Saturday, May 1, 2010

ကန့် ကွက်သည်..ခွပ်ဒေါင်းအလံကို အေးလွင် မပိုင် မဆိုင်

၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)မှ ပါတီမှတ်ပုံတင်ထားသောအလံနှင့်ပတ်သက်၍အပြင်းအထန် ကန့် ကွက်သည်။
၎င်းပါတီ၏ အလံသည် ခေတ်အဆက်ဆက်ကျောင်းသားများအသုံးပြုခဲ့သော အလံနှင့်ဆင်တူဖြစ်နေသည်။ ခေတ်အဆက်ဆက်အသုံးပြုခဲ့သော အလံကို မည်သည့်အဖွဲ့ အစည်းမှ အသုံးချပိုင်ခွင့်မရှိ။ အသုံးချရန်လည်းမဟုတ်။ အာဏာရှင်မှန်သမျှအား တော်လှန်ခဲ့သောအလံဖြစ်ပြီး၊ အာဏာ ရှင်လက်အောက်ခံအလံ မဟုတ်ပါ။ အထူးသဖြင့် အချောင်သမား၊ အခွင့်အရေးသမားတို့ အသုံးချရန်မဟုတ် ဆိုသည်ကို အတိအလင်း ကြေညာအပ်သည်။

အလင်းအိမ်ရဲဘော်များ (ဂျပန်)

ဒေါင်းယောင်ဆောင်သော ကျီးများမှ ပါတီအမည်၊ အလံနှင့်တံဆိပ်ကို ကန့်ကွက်နိုင်ပါသည်တဲ့.....




ယနေ့ထုတ် ကြေးမုံသတင်းစာမှာ အေးလွင်တည်ထောင်တဲ့ ၈၈ မျိုးဆက်ပြုတ်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)က ပါတီအလံပုံစံနဲ့ တံဆိပ်တွေကို ကန့်ကွက်နိုင်ကြောင်း ကြေငြာထားပါတယ်။ ပါတီအလံမှ ခွပ်ဒေါင်းပုံကို အကြီးအကျယ် ကန့်ကွက်ပါ တယ်။ ခွပ်ဒေါင်းနဲ့ လားလားမျှ မထိုက်တန်တဲ သာကူး ကျီးမဲတွေ ဒေါင်းယောင်ဆောင်ထားလို့ပါ။ ခွပ်ဒေါင်းတွေ ကန့်ကွက်ကြပါ။http://www.demowaiyan.co.cc/2010/05/blog-post_5689.html

1 comment:

Tun Lin said...

ဒီခွပ်ဒေါင်းအလံတွေက ဗကပ က ကနဦးထွင်ပေးခဲ့တဲ့ အလံတွေမလား၊ ကွန်မြူနစ် ပါတီတွေ သုံးတဲ့ အရောင်လေ။ အနီ နဲ့  အဝါ။ ရွှေဝါရောင် မဟုတ်ပါ။ ပုံထဲက ဒေါင်းက လက်ဝဲ ဘက်ယိမ်းပြီး အမြဲတိုက်ချင် ခိုက်ချင်ဖြစ်နေ တာဘဲ။ ငြိမ်းချမ်း တည်ငြိမ်မူမရှိ။

Post a Comment

ယခင် သတင်းများ ဖတ်ရန်