် စာအုပ်များ၊ ပန်းချီဆွဲ ပစ္စည်းများ ထားပေးမည်ဖြစ်ပြီး ကလေးငယ်များ၏ စိတ်ဓာတ်ရေးရာ မြင့်တက်စေရန် စနစ်တကျသင်တန်း ပေးထားသည့် ဆရာ၊ ဆရာမများ ထားရှိမည့်အပြင် လာရောက်သည့် ကလေးငယ်များကို အာဟာရ ကျွေးမွေးနိုင်ရန်လစဉ်ငွေကြေး ထောက်ပံ့ သွားမည်ဟု သိရသည်။
မုန်ုတိုင်းဒဏ်သင့် ကလေးငယ်များ၏ စိတ်ဓာတ်ရေးရာ အခြေအနေများ မူလ အနေအထား ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်ရန် အထူးလိုအပ်နေချိန်တွင် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့ အစည်းများက ယင်းလိုအပ်ချက်ကို တစိတ်တပိုင်း ပါဝင်ဖြည့်ဆည်း နေသော်လည်း စစ်အစိုးရကမူ တစုံတရာ ဆောင်ရွက်ခြင်း မရှိကြောင်း ပြည်တွင်း အန်ဂျီအိုများမှ စေတနာ့ဝန်ထမ်း လူငယ်များကပြောသည်။
“ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပ အန်ဂျီအိုတွေက တတ်နိုင်သလောက်လုပ်နေကြတယ်။ ဒါပေမယ့် အစိုးရပိုင်းကတော့ တအားကိုငြိမ်သက်လွန်းတယ်။ မုန်တိုင်းဖြစ်ပြီး ၃ လကျော် လောက်ကတည်းက ဘာဆိုဘာတခုမှ မလုပ်တော့ဘူး” ဟု လပွတ္တာမြို့နယ်၊ ကျေးရွာတခုရှိ တွဲဘက်မူလတန်း ကျောင်းဆရာတဦးက သုံးသပ်သည်။
ဧရာဝတီတိုင်းရှိ မုန်တိုင်းသင့် ကလေးငယ်များ၏ စိတ်ဝေဒနာကို ကုစားရန်အတွက် စီမံကိန်းများ ယခုထက်ပိုမို အရေးပေးဆောင်ရွက်ရန် လိုအပ်ပြီး ပြည်တွင်း၊ ပြည်ပ အန်ဂျီအိုများနှင့် အစိုးရပိုင်းက အားတက်သရော အတူတကွ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ရန်ကုန်အခြေစိုက် ကလေးသူငယ်များ အရေး ဆောင်ရွက် နေသည့် ပြည်တွင်း အန်ဂျီအို ဝန်ထမ်းများက ပြောသည်။
အခြေခံပညာ ဦးစီးဌာန ၀န်ထမ်းတဦးကလည်း “ကလေးတွေရဲ့ စိတ်ဝေဒနာကို ကုသဖို့ ကလေးကစားကွင်း၊ ဥယျာဉ်နဲ့ ကလေးပျော် နေရာဌာနလေးတွေအ များကြီး ဖန်တီးပေးဖို့ အရေးကြီးတယ်။ ပြီးတော့ ကလေးတွေရဲ့ စိတ်ဝေဒနာတွေကို ကုသပေးဖို့ စနစ်တကျ သင်တန်းပေးထားတဲ့ ဆရာ၊ ဆရာမတွေလည်း အများကြီး လိုအပ်ပါတယ်” ဟု ပြောသည်။
မုန်တိုင်းသင့်ဒေသမှ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် အခမဲ့ပညာရေး စနစ် ဖြစ်ရန်လိုအပ်ပြီး သက်ဆိုင်ရာ ကလေးငယ်၏ မိသားစု စားဝတ်နေရေး ပြေလည်ရန်လည်း အရေးကြီးကြောင်း အဆိုပါ ပညာရေးဝန်ထမ်းက ပြောပြသည်။
“ခုဆိုရင် တဖြည်းဖြည်း ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုတွေက ရိက္ခာထောက်ပံ့တာတွေနဲ့ တခြားကူညီရေး အစီအစဉ်တွေကို ရပ်ဆိုင်းလာကြပြီ။ မိသားစုတွေ စားဝတ်နေရေး ခက်ခဲလာရင် ကလေးတွေ ပညာ သင်ကြားရေးကလည်း လုံးဝထိခိုက် လာမှာပါ။ အဲဒီတော့ မိသားစုတွေရဲ့စားဝတ်နေရေး ခိုင်မာမှု ရှိလာတဲ့ အချိန်ထိ ကူညီထောက်ပံ့မှုတွေ ပေးဖို့ လိုပါတယ်” ဟု မုန်တိုင်းသင့် ဒုက္ခသည်များကိုကူညီနေသည့် ရန်ကုန်သား လူငယ်တဦးက ဆိုသည်။ http://www.irrawaddy.org/bur/news2008/October/Oct_17c_08.html
Friday, October 17, 2008
ပန်းကလေးတွေ ကို..ထာဝရလန်းစေချင်ရင်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2008
(3221)
-
▼
October
(280)
- Training With Shan State Army
- ဒီမိုကရေစီဖော်ဆောင်ရေး အရှိန်မြှင့်ဖို့ စစ်အစိုးရက...
- မြန်မာ ခလေး စစ်သားပြဿနာ
- Myanmar: British Red Cross aids in recovery from C...
- FREE BURMA WE ARE BUDDHIST
- အစိုးရရုံးများ ဗုံးခွဲခံရမည်ဟု သတင်းထွက်၊ လုံခြုံေ...
- ဘုရားတောင် မရဏကိုမလွန်ဆန်နိုင်.သန်းရွှေကျမှ ယတြာက န...
- တိတ်တိတ်ကလေး ထောင်ပြောင်းနေတယ်ဗျို့ 
- နှစ် (၂၀) တိုင် ဝေယံဆီလွင့်နေဆဲ ဒေါင်းအလံနီနဲ့ ကျေ...
- ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၅)လ ပြည့် ၀မ်းနည်းခြင်...
- ကြောက်ပါနဲ့ မိုးပေါ်ကိုဘဲချိန်ထားတာပါ
- လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီ...
- လူလိမ်တွေ ကိုထိန်းဖို့ လူဆိုးထိန်းရှာနေတဲ့ ဘင်ကီ..
- Vital Voices' 2008 Global Leadership Awards - Laura
- မြန်မာပြည်က အမျိုးသမီးများ၏ အခွင့်အရေးရရှိရေး
- နိုဗယ် ငြိမ်းချမ်းရေးဆုရှင်များရဲ့ ရွှေဝါရောင်တော်လ...
- ချစ်သော အောင်ဆန်းစုကြည်
- လေဘေးသင့် မိဘမဲ့ ကလေးများနဲ့ မှီခိုရာမဲ့ အမျိုးသမီ...
- သန်းရွှေသမီးတွေ နဲ့ အလယ်ပိုင်းတိုင်း တိုင်းမှုးကတော်...
- Report of SG, UN General Assembly Sixty-third sess...
- Immediate release of AAPP Statement
- ဒါပေါ့..ဆင့် အ၀ှါ ခွေးမျှော်နေတာ
- ထွီ .. ပြည်သူတွေကို ကျ မျက်နှာလွှဲခဲပစ်ထားတယ်။ တရား...
- အမေစု အိမ်ရှေ့ မှ စစ်သူတောင်းစားများ
- စစ်ခွေး အစားခံရသော သားငယ်များ
- ရွှေဝါရောင် သံဃာ့အရေးခင်းကြီးကို အမှတ်တရ သုံးသပ်ခြင်း။
- နှစ် (၂၀) မွေးနေ့ မင်္ဂလာပါ ကျောင်းသားတပ်မတော်..
- အလျှောက်ကောင်းလေ..အထောင်းခံရလေလေ
- Lion Jiou Mountain ၏ နာဂစ်သို့ ကူညီလက်များ
- ဒို့ အမျိုးတွေရဲ့ အပြုံးတွေ မပျောက်ကွယ်စေအောင် ထိမ...
- Myanmar 6 Months On: Delivering Education in Emerg...
- Assisting communities affected by cyclone Nargis
- တိုက်ပွဲဝင်ဖို့ လိုနေပြီ။
- ဒီလို Virus သတ်ပါခင်ဗျား
- ( န အ ဖ ) တို့  ပြော သော တိုး တက် နေ သော မြန် မာြ...
- တက်ချင်သူတွေ လာကြဗျို့ ။ မျိုးချစ်စိတ်ဘဲရှိဖို့ လ...
- မြန်မာပြည်သူပြည်သားဆိုသည်မှာ ဘာလည်း
- ပြင်ဆင်ဖွဲ့ စည်းခြင်း
- ချကြွေးနေတဲ့ အရိုးအရင်းများ
- သူခိုးလက်က သူဝှက်လု
- အဟမ်း အဟမ်း အမိန့် တော်မှတ်မယ်။
- “စစ်အာဏာရှင် ကြီးစိုးမှုမှောင်ရိပ်” အစီရင်ခံစာ အမျိ...
- သီးလေးသီး အငြိမ့် ပွဲ
- မယားရောင်းရန် ရှိသည် (သတင်းဆောင်းပါး) Mizzima net
- သန်းရွှေခေတ်မှ ပေါက်ဖွားသော အကြံကုန်စီးပွားရေးပညာသည...
- တရုတ် chemical ဘဲဥဆားစိမ်ရမယ်
- နို့ မှုန့် ရောင်းချင်ရင်လာလေ..တပြည်လုံးကို သတ်ချင...
- မြောက်ကိုရီးယားက နျူကလိယ လက်နက်တွေ ဖွက်ခယူ နအဖက ဖွ...
- လေထဲမှာ တိုက်အိမ်တွေ ရောင်းနေတယ်။
- ဘတ်ဝါယာ ကြိုးဖယ်တာ ဒါကြောင့်ကိုး
- Burma's bloody trade
- မလွန်ဘူးလား.၁၃ နှစ်ရှိပြီ
- မြန်မာ့ပြည်မှ .ဒုက္ခသည်ခလေးများအတွက်ကျောင်းကလေး..
- Burma, country in conflict
- သံဃာ့ အာဇာနည်ရဲဘော်
- ကောင်းရာသုဂတိလားပါစေ အာဇာနည်ရဲဘော်
- HIV/AIDS ရောဂါကို ဝေဘာဂီဆေးရုံတွင် အခမဲ့ကုသပေးနေသည...
- မိုးပြိုခြင်းလော(ကိုမိုးသီး)
- အမေ လွတ်မြောက်ပါစေ
- ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကားလမ်း အတားအဆီးများ ဖယ...
- ဆရာကြီးဝသုန် ၏ ဈာပန အခန်းအနား။
- ကြပ်ပြေး က အရှုပ်တော်ပုံ အမှတ် (၁၁)
- Voices of the Saffron Revolution: One year later
- ကွန်ပြူတာ ကြမ်းပိုးသတ်နည်း
- အကျဉ်းအကြပ်အခက်အခဲကြားက လှုပ်လို့ ရတဲ့နေရာက လှုပ်ရ...
- AAPP statement
- ဆရာကြီးဆလိုင်းထွန်းသန်းနှင့်တွေ့ ဆုံခြင်း
- မြန်မာရွေ့ ပြောင်းအလုပ်သမားတွေ တိုးလာနေပြီ။
- မြန်မာ့ ကျောင်းသားဂျာနယ်
- အထူး ကြေငြာချက်
- No title
- No title
- NLD ဆို လုပ်ကြံပုဒ်မ နဲ့ ဆွဲဖြဲဖို့ သာ ပြင်နေတော့တ...
- ဖြေရှင်းပါရစေ။
- အမျိုးသား ဒီမိုကရေစီအဖွဲချုပ်(လွတ်မြောက်နယ်မြေ)မလေ...
- ဘဘကြီး ဝသုန်သို့ 
- ဖိတ်ကြားအပ်ပါသည် ရဲဘော်တို့ 
- လက်ဆင့်ကမ်း ပေးနိုင်ကြဖို့ 
- သင့် EMAIL အဟက်မခံရအောင် ရှောင်ရန် ဆောင်ရန်လေးတွေ
- US and the European Parliament call for Daw Aung S...
- ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် လူ့အခွင့်အရေး တိုးတက်အေ...
- Asia, Europe urged to exert pressure on Myanmar
- 88 ကျောင်းသားများအတွက်..ဂုဏ်ပြုဆုတံဆိပ်
- virus အကိုက်ခံရသူ ၏ ကိုယ်ပိုင် အတွေ့ အကြုံ နှင့်ေ...
- ဆရာကြီးဝသုန် သို့ အမှတ်တရ
- န အ ဖ တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည်...
- ချီးတုံးကို ကိုးကွယ်ကြသူများ
- Chinese oil firm accused of abuses, contamination ...
- ဇာကနာအတွက်..ဂုဏ်ပြုဆု
- န အ ဖ တို့  ပြော သော တိုး တက် နေ တဲ့ မြန် မာ ပြည်...
- MRTV လိမ်နေသည်။ မြန်မာ့သတင်းစာလိမ်နေသည်
- ရမည် ရှာနေတယ်ဗျို့ 
- DEMOCRATIZATION WITHOUT MASS PARTICIPATION?
- Tele conference ဖိတ်ကြားခြင်း
- "ဆောင်းဦးပေါက် တေး "
- ဓါးမြတွေ စစ်သားဖြစ်နေတယ်ဗျ
- Myanmar's Failure to Talk With Suu Kyi Frustrates ...
- တဖြေးဖြေး စစ်ရုံးနဲ့ နီးအောင် လာနေပြီ
- လူငယ်တွေ ရှိနေသ၍ Generation Wave ဆိုတာ မသေဘူး
- KNU EC အဖွဲ့ ရွေးချယ်ခြင်း
-
▼
October
(280)
No comments:
Post a Comment