By သိန်းထိုက်ဦး ဗုဒ္ဓဟူး, 19 မေ 2010
မြန်မာနိုင်ငံမှာ စစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအဆင့်မီ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရေး အတွက် နိုင်ငံတကာက စောင့်ကြည့်သူတွေကို လက်ခံပြီးတော့ မီဒီယာလွတ်လပ်ခွင့် ပေးသင့်တဲ့အကြောင်း ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပြင်ဆင်နေသူတွေက ပြောဆိုလိုက်ပါတယ်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာက လေ့လာစောင့်ကြည့်မယ့် သူတွေကို လက်မခံဘူးလို့ ပြောဆိုလိုက်ပြီးတဲ့ နောက်ပိုင်းမှာ ခုလို တုံ့ပြန်ပြောဆိုသံတွေ ထွက်ပေါ်လာတာပါ။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပါမယ်။
ရွေးကောက်ပွဲမှာ နိုင်ငံတကာက အဖွဲ့အစည်းတွေ လေ့လာသူတွေကို လက်ခံပြီး စောင့်ကြည့်ခွင့်ပေးမယ်ဆိုရင် စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲအပေါ် နိုင်ငံတကာရဲ့ တရားဝင်အသိအမှတ်ပြုမှု ပိုပြီး ရနိုင်မယ်ဆိုပြီး ပြည်တွင်းနိုင်ငံရေးအင်အားစုတွေက ပြောဆိုနေ ပါတယ်။ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက သူ့သဘောထားကို ခုလို ပြောပါတယ်။
“တသီးပုဂ္ဂလ လူပုဂ္ဂိုလ်တွေ ကျွမ်းကျင်တဲ့ ပညာရှင်တွေ မြန်မာပြည်ရဲ့ ရွေးကောက်ပွဲကို လာရောက်စောင့်ကြည့်ခြင်းဖြင့် International Legitimacy ဖြစ်ရေးကိစ္စပေါ်မှာ မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုကို နိုင်ငံတကာက ဘယ်လောက် အတိုင်းအတာအထိ အသိအမှတ် ပြုနိုင် သလဲဆိုတဲ့ဟာကို သူတို့ မှတ်ကျောက်တင် ခံသင့်ပါတယ်။ အဲလိုမှ မဆောင်ရွက်ဘူးဆိုရင် အခုကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ Mr. Campbell ပြောသလိုပဲ International Legitimacy ဖြစ်ရေးအတွက်တော့ တအား အားနည်းသွားနိုင်တယ်ဆိုတဲ့ သဘော ရှိနေပါတယ်။”
ရွေးကောက်ပွဲအခြေအနေတွေကို နိုင်ငံတကာနဲ့ ပြည်သူတွေ သိနိုင်ဖို့ မီဒီယာ လွတ်လပ်ခွင့်လည်း လိုအပ်တယ်လို့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
"လေ့လာစောင့်ကြည့်သူတွေမပေးရင်တောင် မီဒီယာ လွတ်လပ်ခွင့်တော့ အနည်းဆုံး ခွင့်ပြုသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါမှ သာ လျှင် မီဒီယာတွေကနေပြီးတော့ ရွေးကောက်ပွဲမှာ ဘယ်လောက်တရားမျှတတယ်ဆိုတဲ့ အခြေနေတရပ်ကို ပြည်ပမှာ ရှိနေတဲ့ မီဒီယာ တွေ ၀င်ရောက်လာမှသာလျှင် ဒီအခြေနေဟာ မြန်မာနိုင်ငံမှာ ပေါ်လွင်ထင်ရှားမှုတခု ဖြစ်လာမှာပါ။ နို့မို့ဆိုရင် မြန်မာနိုင်ငံအတွင်းမှာပဲ ဒီမြန်မာနိုင်ငံ စာပေစိစစ်ရေးက ခွင့်ပြုနေတဲ့ ဂျာနယ်တွေလောက်ရဲ့ သဘောထားလောက်နဲ့ပဲဆိုရင်တော့ ဒီအခြေအနေ မှန်တွေကို နိုင်ငံ တကာက မသိနိုင်သလို နိုင်ငံတကာရဲ့ ထောက်ခံမှုရဖို့အတွက်လည်း ဝေးသွားနိုင်ပါတယ်။"
လက်ရှိအနေအထားဟာ ပေးထားတဲ့ အခြေနေပေါ်ကနေပြီး အကောင်းဆုံးဖြစ်အောင် ရွေးချယ် လုပ်ကိုင်နေရတာ ဖြစ်တဲ့အကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။ ၁၉၉၀ခုနှစ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စစ်အစိုးရဘက်က နိုင်ငံတကာက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို လက်မခံခဲ့ပေမဲ့ စစ်အစိုးရအနေနဲ့ ဒိုင်လူကြီးတယောက်အနေနဲ့ သမာသမတ် ဖြစ် အောင် ကျင်းပပေးခဲ့တဲ့ အကြောင်း အဲဒီအချိန်က ကျောက်တန်းမြို့နယ်က ရွေးချယ်ခံခဲ့ရတဲ့ လက်ရှိ ဒီမိုကရေစီအင်အားစုပါတီက ဒေါက် တာ သန်းငြိမ်းက ပြောပါတယ်။ ဒါပေမဲ့လည်း အခုတကြိမ် ရွေးကောက်ပွဲမှာတော့ ၁၉၉၀ခုနှစ်တုန်းကလောက် မမျှော် လင့်နိုင်ဘူး လို့ သူက ဆိုပါတယ်။
မမျှော်လင့်ဘူး။ မမျှော်လင့်ဘူးဆိုတာက အခြေအနေတွေက အများကြီး ကွာခြားသွားပြီ။ အထူးသဖြင့် ဒီရွေးကောက်ပွဲဟာ ဘယ်လောက် ထိ လွတ်လပ်မလဲ၊ ဘယ်လောက်ထိ တရားမျှတမလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ ၉၀ခုနှစ်ရွေးကောက်ပွဲလောက်အထိ တရားမျှ တ မယ်၊ လွတ်လပ်မယ်ဆိုရင်တော့ အနည်းဆုံး အဲဒီ ၉၀တုန်းကလောက်ထိ ဖြစ်မှာပေါ့။ အားလုံးဟာ အဲဒီအပေါ်အများကြီး မူတည်ပါတယ်။
ဒေါက်တာသန်းငြိမ်း ပြောပြသွားတာပါ။ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအတွေ့အကြုံ ရှိပြီးသားဖြစ်ပြီး ရွေးကောက်ပွဲ ဥပဒေအရ၊ နည်း ဥပဒေအရ ပြဋ္ဌာန်းချက်တွေ သေချာ ချမှတ်ထားသလိုပဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ သေချာတဲ့အတွက် နိုင်ငံတကာအဖွဲ့တွေ လာရောက်ဖို့ မလိုဘူးလို့ ပြောဆိုပါတယ်။ ရန်ကုန်မြို့ခံတချို့ကတော့ ဒီ ပြောဆိုချက်အပေါ် ခုလို တုံ့ပြန်ပါတယ်။
“စောင့်မကြည့်ဘူးဆိုရင်တော့ လုပ်ချင်ရာ လုပ်ချလိုက်မှာပဲ။ ဒါပေမဲ့ လုပ်ပြီဆိုကတည်းက ဒါ မတရားဘူးဆိုတာကြီးက လူတိုင်း သိနေတဲ့ ဟာကြီးပဲ”
“စောင့်ကြည့်မယ့်သူတွေ မပါဘူးဆိုရင် တရားမျှတမှုမရှိဘူးပဲ၊ အရင်ကတည်းကလည်း သူတို့က လုပ်ချင်ရာ လုပ်ထားတာပဲ၊ ဘာမှန်းလဲ မသိဘူး၊”
“ခုနပြောသလိုပဲ၊ အမှားလည်း အမှန်လုပ်လိုက်မှာပဲ၊ အမှန်လည်း အမှန်လုပ်လိုက်မှာပဲ၊ ဒါကြောင့် ဒီမဲကိစ္စကို လုံးဝ စိတ်ဝင်စားမှုမရှိဘူး။”
မြန်မာစစ်အစိုးရက ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူ တွေကို လက်မခံဘူးလို့ ပြောဆိုထားတာနဲ့ လက်ရှိအခြေအနေအရ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေအပေါ် ရန်ကုန်မြို့ခံတွေရဲ့ သဘောထားအမြင်တွေပါ။
http://www1.voanews.com/burmese/news/burma/2010-election-react-05-19-10-94347279.html
Wednesday, May 19, 2010
ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မှု လက်မခံတဲ့ကိစ္စ ဝေဖန်
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2010
(3510)
-
▼
May
(308)
- ဒီပဲယင်း ၇ နှစ်မြောက်အဖြစ် ဆွမ်းကပ်လှူ
- မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယာ...
- ကားမှောက်၍ ရန်ကုန်မြို့တော်ဝန်မြေး ဘ၀ပြောင်း
- ကုသိုလ်မျှဝေနိုင်ကြပါစေ
- အာဇာနည် ဘလော့ခ်မှ ဒီဇိုင်းကိုမျိုးနှင့် စက်တင်ဘာ ...
- ပြည်သူတွေ ကိုယ့်ကိစ္စကို ပြသနာ ဖြေရှင်းနေသော်လည်း အ...
- ကျွန်တော့လက်ထဲရောက်လာလို့  ဓါတ်ပုံအမြန်ရိုက်ပြီး အ...
- ဒီပဲယင်းလုပ်ကြံမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးကိ...
- ကမ်းလွန်ရေနံ ပြဿနာ
- ဗမာပြည် မှတ်တမ်း (Documentary)
- စိတ်ညစ်စရာ
- ၀ါးရင်းတုတ်နှင့် ထိုက်တန်သူများစာရင်း ထုတ်ပြန်ချက်
- အကောင်းနှင့် မကောင်း ရောရောင်း ...ကဲ စီပွားရေး
- ဆက်ဖတ်ကြည့် ခင်မျ
- ပြည်သူလူထုအတွက် အကျိုးတခုခုဖြစ်ဖို့ အတွက် ပလပ်စတစ်...
- ဆရာတော်တရား အင်တာနက်ပေါ်မှာ တိုက်ရိုက် တရားနာလိုလျင်
- UN experts say NKorea is exporting nuke technology
- ဖတ်ဖြစ်အောင်ဖတ်ကြပါ ( သူခိုးနဲ့  ဂျပိုး တိတ်တိတ်ပု...
- Al Jazeera news - Moustache Brothers Myanmar
- ကိုပါပါလေး တို့ သုံးဦးကို လေးစားလျက်ရှိပါကြောင်း
- မှောင်သောည တွေ ( ကာတွန်း ကို ဟန်လေး)
- Myanmar opposition marks anniversary of victory
- In a personal handwritten letter to Burmese opposi...
- မျှဝေပါတယ် ကြည့်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ် ကောင...
- ဒီနှစ်တော့ကျွန်တော် ငတ်ပြီထင်တာဘဲ
- ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံဖြန့်သူ ထောင်ဒဏ် ၁ဝ နှစ်...
- လူတိုင်းနိုင်ငံရေးဆိုတဲ့ဝေါဟာရကိုဒီလိုနားလည်နိုင်ရင်
- ခွပ်ဒေါင်းအလံ
- ဖဒိုမန်းရှာ သမီးဖြစ်သူ ကမ္ဘာ့လူငယ်ခေါင်းဆောင် ဆုရှင...
- ယခုလေးလပတ် အစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ...
- Get out SPDC ,shame on you ruling without supporti...
- အာဏာရူးများ၊ အာဏာအတွက် လည့်လည် လှုပ်ရှား
- လေလွင့်သူ များနှင့် တောင်းရမ်းသူ များကို မန္တလေးမြိ...
- သိက္ခာ
- ၀မ်းသာရမှာလား၊ ၀မ်းနည်းရမှာလား၊ မလေးရှား UNHCR
- In The Quiet Land
- သိက္ခာမဲ့ အုပ်စုကြောင့် ကျွန်တော်လည်းအရှက်ရပြီ
- ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန် ဝန်ကြီးချုပ် နောက်ဆုံ...
- ဒီမိုကရေစီဖော်ဆောင်ပေးမည့်သူများရဲ့ ပြည်သူ့ အပေါ်ထာ...
- ကိုကျော်သူရဲ့နောက်ဆုံးလက်နက်
- ဘိန်းဘုရင်နှင့် ဆက်စပ်သော Transocean ကုမ္ပဏီ မြန်မာ...
- လိုချင်ရင်...ရအောင်ချူလော့ ၊ သင်၏အခွင့်အရေး သင်လက်...
- လူထုအောင်ပွဲသည် လူထုလက်ထဲမှာရှိသည်
- “အရေးကြီးပြီးသွေးနီးပေါင်းစည်းရမယ့်အချိန်”
- ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို RCSS အသိအမှတ်ပြုထောက်ခံ
- ၂၀၁၀ ရွေးကောက်ပွဲ ကမ္ဘာလုံးဆိုင်ရာ ကန့်ကွက်မှု ပြုလုပ်
- ပူးတွဲ စစ်ဆင်နွဲရန် လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ သဘောတူ
- နအဖ လက်ချက်မှတပါး အခြားမရှိကြောင်း ထပ်လောင်းသက်သေထူ
- စစ်ဘေးတိမ်းရှောင်ရွာသားများဌာနေသို့ပြန်လေပြီ
- USDP မက်လုံးပေး စည်းရုံး
- ယောက်ျား ၀ယ်..ရော်ကြေးနဲ့  ဖယ်တတ်သော မင်းသမီး
- Joint Statement No.7/2010 of ABMA+88+ABFSU
- လူနာသေ..သမားတွေ ပျော်သလား..???
- ဟိုဘက်ကမ်းက မီးထိန်ထိန်ပေမဲ့ ဒို့ ဖက်ကမ်းကျ မီးမှိ...
- မရည်ရွယ်ပါဘူး တိုက်ဆိုင်ခဲ့ လို့ 
- ငါ့မှာ လေယာဉ်ခ ရှိတယ် ငှဲ..ငှဲ
- မှန်တဲ့  သူတို့ အမြင်
- ညုကောင်းသူ အနိုင်ရစေ...အပြုစု ကောင်းသူ..ဒို့ ကိုကြ...
- Myanmar's flag mistaken as Taiwan's in Okinawa
- လှတယ်ဆိုပေမယ့် ကိုယ်ထိလက်ရောက် ရိုင်းတော့ဘယ် လို လ...
- ပျောက်ကွယ်တော့မည့်မြန်မာပြည်
- ထပ်ဆင်ချင်န၀ပ် ကို ဖမ်းချုပ်ရန်နှင့် အကြမ်းဖက်သမား...
- ဒီမိုကရေစီဆိုတာဘာလဲ ကြံ့ ဖွတ် သိန်းမောင်?
- လာဘ်လာဘအပြင် ဟောဒါကလေးပါ အဆစ်ယူ
- မြန်မာတွေ ဝဲပေါက်ဖို့ဘဲ ကျန်တော့တယ်
- The Voice Weekly ဂျာနယ် Vol.6/No.27 ဖတ်ရှုနိုင်ပါပြီ
- မင်္ဂလာဈေး မီးလောင်ခြင်း ဓါတ်ပုံများ
- မင်္ဂလာဈေး မီးလောင်မှုတွင် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦး ဒ...
- စေတနာလက် အဖွဲ့ မှ နယ်သို့ ဆင်းပြီး ရေအလှုဒါနပြုတ...
- မီးသတင်း ( ဗမာသွေး )မှ တဆင့်ပို့ လာသဖြင့် ကျေးဇူး။
- မင်္ဂလာဈေး မီးလောင်နေစဉ် ဗီဒီယိုကလစ်
- မင်္ဂလာဈေး မီးလောင်နေတယ်
- ဂုဏ်ယူလျက်ပါ ကိုကျော်သူ
- ပြည်သူများသိသင့်သည့် ရွေးကောက်ပွဲဆိုင်ရာလိမ်ညာချက်...
- ယနေ့ သခင် စိုးမြင့် အသုဘ ဈာပန ပုံများ နှင့် ဗီဒီယို
- The Voice Journal -6-28
- ကုလသမဂ္ဂမှ မြန်မာ နိုင်ငံတွင်း ရေရှားပါးမှု အခြေ အနေ...
- နေပြည်တော် မဟုတ်တဲ့ ကျီးနဲ့ ဖုတ်ဖုတ် သေပြည်တော်
- မလေးရှားနိုင်ငံရောက် မြန်မာလူငယ် လေးဦး ခြိမ်းခြော...
- တရားဝင်ခွင့်မပြုရင်..တရားမ၀င် မယားတွေ ဖြစ်ကုန်တာပေါ့
- အောင်ဝေး၏ အရေးတော်ပုံရင်ခုန်သူများ
- သူဘဲယုံတယ် ကျန်တာတွေ မင်းခွေးချေး..
- မြောက်ကိုးရီးယားက မိန်းကလေးတွေရဲ့ တန်ဖိုး
- သန်းရွှေတို့ လို သေနတ်အားကိုးပြီး မိုက်ရဲတဲ့ သတ္တိက...
- သန်းရွှေတို့ လောက် အသိတရာခေါင်းပါးတဲ့  အုပ်စုဗမာပြည...
- ဗုံးတဲ့ ဗျ
- ဒေါ်အောင်ဆန်းစုကြည်သာ တိုင်းရင်းသားပြည်သူ အားထားရာ
- ကျော်သူ အမေးအဇြေ
- နဲနဲတော့ရွေ့ ဖို့ လိုသည်။ (တပြည်လုံး)
- သူများကြွေးတိုင်း မစားနဲ့ 
- ABMA Journal Volume 1 No 8
- Rain alert with eye on path
- ရပါလိမ့်မယ် အားကြီးကြီး..
- စစ်သား ငါးသိန်းရှိပြီး ဆည်က တစ်သောင်း..ရအောင်တည်မဲ...
- ဒီလို ကမြင်းတဲ့ရဲက...သူဘဲလူဆိုးဖမ်းဦးမတဲ့
- ကဲကြည့် ကုလားကမှ အမျိုးချစ်သေးတယ်.
- လိုင်လာဆိုင်ကလုန်း မြန်မာကမ်းရိုးတန်းဖက် ပြန်လှည့်...
- အီးကုံးစက္ကူလောက်တောင် အသုံးမ၀င်.
- ကြက်ဆူပင်တွေချည်းပဲ လျှောက်စိုက်နေလို့မရဘူး
- ဖိတ်ချင်းဖိတ်ရင်..ဖိတ်ပစေ ငါ့ရဲ့အိပ်ပေါက်ထဲ
-
▼
May
(308)
3 comments:
နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နှင့် အမေရိကန်နိုင်ငံ အရှေ့အာရှနှင့်ပစိဖိတ်ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell တို့သည် မေ ၉ ရက် မွန်းလွဲ ၃ နာရီနေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး တွင် တွေ့ဆုံပွဲ ၌ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဆန်းက ရှင်းလင်း ပြောကြားချက် မှ ထုတ်နုတ်ပြရလျှင် -
“လွှတ်တော် ကိုယ်စားလှယ်လောင်းများ အနေနှင့် မဲရုံ အသီးသီးတွင် ၄င်းတို့ကိုယ်စား ဆောင်ရွက်နိုင် ရန် မဲရုံ ကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်တစ်ဦးစီ ခန့်ထားခွင့်ပြု ထားပါကြောင်း၊ မဲရုံပုံးများကို အများ မြင်သာ သောနေရာတွင် ထားမည်ဖြစ်ကြောင်း၊ တစ်ဦးချင်း မဲရုံပေး ရာတွင်လည်း အများရှေ့မှောက် တွင် မဲရုံပုံး အတွင်း မဲရုံထည့် ရမည်ဖြစ် ကြောင်း၊ ဆန္ဒမဲရုံ ပေးခြင်းပြီးဆုံးသည့်အခါ ဆန္ဒမဲရုံ ရေတွက်ခြင်း ကိုလည်း ထို မဲရုံ တွင်ပင် ရေတွက်စေမည်ဖြစ် ပါကြောင်း၊ ယခုကဲ့သို့ ဆန္ဒမဲရုံရေတွက်ရာတွင် မဲရုံမှူး ကိုယ်တိုင် သို့မဟုတ် တာဝန်ပေးအပ် ထားသည့် မဲရုံအဖွဲ့ဝင် က ဦးစီးပြီး မဲရုံ အဖွဲ့ဝင်များ၊ အများ ပြည်သူများ နှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း များက ခန့်ထားသည့် မဲရုံ ကိုယ်စားလှယ် များ ၏ ရှေ့မှောက်တွင် ဆောင်ရွက် စေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မဲရုံဆန္ဒရေတွက်ပြီးလျှင် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီရရှိသည့် ဆန္ဒမဲရုံစာရင်းတွင် လွှတ်တော် ကိုယ်စား လှယ်များ၏ မဲရုံ.ကိုယ်စားလှယ်များက ပါဝင် လက်မှတ်ထိုးရမှာဖြစ်ကြောင်း၊ ထိုစာရင်းကို အထက် အဆင့် ကော်မရှင်အဖွဲ့ခွဲများသို့ စာအိတ်ချိတ် ပိတ်ပြီး ပေးပို့ရာမှာလည်း ကိုယ်စား လှယ်လောင်း၏ မဲရုံ.ကိုယ်စားလှယ် များကို သက်ဆိုင်ရာ မဲရုံမှူးများ နှင့်အတူ ပါဝင်ပြီး ချိပ်တံဆိပ် ရိုက်နှိပ်ခွင့် ပေးထားသည်ကို တွေ့နိုင်ပါကြောင်း။”
(၁၂-၅-၂ဝ၁ဝ - မြန်မာ့အလင်းသတင်းစာမှ)
၁၉၉ဝ မှာလဲ ဒီလိုပုံစံဘဲ ဆန္ဒမဲ ရေတွက်ရန် လုပ်ခဲ့သည် ကို မှတ်မိပါသေးသည်။ ၂ဝ၁ဝ မှာလဲ ဒီလိုပုံစံဘဲ ဖြစ်သည်။ အပေါ်မှာ ဝန်ကြီးဦးကျော်ဆန်း ရှင်းပြထားတာမှာ ရှင်းရှင်းလေးပါ။ ဘာမှ မရိုးမသား လုပ်စရာ လုပ်ကွက်မရှိ။ အားလုံး သက်သေရှိသည်။ သက်သေတွေ ရှိအောင် ဖန်တီးထားသည်။
မြန်မာဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ် သူ့ လူမပါသရွေ့  မရ သရွေ့  အကောင်းမပြောခဲ့၊ ပြောမည်လဲ မထင်။ လွတ်လပ်၍ မျှတသည်ကိုပင် ပြောင်းပြန်လုပ်ပြော ကျမှာ မြင်ယောင်ပါသည်။
Yes, if they don't win, just nullify the election , like 1990 election. As simple as that. Who cares....
Post a Comment