11/4/2008
သျှင်ထွီးခိုင် (နိရဉ္စရာ)
ဘင်္ဂလာရေပိုင်နက်အတွင်း မြန်မာရေတပ်သင်္ဘောနှစ်စီးဖြင့် ရေနံရှာသင်္ဘောများ ကျူးကျော် ၀င်ရောက်နေ သည့်ကိစ္စနှင့်ပတ်သက်ပြီး ဖြေရှင်းရန် ဘင်္ဂလာဒေ့ခ်ျ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် တိုးဟေး ဟူစိန်းကို မနက်ဖြန်တွင် မြန်မာနိုင်ငံသို့စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဟူစိန်းအပါအဝင် ရေတပ်ဗိုလ်မှူး ချုပ်ရမန်နှင့် အငြိမ်းစားရေတပ်ဗိုလ်မှူးချုပ် အလံတို့လည်း မြန်မာခရီးစဉ်တွင် လိုက်ပါသွားမည် ဖြစ်သည်။
အလားတူ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးအရာရှိ အီဖကာ အာမတ် ဆော်ဒရီ က မြန် မာသံအမတ် ဦးဖေသန်းဦးကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ယမန်နေ့က ဆင့်ခေါ်ပြီး ဘင်္ဂလားပိုင်ရေနက် အမှတ် ၈ မှ အကွက် ၁၃ အနီးတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေရန် မြန်မာသင်္ဘောများ ကျူးကျော် ဝင်ရောက်နေသည်ဟုအသိပေးကန့်ကွက်ခဲ့ပြီး ဘင်္ဂလားဘက် မှ မြန်မာသို့ကိုယ်စားလှယ် စေလွတ် မည် ဖြစ်ကြောင်းလည်း အသိပေးခဲ့သည်ဟု သိရှိရသည်။
သို့သော်လည်း မြန်မာ့ရေနံရှာဖွေရေး သင်္ဘောများမှာ ဘင်္ဂလားဒေ့ခ်ျရေပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်ခြင်းမရှိဘဲ မိမိတိုင်းပြည်၏ ရေပိုင်နက်အတွင်းမှာသာရှိနေကြောင်း မြန် မာဘက်မှ တုန့်ပြန်ပြောဆိုခဲ့ကြောင်း သိရသည်။
ထို့အပြင် ဘင်္ဂလားဒေ့ခ်ျနိုင်ငံဆိုင်ရာ တောင်ကိုးရီးယား သံအမတ်ကိုလည်း ဆင့်ခေါ်ပြီး တောင် ကိုးရီးယားကုမ္ပဏီသင်္ဘောများ ဘင်္ဂလာရေပိုင်နက်ကို မြန်မာစစ်သေင်္ဘားများနှင့် ၀င်ရောက် ရေနံရှာဖွေသည့်အတွက် မြန်မာနိုင်ငံမှ ကိုးရီုးယားသင်္ဘောများ အမြန်ဆုံး ထွက်ခွာပေးရန် တိုက်တွန်းပြောဆို ခဲ့ကြောင်းလည်း သိရသည်။
ဘင်္ဂလားဒေ့ခ်ျဘက်မှ မိမိနိုင်ငံ၏ အချုပ်အချာ နှင့် နယ်မြေကို အစိုးရအနေဖြင့် ကာကွယ်စောင့် ရှောက်ရန် တာဝန် ရှိကြောင်း သို့ဖြစ်၍ လာမည့် ဒီဇင်ဘာလတွင်ကျင်းပမည့် နယ်နိမိတ်သတ်မှတ်ရေးနှစ်နိုင်ငံ ဆွေးနွေးပွဲ မှ ထွက်ပေါ်လာမည့် ဆုံးဖြတ်ချက် အတိုင်း လိုက်နာဆောင်ရွက် ရန်နှင့် လက်ရှိ ဘင်္ဂလား ရေပိုင် နက် အတွင်းလုပ်ကိုင်ဆောင်ရွက်နေသည်များကို ချက်ချင်းရပ် ဆိုင်း ရုတ်သိမ်းပေးရန် မြန်မာ နအဖ စစ်အစိုးရကို ဘင်္ဂလား အစိုးရက တောင်းဆိုခဲ့သည်။ http://www.narinjara.com/burmese.asp

No comments:
Post a Comment