Tuesday, November 4, 2008

ဘင်္ဂလားဒေခ်ျ့မှ ရေတပ် သင်္ဘော ၂ စီး မြန်မာရေပိုင်နက်ထဲကို ကျူးကျော် ၀င်ရောက်ခဲ့သည်ဟု မြန်မာဘက်ကပြော

11/4/2008
ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ ရေတပ် သင်္ဘော ၂ စီးသည် မြန်မာ ရေပိုင်နက်ထဲသို့ လွန်ခဲ့သော တနင်္လာနေ့ နံနက်က ကျူးကျော် ၀င်ရောက်ခဲ့သည်ဟု အမည်မဖေါ်လိုသူ မြန်မာပြည် ရေတပ် အရာရှိတဦးက ပြောသည်။
အဆိုပါ သင်္ဘောနှစ်စီးသည် တနင်္လာနေ့ နံနက် ၈ နာရီအချိန်တွင် မြန်မာ့ ရေပိုင်နက်ထဲသို့ ၀င်ရောက်ခဲ့သည်ဟု သူကပြောသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ ရေတပ်သင်္ဘော သုံးစီင်္်းမှာ မြန်မာ ရေပိုင်နက်အနီးတွင် ယခုအခါ ရောက်ရှိနေပြီး ထိုအထဲမှ စစ်သင်္ဘောနှစ်စီးမှာ မြန်မာ့ရေပိုင်နက်ထဲကို ၀င်ရောက်ခဲ့ခြင်း ဖြစ်သည်။

တစီးက မြန်မာ့ရေပိုင်နက်ထဲကို ၈ မိုင်ခန့် ၀င်ရောက်ခဲ့ပြီး နောက်တစီးမှာ ၄ မိုင်ထိ ၀င်ရောက် ခဲ့သည်။ ကျန်တစီးမှာ ဘင်္ဂလာရေပြင်ပိုင်နက်ထဲမှ စောင့်ဆိုင်းနေခဲ့သည်ဟု ပြောသည်။

သို့သော်လည်း ၀င်ရောက်ပြီး တနာရီခန့်အကြာတွင် ဘင်္ဂလာစစ်သင်္ဘော ၂ စီးမှာ ပြန်လည်ပြီး သူ့ရေပြင်ထဲသို့ ထွက်ခွာသွားသည်။

ယခုကဲ့သို့ဘင်္ဂလာစစ်သင်္ဘောများ မြန်မာရေပိုင်သို့ ၀င်ရောက်ခဲ့သော်လည်း မြန်မာဘက်မှ တစုံတရာ လက်တုန့်ပြန်ခြင်း မရှိခဲ့ကြောင်း သိရသည်။

ယခု ဘင်္ဂလာဒေခ်ျ့မှသင်္ဘောများ ၀င်ရောက်ခဲ့သည့်နေရာမှာ မြန်မာနှင့် ဘင်္ဂလာအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေသော နေရာဖြစ်သည်။

မြန်မာဘက်မှ ဂတ်(စ်)တူးဖေါ်နေသော နေရာတွင် စစ်သင်္ဘော ၆ စီး ရှိနေကြောင်း ဘင်္ဂလာဘက်က ပြောသည်။

နောက်ထက်ရရှိသော သတင်းအရ ဘင်္ဂလာဘက်ကလည်း အနည်းဆုံး စစ်သင်္ဘောတစီးကို အဆိုပါ ရေပြင်ပိုင်နက် အငြင်းပွားနေရာသို့ စေလွှတ်လိုက်သည်ဟု သိရသည်။

သို့သော်လည်း အဆိုပါ သတင်းကို အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ၊

ဘင်္ဂလာဒေခ်ျ့မှ ယခုမြန်မာဘက်မှ ဂတ်ရှာဖွေ တူးဖေါ်နေသော အကွက်အမှတ် ၈-၁၃ မှာ ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုက်နက် ဖြစ်ကြောင်း ပြောဆိုထားပြီး မြန်မာ စစ်အစိုးရကို ကန့်ကွက်ထားသည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်